• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

RCSS တပ်မဟာမှူးနှင့် လက်နက်ခဲယမ်းများ SSPP ဖမ်းဆီး

by ဧရာဝတီ
10 February 2022
in သတင်း
A A
SSPP ဖမ်းဆီးထားသည့် RCSS  လက်နက်များ

SSPP ဖမ်းဆီးထားသည့် RCSS လက်နက်များ

19.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဘက်မှ တပ်မဟာမှူး ၁ ဦးနှင့် မိသားစုအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဘက်က ပြောသည်။

SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က “RCSS တပ်မဟာမှူးတယောက်ကို ကျနော်တို့ လက်ရဖမ်းမိထားတယ်။ သူတို့မိသားစုအပါအဝင်ပေါ့။ သူတို့ရဲ့ အနီးကပ်လုံခြုံရေးတွေလည်း ပါတယ်။ ဒါပေမယ့် ကျနော်တို့ ကောင်းကောင်းမွန်မွန်ပြုစုထားပါတယ်။ ကျန်းမာရေး၊ နေရေးထိုင်ရေးပေါ့။ အကုန်တာဝန်ယူပြီးလုပ်ထားတာရှိပါတယ်။ မနေ့က စစ်သုံ့ပန်း ၁၀ ယောက်ကျော်ရှိတယ်။ လက်နက်ခဲယမ်းက အမြောက်အများရတယ်ပေါ့ဗျာ။ အချင်းချင်းတွေဖြစ်လို့ ထုတ်ဖော်ပြောလို့မကောင်းပါဘူး” ဟု ဧရာဝတီသို့ပြောသည်။

SSPP တပ်ဖွဲ့ဝင်အချို့ က ၎င်းတို့ လူမှုကွန်ရက်တွင် တင်ထားသည့် ဓာတ်ပုံများထဲတွင်လည်း လက်နောက်ပစ်ထားကာ ထိုင်နေသည့် RCSS ယူနီဖောင်းဝတ်ထားသော အမျိုသား ၁၂ ဦး၊ ချေမှုန်းရေးရိုင်ဖယ် ၁၄ လက်ထက်မနည်း၊ စက်သေနတ်ကြီး ၄ လက်၊ ဗုံးပစ်လောင်ချာ ၂ လက်၊ ဆက်စပ်ကျည်ဆန်အများ အပြားနှင့် ခဲယမ်းများအား SSPP တပ်ဖွဲ့ဝင်များက စုစည်းထားသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် နှင့် ကျောက်ဂူမြို့ ဝန်းကျင်တွင် SSPP တပ်ဖွဲ့ဝင်များက RCSS တပ်များကို တိုက်စစ်ဆင်ခဲပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ရှိကြောင်း SSPP ဘက်က ပြောသည်။

ဗိုလ်မှူးစိုင်းဖုန်းဟန်က “စကစကပဲ သူတို့ကို လာကူတာလားမသိဘူး။ တိုက်လေယာဉ် ၂ စင်း နဲ့ ၈ လုံး ၁၀ လုံးလောက်လာချသွားတာဗျာ။ ကျနော်တို့ တပ်ဖွဲ့တွေအနည်းအကျဉ်းထိတာပေါ့။ RCSS က ထွက်ပေါက်မရှိတဲ့အချိန်မှာ စကစကို အကူအညီ တောင်းပြီးတော့မှပဲ လာတာလားပေါ့။ သူတို့ကြား ညှိနှိုင်းဆွေးနွေးမှုက ဘယ်လိုရှိသလဲတော့ အခုအချိန်အထိတော့ စုံစမ်းနေဆဲဖြစ်တယ်” ဟု ပြောသည်။

SSPP ဖမ်းဆီးထားသည့် RCSS လက်နက်များ

RCSS နှင့်တိုက်ပွဲသည် တနေကုန်နီးပါးဖြစ်ပွားပြီး နောင်ဝိုးရွာနှင့် ကျောက်ဂူမြို့အသွားလမ်းတွင် အဓိကဖြစ်ပွားခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်တိုက်ပွဲသည် ကျောက်ဂူမြို့နှင့် ပိုမိုနီးကပ်ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

လက်ရှိတွင် တိုက်ပွဲအရှိန်လျှော့ကျသွားသော်လည်း စစ်ရေးတင်းမာနေကြောင်း RCSS တပ်ဖွဲ့ဝင်များသည် ကျောက်ဂူမြို့ အရှေ့ဘက်သို့ တပ်ရွှေ့ပြောင်းမှုများလုပ်နေကြောင်း SSPP ထံမှသိရသည်။

RCSS ဘက်ကမူ SSPP နှင့် ရပ်စောက်မြိုနယ်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ ပြောသော်လည်း လက်နက်နှင့် တပ်မဟာမှူးများ အဖမ်းခံလိုက်ရသည့်အခြေအနေကိုမူ အတည်မပြုပေ။

SSPP ဖမ်းဆီးထားသည့် RCSS လက်နက်များ

RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံက “ကျနော်သိထားတာက ၃၊ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်တယ်။ မနေ့ကပြင်းထန်ပြီးတော့မှ စစ်ကောင်စီဘက်က တိုက်ပွဲပြင်းထန်တဲ့ ကြားကို လာပစ်တာပေါ့။ ဒီနေ့တော့ တိုက်ပွဲအရှိန်လျော့ကျသွားပြီ။ မြေပြင်အခြေအနေကတော့ အသေးစိတ်မသိရသေးဘူးခင်ဗျ။ တိုက်ပွဲက မိုင်းကိုင်ရယ်။ ရပ်စောက်မြို့နယ်ရယ်။ ရှမ်းပြည်မြောက်ပိုင်းကျတော့ ကျောက်မဲ၊ သီပေါအစပ်ရယ်။ တိုက်ပွဲတွေက ပြန့်ကြဲနေတော့ အသေးစိတ်မသိရသေးဘူး” ဟု ဆိုသည်။

စစ်ကောင်စီတိုက်လေယာဉ် ၂ စီးက က RCSS ဘက်မှနေ၍ လေကြောင်းပစ်ကူပေးခဲ့သည်ဆိုသည့်အချက်နှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ RCSS အပေါ်ထိုးနှက်မှုသာဖြစ်ကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

SSPP ဖမ်းဆီးထားသည့် RCSS လက်နက်များ

၎င်းက “ဒီလိုစွပ်စွဲတာကတော့ မီဒီယာတိုက်ခိုက်မှုတခုပါ။ အဓိကကတော့ စကစက ဘယ်ကို တိုက်တိုက် ၂ ဖက်စလုံး သေရင်လည်း သူတို့အတွက် အမြတ်ရှိတာပဲလေ။ ကျနော်တို့ရင်ဆိုင်နေရတာက စစ်မျက်နှာက ၆ ကီလိုမီတာ ၈ ကီလိုမီတာအထိ ကျယ်ပြန့်တာဆိုတော့ တနေကုန်တိုက်ပွဲဖြစ်နေတာ။ အဲဒီအနီးနားက ရွာပေါင်း ၂၀၊ ၃၀ လောက်ပြေးရတယ်ဆိုတော့ ဒေသတွင်းမှာကျတော့ ကျယ်ပြန့်တာပေါ့။ စစ်တပ်က လေယာဉ်ပစ်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ရှောင်ရတာပဲ” ဟု ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
372
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

လက်ရှိတွင် စစ်ထိုးလာသည့် SSPP တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို RCSS ဘကက် ရင်ဆိုင်နေရသောကြောင့် လတ်တလောကာလတွင် စစ်ရေးအရှိန်လျော့ကျရန်မရှိကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

SSPP ဖမ်းဆီးထားသည့် RCSS လက်နက်များ

နိုင်ငံရေးလေ့လာသူတဦးကလည်း ရပ်စောက်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော RCSS တပ်များအား လုံးဝ တွန်းထုတ်နိုင်ရန် SSPP တပ်များက တိုက်စစ်ဆင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

၎င်းက “RC တပ်တွေက လဲချား၊ မိုင်းကိုင်၊ မိုင်းကိုင်အနောက်ဖက် ဆင်တောင်ကို ဖြတ်၊ အဲဒါပြီးတော့ ကျောက်ဂူကို ဖြတ်ပြီး နောင်ချို၊ ကျောက်မဲဘက်သွားတယ်။ ကျောက်မဲဖက်ရောက်နေတဲ့ RCSS တပ်တွေကို ဖြတ်ပြီး ပိတ်ဆို့တာ။ အဓိကက ရှမ်းမြောက်က RC ကို အပြတ်တွန်းထုတ်တာပေါ့” ဟုဆိုသည်။

SSPP ဖမ်းဆီးထားသည့် RCSS လက်နက်များ

ဆက်လက်၍ ၎င်းက SSPP တပ်များဘက်မှ SSPP ယူနီဖောင်းဝတ်ထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တပ်ဖွဲ့ဝင်များပါဝင်နိုင်သည်ဆိုသော သတင်းများမှာလည်း မှန်ကန်နိုင်ချေရှိကြောင်း မှတ်ချက်ပေးသည်။

လတ်တလောတွင် အင်အားကောင်းကောင်းဖြင့် ထိုးစစ်ဆင်လာသည့် SSPP တပ်များကို RCSS ဘက်က ချက်ချင်း တိုက်စစ်ဖွင့်ရန် မလွယ်သေးသော်လည်း SSPP တပ်များဝင်လာသည့် နေရာသည် အာဏာသိမ်းစစ်ကောင်စီတပ်များ အခြေချထားသောနေရာနှင့် သိပ်မဝေးသဖြင့် စစ်ကောင်စီနှင့် SSPP အကြားတိုက်ပွဲများ ဖြစ်လာနိုင်မလားဆိုသည်ကို စောင့်ကြည့်ရဖွယ်ရှိနေကြောင်း နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။

Your Thoughts …
Tags: RCSSSSPPUWSA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ယမန်နေ့ ဖေဖော်ဝါရီ ၉ရက်က မဲဆောက်မြို့ မဲ့ပကျေးရွာရှိ နေအိမ်တလုံးတွင် တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသမီးများအား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးနေစဉ်  / MGR Online

မဲဆောက် စက်ရုံတချို့ ရှောင်တခင်စစ်ဆေး မြန်မာ၁၈ဦးခန့် ဖမ်းဆီးခံရ

ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်

ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved