• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်သပိတ် အကြမ်းဖက်ဖြိုခွင်းမှု မိန်းကလေးငယ်များ ပြင်းထန်စွာ ဒဏ်ရာရသွား

by ဧရာဝတီ
15 March 2022
in သတင်း
A A
မင်္ဂလာတောင်ညွန့်သပိတ်ကို ဖြိုခွဲမခံရခင်အချိန်က တွေ့ရစဉ် / CJ

မင်္ဂလာတောင်ညွန့်သပိတ်ကို ဖြိုခွဲမခံရခင်အချိန်က တွေ့ရစဉ် / CJ

12.9k
VIEWS
Share on FacebookShare on Twitter

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၃၄ နှစ်ပြည့် အထိမ်းအမှတ်“သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့ “ဆိုသော စာတန်းများကိုင်၍ မတ်လ ၁၃ရက် ညက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဆန္ဒပြရာ၌ ရိုက်နှက်ဖမ်းဆီး ခံရသည့် မိန်းကလေးငယ်များ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဆန္ဒပြပွဲအပြီး လူစုခွဲခါနီးတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းအနီး ရပ်ထားသည့် အိမ်စီးကားများ ပေါ်မှ တုတ်များ ကိုင်ဆောင်ထားသည့် အရပ်ဝတ်လူတစုမှ ဆန္ဒပြလူငယ်များကို ရိုက်နှက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း လွတ်မြောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “ကျနော့်ကို အရင် ဝင်ရိုက်တယ်။ ခေါင်းပေါက်သွားတယ်။ ပြန်လှည့်အပြေးမှာ သူငယ်ချင်းကို သူတို့ဖမ်းတယ်၊ ဒါပေမယ့် တွန်းထုတ်ပြီး တယောက်ကိုကယ်နိုင်တယ်၊ အဲဒီ အချိန်မှာ မိန်းကလေး ၃ယောက်ကို ဖမ်းတယ်၊ နောက်က နေ ဆံပင်ဆောင့်ဆွဲပြီးဖမ်းတယ်၊ ခြေထောက်တွေနဲ့ ကန်တယ်၊ တကယ်တော့ အဲဒီမိန်းကလေးတွေက အသက်မပြည့် သေးတဲ့လူငယ်တွေ”ဟု ဆိုသည်

ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့သူတဦးကလည်း အရပ်ဝတ်ယောက်ျားသား ၁၀ဦးခန့်က အသက် ၁၄၊ ၁၅၊ ၁၆နှစ်ခန့် ရှိသည့် ဆယ်ကျော်သက် မိန်းကလေး ၃ဦးကို ဆံပင်ဆွဲ ရိုက်နှက် ခေါ်ဆောင်သွားကြောင်း ပြောသည်။

မင်္ဂလာတောင်ညွန့် ညသပိတ်တွင် ဖမ်းဆီးခံရသည့် မိန်းကလေးများမှာ အသက် ၁၄ နှစ်အရွယ် ယူကီရာ၊ အသက် ၁၆ နှစ်အရွယ် အေးမြတ်သူနှင့် အပိုး တို့ ဖြစ်ကြောင်း ဖမ်းဆီးခြင်းမှ လွတ်လာသူ တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

“ကျနော်တို့လည်း ရသလောက်တော့ ကယ်ခဲ့တာပဲ။ ဘယ်လို ဖြေလို့ဖြေရ မှန်း မသိဘူး။ ကိုယ့်လူတွေ ပါသွားတော့ စိတ်ဒုက္ခ ရောက်ရတယ်။ သူတို့ အမြန်ဆုံး ပြန်လွှတ်ဖို့လည်း မျှော်လင့်တယ်။ ကျနော်တို့ထဲမှာဆိုရင် အငယ်ဆုံးလေး တွေဆိုတော့ အရမ်း စိတ်ပူတယ်” ဟု လွတ်မြောက်လာသူ အဆိုပါ ကျောင်းသားက ဆိုသည်။

အဆိုပါ မိန်းကလေး ၃ ဦးမှာ မင်္ဂလာတောင်ညွန့် ရဲစခန်းသို့ ခေါ်ဆောင်ခံရပြီးနောက် လသာရဲစခန်းသို့ ပို့ဆောင် လိုက် ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

မိန်းကလေး ၃ ဦးထဲမှ တဦးမှာ ထိုသို့ ရိုက်နှက်မှုများကြောင့် သတိလစ်မေ့သွားခဲ့ပြီး မတ် ၁၄ ရက်မနက်ရောက်မှသာ သတိပြန် ရခဲ့ကြောင်းနှင့် ကျန်၂ ဦးထဲမှ တဦးမှာ အရှေ့သွား ၄ ချောင်း ကျိုးသွားခဲ့ပြီး၊ နောက်တဦးမှာ ဖူးယောင် ဒဏ် ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများ၏ မိသားစုနှင့် နီးစပ်သူတဦးက “အဖမ်းခံရတဲ့ထဲက ကောင်မလေး တယောက်ဆိုရင် မနက် ၄ နာရီ ၅ နာရီလောက်ကျမှ သတိပြန်ရတယ်။ ခြေထောက်တွေနဲ့ ကန်ခံရတာ ခေါင်းကို ထိထားတယ်။ နံရိုးတွေလည်း ထိ ထားတယ်လို့ သိရတယ်။ ကျန်တဲ့ ၂ ယောက်ထဲကဆိုရင် တယောက်က ရှေ့သွား ၄ ချောင်း ကျိုးသွားတယ်။ တယောက်ကတော့ ဖူးယောင်သွား တာလောက်တော့ ဖြစ်တယ်“ ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင်လည်း ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် အသံ ဗုံး ပေါက်ကွဲသံ ထွက်ပေါ်ပြီးနောက် ဝင်ရောက် ရှာဖွေရင်း ၄၆ လမ်းထဲမှ တိုက်ခန်း တခန်းရှိ တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူများကိုလည်း စစ်ကောင်စီမှ ရိုက်နှက် ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးသို့ ပို့ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသား ကျော်ထက်အောင်၊ သက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသူဟောင်း မိုးမဉ္ဖူ၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသား မင်းခန့်ကျော်တို့ ဖြစ်သည်။

ရန်ကုန်မြို့တွင် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်ရုံသာမက စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများကိုပါ လိုက်လံ၍ အကြမ်းဖက် ဖမ်းဆီးမှုများ ရှိနေသည့်အပြင် အပြစ်မဲ့ ပြည်သူတချို့လည်း ဖမ်းဆီးခံနေရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၁၄ ရက်ထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၂၆၅၄ ဦးရှိပြီး၊ ထိုအထဲမှ ၈၄၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကာ၊ သေဒဏ်ချမှတ်ခံထားရသူများထဲတွင် ၁၈ နှစ်အောက် ၂ ဦးလည်း ပါဝင်နေသေည်။ စစ်အာဏာရှင် ဆန့်ကျင်ရင်း သေဆုံးခဲ့သူဦးရေမှာ ၁၆၇၂ ဦး ရှိလာပြီ ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

You may also like these stories:

မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းရှိ PDF နယ်မြေတချို့ စစ်ကောင်စီလက် ပြန်ရောက်

ဈေးကွက်မဝင်ဇာတ်ကား များဖြင့် ရုပ်ရှင်ရုံများ ပြန်ဖွင့်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

Your Thoughts …
Tags: ကိုစိုးနိုင်ကိုဖုန်းမော်သပိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စစ်တပ်ဖိနှိပ်မှုကြားက ရန်ကုန်လူထုရဲ့ တုန့်ပြန်မှု (ရုပ်/သံ)

by ဧရာဝတီ
10 December 2025
576

အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ လူထုရဲ့ အထွေထွေကြပ်တည်းမှုတွေကြားမှာပဲ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ် အသံတိတ်သပိတ်ကိုပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

by ယဉ်မွန်
24 July 2024
575

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံအတွက် ကောင်းကျိုးရှိလာမှာ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးတာတွေ ရပ်တန့်ဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဝေဖန်ထောက်ပြပါတယ်။

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

by ဧရာဝတီ
12 July 2025
234

ရန်ကုန်မြို့ပေါ်မှာ ၈၈၈၈ လူထုအရေးတော်ပုံ ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထီးသပိတ် လှုပ်ရှားခဲ့လို့ အဖမ်းခံခဲ့ရသူတွေထဲက ကိုစစ်မင်းနိုင် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သပိတ်ခေါင်းဆောင် ကိုနန်းလင်း အရေးယူခံရ (ရုပ်/သံ)

သပိတ်ခေါင်းဆောင် ကိုနန်းလင်း အရေးယူခံရ (ရုပ်/သံ)

by ဧရာဝတီ
18 September 2025
147

သပိတ်ခေါင်းဆောင် ကိုနန်းလင်းကို အမျိုးသမီးတွေ မပါဝင်တဲ့ အွန်လိုင်းဆွေးနွေးပွဲ စကားဝိုင်းတခုမှာ ဝင်ရောက်ဆွေးနွေးခဲ့တာကြောင့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစု (တကသ) က အရေးယူလိုက်ပါတယ်။

ကိုထက်မြတ်အောင်ရဲ့ အသက်အန္တရာယ် စိုးရိမ်နေကြ (ရုပ်/သံ)

ကိုထက်မြတ်အောင်ရဲ့ အသက်အန္တရာယ် စိုးရိမ်နေကြ (ရုပ်/သံ)

by ဧရာဝတီ
18 December 2025
99

စစ်ကော်မရှင်လက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင် ကိုထက်မြတ်အောင်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ မြေပြင်သပိတ်ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုရေစီအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

Next Post
ဖေဖော်ဝါရီလ အတွင်းကလည်း စစ်ကောင်စီသည် တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ / CJ

ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ရွာများ စစ်ကောင်စီမီးရှို့ ဒေသခံ ၁၀ ဦး အသတ်ခံရ

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

PDF တွေ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်ထားဟု ဦးရည်မွန် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved