• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ H&M စုံစမ်းစစ်ဆေး

by ဧရာဝတီ
17 August 2023
in သတင်း
A A
မြန်မာစက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ H&M စုံစမ်းစစ်ဆေး

မြန်မာအထည်ချုပ်စက်ရုံများမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် ၂၀ ကို စုံစမ်းစစ်ဆေးနေကြောင်း H&M က ပြောသည်/AFP

882
VIEWS
Share on FacebookShare on Twitter

မြန်မာမှ ဝယ်ယူမှုများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Zara လုပ်ငန်းပိုင်ရှင် Inditex က ပြောကြားလိုက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ကမ္ဘာ့ဒုတိယ အကြီးမားဆုံး ဖက်ရှင်လက်လီ အရောင်းလုပ်ငန်းဖြစ်သည့် H&M သို့ ပစ္စည်း ပေးသွင်းနေသည့် မြန်မာအထည်ချုပ်စက်ရုံများမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် ၂၀ ကို စုံစမ်းစစ်ဆေးနေကြောင်း H&M က Reuters သတင်းဌာနသို့ ပြောသည်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာမှ အထည်ချုပ်စက်ရုံများတွင် ဖြစ်ပွားသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် ၁၅၆ ခုကို ခြေရာခံ လေ့လာခဲ့သည်။ ယခင်နှစ်က ၅၆ ခုသာရှိရာမှ ထိုသို့ များပြားလာခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်း အလုပ်သမားအခွင့်အရေးများ ပျက်စီးယိုယွင်းနေကြောင်း ပြသနေသည်။

လုပ်ခလစာ လျှော့ချခြင်းနှင့် လုပ်အားခ ခိုးယူမှုများသည် အတွေ့ရအများဆုံး စွပ်စွဲချက်ဖြစ်ပြီး မတရား အလုပ်ထုတ်ပယ်ခြင်း၊ လူမဆန်သော အလုပ်လုပ်ရခြင်းနှင့် အတင်းအကျပ် အချိန်ပို ဆင်းခိုင်းခြင်းတို့သည်လည်း များပြားကြောင်း Reuters သတင်းဌာနက ကြည့်ရှုခဲ့ရသည့် Business and Human Rights Resource Centre (BHRRC) အမည်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းက ထုတ်ပြန်မည့် အစီရင်ခံစာအရ သိရသည်။

“BHRRC ၏ အစီရင်ခံစာတွင် ဖော်ပြထားသော အမှုများကို စုံစမ်းစစ်ဆေးနေပြီး လိုအပ်သော နေရာများတွင် မြေပြင်မှ မိမိတို့အဖွဲ့မှတဆင့်နှင့် သက်ဆိုင်ရာ ပတ်သက်သူများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ပြင်ဆင်ဆောင်ရွက်နေသည်” ဟု H&M က ကြေညာချက်တစောင်တွင် ဖော်ပြသည်။

“မြန်မာက နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အလေးအနက် စိုးရိမ်ပူပန်ပြီး ကျနော်တို့ လုပ်ငန်းတွေကို ကျနော်တို့စံနှုန်းနဲ့ စည်းကမ်းတွေအတိုင်း လုပ်ဖို့ စိန်ခေါ်မှု ပိုမိုများပြားလာတာ တွေရတယ်” ဟု ဆွီဒင်လက်လီအရောင်းလုပ်ငန်း H&M က ပြောသည်။

BHRRC သည် မြန်မာတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံကို နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ကျရောက်ချိန်မှ စတင်ပြီး မြန်မာအထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို လိုက်လံစုံစမ်းနေသည်။ ထိုသို့ စုံစမ်းရာတွင် အခြားစက်ရုံ ၁၂၄ ရုံမှ အခွင့်အရေး ချိုးဖောက်မှုများ ပါဝင်သည်။

BHRRC က ၎င်းတို့သည် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် Myanmar Labour News ကဲ့သို့သော ပြည်တွင်းမီဒီယာများ အပါအဝင် သတင်းရင်းမြစ်များမှတဆင့် ထိုစွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လိုက်လံစုံစမ်းပြီး ရရှိသောသတင်းများကို ကုန်အမှတ်တံဆိပ်များနှင့် စစ်ဆေးခြင်း၊ အလုပ်သမားများကို တွေ့ဆုံမေးမြန်းခြင်းဖြင့် အတည်ပြုကြောင်း သိရသည်။ ထိုအဖွဲ့၏ တွေ့ရှိချက်များကို Reuters သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ်စက်ရုံတွင် လုပ်အားခတိုးတောင်းရန် ဦးဆောင်သူများကို ဖမ်းဆီးမှုများ ရှိခဲ့သည် / Myanmar labour News

Inditex သို့ ပစ္စည်းပေးသွင်းသူများနှင့် ပတ်သက်သည့် စွပ်စွဲထားသည့် အခွင့်အရေး ချိုးဖောက်မှု ၂၁ ခုရှိကြောင်း အထက်ပါအစီရင်ခံစာအရ သိရသည်။

ထိုတွေ့ရှိချက်များနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် မြန်မာစစ်ကောင်စီ ပြောခွင့်ရသူတဦးကို ဆက်သွယ်သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းပြန်ကြားခြင်း မရှိပေ။

မိတ်အင်မြန်မာ

Primark နှင့် Marks & Spencer တို့ လွန်ခဲ့သောနှစ်က မြန်မာနှင့် အဆက်အသွယ် ဖြတ်တောက်ပြီးနောက် စပိန်လုပ်ငန်းအုပ်စု Inditex က မြန်မာမှ ကုန်ပစ္စည်း ပေးသွင်းသူများနှင့် အဆက်အသွယ် ဖြတ်တောက်မည်ဖြစ်ကြောင်း ကြေညာသည့် နောက်ဆုံး ကုန်အမှတ်တံဆိပ်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် အထည်ချုပ်အလုပ်သမားများကို အခြေအနေ ပိုမိုဆိုးရွားစေမည်ဟု အချို့က ပြောသည်။

အချို့ ကုန်အမှတ်တံဆိပ်များသည် ထိုသို့မလုပ်ကြဘဲ မြန်မာမှ ကုန်ပစ္စည်း ပေးသွင်းသူများကို လေ့လာစောင့်ကြည့်မှု တိုးမြှင့်လုပ်ဆောင်ကြကြောင်း BHRRC က ပြုလုပ်သည့် စစ်တမ်းအရ သိရသည်။ ဥပမာအားဖြင့်ဆိုပါက မြန်မာမှ လုပ်ငန်းခွင်ရုံးများသည် ပြင်ပစစ်ဆေးသူများကို အားမကိုးဘဲ ၎င်းတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုများ လုပ်စေကြောင်း သိရသည်။

ဒဗ္ဗလင်အခြေစိုက် Primark သည် မြန်မာမှ ပစ္စည်းဝယ်ယူခြင်း ရပ်ဆိုင်းတော့မည်ဟု လွန်ခဲ့သော စက်တင်ဘာလက ကြေညာထားသည့်တိုင် ရန်ကုန်အခြေစိုက် ဝန်ထမ်းအရေအတွက် နှစ်ဆ တိုးထားသည်ဟု စစ်တမ်းတွင်တွေ့ရပြီး ဒိန်းမတ်ဖက်ရှင် ကုမ္ပဏီ Bestseller က အာဏာသိမ်းပြီးနောက် မြန်မာမှ ဝန်ထမ်းအရေအတွက်ကို သုံးဦးမှ ၁၁ ဦးသို့ တိုးထားသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
7
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
11
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
99
ရန်ကုန်တိုင်း အတွင်းရှိ အထည်ချုပ်စက်ရုပ်လုပ်ငန်းခွင် / ဧရာဝတီ

H&M နှင့် Bestseller သည် မြန်မာမှ အထည်ချုပ်စက်ရုံများတွင် လုပ်ငန်းခွင်အခြေအနေများ တိုးတက်ရေးအတွက် ရည်ရွယ်သည့် ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့သော MADE စီမံကိန်းတွင် ပါဝင်သည့် ကုန်အမှတ်တံဆိပ် ၁၈ ခုတွင် အပါအဝင်ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ရပ်တည်ချက်မှာ ကုမ္ပဏီများအနေဖြင့် အဓိက အလုပ်အကိုင် ဖန်တီးပေးသည့် မြန်မာမှ အဝတ်အထည်များ ဆက်လက်ဝယ်ယူသင့်သည်ဟု ဖြစ်သည်။ မြန်မာစက်ရုံပေါင်း ၅၀၀ ကျော်သည် အဝတ်အထည်များနှင့် ရှူးဖိနပ်များကို ကုန်အမှတ်တံဆိပ်ကြီးများအတွက် ထုတ်လုပ်ပေးနေသည်။

“လုပ်အားခ၊ လုပ်ငန်းခွင်အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ အလုပ်သမားအခွင့်အရေး အုပ်စုတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ဆွေးနွေးမှုတွေမှာ ကုမ္ပဏီတခုအနေနဲ့ ပါဝင်ခြင်းအားဖြင့် သြဇာသက်ရောက်မှု ရှိလာနိုင်တယ်” ဟု မြန်မာမှ ဥရောပကုန်သည်ကြီးများအသင်း အမှုဆောင် အရာရှိချုပ် ကာရီနာ ယူဖတ်က ပြောသည်။

“ဒီနိုင်ငံက ထွက်သွားလိုက်ရင် ပြည်တွင်းက အခြေအနေတွေကို သြဇာသက်ရောက်နိုင်ဖို့ ခက်ခဲတာ တွေ့ရလိမ့်မယ်” ဟုလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းနှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ မစ္စ ဗစ်ကီ ဘိုးမင်းက မြန်မာမှ ပစ္စည်းဝယ်ယူမှု ရပ်ဆိုင်းရန် ဖိအားပေးခံနေရသော နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များသည် တည်ငြိမ်သော အလုပ်အကိုင်များ ပေးနိုင်ဖွယ်အရှိဆုံးနှင့် အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်ရန် အစီအမံများ ပိုမိုချမှတ်နိုင်ဆုံး လုပ်ငန်းများဖြစ်ကြောင်း ပြောသည်။

“သူတို့တွေ ထွက်သွားရင် အလုပ်အကိုင်တွေ လုံးဝ ပျောက်ဆုံးသွားတာ ဒါမှမဟုတ် ဈေးပေါတဲ့ လုပ်အားခကိုပဲ ဂရုစိုက်ပြီး စက်ရုံအခြေအနေကို စိတ်မပူတဲ့ တာဝန်မဲ့ ဝယ်ယူသူတွေဆီက အမှာစာတွေရဖို့ စက်ရုံတွေ ကြိုးစားတာမျိုး ဖြစ်လာနိုင်တယ်” ဟု မစ္စ ဘိုးမင်းက Reuters သတင်းဌာနသို့ ပြောသည်။

ကိုးကား ။ ။ Reuters သတင်း H&M probes Myanmar factory abuses as pressure intensifies

You may also like these stories:

လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ

အော်ဒါမရသဖြင့် ရန်ကုန်က အထည်ချုပ်စက်ရုံတချို့ ရပ်နား

မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ

လုပ်သားသန်းချီ ရှိသည့် အထည်ချုပ်ကဏ္ဍ ဆန်ရှင်ပိတ်ခံရမည်ကို စိုးရိမ်

Your Thoughts …
Tags: H&MInditexMADEMCRBစစ်ကောင်စီစစ်အာဏာသိမ်းမှုအထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကျဆုံးတော့မည့် စစ်ကောင်စီကို အားမပေးရန် KIO ခေါင်းဆောင် သတိပေး

ကျဆုံးတော့မည့် စစ်ကောင်စီကို အားမပေးရန် KIO ခေါင်းဆောင် သတိပေး

ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်

ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved