• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထန်တလန်ကို တက်လာသည့် စစ်တပ်နှင့် CDF တို့ကြား တလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေ

by ဧရာဝတီ
6 July 2023
in သတင်း
A A
ဟားခါးနှင့် ထန်တလန်မြို့ကြားရှိ သီတာကျေးရွာအနီးသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် /ဧရာဝတီ

ဟားခါးနှင့် ထန်တလန်မြို့ကြားရှိ သီတာကျေးရွာအနီးသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် /ဧရာဝတီ

10.7k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ဟားခါးမှ ထန်တလန်မြို့သို့ အင်အားဖြည့်ရန်နှင့် နယ်မြေပြန်လည်စိုးမိုးရန် ချီတက်လာသည့် စစ် ကောင်စီစစ်ကြောင်းအား ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) များက တလကျော်ကြာ ခုခံတိုက်ခိုက်လျက်ရှိပြီး ယနေ့တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိကြောင်း ဟားခါး CDF တာဝန်ရှိသူတဦးက ပြောသည်။

စစ်ယာဉ်တန်းများဖြင့် ချီတက်လေ့ရှိသည့် စစ်ကောင်စီတပ်သည် ယခုခြေလျင်တောတိုး ချီတက်နေကာ လတ်တလော ဟားခါးနှင့် ထန်တလန်မြို့ကြားရှိ ဟားခါးမြို့မှ ၁၅ မိုင်ခန့်အကွာ သီတာ ကျေးရွာ (Tita Village) ဝန်းကျင်၌ ရောက်ရှိ နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းလည်း သိရ သည်။

ဟားခါး CDF တာဝန်ရှိသူတဦးက “သူတို့(စစ်ကောင်စီ) က တောတိုးပြီး တောင်ကုန်းတွေ တကုန်းချင်း ဖြည်းဖြည်းချင်း သွားနေတာ။ ခုထိတော့ သီတာရွာနားကနေ မကျော်သေးဘူး၊ ဒီနေ့လည်း တိုက်ပွဲတွေဖြစ်နေတယ်၊ ဟားခါးဘက်က နေလည်း လက်နက်ကြီးတွေ ပစ်နေတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့မသိရသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း အဆိုပါ သီတာကျေးရွာအနီး တောင်ကုန်းတွင် စစ်ကောင်စီနှင့် CDF များကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး CDF ပူးပေါင်းတပ်ဘက်က၂ ဦး သေဆုံးကာ၊ စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေ ဆုံးနိုင်ကြောင်းလည်း CDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီက သီတာကျေးရွာရှိ ခရီးသွားယာဉ်များ ခေတ္တရပ်နားရာ ယာဉ်ရပ်နားစခန်းအား တိုက် လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့ရပြီး CDF ပူးပေါင်းတပ်များ၏ ယာယီစခန်း တခုလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
144

လက်ရှိ ထန်တလန်မြို့သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၇၇ လက်အောက်ခံတပ်များမှ ထုတ်နုတ်အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲကာ ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်ကတည်းက ဟားခါး မြို့မှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လမ်းတလျှောက်တွင် CDF ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိသည့် အတွက် ထန်တလန်မြို့သို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။

ထိုသို့ လမ်းတလျှောက်ခုခံတိုက်ခိုက်မှုများအနက် ဟားခါးမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် သီးမစ်ချောင်း (Timit River) ပတ်ဝန်းကျင်တွင်လည်း မေလကုန်ပိုင်း၌ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က လေ ကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

အဆိုပါ သီးမစ်ချောင်းတဝိုက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၃၀ ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် CDF ပူးပေါင်းတပ်ဘက်ကလည်း တပ်ဖွဲ့ဝင် ၁၂ အထိ သေဆုံးခဲ့ရကြောင်း CDF ဘက်က ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ကောင်စီအနေဖြင့် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် ထန်တလန်မြို့အား ပြန်လည်စိုးမိုးနိုင်ရန်အတွက် အင်အားအလုံးအရင်းနှင့် မြေပြင်စစ်ကြောင်းများအပြင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် စစ်ကြောင်းထိုးလာ မှုအား ခုခံတားဆီးရန် ခက်ခဲသော်လည်း တတ်နိုင်သမျှ ခုခံတိုက်ခိုက်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ပြင်း ထန်လာနိုင်ကြောင်းလည်း CDF တပ်ဖွဲ့ဝင်များက ပြောသည်။

ဟားခါး CDF တာဝန်ရှိသူတဦးက “သူတို့က ကုန်းတကုန်းကို အင်အားအလုံးအရင်းနဲ့ ပစ်အားနဲ့ တက်လာရင် တားဆီး ဖို့က ခက်ပါတယ်။ သူတို့က ကျနော်တို့ရှိနိုင်မယ့် ကုန်းတွေကို တကုန်းပြီးတကုန်း သိမ်းပြီး တက်လာနေတာ၊ တဖြည်း ဖြည်းချင်း ရှေ့တိုးလာတာပေါ့နော်၊ အဲဒါကြောင့် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာ” ဟု ပြောသည်။

ချင်းအမျိုးသား တပ်မတော် (CNA/ CNF) ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ယခုကဲ့သို့ ထန်တလန်မြို့သို့ စစ်အင်အား ဖြည့်ရန်နှင့် နယ်မြေထိန်းချုပ်ရန် ကြိုးပမ်းလာမှုသည် ထန်းတလန်မြို့နယ်အတွင်းရှိ CNF ဌာနချုပ်အား ထိုးစစ်ဆင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ထန်တလန်မြို့သည် အာဏာသိမ်းစစ်တပ်၏ အပြင်းထန်ဆုံးတိုက်ခိုက်ခံရသည့် မြို့တမြို့ဖြစ်ပြီး လက်ရှိတွင် မြို့နေလူထု ၁ သောင်းကျော်မှာ စစ်ဘေးရှောင်ထွက်ပြေးနေရပြီး မြို့မှာလည်း မြို့ပျက်ကြီးသဖွယ်ဖြစ်နေသည်။

မြေပြင်ထိန်းချုပ်မှုအနေဖြင့် စစ်ကောင်စီဘက်က ထန်တလန်မြို့ စစ်တပ်ဗျူဟာကုန်း၌ အထိုင်ချကာ မြို့တဝက်ခန့် အား နယ်မြေစိုးမိုးထားပြီး ကျန်မြို့တဝက်အား CDF ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိကြောင်း လည်း CDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ဟားခါးမြို့မှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ လှုပ်ရှားလာသည့် စစ်ကောင်စီတပ်မှာ လက်ရှိတွင် စစ်ကြောင်းတကြောင်း တည်းအဖြစ် ပြန်လည်ပူးပေါင်းကာ ဆက်လက် စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာ နိုင်ကြောင်းလည်း CDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

You may also like these stories:

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

ကြားဖြတ်တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီယာဉ်တန်း ၅၀ ကျော်သေဆုံးဟု CDF ပြော

CNF ဌာနချုပ်ကို စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီ ပြင်ဆင်နေဟုဆို

ပလက်ဝတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်း အဆမတန်မြင့်တက်နေ

Your Thoughts …
Tags: CDFစစ်ကောင်စီစစ်ကြောင်းထန်တလန်နယ်မြေစိုးမိုးရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

by ဧရာဝတီ
20 December 2023
7.4k

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၅,၀၀၀ နီးပါး ဘက်ပြောင်းလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို

ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို

by ဧရာဝတီ
9 February 2024
7k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းထားသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့တွင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နိုင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာပြီး ယမန်နေ့၌ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၁

ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၁

by အေးချမ်းဆု
13 September 2024
6.9k

စစ်ရေးလှုပ်ရှားမှု မရှိသေးသော် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပန်းတောင်းနှင့် မင်းဘူးခရိုင် အခြေအနေမှာလည်း ရခိုင်တောင်ပိုင်း ကျသွားပါက ပြောင်းလဲသွားပေလိမ့်မည်။

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

by စွယ်တော်
2 July 2025
6.7k

အောက်ခြေက စိတ်ဓာတ်ကျဆင်းမှုကို မထိန်းချုပ်နိုင်သည့်အတွက် အိတ်ပေါက်နှင့် ဖားကောက်သလို ဖြစ်နေကြောင်း တွေ့ရသည်။

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

by ဧရာဝတီ
23 August 2023
6.4k

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံ ၊ ဆေးခန်းများအား ပိတ်ထားသော်လည်း ဒေသခံ အများစုမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်ထားသော ကျောင်းများ၌ စာသင်ကြားခွင့်ရနေသလို CDM ဆရာဝန် ၊ ဆေးဝန်ထမ်းများ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများတွင်...

Next Post
ကချင်ပြည်နယ်တွင် လှုပ်ရှားနေသည့် KIA တပ်များ (ဓာတ်ပုံ - ဧရာဝတီ)

စစ်ရေးသတိရှိကြရန် လိုင်ဇာလူထုကို KIA သတိပေး

ရခိုင်စစ်ပွဲ ပထမအကြိမ်အတွင်း AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများအား စစ်တွေမြို့၌ ရုံးထုတ်လာစဉ် / ဧရာဝတီ 8.6k

အမ်းမြို့မရဲစခန်းတွင် အချုပ်ကျနေသူတဦး ဆေးကုသခွင့်မရ၍ သေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved