• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတွင် ပြင်ပကျုရှင်နှင့် စာသင်ဝိုင်းများကို စစ်ကောင်စီ ခြိမ်းခြောက်

by ဧရာဝတီ
26 January 2022
in သတင်း
A A
ဇန်နဝါရီ ၂၂ ရက်က စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ချီတက်ဆန္ဒပြ  / Nay Myo

ဇန်နဝါရီ ၂၂ ရက်က စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ချီတက်ဆန္ဒပြ / Nay Myo

10.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ရှိ မူလတန်းမှ အထက်တန်းအထိ စာသင်ပေးနေသည့် ပြင်ပကျူရှင်နှင့် စာသင်ဝိုင်းများသည် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခြင်းများ ခံနေရပြီး အချို့အား လိုက်လံ ဖမ်းဆီးနေသဖြင့် ကျုရှင်နှင့် စာသင်ဝိုင်းအချို့ ပိတ်ထားရ ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ အာဏာသိမ်း စစ်ကောင်စီက ဖိအားပေးရာတွင် နာမည်ကြီး ကျုရှင်များ မပါဝင်ဘဲ တပိုင်တနိုင် အွန်လိုင်းမှတဆင့် သင်ကြားပေးနေခြင်းများနှင့် ရပ်ကွက်များအတွင်းမှ ကျူရှင်ငယ်လေးများ အများဆုံး ပါဝင်နေကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းမှ အခမဲ့ စာသင်ကြားပေးနေသူ တဦးက “ရုံးကခေါ်ပြီး ပြောတာမှာ စာသင်ပေးဖို့ တရားဝင်လက်မှတ် ရှိလားပေါ့။အသိအမှတ်ပြုလက်မှတ် မရှိဘဲ စာ သင်ပေးရင် တရားစွဲလို့ရတယ်၊ ထောင်ချလို့ ရတယ်။ ဆက်ဖွင့်ချင်ရင် တရားဝင်ဖြစ်အောင် ပညာရေးဌာနမှာ လျှောက် ထားပြီး လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် ဆက်မသင်ဖို့ ပြောတယ်။ စာဆက်သင်ပေးချင်ပေမယ့် မိသားစုကို ထိခိုက်မှာစိုးလို့ အခုတော့ နားလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ အနေဖြင့် ရပ်ကွက်များအတွင်းရှိ ပုဂ္ဂလိကကျုရှင်၊ စာသင်ဝိုင်းများကို ဖိအားပေးရာတွင် အသိအမှတ်ပြု လက် မှတ်များ စစ်ဆေးခြင်း၊ ကျောင်းဖွင့်လှစ်ခွင့် လိုင်စင်များ စစ်ဆေးခြင်းတို့ကို အဓိကထား မေးမြန်းနေကြောင်း သိရသည်။

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
7
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
21
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
12

သို့သော် စစ်ကောင်စီ၏ မန္တလေးတိုင်းပညာရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ အမည်မဖော်လိုသူ တဦးက ထိုကဲ့သို့ စစ်ဆေးခြင်းမျိုး၊ ဖိအားပေးခြင်းမျိုး မရှိကြောင်း၊ ကိုယ်ပိုင်ကျောင်းများ ပြန်ဖွင့်မည်ဆိုပါက ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ထားခြင်း ရှိမရှိ စစ်ဆေးရန်သာ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ပြောဆိုသည်။

ချမ်းမြသာစည် မြို့နယ် အတွင်းမှ ကျောင်းသားမိဘတဦးက “နိုင်ငံရေး မတည်ငြိမ်လို့ မိဘတွေက ကျောင်းမထားရဲကြဘူးဆိုတာ နားလည်ဖို့ ကောင်းတယ်။ ကိုယ့်ကလေးတွေအတွက် ဘာမှ လုံခြုံစိတ်ချရမှု မရှိတဲ့ အခြေအနေမျိုးမှာ အပြင်ကနေ စာသင်ပေးနေတာ ပြစ်မှုတခုလား။ ပညာသင်ပေးတာကို ဖမ်း တယ် ဆိုတာတော့ ကမ်းကုန်သွားပြီ။ လွဲပြီးရင်ကို လွဲနေတော့တာပဲ။ လွတ်လပ်စွာ ပညာသင်ကြားခွင့်တောင် မရှိတော့တဲ့ သဘောမျိုး ဖြစ်သွားပြီ။ အခုက ကျောင်းတွေမှာ တက်ရမယ့် အတန်းသင်ရိုးတွေအတိုင်း သင်ပေးနေတဲ့ ကျုရှင်တွေကို လိုက်ဖမ်းနေတာ။ အခုဆို ကျနော့်သားလေး တက်နေတဲ့ စာသင်ဝိုင်းလည်း ပိတ်လိုက်ပြီလေ” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်နေမှု ရှိနေကြောင်း ပုံဖော်ပြသလိုသည့် အတွက် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများကို ပြန်ဖွင့်ခဲ့သော်လည်း လုံခြုံရေးပိုင်းဆိုင်ရာနှင့် တ ခြားသော အခြေအနေများကြောင့် မိမိတို့၏ သားသမီးများအား ကျောင်းမလွှတ်ကြရာ တနိုင်ငံလုံး အတိုင်းအတာ အနေ ဖြင့် ကျောင်းတက်ရောက်သူ အရေအတွက်မှာ နည်းပါးလျက် ရှိသည်။

ဇန်နဝါရီ ၂၂ ရက်က စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ချီတက်ဆန္ဒပြ (ဓာတ်ပုံ/Nay Myo)

မန္တလေးမြို့ခံ ကဗျာဆရာတဦးက “ဖမ်းမယ်ဆိုရင်လည်း အခု ကျောင်းတက်နေတဲ့ ကလေးတွေကို ကျောင်းတက်နေတဲ့ ဆရာမတွေက ကျုရှင် သင်ပေးနေတာတွေပါ ဖမ်းရမှာလေ။ ကလေးတွေကို အချိန်ပိုဆိုတဲ့ ခေါင်းစဉ်နဲ့ခေါ်ပြီး ပိုက်ဆံ တောင်းနေကြတာလေ။ အခုက ကျောင်းမသွားဘဲ အပြင်ကျုရှင်တွေမှာ တက်နေကြတာရယ်၊ နောက်ပြီး CDM ဆရာ/ဆရာမတွေကလည်း အပြင်ကနေ စာသင်ပေးနေတာတွေရှိတော့ စစ်တပ်က အခုလို လုပ်လာတာလို့ မြင်တယ်” ဟု မှတ်ချက်ပြုသည်။

တဖက်တွင်လည်း စစ်အာဏာရှင်စနစ်အောက် အာဏာသိမ်း စစ်ကောင်စီက ဖွင့်သည့် စာသင်ကျောင်းများတွင် ပညာသင် ကြားမှု မပြုရေး လှုပ်ရှားမှုများကလည်း ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီက ဖွင့်သည့် အခြေခံပညာကျောင်းများတွင် မထားသော မိဘများက သားသမီးများ၏ ပညာရေး မနှောင့်နှေးစေရေး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက်နေကြပြီး ငွေကြေးတတ်နိုင်သည့် မိဘများက ပုဂ္ဂလိက ကိုယ် ပိုင်ကျောင်းများတွင် ထားကြသလို အခြေခံလူတန်းစားများ အနေဖြင့် ရပ်ကွက်အတွင်းရှိ ကျူရှင်နှင့် စာသင်ဝိုင်းများထံ ၁ လလျှင် ငွေကျပ် ၅၀၀၀ မှ ၅၀၀၀၀ ခန့်ထိပေးပြီး ကျောင်းထားကြသည်။

ဘွဲ့ရလူငယ်တချို့ကလည်း ၎င်းတို့ ရပ်ကွက်အတွင်းရှိ ကလေးများအား အခမဲ့ သို့မဟုတ် လခအနည်းငယ်ဖြင့် စာ သင်ပေးခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းမှ Home Guide ဆရာတဦးက “ကျောင်းပြီးကတည်းက ဝါသနာအရင်းခံတဲ့ အလုပ်ဖြစ်တဲ့ Home Guide လုပ်ခဲ့တာ။ အဓိက ၈ တန်းကနေ ၁၀ တန်းထိပေါ့။ ကိုဗစ်တွေ စဖြစ်တော့ အိမ်တွေကို လိုက်သင်လို့ မရတော့ အွန်လိုင်းကနေ သင်ပေးနေတာ အခုထိပဲ။ ကျမ Home Guide လုပ်တာကို ရပ်ကွက်က သိကြတယ်။ အဲဒါ ဘယ်သူက ပြောလိုက်သလဲတော့ မသိဘူး။ ကျမကို စာ သင်နေသေးလားဆိုပြီး အုပ်ချုပ်ရေးမှူးက လာမေးတယ်။ အွန်လိုင်းကနေ သင်ပေးနေတယ်လို့ ဖြေလိုက်တယ်။ ဘာ သဘောနဲ့ မေးတာလဲတော့ မသိပေမယ့် ဖိအားပေးတဲ့ စကားမျိုးတွေ ပြောသွားတယ်” ဟု ပြောသည်။

ဇန်နဝါရီ ၂၂ ရက်က စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ချီတက်ဆန္ဒပြ (ဓာတ်ပုံ/Nay Myo)

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခဲ့သည့် အချက်အလက်များအရ နိုဝင်ဘာ ၁ ရက်မှ ပြန်ဖွင့်ပေးခဲ့သည့် အခြေခံပညာအဆင့် ကျောင်း များတွင် တက်ရောက်ရမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀ သန်းကျော်ရှိသည့်အနက် ကျောင်းအပ်သူ ၅ ဒသမ ၂ သန်းကျော် ကျောင်းအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းတက်သူ ဦးရေမှာ ၄ ဒသမ ၂ သန်း ရှိကာ ဇန်နဝါရီ ပထမပတ်အတွင်း စစ်ဆေးခဲ့သည့် ပညာသင်နှစ်ဝက် စာမေးပွဲသို့ ဖြေဆိုသူ ၄ ဒသမ ၁ သန်းကျော် ရှိကြောင်း၊ အခြေခံပညာကျောင်း မတက်ရောက်သူမှာ ၅ သန်းကျော် ရှိကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီ ၆ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်ပေးထားသည့် တက္ကသိုလ်၊ ကောလိပ်များတွင်လည်း စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ ၁၉,၇၄၀ ဦးရှိပြီး ကျောင်းအပ်သူ ၄,၄၀၉ ဦးအနက် ကျောင်းတက်ရောက်သူမှာ ၂,၂၈၁ ဦး ရှိသဖြင့် ၇၅ ရာခိုင်နှုန်းကျော် ကျောင်းမတက်၊ ကျောင်းမအပ်ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည့် ပြည်နယ်နှင့် တိုင်းများတွင်မူ ပညာသင်ကြားရမည့် ကလေးငယ်များမှာ စစ်ဘေးရှောင်အဖြစ် နေ ရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

Your Thoughts …
Tags: ကျူရှင်စစ်ကောင်စီစာသင်ဝိုင်းဖိအားပေးမန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၀ ခုနှစ်က ကျင်းပသည့် BarCamp ပွဲတော်

Virtual ဆိုပေမယ့် ဘားကမ့် ခံစားချက်ပြန်ရဖို့ ကြိုးစားထားပါတယ်

အိုမီခရွန်ကြောင့် စတုတ္တလှိုင်း ဖြစ်ခဲ့ရင် တတိယလှိုင်းလိုပဲ အသေအပျောက် များဦးမှာပဲ (ရုပ်/သံ)

အိုမီခရွန်ကြောင့် စတုတ္တလှိုင်း ဖြစ်ခဲ့ရင် တတိယလှိုင်းလိုပဲ အသေအပျောက် များဦးမှာပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved