• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက တိုင်းရင်းသားမဟာမိတ်များနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် ကြံစည်နေ

by ဧရာဝတီ
3 April 2023
in သတင်း
A A
မတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် နေပြည်တော်၌ အလွတ်သဘော ဆွေးနွေးပွဲများသို့ တက်ရောက်သည့် စစ်ကောင်စီနှင့် EAOs တို့မှ ကိုယ်စားလှယ်များ / NCA-S EAO

မတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် နေပြည်တော်၌ အလွတ်သဘော ဆွေးနွေးပွဲများသို့ တက်ရောက်သည့် စစ်ကောင်စီနှင့် EAOs တို့မှ ကိုယ်စားလှယ်များ / NCA-S EAO

11.3k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ခုမှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန်နှင့် စစ်တပ်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် စစ်ကောင်စီမှ ထိပ်တန်း ဗိုလ်ချုပ်များနှင့် ဆွေးနွေးပွဲများ ကျင်းပရန် နေပြည်တော်သို့ လွန်ခဲ့သော သီတင်းပတ်က သွားရောက်ခဲ့ကြသည်။

စစ်ကောင်စီခန့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင် ခုနစ်ဖွဲ့တို့သည် မတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် နေပြည်တော်၌ အလွတ်သဘော ဆွေးနွေးပွဲများ ကျင်းပကြသည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
66
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.4k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
632

NSPNC ကိုယ်စား အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ အဖွဲ့ဝင်များဖြစ်သော ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဦးလှမောင်ရွှေတို့ တက်ရောက်ကြသည်။ စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များအကြား ဆွေးနွေးပွဲများကို လွန်ခဲ့သောနှစ်ကပင် စတင်ကျင်းပနေသော်လည်း ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင် ဦးလှမောင်ရွှေ တို့သည် ယခု နောက်ဆုံးဆွေးနွေးပွဲတွင် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ထိုအစည်းအဝေးနှင့် နီးစပ်သော ရင်းမြစ်များက ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး / ကရင်လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA PC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ထိုအစည်းအဝေး တက်ရောက်ကြသည်။

အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်သည့် NSPNC မှ ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဦးလှမောင်ရွှေ

ထိုအစည်းအဝေးတွင် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး၊ စစ်ကောင်စီက အဆိုပြုထားသည့် ရွေးကောက်ပွဲနှင့် စစ်ကောင်စီက ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အာရုံစိုက်သည်ဟု စစ်ကောင်စီ မီဒီယာများ၏ အဆိုအရ သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခင်စစ်အစိုးရများ၏ ခြေလှမ်းများအတိုင်း လိုက်လုပ်ရေးအတွက် ငြိမ်းချမ်းရေးညီလာခံတခု ကျင်းပရန် စိတ်ဝင်စားနေပြီး စစ်ကောင်စီက ထိုကိစ္စနှင့်ပတ်သက်သည့် အသေးစိတ်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထိုအစည်းအဝေးတွင် NCA အဖွဲ့များ၏ ပြောခွင့်ရသူ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောကျော်ညွန့်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။

NCA အရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးသိန်းစိန် အရပ်သားအစိုးရအတုနှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် စစ်တပ်က ဖြုတ်ချခံရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတို့ခေတ်က ကျင်းပခဲ့သည်။

မြန်မာစစ်တပ်နှင် စစ်တပ်ကို တိုက်ခိုက်ခြင်းမရှိသော NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် လက်တွေ့တွင် တန်ဖိုးမရှိကြောင်း လေ့လာသူများက ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာဖိအား သက်သာစေရန်အတွက် ငြိမ်းချမ်းရေးညီလာခံတခုကို ရုပ်ပြသဘော အဆိုပြုနေကြောင်း ထိုလေ့လာသူများက ပြောသည်။

“သူတို့က သူတို့ကို တိုက်ခိုက်နေတဲ့သူတွေ မပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ ဆွေးနွေးနေကြတယ်။ ဒါဟာ အတုအယောင်သာ ဖြစ်မယ်” ဟု ပြည်တွင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။ ခိုင်မာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အခြားအဖွဲ့အစည်းများကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။ ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်တပ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့်အတူ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြသည်။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တော်လှန်ရေးနေ့ မိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီသည် NUG ၊ PDFs နှင့် ၎င်းတို့ကို ထောက်ခံနေသည့် EAOs များကို ညှိနှိုင်းမည်မဟုတ်ဘဲ အရေးယူမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ရွေးကောက်ပွဲများ ကျင်းပရန် ကတိပြုထားသော်လည်း စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို မကြေညာနိုင်သေးပေ။

စစ်ကောင်စီက ၂၀၂၂ ခုနှစ်ကို “ငြိမ်းချမ်းရေးနှစ်” ဟုခေါ်ပြီး ၂၀၂၃ ခုနှစ်ကို “ငြိမ်းချမ်းရေး အသီးအပွင့်များ ခံစားသည့်နှစ်” ဟု ခေါ်သည်။ သို့သော် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံတဝန်းတွင် ပြင်းထန်လာနေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး စကားပြောနေသော်လည်း သူ၏ စစ်သားများအနေဖြင့် သင်ကြားထားပေးသည့် ကျွမ်းကျင်မှုများကို အပြည့်အဝ အသုံးချရန် တိုက်တွန်းနေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လတ်တလောတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် ဆွေးနွေးပွဲများ ကျင်းပနေပြီး ၎င်းတို့အနက် ခုနစ်ဖွဲ့သည် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များ ဖြစ်ပြီး သုံးဖွဲ့သည် လက်မှတ်မထိုးထားသည့် အဖွဲ့များဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Meets Allied Ethnic Armed Groups, Eyes Peace Conference ကို ဘာသာပြန်သည်။)

You may also like these stories:

မြောက်ပိုင်း EAO ခေါင်းဆောင်များ တရုတ်အထူးသံကို ကူမင်းသွားတွေ့

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

ပန်ဆန်းတွင် FPNCC အစည်းအဝေး ကျင်းပနေ

ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ

NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ

Your Thoughts …
Tags: EAOsNCANSPNCNUGPDFsငြိမ်းချမ်းရေးဆွေးနွေးပွဲငြိမ်းချမ်းရေးညီလာခံစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသား လက်နက်ကိုင်နိုင်ငံတကာဖိအားပေးမှုဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည် / MSDF

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းအပြီး နေပြည်တော် တနေရာ

မြန်မာနိုင်ငံကို စစ်ကောင်စီ ဘယ်လောက် တကယ် ထိန်းချုပ်နိုင်သလဲ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate