• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို

by ဧရာဝတီ
9 February 2024
in သတင်း
A A
ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို

ကောလင်းထွေအုပ်ရုံး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အလံလွှင့်ထားစဉ် (ဓာတ်ပုံ- NUG)

7k
VIEWS
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းထားသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့အား ပြန်လည် ရယူရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်များသည် ယမန်နေ့က မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း ကာကွယ် ရေးတပ်များ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ကောလင်းမြို့ တောင်ဘက် ကန့်ဘလူနယ်မှ ဝင်လာသော စစ်ကြောင်းသည် မြို့အနောက်ဘက် မင်းတဲကြီးရပ်ကွက်အထိ ထိုးဖောက်နိုင်သော်လည်း ပူးပေါင်းတပ်များ တိုက်ခိုက်မှုကြောင့် ဆိုင်ဒူးရွာအထိလည်းကောင်း ကောလင်း မြောက်ဘက် ဝန်းသိုနယ်မှ ထိုးလာသော စစ်ကြောင်းသည်လည်း ကျွန်းလှခုံရွာအထိ လည်းကောင်း ပြန်ဆုတ်သွားကြောင်း၊ ဆုတ်ခွာ စဉ် ၎င်းတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကောလင်းခရိုင် တပ်ရင်း-၂ က ယနေ့ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

ကောလင်းခရိုင် တပ်ရင်း-၂ မှ တာဝန်ရှိသူက “၆ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တယ်။ မနေ့က မြို့ပေါ် မင်းတဲကြီး ရပ်ကွက်ထိ ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တပ်ရင်း-၂ နဲ့ ပူးပေါင်းအဖွဲ့တွေ မင်းချမ်းကျောင်းနဲ့ မင်းတဲကြီးကုန်းတဝိုက်မှာ အပြင်းအထန် ထိတွေ့တာမှာ စကစတွေ အထိနာအကျအဆုံးများပြီး ပြန်ဆုတ်သွားကြတယ်။ ကျနော်တို့ အစွမ်းကုန်ကြိုးစားနေဆဲပါ။ တပ်ရင်း-၁ လည်း အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
49
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
61

စစ်ကောင်စီက ကောလင်းမြို့အား ပြန်ရရန် ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှစ၍ မြို့၏ တောင်နှင့် မြောက်ဘက်မှ နှစ်ဖက် ညှပ်ကာ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် အလုံးအရင်းထိုးစစ်ဆင်နေခြင်းဖြစ်ပြီး၊ NUG ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့များနှင့် ကောလင်း အပါအဝင် ပင်လည်ဘူး၊ ဝန်းသိုမြို့နယ်များဖြင့် စုဖွဲ့ထားသည့် ခရိုင်ကာကွယ်ရေး တပ်များကပါ ပူးပေါင်းခုခံနေရာ ယနေ့အချိန်ထိ ကောလင်းမြို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဆိုသည်။

ကောလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးကလည်း “မနေ့ကအထိ မြေပြင်သာလွန်အင်အားနဲ့အတူ လေကြောင်းက ပစ်ကူတွေ၊ ဝန်းသိုတပ်ဘက်နေ ဟောင်ဝစ်ဇာပစ်ကူ စတဲ့ နည်းပေါင်းစုံနဲ့ ထိုးစစ်ဆင်ပြီး တိုးလာကြတာ။ မနေ့ကတော့ စကစတပ်တွေ ကောလင်းမြို့စွန်က မင်းတဲကြီးဘက် တိုးလာနိုင်ခဲ့ပေမယ့် အထိနာပြီးတော့ ပြန်ဆုတ်ပြေးသွားကြတယ်။ ကောလင်းမြို့ကို အပြည့်အဝ ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲပါပဲ” ဟု ပြောသည်။

စစ်ကောင်စီတပ် ကောလင်းမြို့ကို စစ်ကြောင်းထိုးလာမှု ပြသသည့် မြေပုံ(irrawaddy

ကောလင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များအတွက် လက်နက်၊ ခဲယမ်းများ လိုအပ်မှု မရှိစေရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနေကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Mandalay Free Press (MFP)သတင်းဌာနကို ဖြေကြားထားသည်။

ကောလင်းနယ်နှင့် ကပ်လျှက်ရှိသည့် ကန့်ဘလူနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ စစ်အုပ်စုဘက်က လက်နက်ကြီး တွေလည်း သုံးတယ်။ လူအင်အားလည်း အများအပြားသုံးပြီးတော့ ထိုးဖောက်ဝင်ရောက်နေတာ ရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ ဗျူဟာကျကျနဲ့ တုံ့ပြန်ရင်ဆိုင်နေကြပါတယ်။ မြို့ထဲကို လက်ရှိအချိန် အလွယ်တကူ ဝင်ရောက်နိုင်တဲ့ အနေအထားမျိုး မရှိပါဘူး” ဟု ပြောသည်။

ကန့်ဘလူမှ ကောလင်းသို့ လာမည့် စစ်ကူများကို ချပ်သင်းရွာ ဘေးမဲ့တောအတွင်း၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၇ ရက်မှ စ၍တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က လေကြောင်းပစ်ကူသုံးခဲ့ရပြီး ကာကွယ်ရေးတပ်များ ပစ်ခတ်မှုကြောင့် Mi-35 ရဟတ်ယာဉ်တစီး ထိမှန်သွားသည်ဟု သတင်းမျာက ဆိုသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာသွားချိန် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ / ကောလင်းခရိုင် တပ်ရင်း-၂

စစ်ကောင်စီတပ်သည် ကောလင်းမြို့နှင့် မိုင် ၄၀ ကျော်သာဝေးသော ကန့်ဘလူကို ခြေကုပ်ယူကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့ရာ ဒေသခံများ ဘေးလွတ်ရာ ရှောင်နိုင်သဖြင့် မြို့တွင် ပိတ်မိနေမှု မရှိကြောင်း၊ ယနေ့ ၇ ရက် မြောက်နေ့အဖြစ် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း လတ်တလော အခြေအနေအရ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆိုသည်။

ယနေ့တွင် ယခင်ရက်များလောက် တိုက်ပွဲပြင်းထန်မှု မရှိသော်လည်း ထိတွေ့မှုများ မကြာခဏရှိကြောင်း၊ ဝန်းသို့အခြေစိုက် အမှတ် ၁၂၀ ခြေမြန်တပ်ရင်းနှင့် အမှတ် ၁၁၁ ခြေမြန်တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ပစ်သဖြင့် ကောလင်းမြို့ရှိ အိမ်တချို့ မီးလောင်ပျက်စီးကြောင်း၊ ဖေဖေါ်ဝါရီ ၃ရက်မှစ၍ ယနေတိုင် ဟောင်ဝစ်ဇာအမြောက်နှင့် ပစ်ခတ်မှု အချက် ၇၀ ကျော် ရှိကြောင်း Kawlin Revoiution – KR မှ ထုတ်ပြန်သည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တခုဖြစ်သည့် ကျော်စွာအမည်ရှိ ချန်နယ်တွင်မူ ကောလင်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး ကောလင်းကဲ့သို့ပင် တလှိုင်းပြီးတလှိုင်း၊ တမြို့ပြီးတမြို့ ပြန်ယူပြလိမ့်မည်ဟု ရေးသားဖြန့် ဝေထားသည်။

You may also like these stories:

ကောလင်းကို တိုက်ရန် စစ်ကောင်စီ အင်အားဖြည့်နေ

လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ

ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

Your Thoughts …
Tags: ကောလင်းစစ်ကောင်စီစစ်ကြောင်းဆုတ်ခွာပြည်သူ့ကာကွယ်ရေးတပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

နေပြည်တော်တွင် စစ်ကောင်စီ စည်းရုံးရေးဆင်း

နေပြည်တော်တွင် စစ်ကောင်စီ စည်းရုံးရေးဆင်း

by ဧရာဝတီ
1 September 2023
10.1k

နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးဆောင်သည့် အဖွဲ့တဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများ၌ ဒေသခံများ၏ ထောက်ခံမှုရရန် စည်းရုံးလှုပ်ရှားနေသည်။

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

by Aidan Jones နှင့် Khu Sam
3 February 2024
6.8k

အာဏာသိမ်းပြီး သုံးနှစ်ကြာသောအခါ မြန်မာစစ်ကောင်စီနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဘောင်ကျဉ်းလာပြီ ဖြစ်သည်။

ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ

ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ

by ဧရာဝတီ
6 November 2023
5.5k

ကောလင်းမြို့ရှိ စစ်ကောင်စီအထိုင်ချစခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၄ ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ အလံလွှင့်ထူခဲ့

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

by ဧရာဝတီ
26 December 2023
5.1k

ကချင်ပြည်နယ်ဘက်မှတဆင့် ကောလင်းမြို့နယ်အတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်များကို အင်းတော်မြို့ နယ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို မန္တလေးတိုင်းနှင့် အခြားမြို့နယ်များမှတဆင့် ကောလင်းမြို့နယ် အတွင်း သွားရောက်မည့် မော်တော်ယာဉ်များကိုလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း

Next Post
ရုပ်ရှင် စတန့် မင်းသမီး ခင်ခင်စန်း

ရုပ်ရှင် စတန့် မင်းသမီး ခင်ခင်စန်း

ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမှ ဒေသခံ ၃သောင်းခန့် စစ်ကြောင်းကြောင့် ထွက်ပြေးနေရ

ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမှ ဒေသခံ ၃သောင်းခန့် စစ်ကြောင်းကြောင့် ထွက်ပြေးနေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved