• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယာယီရပ်ဆိုင်း စက်ရုံလုပ်သားများကို ထောက်ပံ့ကြေးပေးရန် စိစစ်နေ

by ထက်ခေါင်လင်း
8 May 2020
in သတင်း
A A
လှိုင်သာယာစက်မှုဇုန်အတွင်း အလုပ်ဆင်းနေကြသူများ / မျိုးမင်းစိုး / ဧရာဝတီ

လှိုင်သာယာစက်မှုဇုန်အတွင်း အလုပ်ဆင်းနေကြသူများ / မျိုးမင်းစိုး / ဧရာဝတီ

7k
VIEWS
Share on FacebookShare on Twitter

COVID-19 ကြောင့် လစာမဲ့ အလုပ်ယာယီ ရပ်ဆိုင်းခံထားရသူများအတွက် လူမှုဖူလုံရေးဌာနမှ ပေးအပ်မည့် ထောက်ပံ့ကြေး ၄၀ ရာခိုင်နှုန်း အစီအစဉ် စတင်နိုင်ရန် လျှောက်ထားမှုများကို စိစစ်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

ဦးမျိုးအောင် က “ပေးဖို့ ပြင်နေပါပြီ။ စာရင်းဇယားတွေ စိစစ်နေတုန်းပါပဲ။ ကျနော်တို့ကို ပေးတုန်းက တမျိုး၊ ကျနော်တို့ က ပြန်တိုက်ဖို့ တောင်းတဲ့အခါ တမျိုးနဲ့။ နောက်ပြီး နာမည်တွေကလည်း တမျိုးတွေ ဖြစ်နေတာလည်း ရှိနေတယ်။ မှတ်ပုံတင်အတုနဲ့ အလုပ်ဝင်လုပ်ခဲ့ပြီးမှ အခုက ဒီလိုဖြစ်လာတာမှာလည်း ပြဿနာက ရှိလာနိုင်ဦးမယ်” ဟု ရှင်းပြသည်။

အစိုးရအနေဖြင့် ပြည်ထောင်စုအဆင့်အထိ လုပ်ငန်းလွယ်ကူ မြန်ဆန်နိုင်ရေးအတွက် အွန်လိုင်းစနစ်ဖြင့်ပါ စိစစ်ရေးအဖွဲ့များက ဆောင်ရွက်လျှက် ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

ဦးမျိုးအောင် က “စိစစ်ရေးအဖွဲ့ကတော့ မှန်မှန်စစ်ပေးမှာပါ။ အလုပ်ရှင်တွေဘက်က မထောက်ခံတာက အလုပ်ရှင် တွေရဲ့ သဘောဖြစ်နေတာပေါ့။ ကျနေုာ်တို့က အသေးစိတ်တော့ စက်ရုံတခုချင်းစီ မသိဘူးလေ။ အလုပ်ရှင်နဲ့ အလုပ်သမား တယောက်နဲ့တယောက် အပြန်အလှန် ယုံကြည်မှုပေါ် မူတည်တာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့က အစိုးရ ညွှန်ကြားချက်များကို လိုက်နာကာ ဧပြီ ၂၀ ရက်မှ စတင်ပြီး ယာယီ ရပ်နားခဲ့သည့် စက်ရုံများမှ အလုပ်သမားများကို လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်း ထုတ်ပေးမည်ဟု အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ က ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ လျှောက်လွှာများကို စတင်စိစစ်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်ရုံအလုပ်ရုံ ၅၀ ဝန်းကျင်က အဆိုပါ ထောက်ပံ့ကြေး အစီအစဉ်ကို လျှောက်ထားကြပြီး ဖြစ်ရာ အချက်အလက် စိစစ်မှုကြာမြင့်ချိန်၊ စတင်ထောက်ပံ့နိုင်မည့် အချိန်ကိုမူ အစိုးရက တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနမှ တာဝန်ရှိသူတဦး က “ဘယ်နေ့ပေးမယ်၊ ဘယ်လိုပေးမယ်ဆိုတာကို ကျနော်တို့ တိုင်းဒေသကြီးအဆင့်ကို ပြည်ထောင်စုဝန်ကြီးဌာနက သီးသန့် ညွှန်ကြားချက် မရသေးဘူး။ ကျနော်တို့ဌာနက ကိုယ့်တိုင်းဒေသကြီးမှာ အလုပ်သမားကိစ္စတွေ ကိုင်တွယ်တယ်ဆိုပေမယ့် အခုလူမှုဖူလုံရေး ရန်ပုံငွေကနေ ဘယ်လိုပုံစံကို ပေးရမယ်ဆိုတာက မြို့နယ်အဆင့် လူမှု့ဖူလုံရေး ဌာနတွေဆီကို ရောက်နေတယ်လို့တော့ ကြားတာပဲ။ ကျနော်တို့ဆီကို သီးသန့်မရောက်သေးတာ” ဟု ပြောသည်။

ရန်ကုန်တိုင်း၊ အလုပ်သမား ဦးစီးဌာန၊ လူမှုဖူလုံရေးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်သန်းသန်းနု ကလည်း အလုပ်သမားများ အနေဖြင့် ဧပြီ ၂ဝ မှ ၃ဝ အထိ အလုပ်ပိတ်ရက်ကာလအတွင်း လုပ်ခလစာ နစ်နာမှုများကို အလုပ်ရှင်ဘက်မှ ထောက်ခံ အတည် ပြုပြီး ဌာနသို့ ပေးပို့မည်ဆိုလျှင် ပြည်ထောင်စု အဆင့်ထိ အမြန်ဆုံး စိစစ်ပြီး ခွင့်ပြုပေးသွားမည်ဟု ပြောသည်။

ဒေါ်သန်းသန်းနု က “တချို့စက်ရုံတွေက မပိတ်ဘဲ ဆင်းချင်းဆင်း၊ မဆင်းချင် မဆင်းဆိုတာ ရှိပါတယ်။ အဲဒီမှာ အလုပ်သမား၊ မဆင်းတဲ့သူတွေအတွက် တကယ်ဆိုရင်တော့ အလုပ်ရှင်က အလုပ်သမားစာရင်းထဲ ထည့်ပေးဖို့ လိုပါတယ်။ တကယ်လို့ အလုပ်ရှင်တွေ မထည့်ပေးရင်လည်း ကျမတို့ဆီကို အလုပ်သမားတွေ အနေနဲ့ ပြောပါ။ ကျမတို့က ခွင့်ပြုမှာပါ” ဟု ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက “ကျမတို့အနေနဲ့ အမြန်ဆုံး ထုတ်ပေးချင်ပါတယ်။ စာရင်းရောက်လာပြီဆိုရင် ဌာနက စာရင်းတွေနဲ့ တိုက်စစ်ပြီး ရုံးချုပ်ရောက်မယ်။ ရုံးချုပ်ကနေ စစ်ပြီးရင် သူတို့ဆီ Email ကနေ ပြန်ပို့ပေးမယ်။ အဲဒီဟာကိုယူပြီး သက်ဆိုင်ရာ မြို့နယ်ရုံးခွဲမှာ သွားထုတ်ရပါမယ်။ Email မရလည်း ကိုယ့်သက်ဆိုင်ရာ မြို့နယ်က လူမှုဖူလုံရေး ရုံးခွဲတွေဆီအကြောင်းကြားပါ။ အဲဒီမှာ ကျမတို့ စစ်ဆေးပြီးရင် ထုတ်လို့ရပါတယ်။ ဘယ်နေ့ထုတ်မယ်ဆိုတာတော့ ပြောမရသေးဘူး။ ကျမတို့ဆီ သူတို့ပြန်ကြားတဲ့ အခြေအနေပေါ် မူတည်တယ်။ မြန်မြန်တင်ပြရင် စောစောရပါ့မယ်” ဟု ပြောသည်။

တချို့ အလုပ်ရှင်များသည် မိမိတို့ အလုပ်သမားများအပေါ် ထိုထောက်ပံ့ကြေး ရနိုင်ရန် တာဝန်ယူမှု၊ တာဝန်ခံပေးမှု အားနည်းခြင်းများ တွေ့ရှိနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ မဖြိုးစန္ဒာစိုးက သုံးသပ်သည်။

မဖြိုးစန္ဒာစိုး က “ဌာနဆိုင်ရာဘက်ကလည်း အလုပ်ရှင်ထောက်ခံပေးမှလို့ ပြောတယ်။ အလုပ်ရှင်ကလည်း တာဝန်မယူတာတွေ တွေ့လာရတယ်။ နောက်တခုက ဌာနဆိုင်ရာမှ တင်ပြတော့ ဒီစက်ရုံက ပိတ်တာမဟုတ်လို့ အကျုံးမဝင်ပြန်ဘူးလို့ ပြောနေတော့ မဆင်းခဲ့သူတွေက ထုတ်မရ ဖြစ်နေကြတယ်။ စက်ရုံပိတ်ထားမှ အကျုံးဝင်တယ်လို့ ပြောနေပြန်တယ်” ဟု ထောက်ပြသည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင် တွေ့ရှိမှုကြောင့် စက်ရုံအလုပ်ရုံများကို ဧပြီ ၂ဝ မှ ၃ဝ အထိ ယာယီ ပိတ်ခိုင်းခဲ့သော်လည်း တချို့စက်ရုံများက မပိတ်ဘဲ အလုပ်သမားများ ဆင်းချင်သူများ ဆင်းရန်၊ မဆင်းချင်သူများ မဆင်းရန်ဟု လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခဲ့ကြောင်း၊ ယခုလို နိုင်ငံတော်၏ ထောက်ပံ့ကြေးရယူရေးတွင် မဆင်းခဲ့သည့် သူများအပေါ် ထောက်ခံပေးမှုမရှိကြောင်း ၎င်းကရှင်းပြသည်။

၎င်းက “နယ်ပြန်သွားကြသူတွေကို အကျုံးဝင်တယ်ဆိုပေမယ့် လက်ရှိမှာ သူတို့က ပြန်လာလို့ မရသေးဘူး။ ကျမတို့နဲ့ ဆက်စပ်တဲ့ အလုပ်သမားတွေကိုတော့ ပြောထားတယ်။ ပြန်လာလို့မရတာကိုလည်း သက်သေအထောက်အထား ယူထား။ အဝေးပြေးကားတွေ မထွက်လို့ ပြန်လာမရဆိုလည်း အဲဒီအထောက်အထားတွေ ယူထား။ ကျေးရွာက ပေးမပြန်ဘူးဆိုလည်း သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီကနေ ထောက်ခံစာယူထား။ အဲဒါကို ပြန်တင်ပြလို့ရှိရင် ကိုယ့်နစ်နာခဲ့တာကို ပြန်ထုတ်ရတယ်လို့ ပြောထားတယ်” ဟု ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
547
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

မြန်မာ တနိုင်ငံလုံးတွင် စစ်ဆေးပြီး စက်ရုံ အလုပ်ရုံ ၆ ထောင်နီးပါး ရှိနေပြီ ဖြစ်ကြောင်း၊ အဆင့် သတ်မှတ်ချက် အလိုက် စစ်ဆေးတွေ့ရှိချက်အရ ဖွင့်လှစ်ခွင့် ပြုသွားမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က မေလ ၅ ရက်နေ့က ပြောဆိုထားသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် မည်မျှ ဖွင့်လှစ်ခွင့် ရရှိမည်ကို လတ်တလော အနေဖြင့် ပြော၍မရသေးကြောင်း၊ လာမည့် မေလ ၁၅ ရက်အထိ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

စက်ရုံများကို စစ်ဆေးရာတွင် အဆင့် ၃ဆင့်ခွဲထားပြီး A အဆင့်မှာ COVID-19 ကူးစက်မှု မဖြစ်ပွားစေရန် လုပ်ငန်းခွင် အတွင်း လုပ်ဆောင်ရမည့် နေရာ အကွာအဝေး Social Distancing ပြည့်မီသည့် အဆင့်ဖြစ်ပြီး၊ B အဆင့်သည် အနည်းငယ်သာ ပြန်လည်ပြုပြင်ရမည့်အဆင့် ဖြစ်ကြောင်း၊ C အဆင့် သတ်မှတ်ချက်သည် COVID-19 ကူးစက်ရောဂါပိုး အတွက် Social Distancing ပြည့် မီသည့်အဆင့် သတ်မှတ်ချက် မရှိကြောင်း သိရသည်။

ယနေ့အချိန်အထိ စက်ရုံ အလုပ်ရုံ အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းတွင် စစ်ဆေးပြီး စက်ရုံ အလုပ်ရုံများထဲမှ A အဆင့် သတ်မှတ်ချက်ရရှိခဲ့သည့် စက်ရုံ အလုပ်ရုံပေါင်း ၇၃၅ ရှိကြောင်း၊ B အဆင့်က ၂၄၅၃ ရှိကြောင်း၊ C အဆင့်ကိုမူ ထပ်မံစစ်ဆေးရမည်ဖြစ်ပြီး အတိအကျ မပြောနိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန၏ စာရင်းများအရ သိရသည်။

ဆက်စပ်လင့်

လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး

ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်

Your Thoughts …
Tags: စက်ရုံလုပ်သားထောက်ပံ့ကြေးလူမှုဖူလုံရေး
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး ပိုမြင့်လာ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး ပိုမြင့်လာ

by ဧရာဝတီ
30 July 2024
2.3k

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီ၏ လက်အောက်ခံ စသုံးလုံးမှ ရွှေကုန်သည်နှင့် လုပ်ငန်းရှင်များကို ခေါ်ယူပြီး ဈေးတင်မရောင်းရန်အတွက် လက်မှတ်ထိုးခိုင်းခြင်းများလည်း ပြုလုပ်ခဲ့သေးကြောင်း

ထောက်ပံကြေး ကျပ် ၁ထောင်တိုးသော်လည်း အလုပ်သမားတို့ မလုံလောက်

ထောက်ပံကြေး ကျပ် ၁ထောင်တိုးသော်လည်း အလုပ်သမားတို့ မလုံလောက်

by ဧရာဝတီ
21 October 2025
186

စက်ရုံတချို့မှာ လုပ်ခလစာကို ၁ ရက်လျှင် ကျပ် ၁၀,၀၀၀ မှ ၁၀,၀၀၀ ကျော်အထိ တိုးပေးသည်များလည်း ရှိနေသဖြင့် ယခုလို အပိုထောက်ပံ့ကြေးအပါ ကျပ် ၇,၈၀၀ သတ်မှတ်ပေးခြင်းသည် အလုပ်ရှင်များက အစိုးရ သတ်မှတ်ချက်အတိုင်းပေးမည်ဟု ပြန်လည်...

ရွေးကောက်ပွဲနီးမှ လစာတိုးတာက မဲဆွယ်နည်းတခုပေါ့ (ရုပ်/သံ)

ရွေးကောက်ပွဲနီးမှ လစာတိုးတာက မဲဆွယ်နည်းတခုပေါ့ (ရုပ်/သံ)

by ဧရာဝတီ
4 October 2025
82

စစ်သားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အငြိမ်းစားစစ်သား၊ ဝန်ထမ်း အားလုံးကိုထောက်ပံ့ကြေးခေါင်းစဥ် အောက်ကနေ ကျပ်ငွေ သုံးသောင်းစီ အောက်တိုဘာလကစပြီး တိုးပေးဖို့ စစ်ကော်မရှင်ရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ကြေညာထားပါတယ်။

ရွေးကောက်ပွဲအကြိုစစ်တမ်းများအရ ဖွေထိုင်းပါတီက လူကြိုက်အများဆုံး ဖြစ်သည် / Getty Images

၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ

by ဧရာဝတီ
25 April 2023
5.9k

အများကြိုက်မူဝါဒများဆိုသည်မှာ ကြွေးမြီဆိုင်းငံ့ပေးခြင်း သို့မဟုတ် စီးပွားရေးကိုအားပေးသည့် အစီအမံများကဲ့သို့ ကာလတို အကျိုးကျေးဇူးများဖြစ်သည်။

၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံမြောက်ပိုင်း ကျောက်ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းဝင် ကလေးများအား ကယ်ဆယ်အပြီး ဆေးရုံတင် ကုသမှုပေးခဲ့စဉ် / REUTERS

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

by ထူးချစ်
29 November 2019
6.5k

အလုပ်သမားများအနေနှင့် မှတ်ပုံတင်ပြီး လစဉ်ကြေး ၃ လပေးသွင်းပြီးပါက လူမှုဖူလုံရေး အာမခံကတ်ပြား ရရှိမည်

လှိုင်သာယာမြို့နယ်ရှိ လက်လုပ်လက်စားအများစုနေထိုင်ရာ ကျူးကျော်တဲအိမ်စုရှိ အမျိုးသမီး ၁ ဦး / အောင်ကျော်ထက် / ဧရာဝတီ

ကိုဗစ်ထောက်ပံ့ကြေး အငြင်းပွားမှုဂယက် ဘယ်လို ကိုင်တွယ်မလဲ

by အောင်သီဟ
19 November 2020
7.3k

အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပတ်များ ထုတ်ပြန်ခြင်း နှင့် မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးမှုများကို ခရိုင်အဆင့်က အနီးကပ်ကြီးကြပ် ကူညီဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို အချိန်နှင့် တပြေးညီတင်ပြရန် ညွှန်ကြားထား

Next Post
ချမ်းမြသာစည်မြို့နယ် တရားရုံး / မြတ်ပြည့်ဖြိုး / ဧရာဝတီ

နေအိမ်တွင်း လူစုလူဝေးဖြင့် ဝတ်ပြုခဲ့သူ ၁၂ ဦးအား ထောင်ဒဏ် ၃ လ ချမှတ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်  / David Ngaisak / facebook

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုမယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved