• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်း၌ PDF နှင့် ဆက်သွယ်သည်ဆိုကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁၂ ဦး ဖမ်းခံရ

by ဧရာဝတီ
10 February 2022
in သတင်း
A A
လူဝတ်လဲ ဖမ်းဆီးခံရသည့် ဆရာတော်  / CJ

လူဝတ်လဲ ဖမ်းဆီးခံရသည့် ဆရာတော် / CJ

24.5k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် လင်းယဉ်ရွာသစ်နှင့် ညောင်ငုတ်တိုကျေးရွာများမှ ကျောင်းထိုင်ဆရာတော် အပါအဝင် ဒေသခံ ၁၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဆိုကာ အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ လင်းယဉ်ရွာသစ်ကျေးရွာရှိ မဟာရွှေဘုံသာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးနရာနန္ဒနှင့် အမျိုးသမီး ၁ ဦး၊ ညောင်ငုတ်တိုကျေးရွာမှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၂ ဦး ဖြစ်ပြီး ဖေ‌ဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော်နှင့် နီးစပ်သူတဦးက “မနက် ၁၁ နာရီကျော် ဆွမ်းစားချိန်လောက်မှာ ဆရာတော်ကို အဓမ္မ လူဝတ်လဲပြီး ဖမ်း သွားကြတာ။ ကျောင်းကနေ လေသေနတ် ၁ လက် တွေ့တယ်။ အဲဒီ လေသေနတ်ကို လက်ခံထားလို့ဆိုပြီး ဖမ်းခေါ်သွား တာ။ အဲဒီနေ့က ဆရာတော်ရောဆိုရင် အားလုံး ၁၂ ယောက် အဖမ်းခံရတယ်။ အခုထိ အဆက်အသွယ် မရသေးဘူး။ အားလုံးအတွက် စိုးရိမ်နေကြတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများကို ဆားတောင်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု စစ်ကောင်စီတပ်က ပြောဆိုသော်လည်း မိသားစုဝင် များက သွားရောက်စုံစမ်းရာ၌ တွေ့ခွင့်မရရှိသည့်အပြင် ဖမ်းဆီးခံရသူများ စခန်းတွင်း ရှိမရှိကိုပင် ကောင်းကောင်း မွန်မွန် ပြန်လည် ဖြေကြားခြင်း မရှိကြောင်း ဒေသခံတဦးက ပြောသည်။

လူဝတ်လဲ ဖမ်းဆီးခံရသည့် ဆရာတော် (ဓာတ်ပုံ/CJ)

လက်ရှိ ဖမ်းဆီးခံထားရသည့် ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံများမှာ သာမန် အရပ်သားပြည်သူများဖြစ်ပြီး ဒေသကာ ကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း၊ လက်နက် တွေ့ရှိခြင်း၊ PDF အဖွဲ့များနှင့် ဆက်သွယ်သည် ဟူသော မဟုတ်မမှန် စွပ်စွဲချက်များဖြင့် မတရား ဖမ်းဆီးခံရခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ညောင်ငုပ်တိုရွာရှိ ပျူစောထီးအဖွဲ့က အာဏာသိမ်း ၁ နှစ်ပြည့် အခမ်းအနားနှင့် တပ်ထောက်ခံပွဲ ပြု လုပ်ရန် ကြိုးစားနေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ဝင်ရောက် တိုက်ခိုက်ခြင်း ခံရသဖြင့် ကျေးရွာသားများအပေါ် အငြိုးထား လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်က စစ်ကိုင်းမြို့နယ်၊ ညောင်ငုပ်တိုရွာတွင် ပျုစောထီးအုပ်စု တပ်ထောက်ခံပွဲ ပြုလုပ်ရန် လူစုနေချိန် စစ်ကိုင်းခရိုင် တပ်ရင်း (၁) ဗိုလ်ဇာတ်လိုက် ဦးဆောင်မှုဖြင့် စစ်ကိုင်းခရိုင် တပ်ခွဲ (၁)၊ မြင်းဖြူရှင်ပြောက်ကျားအဖွဲ့၊ ဖောင်း ဒိုင်းဖောင်းဒိုင်း စသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီးများဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ယင်းပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ ပျူစောထီးအုပ်စု တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်က အင်အား ၅၀ ခန့် လက်နက် အပြည့် အစုံဖြင့် ညောင်ငုတ်တိုကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများအတွင်း အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ယခုကဲ့သို့ ကျောင်းထိုင်ဆရာတော်နှင့် အမျိုးသမီးများ အပါအဝင် ဒေသခံများကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာမှ မစန်းမြအေး၊ မမွှေးမွှေးနှင့် ၈ တန်းကျောင်းသူ မသော်တာထက်တို့ကို PDF များအား ဆက်သွယ် ထောက်ပံ့နေသည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီ၏ ဒလန် သတင်းပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၅ ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်၊ မန္တလေး-လားရှိုး သံလမ်း၊ မိုးကုတ်ဝိပဿနာ မြဝတီစာသင်တိုက် အနီးရှိ မဟာဝိဇိတာရာမကျောင်းတိုက်မှ မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော် အရှင်ကလျာဏ၏  တေဇာလင်္ကာရကျောင်းကို ချိတ်ပိတ်ခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် မော်တော် ကား၊ ပစ္စည်းများနှင့် ​ငွေကြေးများကိုလည်း သိမ်းဆည်းသွားသလို သံဃာတော်များအား ကျောင်းပေါ်မှ နှင်ချခြင်းများ ပြု လုပ်ခဲ့သည်။

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ဆောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းခေါ်

စစ်တပ်ဖမ်းသွားသည့် ခွန်ဆာ တပ်ဖွဲ့ဝင်ဟောင်းများထဲမှ ၂ ဦး စစ်ကြောရေး၌သေဆုံး

ပခုက္ကူခရိုင်ရှိ လက်ယက်ရေနံတွင်းများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး

Your Thoughts …
Tags: ကျောင်းထိုင်ဘုန်းကြီးစစ်ကိုင်းမြို့စစ်ကောင်စီဒေသကာကွယ်ရေးတပ်ဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
SSPP ဖမ်းဆီးထားသည့် RCSS  လက်နက်များ

RCSS တပ်မဟာမှူးနှင့် လက်နက်ခဲယမ်းများ SSPP ဖမ်းဆီး

ယမန်နေ့ ဖေဖော်ဝါရီ ၉ရက်က မဲဆောက်မြို့ မဲ့ပကျေးရွာရှိ နေအိမ်တလုံးတွင် တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသမီးများအား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးနေစဉ်  / MGR Online

မဲဆောက် စက်ရုံတချို့ ရှောင်တခင်စစ်ဆေး မြန်မာ၁၈ဦးခန့် ဖမ်းဆီးခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved