• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမှ ဒေသခံ ၃သောင်းခန့် စစ်ကြောင်းကြောင့် ထွက်ပြေးနေရ

by ဧရာဝတီ
10 February 2024
in သတင်း
A A
ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမှ ဒေသခံ ၃သောင်းခန့် စစ်ကြောင်းကြောင့် ထွက်ပြေးနေရ

ဖေဖော်ဝါရီ ၅ ရက်နေ့က တွေ့ရသော ဒီပဲယင်းမြို့နယ်အတွင်းမှ စစ်ရှောင်များ/ ဒီပဲယင်းမြို့နယ် ညီနောင်များ

2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကောလင်းမြို့အား ကာကွယ်နေသည့် တော်လှန်ရေးတပ်များထံ စစ်ကူမလာန်ိုင်စေရန် အနီးတဝိုက်ရှိ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း ဒေသများအား စစ်ကောင်စီက အင်အား ၁၀၀ကျော်ဖြင့် ပိတ်ဆို့စစ်ကြောင်း ထိုးနေရာ လူပေါင်း ၃ သောင်း ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အမှတ် ၇၀၈ ခြေမြန်တပ်ရင်း၊ အမှတ် ၁၁ ခြေလျင်တပ်ရင်းနှင့် ပျူစောထီးတို့၏ ပူးပေါင်းစစ်ကြောင်းသည် ထိုဒေသများရှိ ရွာများကို နေ့စဉ် မနားတမ်းလှည့်လည်ကာ ညပိုင်းတွင် ရွာများသို့ ဝင်ရောက်စီးနင်းပြီး ဒေသခံများထံမှ အဖိုးတန်ပစ္စည်း များ ယူဆောင်ခြင်း၊ အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ PDF ဟု အမည်တပ်ကာသတ်ဖြတ်ခြင်း လုပ်ဆောင်နေ ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“စစ်ကြောင်းက နေ့ခင်းပိုင်းထိုးတာမျိုး မဟုတ်တော့ဘဲ ညပိုင်းတွေမှသာ လှုပ်ရှားပြီး ရွာတွေကို အငိုက်ဝင်စီး၊ သတ်ဖြတ် တာမျိုးတွေပြုလုပ်တယ်၊ အင်အား ၁၀၀ ကျော်နဲ့ ၃မြို့နယ်စလုံးကို တလှည့်စီ မနားတမ်း ရက်ဆက်ထိုးနေတာ”ဟု ၎င်းက ဆိုသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းနှင့် ဒေသပြည်သူ့ကာကွယ်ရေးများအကြား ယနေ့အချိန်ထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်း ဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများကို ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

ရေဦး People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကလည်း “ကန့်ဘလူ၊ ကောလင်း ဘက်ကို ကျနော်တို့နယ်တွေဘက်က ရဲဘော်တွေ အကူထွက်လို့မရအောင် စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်နေတာ မျိုးဖြစ် တယ်၊ သူတို့က ထိတွေ့တိုက်ပွဲ မဖြစ်အောင်လည်း ရှောင်ကြတယ်၊ ဒရုန်းလည်း ကြောက်ကြတယ်၊ အခုကညပိုင်း ၁၀နာရီ၊ ၁၁ နာရီမှ စစ်ကြောင်းထိုး လှုပ်ရှားနေတာ၊ အရင်လိုနေ့ခင်းဘက် စစ်ကြောင်းထိုးလာရင် ကိုယ့်ဘက်က တိုက်ခိုက်လို့ ကောင်းမယ်၊ အခုက ညပိုင်း အလစ်အငိုက် ဝင်စီးနေကြတာ”ဟု ပြောသည်။

ယင်း စစ်ကြောင်းသည် ဖေဖော်ဝါရီ ၇ ရက်မှ စ၍ ရေဦးမြို့ပေါ်မှ အနောက်ခြမ်းသို့ တကြော့ပြန် စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း၊ ထို့အတွက် ငြုတ္တုံ၊ ပြည်တော်၊ မုတ်စီ၊ မူးဆုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ရွာမိဿာ၊ ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်၊ တောင်ကုန်းကျေးရွာများမှ ဒေသခံ ၁သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်က စစ်ကြောင်းဝင်လာ၍ ထွက်ပြေးနေရသော ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ /ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ရေဦးအနောက်ခြမ်းသား တဦးက “အခုက ကိုယ့်ရွာ၊ ကိုယ့်အိမ်မှာ အိပ်ရတဲ့ရက်က နည်းပြီး ပြေးနေရတဲ့ရက်က များနေ တယ်၊ နေ့ခင်းပိုင်းလေး ရွာထဲကို ခဏဝင် လုပ်စရာရှိတာ လုပ်တဲ့သူက လုပ်၊ ထမင်း၊ ဟင်းချက်တဲ့သူကချက် ညနေ စောင်းရင် ပြန်ထွက်ပေါ့၊ ညအချိန်မတော်မှ ရွာထဲကို ဝင်လာတတ်ကြတာမို့ ကြောက်တော့ ရွာထဲ မနေရဲကြတော့ဘူး ပေါ့ဗျာ၊ မနားတမ်းထွက်ပြေးနေရတာ ၁ လကျော်နေပြီ၊ အလုပ်ပျက် အကိုင်ပျက်နဲ့ဆိုတော့ စားရေးသောက်ရေးကအစ ခက်ခဲတာပေါ့”ဟု ပြောသည်။

အလားတူ ခင်ဦးမြို့နယ်တွင်လည်း အနောက်မြောက်ခြမ်းရှိ မြင်းကျ၊ သာဝတ္ထိ၊ ကလုံ၊ ကျွန်းတောကြီး၊ မကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ သရက်ပင်စု၊ ကားဆိပ်၊ ကျွန်းတောလေး၊ ရှင်မင်းတွေ၊ တဲစုစသည့် ရွာများသည် စစ်ကြောင်းကြောင့် အမျိုးသမီးကလေးငယ် သက်ကြီးရွယ်အို များ အပါအဝင်ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေးက ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ရေဦးမြို့အနောက်ဘက်ခြမ်း မုတ်စီကျေးရွာသို့ ရောက်ရှိနေပြီး ၃ ရက်မြောက်အဖြစ် ယနေ့အထိ အထိုင်ချ တပ်စွဲထားသဖြင့် ပြည်သူများ သတိပြု နေထိုင်ကြရန် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က သတိပေးထားသည်။

ဒီပဲယင်းမြို့နယ်မှ မဲအိုး၊ လက်ယက်ကုန်း၊ မူးခံတွင်း၊ ညောင်လှ၊ အောင်ချမ်းသာ၊ သရက်တော၊ ဖိန်းကား၊ ပန်းကုံး၊ ဆပ်သေ၊ ညောင်လှမူးဆုံ စသည့်ကျေးရွာ ၁၀ ကျော်မှ ဒေသခံ ၁ သောင်းခန့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရ ကြောင်း ဒီပဲယင်းမြို့ နယ်စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

“ဒီပဲယင်းမြို့နယ်ထဲမှာက ဒီပဲယင်းကစစ်ရှောင်တွေအပြင် ရေဦးနယ်ဘက်က ရှောင်လာတဲ့သူတွေပါ ရှိတယ်၊ ရွာတွေတော် တော်များများကတော့ မီးရှို့ခံထားကြရပြီးသားတွေပေါ့၊ စစ်ကြောင်းမထိုးတဲ့အချိန်တွေဆိုရင်တော့ ကိုယ့်ရွာကို ပြန်နေကြ တာ များတယ်၊ အချို့လည်း မပြန်တော့ဘဲ အပြီးရှောင်နေကြတဲ့သူတွေလည်း ရှိတာပေါ့၊ စစ်ရှောင်ရောက်လာကြတဲ့ စစ်ရှောင်ပြည်သူတွေကိုတော့ ပြည်သူ့ထောက်ပံ့ကူညီငွေပေးတာ၊ ထမင်းထုပ်တွေ ဝေငှကုသိုလ်ပြုတာတွေတော့ လုပ်ပေးနေပါတယ်”ဟု ဒီပဲယင်းမြို့ နယ်စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုဒေသများတွင် ဇန်နဝါရီ ၁ရက်မှ ဖေဖေါ်ဝါရီ ၆ရက်အထိ ဒေသခံ ၁၅ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့သည်။

You may also like these stories:

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို တိုက်ရန် စစ်ကောင်စီ အင်အားဖြည့်နေ

လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ

Your Thoughts …
Tags: PDFကောလင်းစစ်ကြောင်းထိုးတိမ်းရှောင်ဒရုန်းပိတ်ဆို့ပျူစောထီးအသတ်ခံရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၄၇ ဦး အစာငတ်ခံဆန္ဒပြ

ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၄၇ ဦး အစာငတ်ခံဆန္ဒပြ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved