နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လွှတ်ပေးရေး၊ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံရေးနဲ့ စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး စတဲ့ တောင်းဆိုဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၊ ပါလီမန်ရှေ့မှာ စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယူကေ ဆိုင်ရာ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကို တို့ တက်ရောက်ခဲ့ကြပါတယ်။
အဲ့ဒီ ဆန္ဒပြပွဲကို ယူကေရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူ ၅၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













