• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းမှာ ကာဗွန် ထုတ်လွှတ်မှု ကင်းစင်ဖို့ ဒစ်ဂျစ်တယ် နည်းပညာ အရေးကြီးလို့ ဆို

by ဧရာဝတီ
5 October 2025
in သတင်း
A A
ထိုင်းမှာ ကာဗွန် ထုတ်လွှတ်မှု ကင်းစင်ဖို့ ဒစ်ဂျစ်တယ် နည်းပညာ အရေးကြီးလို့ ဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Queen Sirikit National Convention Centre မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ SX Sustainability Expo 2025 ဖွင့်ပွဲ အခမ်းအနားကို တွေ့စဉ် / The Nation

115
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ အနေနဲ့ ကာဗွန် ထုတ်လွှတ်မှု ကင်းစင်ဖို့ အတွက် ဒစ်ဂျစ်တယ် နည်းပညာဟာ အရေးကြီးကြောင်း ကျွမ်းကျင်သူ ပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဥပဒေက ထိုင်းနိုင်ငံကို ကာဗွန်ကင်းစင် နိုင်ငံဖြစ်ဖို့ တရားဝင် မူဘောင်တရပ် ချမှတ် ပေးထား နိုင်ပေမယ့်လည်း ကာဗွန် လျှော့ချရေး လမ်းကြောင်းနဲ့ အသစ်ပေါ်ပေါက်လာနေတဲ့ ဖြေရှင်းချက်တွေ အတွက် ဒစ်ဂျစ်တယ် နည်းပညာ ဆက်လက် တိုးတက်နေရမှာ ဖြစ်ကြောင်းလည်း ပညာရှင်တွေက ပြောပါတယ်။

ဘန်ကောက်မှာ လက်ရှိကျင်းပနေတဲ့ SX Sustainability Expo 2025 ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှု နဲ့ ဒစ်ဂျစ်တယ် နည်းပညာ ဖိုရမ်မှာ ပြောကြားခြင်း ဖြစ်ပါတယ်။

SX Sustainability Expo 2025 ကို စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ ကျင်းပနေခြင်း ဖြစ်ပါတယ်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
226
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
25
ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

10 January 2026
33

ကာဗွန် ခရက်ဒစ်တွေကို တခြားနိုင်ငံဆီ ထုတ်ရောင်းတာက ဝင်ငွေ ပိုများပေမယ့်လည်း ပိုကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေသေးကြောင်း၊ ရာသီဥတု သက်ရောက်မှု ပြင်းထန်လာတာနဲ့ အမျှ ကာဗွန် ခရက်ဒစ် ဝယ်လိုအား များလာပြီး ဈေးတက်လာနိုင်ကြောင်း ပညာရှင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာ ပါရီ သဘောတူညီမှု (Paris Agreement) ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ နှစ်စဉ် ကာဗွန် လျှော့ချရေး ရည်မှန်းချက်ကို ပြည့်မီဖို့ ဖိအားတွေ ရင်ဆိုင်နေရပြီး ကာဗွန် ခရက်ဒစ်တွေ ဝယ်ယူတာက ကာဗွန် လျှော့ချရေး အရှိန်မြှင့်ဖို့ နည်းလမ်းတခု ဖြစ်တယ်လို့ South Pole ရဲ့ အရှေ့တောင်အာရှ ရာသီဥတု ပြောင်းလဲမှု ဖွံ့ဖြိုးရေး မန်နေဂျာ Paul Connell ကလည်း ပြောဆိုပါတယ်။

စက်တင်ဘာလ ၂၆ ရက်က ပြုလုပ်တဲ့ SX Sustainability Expo 2025 ဖွင့်ပွဲမှာ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ပြင်းထန် ငလျင်ကြောင့် ပြိုကျသွားရတဲ့ စစ်ကိုင်းတံတားကို ထည့်ပြထားတာ တွေ့ရစဉ် / SX Sustainability Expo 2025

ထိုင်းနိုင်ငံရဲ့ ကာဗွန် ထုတ်လွှတ်မှု အဓိက အကြောင်းရင်းတွေ အဖြစ် စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေး နဲ့ စိုက်ပျိုးရေး ကဏ္ဍတွေ ပါဝင်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ် ယာဉ်တွေ အစားထိုးခြင်းနဲ့ ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေး နည်းလမ်းတွေ မြှင့်တင်ပေးခြင်းတို့က အရေးကြီး ဦးစားပေးရမယ့် အရာတွေ ဖြစ်တယ် လို့လည်း လေ့လာသူတွေက ဖိုရမ်မှာ ပြောဆိုကြပါတယ်။

ဂြိုဟ်တု စောင့်ကြည့်ရေးနဲ့ အချက်အလက် ခွဲခြမ်း စိတ်ဖြာခြင်းလိုမျိုး ဒစ်ဂျစ်တယ် နည်းပညာတွေကို ပေါင်းစပ် အသုံးပြုခြင်းဟာ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ သစ်တော ပြုန်းတီးမှု၊ စိုက်ခင်းတွေရဲ့ အခြေအနေ နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကနေ မီသိန်း ထုတ်လွှတ်မှုတွေလို တခုချင်း လုပ်ဆောင်ဖို့ မဖြစ်နိုင်တဲ့ အရာတွေကို ခြေရာခံနိုင်မယ်လို့ သိရပါတယ်။

ShooShok တည်ထောင်သူ Taweesak Ongiam ကလည်း အစားအသောက် ကြွင်းကျန် ပစ္စည်းတွေကို မြေဆွေး အဖြစ်သို့ ပြောင်းလဲပေးမယ့် ထိုင်းထုတ် အမှိုက် စီမံခန့်ခွဲရေး ဖြေရှင်းချက်တခုကို တင်ပြခဲ့ပါတယ်။

Taweesak Ongiam ရဲ့ကနဦး တင်ပြချက်ဟာ ဒေသတွင်း တီထွင် ဆန်းသစ်မှုတွေက အမှိုက် စီမံခန့်ခွဲမှုနဲ့ ကာဗွန် လျှော့ချရေးကို တပြိုင်နက်တည်း ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ ပြသနေတယ်လို့ ဆိုပါတယ်။

“စီမံခန့်ခွဲမှု ကုန်ကျစရိတ်တွေ ပေးနေရမယ့် အစား အစားအသောက် စွန့်ပစ်ပစ္စည်းတွေကို ကာဗွန် ခရက်ဒစ်တွေ အဖြစ် ပြောင်းလဲနိုင်တယ်” လို့လည်း Taweesak Ongiam က ပြောပါတယ်။

ကာဗွန် ဈေးကွက် ကျယ်ပြန့်လာမှုကြောင့် ဒစ်ဂျစ်တယ် စီးပွားရေးဟာ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ၂၃ ဒဿမ ၃၆ ရာခိုင်နှုန်း မြင့်တက်လာဖို့ ရှိကြောင်း ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေး မြှင့်တင်မှု အေဂျင်စီမှ Jakkanit Kananurak ကလည်း ပြောကြားသွားပါတယ်။

Ref : Bangkok Post, The Nation

Your Thoughts …
Tags: SX Sustainability Expo 2025ကာဗွန်ထိုင်းနိုင်ငံဒစ်ဂျစ်တယ်ပါရီ သဘောတူညီမှုရာသီဥတု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

အွန်လိုင်း နွေဦးဖွံ့ဖြိုးရေးဘဏ် NUG ထူထောင်ဖွင့်လှစ်

အွန်လိုင်း နွေဦးဖွံ့ဖြိုးရေးဘဏ် NUG ထူထောင်ဖွင့်လှစ်

by ဧရာဝတီ
20 July 2023
8.7k

ဒစ်ဂျစ်တယ်ဘဏ် တခုဖြစ်သော နွေဦးဖွံ့ဖြိုးရေးဘဏ်( Spring Development Bank) ကို NUG က စတင် မိတ်ဆက်လာသည်။

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

by Marawaan Macan-Markar
2 August 2024
6.4k

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်အရှိန်မြှင့်တင်ရန် ရွာသွန်းနေသည့် မုတ်သုန်မိုးကို အခွင့်ကောင်းယူနေသည်။

Next Post
မလုံခြုံတော့တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော် (ရုပ်/သံ)

မလုံခြုံတော့တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော် (ရုပ်/သံ)

တရုတ်ဟာ ကမ္ဘာ့အဆိုးဆုံးစစ်အာဏာရှင်ကို ထောက်ပံ့နေတာလို့ နယူးဇီလန်အမတ်ပြော (ရုပ်/သံ)

တရုတ်ဟာ ကမ္ဘာ့အဆိုးဆုံးစစ်အာဏာရှင်ကို ထောက်ပံ့နေတာလို့ နယူးဇီလန်အမတ်ပြော (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved