ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရွာသူ၊ ရွာသားတွေဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်ခိုလှုံနေကြရပါတယ်။
စစ်ရှောင်တွေဟာ လက်ရှိကြုံတွေ့နေကြရတဲ့ အခြေအနေတွေကို စိတ်ပျက်နေကြပြီး တိုက်ပွဲတွေကို စတင်ခဲ့တဲ့ အာဏာသိမ်း စစ်တပ်နဲ့ စစ်အာဏာရှင်စံနစ် ကျဆုံးမယ်ဆိုရင် ပိုင်ဆိုင်မှုတွေ ရင်းပြီး ဘဝကို သုံညကနေ ပြန်စလို့ရတယ်လို့ ဆိုကြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











