• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူဆယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

by ဧရာဝတီ
2 August 2023
in သတင်း
A A
မူဆယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) (ဓာတ်ပုံ - ဧရာဝတီ)

3.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ မူဆယ်မြို့မ (၂) ပြည်သူ့စစ် အဖွဲ့ တွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ် ၂ ဦးသေဆုံးသွားခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကား ၁၀ စီးကို TNLA တပ်ဖွဲ့တွေက မူဆယ်နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကြားက အောက်တုန်ခန် ကျေးရွာ အနီးမှာ ဒီကနေ့ နေ့လည် ၁၂ နာရီခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ဒီတိုက်ခိုက်မှုကြောင့် ၂ ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညနေ ၄ နာရီထိ တဘက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် ဒေသခံတဦးက “၁၀၅ မိုင်မှာတော့ လက်နက်ကြီးတွေ ပစ်နေတော့ လူတွေရှင်းနေတာဘဲ။ တုန်ခန်ရွာအကျော်မှာတော့ အခုထိ ပစ်ခတ်နေကြတယ်“ လို့ ညနေ ၃ နာရီမှာ ပြောပါတယ်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ နေရာဖြစ်တာကြောင့် ကုန်သွယ်ရေး ထိခိုက်မှာကို စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို စစ်ကောင်စီတပ်တွေလည်း ထိခိုက်မှုရှိတယ်လို့ မြေပြင် သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ TNLA ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပူးပေါင်း ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။ TNLA ဘက်ကတော့ ဒီစစ်ဆင်ရေးမှာ PDF တွေ ပူးပေါင်းပါဝင်ကြောင်း ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

ဒီကနေ့ မူဆယ် ၁၀၅ မိုင်နေရာအနီး မြင်ကွင်း (ဓာတ်ပုံ – ဒေသခံ)

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေဘက်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ တပ်စွဲထားတဲ့ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး နေအိမ်တလုံး လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး အမျိုးသမီးတဦး လက်နက်ကြီး ကျည်စ ထိမှန်တာကြောင့် မူဆယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေ ဒီကနေ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာ
မူဆယ် ၁၀၅ မိုင်ကနေ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ကို တင်ပို့မယ့် ကုန်တင်ကားကြီးတွေ အသုံးပြုနေတဲ့ လမ်းမကြီးဖြစ်ပြီး TNLA တပ်တွေ လှုပ်ရှား နေတဲ့နေရာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ရက်နေ့က မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေးက မန်ကန်ကျေးရွာအနီး တောင်ကုန်းတနေရာမှာ စစ်ကောင်စီတပ်က TNLA တည်ရှိရာကို ထိုးစစ်ဆင်လာတာကြောင့် ၂ ဖက် ထိတွေ့တိုက်ပွဲ တနေကုန်နီးပါး အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

အလားတူ ဇူလိုင် ၂၅ ရက်နေ့မှာလည်း မူဆယ်ခရိုင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဆိုင်ခေါင်ကျေးရွာ အနီးက TNLA စစ်ကြောင်းကို စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်က ဆိုင်ခေါင်ကျေးရွာကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတဦး ကျည်ထိမှန် သေဆုံးခဲ့ရပြီး ရုပ်အလောင်းပါ လုယူခံခဲ့ရပါသေးတယ်။

ရှမ်းမြောက် မူဆယ်မြို့နယ်မှာ ဒီနှစ် ဇူလိုင် လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ TNLA တို့ အကြား တိုက်ပွဲပေါင်း ၅ ကြိမ်ထပ်မနည်းဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ၂ ဘက် စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။

Your Thoughts …
Tags: ၁၀၅ မိုင်TNLAမူဆယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ

ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ

စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved