• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်စစ်ပွဲ ပြင်းထန်ပြီး တရုတ်ပြည်ထဲ ဗုံးကျ

by ဧရာဝတီ
9 March 2024
in သတင်း
A A
ကချင်စစ်ပွဲ ပြင်းထန်ပြီး တရုတ်ပြည်ထဲ ဗုံးကျ

လိုင်ဇာတွင် တိုက်ပွဲပြင်းထန်ပြီး တရုတ်ဘက်ခြမ်းသို့ ဗုံးဆန်နှင့်ကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်

4.5k
VIEWS
Share on FacebookShare on Twitter

မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်ရှိ စစ်တပ်စခန်းပေါင်း ၁၀ ခုကျော် ဆုံးရှုံးပြီးနောက် စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်နှင့် ဗုံးဆန်များ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း လိုင်ဇာဒေသခံများက ပြောသည်။

မတ် ၇ ရက်မှစ၍ KIA နှင့် ပူးပေါင်းတပ်များသည် လိုင်ဇာမြို့အနီးရှိ တပ်စခန်းများနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်ရှိ တပ်စခန်းနှင့် ကင်းစခန်း အများအပြားအား တပြိုင်နက်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိုင်ဇာဒေသခံတဦးက “စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားနေတယ်။ ဒါကြောင့် ဒေသခံတွေက မြို့ကထွက်ပြေးဖို့ အဆင်သင့်ပြင်ဆင်နေတယ်” ဟု ပြောသည်။

အခြားသော လိုင်ဇာဒေသခံတဦးကလည်း “သူတို့က လိုင်ဇာကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု ဆက်လုပ်နေပြီး အနည်းဆုံး ဗုံး ၃ လုံး တရုတ်ပိုင်နက်ဘက်ကို ကျတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံဘက်တွင် နေထိုင်သူတဦး ရိုက်ကူးပြီး အွန်လိုင်းပေါ် မျှဝေထားသည့် ဗီဒီယို၌ တရုတ်နိုင်ငံဘက်နယ်စပ်တွင် မီးခိုးလုံးများ တက်လာသည်ကို မြင်ရကာ ယင်းမီးခိုးလုံးသည် မြန်မာစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း ပြောဆိုထားသည်။

မတ် ၈ ရက် နံနက်အစောပိုင်းမှစတင်ပြီး ဂျက်တိုက်လေယာဉ်များ လိုင်ဇာမြို့ပေါ်တွင် ပျံသန်းနေကြောင်းလည်း ဒေသခံများက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ကလည်း ၎င်းတို့တပ်များသည် KIA နှင့်အတူ လိုင်ဇာအနီးတွင် တိုက်ခိုက်နေကြောင်း ယင်းနေ့ညပိုင်း၌ ထုတ်ပြန်အသိပေးထားသည်။

ယနေ့ (မတ် ၉ ရက်) တွင်လည်း ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အရှေ့ဘက် ဧရာဝတီမြစ်ဖျားရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၄၆ ကို ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့အချိန်ထိ KIA နှင့် ပူးပေါင်းတပ်များသည် လိုင်ဇာမြို့အနီး တပ်စခန်းများနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်ရှိ စစ်စခန်းနှင့်ကင်းစခန်း ၁၀ ခုကျော်ကို သိမ်းယူထားသည်။

အဆိုပါ စခန်းများသည် တရုတ်နယ်စပ်အနီး ဗန်းမော်နှင့် ပြည်နယ်မြို့တော် မြစ်ကြီးနားကို ဆက်သွယ်သည့် မိုင် ၁၂၀ ရှိသော လမ်းတလျှောက်မှ စခန်းများဖြစ်ကာ လိုင်ဇာသည် ထိုမြို့နှစ်မြို့ကြား တည်ရှိပြီး ယင်းလမ်းသည် ဗန်းမော်၊ မိုးမောက်နှင့် ဝိုင်းမော်တို့ကို ဖြတ်သန်းသွားသည်။

မတ် ၈ ရက်တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးရှိ ခမ်းကိုင်းတောင်ကုန်းတွင် အခြေစိုက်ထားသည့် ခလရ-၁၄၂ စခန်း အလံဖြူထောင် လက်နက်ချခဲ့ကြောင်းနှင့် ဦးရွှေမင်း ဦးဆောင်သည့် လီဆူပြည်သူ့စစ်အခြေချရာ အောင်မြေ-၁ ကျေးရွာစခန်းကိုလည်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတချို့က ဖော်ပြသည်။

ထိုအခြေစိုက်စခန်း သိမ်းပိုက်ခြင်းနှင့် စစ်ကောင်စီစစ်သား မည်မျှ လက်နက်ချသည်ကို KIA က အတည်မပြုပေးသေးသော်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှ ဒေါ့ဖုန်းယန်ရှိ ယင်းအခြေစိုက်စခန်းတွင် စစ်ကောင်စီစစ်သား ၁၀၀ ကျော် ရှိသည်ဟု အနီးရှိဒေသခံများက ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208

မတ် ၈ ရက်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးသုံးကာ လိုင်ဇာမြို့သို့ ပစ်ခတ်မှုကြောင့် ရပ်ကွက် (၁) အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး သေဆုံးခဲ့သည်။

မြစ်ကြီးနားလေဆိပ်ကိုလည်း ယနေ့ နေ့လယ်ပိုင်းမှစတင်ပြီး ယာယီပိတ်လိုက်ကြောင်း ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။

Your Thoughts …
Tags: တရုတ်မြန်မာစစ်တပ်လက်နက်ကြီးလိုင်ဇာလေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

အညွန့်ပဲ သတ်ပါရစေ

အညွန့်ပဲ သတ်ပါရစေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved