အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ကိုယ်သူ သမ္မတ အဖြစ် လွှဲပြောင်း ယူလိုက်တဲ့ လုပ်ရပ်အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက လက်ခံပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
တရုတ်ဟာ နိုင်ငံရေး ထွက်ပေါက် ပိတ်နေတဲ့ စစ်ကောင်စီကို ရွေးကောက်ပွဲ လုပ်ဖို့ တွန်းအားပေးနေပြီး ပြည်တွင်း၊ ပြည်ပမှာ ပုံရိပ်ကျနေတဲ့ စစ်ခေါင်းဆောင်ကိုပါ အပြောင်းအလဲ လုပ်ဖို့အထိပါ တွန်းအားပေးမှုတွေ ရှိနေတယ်လို့ တရုတ်-မြန်မာ အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာ့အရေး စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေးသုတေသီတွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမ္မတလုပ်ရေး ဆုံးဖြတ်ချက်ဟာ ပိုမို ရှုပ်ထွေးတဲ့ မြန်မာ့ နိုင်ငံရေး အလှည့်အပြောင်းကို ဦးတည်နေပြီး တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ယခင်ကထက် ပိုမို ရင်ဆိုင် ရနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













