• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှု စစ်ကောင်စီ ပစ်မှတ်ထားလုပ်နေ

by ဧရာဝတီ
1 July 2022
in သတင်း
A A
၂၀၂၁ ဖေဖော်ဝါရီလက မြေနီကုန်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို ခြိမ်းခြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့များ  / ဧရာဝတီ

၂၀၂၁ ဖေဖော်ဝါရီလက မြေနီကုန်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို ခြိမ်းခြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့များ / ဧရာဝတီ

13k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီသည် အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ နှိမ့်ချစော်ကားမှုများ ပြုလုပ်ပြီး အမျိုးသမီးတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမည့် စကားလုံးများ သုံးနှုန်းကာ အသရေ ဖျက်နေကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ရွှေပြည်သာမြို့နယ်တွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ် ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများမှတဆင့် သတင်းထုတ်ပြန်ရာတွင် အမျိုးသမီး ၅ ဦး၏ မျက်နှာများကို အထင်း သားဖော်ပြကာ အတူဖမ်းမိသူ အမျိုးသား ၅ ဦးနှင့် တရားမဝင် ပေါင်းသင်းနေထိုင်သူများဟူ၍ စွပ်စွဲဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ပါ အသုံးအနှုန်းသည် အာဏာရှင်ကို တော်လှန်နေသော အမျိုးသမီးများအပေါ် ယုံကြည် လေးစားမှုများ လျော့နည်းစေရန်နှင့် ဂုဏ်သိက္ခာကျစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက သုံးနှုန်းခဲ့ခြင်း ဖြစ် ကြောင်း အမျိုးသမီးအဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများက ဝေဖန်ပြောဆိုသည်။

မြန်မာနိုင်ငံကဲ့သို့ ရှေးရိုးစွဲအယူအဆများ အမြစ်တွယ်နေဆဲ နိုင်ငံတခုတွင် ‘တရားမဝင် ပေါင်းသင်းနေထိုင်သူ’ ဟူသည့် စကားလုံးသည် အမျိုးသမီးများအပေါ် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိုးနှက်ချက်တခု ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မြေပြင်သပိတ်များတွင် ဦးဆောင်ပါဝင်နေသည့် မအေးမြင့်အောင်အောင်က “အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရလည်း စော်ကားတယ်။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရလည်း စော်ကားနှိမ့်ချတဲ့ ပုံစံမျိုးပေါ့။ တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေအပေါ်မှာ သွေးခွဲလိုက်တဲ့ပုံစံမျိုးလို့ နားလည်လိုက်ရတယ်။ ပြည်သူလူထုကနေပြီးတော့ တော်လှန်ရေးလုပ်တဲ့ သူတွေအပေါ် ယုံကြည်မှု နိမ့်ပါးသွားအောင် တဖက်တလမ်းကနေ သွေးထိုးလိုက်တဲ့ ပုံစံမျိုးပဲ” ဟု မှတ်ချက်ပေးသည်။

ရန်ကုန်တွင် ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင်လည်း ၎င်း၏ အမျိုး သမီး ဒေါ်သဇင်ညွန့်အောင်ကို ဦးဖြိုးဇေယျာသော်နှင့် တရားမဝင် ပေါင်းသင်းနေထိုင်လျက် ရှိသည်ဟူသော အသုံး အနှုန်းကို ထပ်တူသုံးစွဲပြီး ဖော်ပြခဲ့သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147

အလားတူ ၂၀၂၁ သြဂုတ် ၁၀ ရက်တွင် စစ်ကောင်စီက ရန်ကုန်မြို့ ၄၄ လမ်းရှိ တိုက်ခန်းတခုကို အကြမ်းဖက်ဝင် ရောက်ပြီး ပစ်ခတ်ဖမ်းဆီးမှုတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အဖမ်းမခံလို၍ တိုက်ခန်းပေါ်မှ ခုန်ချသေဆုံးခဲ့သူ မဝေဝေမြင့် (ပန်းသီး) ကို အမျိုးသမီး ဂုဏ်သိက္ခာ ထိပါးသည့် အပြုအမှုများ ပြုလုပ်ခဲ့သည်။

တိုက်ပေါ်မှ ပြုတ်ကျစဉ် အောက်ပိုင်းဗလာ ဖြစ်နေသည့် မဝေဝေမြင့်၏ ဓာတ်ပုံများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သလို စစ်ကောင်စီ မီဒီယာများက သတင်းဖော်ပြခဲ့မှုတွင်လည်း အဆိုပါ တိုက်ခန်းများအတွင်း လူငယ်များသည် မူးယစ်ဆေးဝါး သုံးစွဲကြ သည်ဟု စွပ်စွဲဖော်ပြထားသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ ထောက်ခံသူ တချို့ကလည်း သေဆုံးသူ မဝေဝေမြင့်၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည့် စကားလုံးများဖြင့် စွပ်စွဲပုံဖော်ခဲ့ကြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အကြံပေး ဒေါ်တင်တင်ညိုက “စစ်အာဏာရှင်ကို တိုက်ထုတ် ဆန့်ကျင်နေတဲ့ လူတွေကို စိတ်ပိုင်းဆိုင်ရာရော၊ ဂုဏ်သရေကျဆင်းအောင် လုပ်ဆောင်လေ့ရှိတာက အခုမှ မဟုတ်ဘူး။ အရင်ကလည်း တွေ့ရတယ်။ ၄၄ လမ်း တိုက်ပေါ်က ခုန်ချပြီးတော့ အဆုံးစီရင်သွားတဲ့ မပန်းသီးဆိုရင်လည်း အစွပ်စွဲခံရတာပဲ။ အခုလည်း အပြစ်မဲ့တဲ့ လူငယ်တွေရဲ့ သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဒါမျိုးရေးသားမှုတွေ တွေ့ရတော့ ဒါသူတို့ရဲ့ စစ်ဆင်ရေး တခုပဲ။ ဒီလိုမျိုး လုပ်ဆောင်ချက်တွေက ရွံစရာကောင်းတယ်။ လုံးဝကို နိမ့်ကျတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်” ဟု ပြောသည်။

ယင်းသို့ စစ်ကောင်စီ၏ လိင်ပိုင်းဆိုင်ရာ နှိမ့်ချစော်ကားသည့် ထိုးနှက်တိုက်ခိုက်မှုများမှာ တော်လှန်ရေး လုပ်ကိုင်နေသည့် အမျိုးသမီးများကို ဦးတည်သည်ထက် တော်လှန်ရေးအပေါ် ပြည်သူလူထု ယုံကြည်မှု လျော့ပါးစေရန် ရည်ရွယ် ခြင်းသာ ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ယူဆသည်။

သပိတ်ခေါင်းဆောင် တဦးဖြစ်သူ မချောစုစံကလည်း “တော်လှန်ရေးလုပ်နေတဲ့ အမျိုးသမီးတွေအပေါ်မှာ အမြင်လွဲမှားအောင် လုပ်တာပေါ့။ ဒီလိုမျိုးတွေ စွပ်စွဲလိုက်တဲ့လုပ်ရပ်က ကျမတို့အတွက် ထိရောက်တဲ့ ထိုးနှက်မှုတခု မဟုတ်ပေမယ့်လို့ အတွေးအခေါ် နည်းပါးတဲ့၊ မပြောင်းလဲသေးတဲ့ လူတွေကတော့ ဒါကို ကြီးမားတဲ့ထိုးနှက်မှုလို့ မြင်နေတာပေါ့။ တော်လှန်ရေး လုပ်ပြီး ဒီလို နေနေကြတာလားဆိုပြီး ဝေဖန်မှုတွေရှိမယ်။ ပြည်သူတွေကို တော်လှန်ရေးအပေါ်မှာ အားလျော့သွားအောင် လုပ်နေတာမျိုးပေါ့” ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့များသည် ၎င်းတို့ ဖမ်းဆီးရမိသည့် အမျိုးသမီး တက်ကြွလှုပ်ရှားသူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားသည့် သတင်းများ မကြာခဏ ထွက်ပေါ်နေသလို အကျဉ်းထောင် များအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်။

ဒေါ်တင်တင်ညိုက “ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းက အမြော်အမြင်ရှိရှိနဲ့ မမြင်တတ်ရင်တော့ ဒီအမျိုးသမီး တွေအတွက်က ဂုဏ်သိက္ခာ ကျဆင်းမှုနဲ့အတူ စိတ်ဓာတ်ပါ ကျသွားနိုင်တဲ့ အနေအထားပါ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျမတို့နိုင်ငံ ပြည်သူလူထုက စစ်အာဏာရှင် လုပ်လေ့လုပ်ထရှိတဲ့ နည်းပရိယာယ်တွေကို ကောင်းကောင်း ယဉ်ပါးတဲ့ လူတွေ ဖြစ်တယ်။ ပြည်သူလူထုကတော့ ဆင်ခြင်သုံးသပ်နိုင်တဲ့ အနေအထား ရှိတယ်” ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၁ ဖေဖော်ဝါ ရီ ၁ ရက် စစ်တပ် အာဏာသိမ်းသည့်နေ့မှ ဇွန် ၃၀ ရက်ထိ စစ်ကောင်စီကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ ၂,၀၄၀ ဦး ကျဆုံးခဲ့ပြီး ၁၁,၃၃၈ ဦးမှာလည်း ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း သိရသည်။

Your Thoughts …
Tags: ဂုဏ်သိက္ခာစစ်ကောင်စီလိင်ပိုင်းဆိုင်ရာအမျိုးသမီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အထက်လွှတ်တော်အမတ် မစ္စ ပင်နီ ဝေါင်း  / Malaysian Ministry of Foreign Affairs

ရှောင်တာနဲလ် လွတ်မြောက်ရေးနှင့် စစ်ကောင်စီကို အရေးယူမည်ဟု သြစတြေးလျ ပြော

အာစီယံ အထူးကိုယ်စားလှယ်နှင့် RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်း ယနေ့တွေ့ဆုံမှု  / Tai Freedom

RCSS ၏ အကျပ်အတည်းဖြေရှင်းရေး အဆိုပြုချက် NUCC နှင့်တွေ့ဆုံရေးမပါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved