• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

RCSS ၏ အကျပ်အတည်းဖြေရှင်းရေး အဆိုပြုချက် NUCC နှင့်တွေ့ဆုံရေးမပါ

by ဧရာဝတီ
1 July 2022
in သတင်း
A A
အာစီယံ အထူးကိုယ်စားလှယ်နှင့် RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်း ယနေ့တွေ့ဆုံမှု  / Tai Freedom

အာစီယံ အထူးကိုယ်စားလှယ်နှင့် RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်း ယနေ့တွေ့ဆုံမှု / Tai Freedom

6.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရန် အာဆီယံ အထူးကိုယ်စား လှယ်ကို တိုက်တွန်းသည့် အဆိုပြုချက် ၃ ချက်တွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် အတိုက်အခံများ၏ အမြင့်ဆုံးနိုင်ငံရေး စုဖွဲ့မှုဖြစ်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် တွေ့ဆုံဆွေးနွေးရေး မပါဝင်ကြောင်း RCSS ၏ ထုတ်ပြန်ချက်အရသိရသည်။

အလားတူ NUCC ကအတည်ပြုဖွဲ့စည်းပေးထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် NUG ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် တွေ့ဆုံဆွေးနွေးရေးလည်း RCSS ၏ တိုက်တွန်းချက်တွင် ထည့်သွင်းထားခြင်းမရှိပေ။

RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်းက အာဆီယံ အထူးကိုယ်စား လှယ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာပရတ်ဆွတ်ခွန်းထံ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မည့် နည်းလမ်း ၃ သွယ်ကို ဇူလိုင်လ ၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် (EAO) များနှင့် တွေ့ဆုံပွဲတွင် အဆိုပြုထားသည်။

ပထမနည်းလမ်းမှာ အာဏာသိမ်းစစ်တပ်နှင့် EAO များညှိနှိုင်း၍ နိုင်ငံရေးသဘောတူညီချက်ရသည်အထိ အလျှော့အတင်းပြုလုပ်နိုင်ရန်ဖြစ်သည်။ ဒုတိယနည်းမှာ EAO များနှင့် နိုင်ငံရေးပါတီများ အကြား နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကာ ဖက်ဒရယ်မူရရှိရန် ညှိနှိုင်းပြီး အာဏာ ၃ ရပ်ခွဲဝေကျင့်သုံးနိုင်ရန် ဖြစ်သည်။

တတိယ နည်းမှာ ရရှိလာသည့် ဖက်ဒရယ်မူများနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်တို့ကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91
အာစီယံအထူးကိုယ်စားလှယ်နှင့် ယနေ့တွေ့ဆုံခဲ့သည့် EAOs အဖွဲ့အချို့ (ဓာတ်ပုံ – Tai Freedom)

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကမူ RCSS ၏ အဆိုပြုချက်သည် နိုင်ငံတကာက တိုက်တွန်းနေသည့် မြန်မာနိုင်ငံပဋိပက္ခ ဖြေရှင်းရေးတွင် သက်ဆိုင်သူအားလုံးပါဝင်ရမည်ဆိုသော အချက်အား ထည့်သွင်းထားခြင်း မရှိကြောင်း ပြောသည်။

ရှမ်းပြည်နယ်တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ရေးအကြပ်အတည်းကြုံနေရသည့် RCSS သည် စစ်တပ်အလိုကျ နိုင်ငံရေးလမ်းကြောင်းကိုသာ အဆိုပြုတိုက်တွန်းနေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် NUG နှင့် PDF များကို အပြတ်ချေမှုန်းပြီး ရွေးကောက်ပွဲကျင်းပကာ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်မည်ဟု ၂၀၂၁ ခုနှစ် ကတည်းက ပြောဆိုနေခြင်းဖြစ်သည်။

နိုင်ငံရေးလေ့လာသူတဦးက “ကျန်တဲ့ EAO တွေ အဖို့ဆိုရင်လည်း PDF တွေ၊ NUG တွေမပါဘဲနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ကြမှာ မဟုတ်ဘူး။ အဲဒါကို RCSS က ဖယ်ပြီးတော့ EAO နဲ့ပဲ ငြိမ်းချမ်းရေးလုပ်လို့ရတယ်လို့ မြင်တာက စစ်တပ်အလိုကျလိုက်ပြောနေတာပဲ။ လောလောဆယ်မှာ RCSS က စစ်တပ်နဲ့ ပေါင်းပြီး သူရပ်တည်နိုင်အောင် ကြိုးစားနေတာပဲ။ တကယ်တမ်းကျတော့ ရှမ်းပြည်နယ်မှာ ဘယ်အဖွဲ့နဲ့မှ တပ်ပေါင်းစုမရှိဘဲ အထီးတည်းဖြစ်နေတာက RCSS ပဲ။ သူက ပေါင်းစရာမရှိတော့လို့ နောက်ဆုံး စစ်တပ်နဲ့ပေါင်းပြီးစစ်တပ်အလိုကျလိုက်ပြောနေတာ” ဟု မှတ်ချက်ပေးသည်။

အာစီယံအထူးကိုယ်စားလှယ်နှင့် ယနေ့တွေ့ဆုံခဲ့သည့် EAOs အဖွဲ့အချို့ (ဓာတ်ပုံ – Tai Freedom)

အာဏာသိမ်း စစ်တပ်အလိုက်ကျ လိုက်ပြောနေသည့် RCSS ၏ နိုင်ငံရေးအဆိုပြုချက်သည် မြန်မာနိုင်ငံပဋိပက္ခ ဖြေရှင်းရေးတွင် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

RCSS သည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် အတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။

RCSS သည် စစ်တပ်က အာဏာသိမ်းယူပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သည့် အခါတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ပထမဆုံး သွားရောက်တွေ့ဆုံခဲ့သော အဖွဲ့ဖြစ်သည်။ အဆိုပါတွေ့ဆုံမှုကို မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုတွေ့ဆုံမှုအပေါ် လူထု ဝေဖန်ပြစ်တင်မှုများလည်း ခံခဲ့ရသည်။

Your Thoughts …
Tags: NUCCNUGRCSS
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှပြန်ရွှေ့ပေးမည် မဟုတ်ဟု စစ်ကောင်စီဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved