• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

H&M၊ Zara၊ Inditex တို့ ပါဝင်သည့် ACT အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်း

by ဧရာဝတီ
20 December 2021
in သတင်း
A A
ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် H&M ဆိုင်

ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် H&M ဆိုင်

10.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် လက်ရှိ အခြေအနေအရ လုပ်ငန်းများ လွတ်လပ်စွာ လည်ပတ်နိုင်ခြင်း မရှိသောကြောင့် H&M ၊ Zara ပိုင်ရှင် Inditex နှင့် Primark ကဲ့သို့ ထိပ်တန်း အမှတ်တံဆိပ်များ ပါဝင်သည့် Action Collaboration Transformation (ACT) အဖွဲ့က ပြည်တွင်း၌ လုပ်ငန်း လုပ်ဆောင်ချက်များကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်း အလုပ်သမားများ ကိုယ်စား ဆောင်ရွက်ပေးနေသည့် ပြည်တွင်း အလုပ် သမားသမဂ္ဂအဖွဲ့များ နုတ်ထွက်ရခြင်း၊ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် ယခုကဲ့သို့ ရပ်နားဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

အဆိုပါ ACT သည် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (IndustriALL) ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ် တံဆိပ် များအတွက် ပူးပေါင်းဆောင်ရွက်မှုတခုဖြစ်ပြီး လုပ်သားများအတွက်လည်း ကုမ္ပဏီ တခုချင်းစီ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသည့် စားဝတ်နေရေး ဖူလုံမှုအတွက် လုပ်အားခ သေချာစွာ ရရှိနိုင်ရေး ကိစ္စများတွင် အဓိက လုပ်ဆောင်ပေးကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် – IndustriALL ၏ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) သည် လွတ်လပ်စွာ လည် ပတ်နိုင်ခြင်း မရှိခြင်းက ATC အဖွဲ့ နုတ်ထွက်ခြင်း၏ အကျိုးသက်ရောက်မှုများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသည် ATC အဖွဲ့၏ ဦးစားပေး နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ဝင်များက မြန်မာနိုင်ငံရှိ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းရန်အတွက် ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ သည်ဟု ဆိုသည်။

ACT အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများ ပြောင်းလဲပါက ၎င်း၏အနာဂတ်တွင် ထိတွေ့ဆက်ဆံမှုများကို အကဲဖြတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ် အလုပ်သမားတဦးက “အမတို့ စက်ရုံက ဒီလမှာ ရပ်လိုက်တာ သာဓုကန် စက်မှုဇုန် ထဲမှာရှိတယ်။ လျှော်ကြေးတော့ အပြည့်ပေးတယ်။ ကုတ်အင်္ကျီတွေ ချုပ်ရတာ။ နိုင်ငံခြား တံဆိပ်တွေပေါ့။ အခုကတော့ အော်ဒါ မရလို့ ရပ်တယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင်တဦးက လက်ရှိအချိန်တွင် အထည်ချုပ် လုပ်ငန်းကဏ္ဍသည် အော်ဒါ ကျဆင်းခြင်း မရှိသလို အော်ဒါများ တိုးလာခြင်းလည်း မတွေ့ရကြောင်း၊ ရှိသည့် အော်ဒါနှင့်သာ လည်ပတ်နေသည့် အခြေအနေ ဖြစ်ကြောင်း ပြောသည်။

နာမည်ကျော် H&M ၊ Zara နှင့် Primark တံဆိပ်များမှာ ဈေးကွက်တွင် အဝတ်အစား၊ အိတ်နှင့် ဖိနပ် အစရှိသည်တို့ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများထံသို့ အပ်ထည် မှာယူကာ၊ အလုပ်သမားအတွက် အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးပေးနိုင်သည့် လုပ်ငန်းများလည်း ဖြစ်သည်။

နိုင်ငံ၏ စီးပွားရေး ဆိုသည်မှာ လမ်းကြောင်းမှန်ပေါ် သွားနေမှသာ တိုးတက်မှု ရှိမည်ဖြစ်ပြီး လမ်းကြောင်းမှန် ဟူသည် မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လွတ်လပ်ခွင့်၊ လုပ်ထုံးလုပ်နည်းများ၊ လူ့အခွင့်အရေးများအပေါ် များစွာ မူတည်နေသောကြောင့် ယင်းအချက်များ လွဲချော်နေပါက နိုင်ငံ့စီးပွားရေး တိုးတက်ရန် လမ်းစပျောက်ဆုံးလာခြင်း ဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“တရားဝင် စည်းကမ်းနဲ့အညီ လုပ်နိုင်တာမျိုး မဟုတ်ရင် တိုင်းပြည် စီးပွားရေး တိုးတက်ဖို့ လမ်းကြောင်း မဟုတ်ဘူး။ အခုက အဲဒီ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်” ဟု ၎င်းက လက်ရှိ အခြေအနေကို ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန်၊ ဂျာမနီ၊ ဟောင် ကောင်၊ နော်ဝေ၊ ပြင်သစ် နိုင်ငံများနှင့် ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီများ ဖြစ်သော Woodside၊ KOI Bubble Tea Shop၊ Auntie Anne’s၊ Bridgestone၊ Metro နှင့် Petronas တို့ ရပ်ဆိုင်း ပိတ်သိမ်းခဲ့ပြီး AEON၊ Amata Corporation၊ Electricite de France၊ Hong Kong and Shanghai Hotels၊ Sembcorp၊ BAT Myanmar၊ Toyota ကားကုမ္ပဏီ တို့လည်း ရပ်နားထားကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။

ထို့ပြင် နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီနှင့် ဩစတေးလျနိုင်ငံ အခြေစိုက် Myanmar Metals တို့က အစုရှယ် ယာများကို ရောင်းချထားပြီး ဂျပန်နိုင်ငံ Kirin Holdings ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Virginia Tobacco Company Limited (VTCL)ကုမ္ပဏီတို့က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် လက်တွဲဖြုတ်ထားကြောင်း သိရသည်။

You may also like these stories:

ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်

စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်

Your Thoughts …
Tags: ACTH&Mလုပ်ငန်းရပ်ဆိုင်းအထည်ချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

H&M  မြန်မာပြည်က ထွက်ခွာသွားသော အခါ

H&M မြန်မာပြည်က ထွက်ခွာသွားသော အခါ

by ဧရာဝတီ
31 August 2023
4.6k

ထိုသို့ နိုင်ငံတကာအမှတ်တံဆိပ်များသည် မြန်မာနှင့် အဆက်အဆံ မရှိတော့ခြင်းသည် နိုင်ငံအတွင်းရှိ အလုပ်သမားဘဝများကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ဆိုကြသည်

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

by ဧရာဝတီ
10 July 2025
2.5k

တရုတ်နိုင်ငံသားမှာ စက်ရုံသူဌေး၏ တူဟု သိရပြီး လုပ်ငန်းခွင်မှ အမျိုးသမီးများ၏ ဖုန်းများကို ထိကပါးရိကပါး စာများပို့ကာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ရှိနေကြောင်း၊ အထက်သို့ တင်ပြတိုင်ကြားထားသော်လည်း အရေးယူမှု တစုံတရာမရှိကြောင်း စက်ရုံအလုပ်သမများက ဆိုသည်။

မြန်မာနှင့် H&M အဆက်ဖြတ်မည်

မြန်မာနှင့် H&M အဆက်ဖြတ်မည်

by ဧရာဝတီ
18 August 2023
2k

H&M သည် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများကို ဖြည်းဖြည်းချင်း ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

by ဧရာဝတီ
10 January 2024
1.1k

အလုပ်သမားများကို အချိန်ပို မခေါ် ယူနိုင်တော့သလို တချို့သော စက်ရုံအလုပ်ရုံများသည် ပြီးခဲ့သည့် နိုဝင်ဘာက စတင်သော အခြေခံလုပ်ခလစာ အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုပင် မပေးတော့ကြောင်း

မြန်မာစက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ H&M စုံစမ်းစစ်ဆေး

မြန်မာစက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ H&M စုံစမ်းစစ်ဆေး

by ဧရာဝတီ
17 August 2023
882

Inditex သို့ ပစ္စည်းပေးသွင်းသူများနှင့် ပတ်သက်သည့် စွပ်စွဲထားသည့် အခွင့်အရေး ချိုးဖောက်မှု ၂၁ ခုရှိကြောင်း အထက်ပါအစီရင်ခံစာအရ သိရသည်။

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

by ဧရာဝတီ
3 January 2024
696

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းလာသော စက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံအများစု ပါဝင်ပြီး တချို့စက်ရုံများမှာ တနေရာတွင် ပိတ်ပြီး နောက်ထပ် တနေရာတွင် သူဌေးနာမည်အသစ်နှင့် စက်ရုံ ထပ်မံဖွင့်လှစ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း

Next Post
KNU ဌာနချုပ်တွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်တဦး / ကျော်ခ / ဧရာဝတီ

နယ်ကျော်လာလျှင် ပစ်ခွင့်မူချထားပြီးဖြစ်ဟု KNU ပြော

ကျမတို့အိမ် ပြာကျသွားပါစေ စစ်အာဏာရှင် မရှိရင် ကျေနပ်တယ် (ရုပ်/သံ)

ကျမတို့အိမ် ပြာကျသွားပါစေ စစ်အာဏာရှင် မရှိရင် ကျေနပ်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved