• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်ဝမ် စွန့်ဦးတီထွင် လုပ်ငန်းရှင် တဦး ငှက်ပျောပင်ကနေ ချည်မျှင်တွေ ထုတ်လုပ်

by ဧရာဝတီ
21 September 2025
in သတင်း
A A
ထိုင်ဝမ် စွန့်ဦးတီထွင် လုပ်ငန်းရှင် တဦး ငှက်ပျောပင်ကနေ ချည်မျှင်တွေ ထုတ်လုပ်

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်က ငှက်ပျော စိုက်ခင်း တခုအတွင်း ချည်မျှင် ထုတ်မယ့် ငှက်ပျောပင် အလယ်ပိုင်း တခုကို အလုပ်သမား တဦး သယ်ယူလာတာ တွေ့ရစဉ် / Reuters

456
VIEWS
Share on FacebookShare on Twitter

ထိုင်ဝမ် စွန့်ဦးတီထွင် လုပ်ငန်းရှင် တဦးဖြစ်တဲ့ Nelson Yang ဟာ ထိုင်ဝမ်ရဲ့ သမိုင်း အမှတ်အသားထဲက တခုဖြစ်တဲ့ ငှက်ပျောပင်ကနေ ချည်မျှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းနေပါတယ်။

နည်းပညာမြင့် တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်မှုမှာ ကမ္ဘာကို လွှမ်းမိုးထားတဲ့ ထိုင်ဝမ်ဟာ တချိန်က နိုင်ငံရဲ့ ဂုဏ်ယူစရာ ဖြစ်ခဲ့တဲ့ ငှက်ပျောပင် စိုက်ပျိုးရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ် Changhua အလယ်ပိုင်း ကျေးလက်ဒေသမှာ ရုံးချုပ်တည် အခြေစိုက်တဲ့ Yang ရဲ့ Farm to Material Company မှာ ငှက်ပျောပင်က ရတဲ့ အမျှင်တွေကနေ ချည်မျှင်တွေ ဖြစ်လာအောင် လုပ်ဆောင်နေတာ ဖြစ်ပြီး တနေ့မှာ ကမ္ဘာ့ဖိနပ် ကုမ္ပဏီကြီးတွေမှာ အသုံးပြုလာမယ်လို့ Yang က မျှော်လင့်နေကြောင်း သိရပါတယ်။

ဥရောပ ဖိနပ် ကုမ္ပဏီတွေဟာ အစားအစာနဲ့ ပစ္စည်းတွေကို အပြိုင် ထုတ်လုပ်နိုင်ဖို့ နည်းလမ်းကို ရှာဖွေနေတယ်လို့ ၂၀၀၈ ခုနှစ်တုန်းက ပြောခဲ့ဖူးကြောင်း၊ ဒါဟာ အစားအစာနဲ့ ပစ္စည်းတွေကို တူညီတဲ့ နေရာက ထွက်ရှိစေတာကို ဆိုလိုကြောင်း Yang က ပြောဆိုပါတယ်။

“ဒါကြောင့် ဒီအယူအဆကို အခြေခံပြီး ကျနော်တို့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ အခု လုပ်နေတာက ဘာလဲဆိုရင် အသုံးအဆောင် ပစ္စည်းရင်းမြစ်တွေကို အစားအစာ ဒါမှမဟုတ် စိုက်ပျိုးရေးနဲ့ အစားအသောက် ကနေ ထွက်ရှိလာတဲ့ ကြွင်းကျန်ပစ္စည်းတွေကနေ ရရှိဖို့ ဖြစ်ပါတယ်။ ပြီးတာနဲ့ ဒီအကြွင်းအကျန် ပစ္စည်းတွေကို အသုံးပြုနိုင်တဲ့ အရာတွေအဖြစ် ပြောင်းလဲမှာပါ” လို့လည်း Yang ကပြောပါတယ်။

၁၈၉၅ ခုနှစ်ကနေ ၁၉၄၅ ခုနှစ် အတွင်း ဂျပန်ရဲ့ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့တုန်းက ထိုင်ဝမ်ဟာ နာနတ်သီး၊ ငှက်ပျောသီး အစ ရှိတဲ့ သီးနှံတွေနဲ့ ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ Changhua ဒေသရှိ စက်ရုံမှာ ငှက်ပျောပင်ကနေ ချည်မျှင် ထုတ်လုပ်တဲ့ လုပ်ငန်းခွင် တခုကို ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်က တွေ့ရစဉ် / Reuters

၁၉၆၀ ပြည့်နှစ်တွေမှာတော့ ပို့ကုန်ကဏ္ဍ မြှင့်တင်ဖို့ အတွက် ငှက်ပျောသီး နိုင်ငံတော် (Banana kingdom) လို့ သူတို့ ဘာသာ နာမည်တပ်ခဲ့ပြီး အခုတော့ နည်းပညာ လွှမ်းမိုးတဲ့ နိုင်ငံဖြစ်နေတာ လို့လည်း သိရပါတယ်။

Yang ရဲ့ ကုမ္ပဏီဟာ ရိတ်သိမ်းပြီးရင် လွှင့်ပစ်ထားလေ့ ရှိတဲ့ ငှက်ပျောပင်ရဲ့ ပင်စည် အလယ်ပိုင်းတွေကို ကြိတ်ချေပြီး အခြောက်ခံကာ အဝတ်အစားတွေမှာ အသုံးပြုနိုင်တဲ့ ချည်မျှင်တွေ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
472
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
73

ငှက်ပျော အမျှင်တွေကို ခြေအိတ်တွေ ထုတ်ဖို့အတွက် ချည်သားနဲ့ ရောစပ်နိုင်တဲ့ ချည်မျှင်တွေအဖြစ် ပြောင်းလဲနိုင်ပြီး တချို့ကို Vegan leather လို့ခေါ်တဲ့ အပင်ကရတဲ့ သားရေ အဖြစ် ပြောင်းလ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။

လုပ်ငန်းဟာ စတင်ဆဲ အခြေအနေမှာပဲ ရှိပြီး အထည်ချုပ် ကုမ္ပဏီတွေထံမှ အမှာစာတွေ မရသေးဘူးလို့ ဆိုပါတယ်။

ငှက်ပျော ချည်မျှင်ဟာ ပုံမှန် ဝါချည်တွေထက် ရေသုံးစွဲမှု၊ စုပ်ယူနိုင်မှု နဲ့ ရေရှည် ရရှိနိုင်မှုတို့မှာ ပိုကောင်းနေပြီး အနာဂတ်မှာ အသုံးများလာဖို့ သေချာသလောက် ရှိနေတယ် လို့ ထိုင်ဝမ် အထည်အလိပ် အသင်းချုပ်ရဲ့ ဆန်းသစ်မှုနဲ့ ရေရှည် တည်တံ့မှု ဒီဇိုင်းဌာန ဒါရိုက်တာ Charlotte Chiang ကလည်း ပြောပါတယ်။

အထည်အလိပ် ကဏ္ဍရဲ့ ဇီဝချည်မျှင် နယ်ပယ်မှာ ငှက်ပျော ချည်မျှင်တွေက ထိုင်ဝမ် အတွက် မီးမောင်း ထိုးပြမှု အသစ်တခု ဖြစ်လာနိုင်တယ် လို့လည်း သူက ပြောဆိုထားပါတယ်။

Ref : Reuters

Your Thoughts …
Tags: Banana kingdomVegan leatherချည်မျှင်ငှက်ပျောပင်တပိုင်းလျှပ်ကူး ပစ္စည်းထိုင်ဝမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6.1k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

by Song Danyang
18 January 2024
5.1k

တရုတ်၏ ခွင့်ပြုချက်မရဘဲ ထိုဒေသများကို ထိန်းချုပ်ရေး ခက်ခဲသည်ကို စစ်ကောင်စီတပ်များ သဘောပေါက်သောအခါ စိတ်ဓာတ်ကျဆင်းခဲ့မည်။

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

by Ankit K
11 March 2025
4.7k

ထိပ်ဆုံးမှ ထိုအပြောင်းအလဲများက သမ္မတ ရှီကျင့်ဖျင်သည် သူ ဆယ်စုနှစ်တခုကျော် ကွပ်ကဲခဲ့သောစစ်တပ်ကို ပြုပြင်ရန် မလုပ်နိုင်ကြောင်း ပြသနေသည်။

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

by Vaishali Basu Sharma
9 September 2024
3.2k

ပိုမိုအရှိန်အဝါ ကြီးမားလာပြီး သြဇာပြလာသည့် တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့် စစ်ရေးအင်အားများကို ပိုမိုပြသလာကာ တင်းမာမှုများကို မြင့်လာစေသည်။

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

by ဧရာဝတီ
2 June 2025
2.4k

အရှေ့တောင်နှင့် အရှေ့အာရှကို လွှမ်းမိုးထိန်းချုပ်ရန် တရုတ်၏ အကြံအစည်များကို ခုခံရန် အမေရိကန် ပြည်ထောင်စု၏ အားထုတ်မှုကို အရှိန်မြှင့်တင်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က စနေနေ့တွင်ပြောသည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ UK မှာ ဆန္ဒပြ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ UK မှာ ဆန္ဒပြ

ဗန်းမောက်မြို့ပေါ် တော်လှန်ရေးတပ်များ ထိန်းချုပ်

ဗန်းမောက်မြို့ပေါ် တော်လှန်ရေးတပ်များ ထိန်းချုပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved