• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်-၁၉ ကြောင့် ဂျော်ဒန်တွင်သောင်တင်နေသော မြန်မာနိုင်ငံသားများကို ခေါ်ယူမည်

by ဇော်ဇော်ထွေး
16 July 2020
in သတင်း
A A
Camel Textile International Cooperation ပိုင် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ

Camel Textile International Cooperation ပိုင် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ

14.2k
VIEWS
Share on FacebookShare on Twitter

မြန်မာကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသည် ဂျော်ဒန်နိုင်ငံတွင် သောင်တင်နေသော မြန်မာနိုင်ငံသား ၄၀၀ ခန့်ကို ပြန်လည်ခေါ်ယူရေးအတွက် ဆင်းသက်ခွင့် စောင့်ဆိုင်းနေကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အဆိုအရ သိရသည်။

ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံးဖွင့်လှစ်ထားခြင်း မရှိပေ။

ကိုဗစ်-၁၉ ကြောင့် အလုပ်မရှိတော့ဘဲ ဂျော်ဒန်နိုင်ငံတွင် လပေါင်းများစွာ ပိတ်မိနေသောကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ရွှေ့ပြောင်းလုပ်သား ရာပေါင်းများစွာက ဇွန်လတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံရှိ စက်ရုံ ၆ ရုံခန့်တွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၃၅၀၀ ပတ်ဝန်းကျင်ရှိကြောင်း အစ္စရေးနိုင်ငံ တယ်လ်အဗစ် ရှိ မြန်မာသံရုံးမှ အရာရှိတဦးက ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့တွင်ပြောသည်။

အလုပ်သမား ၄၀၀ ခန့်သည် အလုပ်အကိုင်စာချုပ် သက်တမ်းကုန်ဆုံးပြီးသော်လည်း ကိုဗစ်-၁၉ ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် မတ်လမှ စတင်ပြီး ဂျော်ဒန်တွင် သောင်တင်နေကြသည်။

ဇူလိုင်လ ၁၄ ရက်နေ့မှ အထိ ဂျော်ဒန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၁၁၈၃ ခုရှိပြီး သေဆုံးသူ ၁၀ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) ၏ စာရင်းများအရ သိရသည်။

မြန်မာအစိုးရ၏ ခွင့်ပြုချက်ရပြီးနောက် ကယ်ဆယ်ရေးလေကြောင်း ခရီးစဉ်များ စီစဉ်ထားပြီးဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးကပြောသည်။

ပထမအကြိမ်လေကြောင်းခရီးစဉ်ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြေးဆွဲရန် စီစဉ်ထားပြီး မြန်မာလုပ်သား ၁၄၀ ကို ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး ဒုတိယအကြိမ် လေကြောင်းခရီးစဉ်ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြေးဆွဲရန် စီစဉ်ထားသည်။

ထိုသောင်တင်နေသော မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရေးအတွက် ဂျော်ဒန်အစိုးရ၏ ခွင့်ပြုချက်လိုကြောင်း အထက်ပါ သံအရာရှိကပြောသည်။

အစိုးရများသည် ၎င်းတို့ အမျိုးသားအကျိုးစီးပွားနှင့်ပတ်သက်ပြီး ကိုဗစ်-၁၉ အခြေအနေနှင့် ပျံသန်းမှုလမ်းကြောင်းကို စဉ်းစားပြီးမှသာ လေယာဉ်ဆင်းသက်ခွင့်ပေးကြောင်းလည်း သူပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

မြန်မာနိုင်ငံက Myanmar  Airways International လေကြောင်းလိုင်းမှ လေယာဉ်များကို စီစဉ်ထားပြီးဖြစ်သော်လည်း ဆင်းသက်ခွင့်ရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သူပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ရာခိုင်နှုန်းမှာ အခြားလုပ်ငန်းများထက် အခက်အခဲ ပိုမိုရင်ဆိုင်နေရသည့် စက်ရုံ ၂ ရုံမှဖြစ်ကြောင်း သံရုံးကပြောသည်။ ၎င်းတို့က မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း အကြောင်းကြားထားသည်။

သောင်တင်နေသော မြန်မာလုပ်သား ၄၀၀ ခန့်အနက် လူမှုဖူလုံရေး ပြန်လည်ထုတ်ပေးငွေကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားသူများကို ပထမဦးစားပေး ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း သံရုံးအရာရှိကပြောသည်။

ထိုရွှေ့ပြောင်းလုပ်သားအများအပြားမှာ ဂျော်ဒန်တွင် လုပ်ကိုင်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် များပြားသော လူမှုဖူလှုံရေး ပြန်လည်ထုတ်ပေးငွေများကို စောင့်ဆိုင်းနေကြသည်။

အချို့ကမူ လူမှုဖူလှုံရေးကြေး များများမရသောကြောင့် ထိုငွေကို စွန့်လွှတ်ရန် လိုလိုလားလားရှိကြသည်။ ထို့ကြောင့် ထိုငွေစွန့်လွှတ်ပြီး နေရပ်ပြန်ရန် ဆုံးဖြတ်ကြသည်။

ကိုဗစ်-၁၉ ကြောင့် ရွှေ့ပြောင်းလုပ်သား ၁၇၀၀ အနက် ၈၀၀ ခန့်အလုပ်လက်မဲ့ဖြစ်သွားကြောင်း ဂျော်ဒန်ရှိ Camel Textile International Cooperation ၏ အထည်ချုပ်စက်ရုံမှ အလုပ်သမားများက ဧရာဝတီသို့ အင်္ဂါနေ့တွင် ပြောသည်။

“ကျမအပါအဝင် အလုပ်သမားအများအပြားကို ဒုတိယလေယာဉ် ခရီးစဉ်စာရင်းမှာ ထည့်ထားလို့ ကျမဝမ်းသာတယ်။ မယုံနိုင်လောက်အောင်ဖြစ်ရတယ်” ဟု ဧရာဝတီတိုင်းမှ သွားရောက်အလုပ်လုပ်သော အသက် ၂၇ နှစ်အရွယ် မ မာမာလှိုင်ပြောသည်။ သူမသည် အလုပ်အကိုင်စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် ဂျော်ဒန်တွင် သောင်တင်နေသည်မှာ ၄ လရှိပြီဖြစ်သည်။

ကိုဗစ်-၁၉ ညွှန်ကြားချက်များကို လိုက်နာရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသောအခါ သီးခြားခွဲထားစောင့်ကြည့်ခံရမည်ဖြစ်ကြောင်း သံရုံးက ထိုအလုပ်သမားများကို ပြောကြားပြီးဖြစ်သည်။

ပြန်လာသူများအားလုံးကို အစိုးရက စီစဉ်သည့် သီးခြားခွဲထားရေး စခန်းများ သို့မဟုတ် ဟိုတယ်များတွင် ၂၁ ရက် သီးခြားနေစေရန်နှင့် ၎င်းတို့နေအိမ်များတွင် နောက်ထပ်တပတ်နေထိုင်ရန် မြန်မာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံသည် ကယ်ဆယ်ရေးလေကြောင်း ခရီးစဉ်ပေါင်း ၅၆ ခုစီစဉ်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် အာရပ်စော်ဘွားများနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်တွင် သောင်တင်နေသည့် နိုင်ငံသား ၈၀၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

မြန်မာနိုင်ငံသည်သောင်တင်နေသော နိုင်ငံသား ၁၈၀၀ ခန့်ကို ပြန်လည်ခေါ်ယူရေးအတွက် ကယ်ဆယ်ရေး လေကြောင်းခရီးစဉ် ၁၃ ခုကို သြဂုတ်လတွင် စီစဉ်မည်ဖြစ်ကြောင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂါနေ့က ပြုလုပ်သည့် ဗီဒီယိုကွန်ဖရင့်တွင်ပြောသည်။

ဗုဒ္ဓဟူးနေ့ နံနက်အထိ မြန်မာနိုင်ငံတွင် သေဆုံးမှု ၆ မှု အပါအဝင် ကိုဗစ်-၁၉ ကူးစက်မှု ၃၃၇ ခုရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၂၆၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

You may also like these stories:

ဂျော်ဒန်မှာ မြန်မာအလုပ်သမား ၈၀၀ ကျော် ပိတ်မိနေ

မလေးရှားမှ တရားမဝင်လုပ်သား ၁၅၀၀ ကျော် နေရပ်ပြန်ရန် သံရုံး၌ စာရင်းပေးထား

Your Thoughts …
Tags: ဂျော်ဒန်မြန်မာအလုပ်သမားများလူမှုဖူလုံရေးအစ္စရေးနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်မောင်လင်း
ဇော်ဇော်ထွေး

ဇော်ဇော်ထွေး

Contributor

Similar Picks:

ခမ်းနားကြီးကျယ်တဲ့ သမိုင်းဆိုင်ရာ အဆောက်အဦတွေကို  ဂျော်ဒန်နိုင်ငံမှာ တွေ့ရမှာပါ

ဂျော်ဒန်နိုင်ငံကို သွားလည်သင့်တဲ့ အကြောင်းအရင်းများ

by ရေဗန်
8 December 2018
9.3k

ဂျော်ဒန်နိုင်ငံရဲ့ အနောက်တောင်ဖက်မှာ တည်ရှိတဲ့ မြို့တော် ပက်ထရာဟာ ခရစ်မတိုင်မှီ နှစ် ၃၀၀ လောက် ကတည်းက တည်ရှိခဲ့တဲ့ မြို့ဖြစ်ပြီး ယဉ်ကျေးမှုလည်း ထွန်းကားပါတယ်။

၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံမြောက်ပိုင်း ကျောက်ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းဝင် ကလေးများအား ကယ်ဆယ်အပြီး ဆေးရုံတင် ကုသမှုပေးခဲ့စဉ် / REUTERS

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

by ထူးချစ်
29 November 2019
6.5k

အလုပ်သမားများအနေနှင့် မှတ်ပုံတင်ပြီး လစဉ်ကြေး ၃ လပေးသွင်းပြီးပါက လူမှုဖူလုံရေး အာမခံကတ်ပြား ရရှိမည်

Camel Textile International Cooperation ပိုင် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ

ဂျော်ဒန်မှာ မြန်မာအလုပ်သမား ၈၀၀ ကျော် ပိတ်မိနေ

by ဇော်ဇော်ထွေး
2 July 2020
6.2k

ဂျော်ဒန်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀ ကျော် သောင်တင်နေကြသည်

ဂျော်ဒန်မှ ဝယ်ယူမည့် Airbus CASA C-295s လေယာဉ် အမျိုးအစားကို တွေ့ ရစဉ် / Wikipedia

ဂျော်ဒန်က ဝယ်ယူမည့် Airbus ၂ စင်း စစ်ပွဲသုံး မဟုတ်ဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
15 December 2020
14.6k

မြန်မာ့တပ်မတော်က ဂျော်ဒန်နိုင်ငံမှ ဝယ်ယူမည့် Airbus CASA C-295s ၂ စင်းသည် စစ်လက်နက်ပစ္စည်း များ တပ်ဆင် အသုံးပြုမည့် လေယာဉ် မဟုတ်ဘဲ စစ်ဘက်-အရပ်ဘက် ၂ ခု စလုံးအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်း...

ပုသိမ်စက်မှုဇုန်မှ အထည်ချုပ်လုပ်သားများ  / ဆလိုင်းသန့်စင် / ဧရာဝတီ

အစိုးရက ဧရာဝတီတိုင်း အထည်ချုပ်အလုပ်သမားများကို ကျပ်သိန်း ၈၀၀၀ ထောက်ပံ့

by ဆလိုင်းသန့်စင်
28 December 2020
4.3k

ဧရာဝတီတိုင်းဒေသကြီး၌ ကိုဗစ်ပထမလှိုင်း ဖြစ်ပွားချိန် မေလတွင် အထည်ချုပ်အလုပ်သမား ၁ သောင်း ၃ ထောင် ကျော်အတွက် အစိုးရက လူမှုဖူလုံရေးထောက်ပံ့ငွေ ကျပ်သိန်း ၄ ထောင်ကျော် ပေးအပ်ခဲ့ပြီး လက်ရှိ ကိုဗစ် ဒုတိယလှိုင်းကာလတွင် ထောက်ပံ့ငွေကျပ်သိန်း...

လှိုင်သာယာစက်မှုဇုန်အတွင်း အလုပ်ဆင်းနေကြသူများ / မျိုးမင်းစိုး / ဧရာဝတီ

ယာယီရပ်ဆိုင်း စက်ရုံလုပ်သားများကို ထောက်ပံ့ကြေးပေးရန် စိစစ်နေ

by ထက်ခေါင်လင်း
8 May 2020
7k

ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်ရုံအလုပ်ရုံ ၅၀ ဝန်းကျင်က အဆိုပါ ထောက်ပံ့ကြေး အစီအစဉ်ကို လျှောက်ထားကြပြီး

Next Post
၂၀၁၆ ကျောင်းဖွင့်ရာသီက မြင်ကွင်း  / အောင်ကျော်ထက် / ဧရာဝတီ

ဘော်ဒါဆောင်ပါသည့် စာသင်ကျောင်းများအား ဖွင့်ခွင့်မပြု

မြေပြင်တွင် တွေ့မြင်ရသည့် ရွှေကုက္ကိုလ် စီမံကိန်း  / ထက်ဝေ / ဧရာဝတီ

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း ဒုဝန်ကြီးအဖြေ မြေပြင်အခြေအနေနှင့် လွဲနေဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved