• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကင်းလွတ်ခွင့် ပေးထားသည့် ကုန်စည်များ လိုင်စင်ပြန်လျှောက်ရန် စစ်ကောင်စီ ကြေညာ

by ဧရာဝတီ
19 December 2021
in သတင်း
A A
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် တွေ့ရသော ကုန်စည်ပို့ဆောင်ရေး ကားများ  / ဧရာဝတီ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် တွေ့ရသော ကုန်စည်ပို့ဆောင်ရေး ကားများ / ဧရာဝတီ

10.1k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပို့ကုန်၊ သွင်းကုန်ဥပဒေနှင့်အညီ သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့် ပေး ထားသော ကုန်စည်များကို လာမည့် ၂၀၂၂ ဇန်နဝါရီ ၁ ရက်မှ စတင်၍ လိုင်စင် ပြန်လျှောက်ရန် စစ်ကောင်စီက ကြေညာလိုက်သည်။

လိုင်စင်ပြန်လျှောက်ရမည့် ကုန်စည်များမှာ အမျိုးပေါင်း ၃၀၀၀ကျော်ရှိပြီး အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သည့် လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်၊ လုပ်ငန်းသုံးသကြား တင် သွင်းခွင့်၊ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ လုပ်ငန်းနှင့်သက်ဆိုင်သော စက်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်း များတင်သွင်းခွင့် အစရှိသည့် ကုန်စည်များပါဝင်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနက ‌ပြီးခဲ့သည့်ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
769
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
100

ထိုသို့ပြုလုပ်ရခြင်းမှာ နိုင်ငံခြားငွေ အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ကြေညာထားသည်။

ပြည်တွင်းလုပ်ငန်းရှင်များက ၂၀၁၀ခုနှစ်မတိုင်မီ နဝတ၊ နအဖ စစ်အစိုးရလက်ထက်သို့ ပြန်သွားနေသကဲ့သို့ ရှိနေပြီး ဥပဒေထက် လိုင်စင်ရရေး အထက်လူကြီး၏ အမိန့်ကသာ အရေးပါ တော့မည့် ပုံစံမျိုး ပြန်လည်အသက်သွင်းနေခြင်း ဖြစ်ကြောင်း ထိုကြေညာချက်နှင့် ပတ်သက်၍ ဝေဖန်ကြသည်။

ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက “အရင်က သွင်းကုန်လိုင်စင်ကို သံချောင်းတို့၊ သကြားတို့၊ ဆေးထိုးအပ်တို့ ဒါမျိုးတွေ က လိုင်စင်မလိုဘဲနဲ့ သွင်းလို့ရတယ်ဆိုတဲ့ အနေအထား တခုကို လုပ်ပေးခဲ့တာ။ လိုင်စင်မလိုဘဲနဲ့ ဖြေလျော့ခဲ့တဲ့ သွင်းကုန် တော်တော်များများ ကျနော်ထင်တယ် အမျိုးအစားပေါင်း ၃,၀၀၀ ကျော် လောက်ရှိတော့ အခု လိုင်စင်လိုတာနဲ့ ထပ်ထည့် လိုက်ရင် စုစုပေါင်း ၆,၀၀၀ ကျော် ၇,၀၀၀ နီးပါးလောက်က လိုင်စင်ပြန်လျှောက်ရတော့မှာပေါ့” ဟု ဧရာဝတီသို့ ပြော သည်။

အိမ်ဆောက်ပစ္စည်းများတွင် အသုံးပြုသည့် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၊ အိုင်တီပစ္စည်းများ၊ တယ်လီဖုန်း စသည့် ဆက်စပ်ပစ္စည်းများ၊ လုပ်ငန်းသုံး သကြားတင်သွင်းခြင်း၊ အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သည့် လုပ်ငန်းများနှင့် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို လိုင်စင် ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ စစ်ကောင်စီက စီးပွားရေးကို ပြန်လည်ကုစားမည်ဆိုသော ခေါင်းစဉ်အောက်မှနေ၍ သွင်းကုန် တင်သွင်းမှု၊ ပို့ကုန်တင်ပို့မှု ပမာဏ အချက်အလက်များကို ထိန်းချုပ်ရန်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းက လုပ်ငန်း တင်သွင်းမှုများတွင် အခက်အခဲများ ဖြစ်နိုင်သလို နှောင့်နှေးကြန့်ကြာမှုများလည်း ရှိသွားနိုင်ကြောင်း တခြားသော လုပ်ငန်း ရှင် တဦးကလည်း သုံးသပ်ပြောဆိုသည်။

၎င်းက “အဓိကကတော့ စစ်ကောင်စီက စာရင်းဇယားကို ပိုလိုချင်တာ။ ဒါကလည်း အကြောင်းပြချက် တခုပဲ။ သူတို့ ထုတ် မပေးချင် မပေးဘူး ဆိုတဲ့သဘော ကန့်သတ်လိုက်တာ” ဟု ပြောသည်။

ယခင်က ကုန်ပစ္စည်းတင်သွင်းရာတွင် လိုအပ်သည့်ပစ္စည်းကို အရင်ဆုံး မှာယူပြီးမှသာ နောက်ပိုင်း လိုအပ်သည့် အခွန် စသည်တို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုမူ တင်သွင်းလိုသော ကုန်ပစ္စည်းအတွက် လိုင်စင်ကို ကြိုတင်လျှောက်ထား ပြီးမှသာ တင်သွင်းရမည် ဖြစ်သောကြောင့် ဝန်ကြီးဌာနက ခွင့်မပြုလျှင် တင်သွင်းခွင့် မရသည့်ပုံစံ ပြန်ဖြစ်သွားသည်ဟူ၍ လည်း သုံးသပ်ကြသည်။

ထိုအခြေအနေများကြောင့် ၂၀၁၀ခုနှစ် မတိုင်ခင် စစ်အစိုးရ လက်ထက်ကကဲ့သို့ လာဘ်ပေး၊ လာဘ်ယူမှုများ ပိုမို များပြား လာနိုင်ပြီး စီးပွားရေးစနစ်ကို နောက်ပြန်ဆွဲသည့် ပုံစံဖြစ်လာနေကြောင်း လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“လုပ်ပိုင်ခွင့်တွေက ညွှန်မှူးတွေ၊ ညွှန်ချုပ်တွေ လက်ထဲ ပြန်ရောက်သွားတာပေါ့။ အရင်ကတော့ ဥပဒေနဲ့သွားတာ။ အခု ကျတော့ လုပ်ပိုင်ခွင့်တွေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့ သွားတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒီညွှန်မှူးက ဘယ်သူလဲ မောင်ဖြူလား၊ မောင်နီလား သိအောင် လုပ်ရတော့မယ်။ အစ်ကိုတို့ ဘာလိုအပ်လဲ၊ အစ်မတို့ ဘာလိုအပ်လဲ ဒါမျိုးတွေ စလုပ်ရတော့မယ် ဆိုတဲ့ အနေအထားပေါ့” ဟု ပြောသည်။

လက်ရှိ ပြောင်းလဲလိုက်သော စစ်ကောင်စီ၏ သတ်မှတ်ချက်သည် လုပ်ငန်းအများစုအတွက် အခက်အခဲများ ရှိနေပြီး အနည်းစုသာ အဆင်ပြေသည့် သဘောရှိကြောင်း မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးကလည်း ပြောဆိုသည်။

“ဒီလိုလုပ်တာက နိုင်ငံခြားငွေ စီးထွက်နေတဲ့အပေါ်မှာ ပြန်ပြီး စည်းကြပ်လေ့လာဖို့ Data ကြည့်ဖို့ပေါ့နော်။ အဲဒီကမှ နိုင်ငံခြားငွေ ထိန်းချုပ် ကိုင်တွယ်ဖို့ရအောင် အဓိကလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

NLD အစိုးရ လက်ထက်က ဖြေလျှော့သည့် ကိစ္စရပ်များကို ဖြေလျှော့ပြီး ဥပဒေနှင့် ကိုက်ညီပါက လုပ်ငန်းရှင်မှစ၍ အခြေ ခံလူတန်းစားအထိ လိုအပ်သော ကုန်စည်ကို တန်းတူ တင်သွင်းခွင့်ရှိရာမှ ယခုအခါ စိစစ်ပြီး တင်သွင်းခွင့် ပြုလိုက်သည့် ပုံ စံ ဖြစ်သွားကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

Your Thoughts …
Tags: NLD အစိုးရကင်းလွတ်ခွင့်စစ်ကောင်စီသွင်းကုန်လိုင်စင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် H&M ဆိုင်

H&M၊ Zara၊ Inditex တို့ ပါဝင်သည့် ACT အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်း

KNU ဌာနချုပ်တွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်တဦး / ကျော်ခ / ဧရာဝတီ

နယ်ကျော်လာလျှင် ပစ်ခွင့်မူချထားပြီးဖြစ်ဟု KNU ပြော

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate