စစ်သားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အငြိမ်းစားစစ်သား၊ ဝန်ထမ်း အားလုံးကိုထောက်ပံ့ကြေးခေါင်းစဥ် အောက်ကနေ ကျပ်ငွေ သုံးသောင်းစီ အောက်တိုဘာလကစပြီး တိုးပေးဖို့ စစ်ကော်မရှင်ရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ကြေညာထားပါတယ်။
စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနီးမှ ဝန်ထမ်းတွေကို လစာတိုးပေးတာက သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူကဆိုပါတယ်။
အစိုးရဝန်ထမ်းတွေကို လစာတိုးပေးလိုက်ပေမယ့် နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းထပ်တက်လာပြီး အခြေခံလူတန်းစားတွေအပေါ်မှာ ပိုပြီး ကြပ်တည်းလာတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #ထောက်ပံ့ကြေး #ရွေးကောက်ပွဲ #ကုန်စျေးနှုန်း #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













