• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နွေဦးဘဏ်ဖြင့် ရွှေ့ပြောင်းလုပ်သားများ ငွေလွှဲနိုင်ရန် စီစဉ်

by ဧရာဝတီ
20 November 2025
in သတင်း
A A
နွေဦးဘဏ်ဖြင့် ရွှေ့ပြောင်းလုပ်သားများ ငွေလွှဲနိုင်ရန် စီစဉ်

NUGက နွေဦးဘဏ်ဖြင့် ရွှေ့ပြောင်းလုပ်သားများ ငွေလွှဲနိုင်ရန် စီစဉ်နေဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာ ၁၈ရက်က ပြောသည်(ဧရာဝတီ)

884
VIEWS
Share on FacebookShare on Twitter

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) မှ ရောင်းချသော ခရစ်တိုငွေကြေး SDB တိုကင်ကို စိတ်ဝင်တစား ဝယ်သူများကာ ဈေး ၅ ဆ မြင့်လာချိန်၌ ယင်းဘဏ်မှတဆင့် ရွှေ့ပြောင်းလုပ်သားများ ပြည်တွင်းသို့ ငွေပြန်လွှဲနိုင်ရန် စီစဉ်နေကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

NUG အစိုးရ ထိန်းချုပ်ထားသော စစ်ကိုင်းတိုင်းရှိ မြို့နယ် ၆ မြို့နယ်၌ ကနဦးပရောဂျက်အဖြစ် SDB ဘဏ်၏ ဒစ်ဂျစ်တယ် ငွေကြေးစနစ် ဝန်ဆောင်မှုလုပ်ငန်းစဉ်တချို့ စတင်ဆောင်ရွက်နေပြီး မကြာမီ ထိုင်းနှင့် မလေးရှားနိုင်ငံ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ငွေလွှဲလိုပါက ယင်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် နွေဦးဘဏ် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသွား သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

ဦးတင်ထွန်းနိုင်က “ကျနော်တို့ စိုးမိုးတဲ့မြေပြင်မှာ ကျနော်တို့ခြေ ကျနော်တို့လက် ဘဏ္ဍာရေးစနစ်နဲ့ ဆောင်ရွက်နေပါ တယ်။ ဒီနောက်ပိုင်းမှာ ထိုင်းတို့ မလေးရှားတို့မှာရှိနေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ ကျနော်တို့စိုးမိုးဒေသတွေကို ငွေပြန် လွှဲချင်တယ် ဆိုရင် သူတို့ရဲ့ မိဘဆွေမျိုးသားချင်းတွေဆီ ဒီဝန်ဆောင်မှုကို တဆင့်ချင်း စနစ်တကျ ဆောင်ရွက်သွားမယ်။ ရန်သူရဲ့ လွှမ်းမိုးမှု ဘဏ္ဍာရေး နှောင့်ယှက်ဖျက်ဆီးမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ယူတဲ့သဘောဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်နိုင်ရင် ရန်သူဆီ စီးဝင်တဲ့ဘဏ္ဍာရေးပိုင်းဆိုင်ရာကိစ္စရပ်တွေ တော်လှန်ရေးဘက်အခြမ်းကို တဖြည်းဖြည်းနဲ့ ရောက် လာမှာပါ” ဟု ပြော သည်။

ထိုသို့ ဘဏ္ဍာရေးပိုင်း၌ ခိုင်မာတောင့်တင်းခိုင်မာအောင် ပြုလုပ်ခြင်းမှာ တော်လှန်ရေးအောင်မြင်ပြီးပါက သီးခြား လွတ်လပ် သည့် ဘဏ္ဍာရေးစနစ်တခု၊ စီးပွားရေးစနစ်တခု မဖြစ်မနေ ဖန်တီးရန်လိုအပ်လာခြင်းကြောင့် ယင်းလုပ်ငန်းစဉ်ကို စနစ်တကျ စီစဉ်ဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။

SDB ဘဏ်၏ စီမန့်ခွဲမှု အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်က “တန်ဖိုးကို စက္ကူရှိတိုင်း မင်ရှိတိုင်း ကြိုက်သလို ရိုက်ထုတ် ပြီးတော့ လွယ်လွယ်ကူကူနဲ့ မိသားစုဆွေမျိုးအသိုင်းအဝိုင်း ကြိုက်သလို သုံးနိုင်တဲ့ Currency လုံးဝ မဖြစ်အောင် လုပ်ထုံး လုပ်နည်း၊ ပေါ်လစီနဲ့ ကောင်းကောင်း ထိန်းချုပ်ထားပါတယ်။ နောက်တခုကတော့ ဖလှယ်တာ ရောင်းတာ ဝယ်တာတွေ အဆင်ပြေ လွယ်ကူတဲ့စနစ်ကြီး ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ခရစ်တိုအိပ်ချိန်းတွေပေါ်မှာလည်း အလွယ်တကူနဲ့ ရောင်းဖို့ ဝယ်ဖို့ အဆင်ပြေမယ်၊ QR ကုတ်နဲ့ လွှဲလို့ရတဲ့အခြေအနေရောက်အောင် လုပ်ဆောင်သွားဖို့ အတွက် SDB က ဦးဆောင်သွားမယ်” ဟု ပြောသည်။

အဆိုပါ ငွေကြေးလွှဲပြောင်းမှုစနစ်ကို မြန်မာနိုင်ငံအတွင်းရှိ မြို့တခုမှနေ လာမည့် ဇန်နဝါရီလအတွင်း စတင် အကောင် အထည်ဖော်နိုင်ရန် လုပ်ဆောင်နေပြီး မြို့နယ်မှတဆင့် တိုင်း၊ ခရိုင်၊ တနိုင်ငံလုံးအတိုင်းအတာအထိ တဆင့်ချင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြည်တွင်းသို့ ငွေလွှဲရာ၌ ရရှိသည့် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘဏ်များမှတဆင့် သတ်မှတ်နှုန်း ထားဖြင့် လွှဲနေရသလို ယင်းနှုန်းထားမှာလည်း ပြင်ပပေါက်ဈေးထက်များစွာ လျော့နည်းနေကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်က ပြည်ပရောက်မြန်မာလုပ်သားအနေဖြင့် တရားဝင်ငွေလွှဲပြောင်းရေးစနစ်ကို လိုက်နာရန် အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုမှုများရှိသည့်အပြင် အမေရိကန်ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပြောင်းပါက လျှပ်စစ်ကား တင်သွင်းခွင့် ပေးမည်ဆိုကာ မက်လုံးများပေး၍လည်း နိုင်ငံခြားဝင်ငွေရရှိရေး ကြိုးပမ်းလျက်ရှိသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီနေသည့် AAC မဟာမိတ်အဖွဲ့မှ ဦးခိုင်ကြီးက “ငွေကြေး လွှဲပြောင်းဖို့ဆိုတာ ထိုင်းမှာရှိတဲ့ အလုပ်သမားတွေအတွက် အဆင်မပြေပါဘူး။ လက်ရှိ ငွေလွှဲနေရတဲ့အခြေအနေက ပွဲစားတွေ အားကိုးပြီးတော့မှ အောက်လမ်းကနေ လွှဲနေရတာ ဖြစ်တယ်။ အခုမှ NUG ကပဲ ထပြီး လုပ်လုပ်၊ စစ်ကော်မရှင် ကပဲ လုပ်လုပ် အဆင်ပြေမှာ မဟုတ်ဘူး။ တကယ်တမ်း အဆင်ပြေဖို့ဆိုတာ နိုင်ငံကောင်းမှ အဆင်ပြေမှာ နိုင်ငံမကောင်း သရွှေ့ မြန်မာပြည်ရဲ့ အခြေအနေအရ အလုပ်သမားတွေ ယုံကြည်ဖို့က ခက်ခဲတယ်။ နိုင်ငံတကာမှာ ထွက်လုပ်နေတဲ့ အလုပ်သမားတွေအတွက် လိုအပ်တာက ငွေကြေးမဟုတ်ဘူး။ ထိုင်းရောက်ရင် ထိုင်းနိုင်ငံရဲ့ ဥပဒေကို စိုးမိုးနိုင်တဲ့ အစိုးရတရပ် စကားပြောနိုင်တဲ့ အစိုးရ တရပ် လိုအပ်နေတာ” ဟု ဧရာဝတီကို ပြောသည်။

ထို့ကြောင့် နိုင်ငံတကာနှင့် ထိရောက်စွာ စကားပြောဆိုနိုင်သော ရွှေ့ပြောင်းအလုပ်သမားများ ယုံကြည်ရသော အစိုးရ တရပ်နှင့် တာဝန်ယူမှု တာဝန်ခံနိုင်သည့် မြန်မာသံရုံးရှိမှသာလျှင် ပြည်ပရောက်လုပ်သားများအနေဖြင့် ယုံကြည် လေးစား မှုရနိုင်ပြီး ငွေကြေးနှင့်ပတ်သက်၍လည်း လိုက်ပါ စီးဆင်းနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) မှ ရောင်းချသော ခရစ်တိုငွေကြေး SDB တိုကင်ကို စိတ်ဝင်တစား ဝယ်သူများကာ ဈေး ၅ ဆ မြင့်လာမှု အခြေအနေ

လက်ရှိ SDB ဘဏ်၏ ဝန်ဆောင်မှုတခုဖြစ်သော NUG Pay ကို ပြည်ပရောက် မြန်မာများအသုံးပြုများရှိနေသလို NUG Pay ဖြင့် ရှင်း၍ရသည့်ဆိုင်တချို့လည်း ရှိလာကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတဦးက ဆိုသည်။

၎င်းက “NUG Pay ကတော့ ဒီဘက်ရောက်တဲ့သူတွေကြား သုံးစွဲကြပါတယ်။ ငွေကြေး လဲလှယ်ပေးတဲ့ အေးဂျင့်တွေရှိ တော့ သုံးနေကျသူတွေက သုံးရတာအဆင်ပြေပေမယ့် သုံးနေကျမဟုတ်တဲ့သူတွေအတွက်ကတော့ သိပ်မလွယ်ကူဘူး။ အခုလည်း SDB က ပြည်တွင်းကို လွှဲနိုင်အောင်လုပ်မယ်ဆိုရင် ဘယ်လို လွယ်ကူ စိတ်ချရတဲ့စနစ်နဲ့ လွှဲနိုင်မလဲပေါ့။ သုံးရတာ အဆင်ပြေ လွယ်ကူရင်တော့ သုံးစွဲသူ များမှာပါပဲ။ နောက်ပြီး ဘယ်လောက် ယုံကြည်စိတ်ချစွာ လွှဲနိုင်လဲဆိုတာ ကလဲ အရေးကြီးပါတယ်” ဟု ပြောသည်။

NUG အစိုးရအနေဖြင့်လည်း လက်ရှိ ခရစ်တို ငွေကြေးတမျိုးဖြစ်သည့် SDB Token ကို နာမည်ရ နိုင်ငံတကာ ငွေကြေး အိပ်ချိန်းစင်တာ MEXC မှနေ နိုဝင်ဘာ ၁၄ ရက်တွင် စတင် ရောင်းချခဲ့ရာ စိတ်ဝင်တစားဝယ်ယူသူများသဖြင့် ရှယ်ယာ ဈေးမှာ အမြင့်ဈေးဖြင့် ရှိနေကြောင်း ဈေးကွက်အတွင်းက သိရသည်။

ဦးကယ်လ်ဗင်က “SDB ဘဏ်က Token တွေ၊ ရှယ်ယာတွေ ရောင်းခဲ့တာ အားလုံးသိတယ်။ ဒီနှစ်ကြိမ် ပေါင်းလိုက်လို့ရှိရင် ၁၇ ရာခိုင်နှုန်းလောက်ပဲ လူထုလက်ထဲ ရောက်နေတာ ဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း အိပ်ချိန်းပေါ်မှာ စာရင်းဝင်တဲ့အခါ ဝယ်လိုအားရှိတဲ့အပေါ်မှာလည်း ကျနော်တို့အနေနဲ့ စနစ်တကျ စီမံခန့်ခွဲပြီးတော့ ဆက်ရောင်းသွားမယ်။ ဘယ်လောက်ထိ ရောင်းမှာလဲဆိုရင် ကျနော်တို့ ထုတ်ပြန်ထားတဲ့ စည်းမျည်းစည်းကမ်းထဲမှာ NUG အစိုးရ၊ အထူးသဖြင့် ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ၄၉ ရာခိုင်နှုန်းထက် ပိုရောင်းခွင့် မပေးထားပါဘူး။ အခု ၁၇ ရာခိုင်နှုန်း ကျနော်တို့ ရောင်းပြီးပြီ တခြား မဖြစ်မနေ သုံးစွဲရမယ့်ကိစ္စရပ်တွေအတွက် ရှယ်ယာကို သီးသန့်ခွဲထားတာတွေလည်း ရှိတယ်” ဟု ရှင်းပြသည်။

ကျန်ရှိသည့် ၅၁ ရာခိုင်နှုန်းကို NUG အစိုးရအနေဖြင့် တော်လှန်ရေးအလွန်ကာလတွင် SDB ကို ဆက်ခံမည့် ဖက်ဒရယ် ပြည်ထောင်စုအစိုးရထံသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၃ ဇူလိုင်လအတွင်းက တည်ထောင်ခဲ့သော SDB ဘဏ်အနေဖြင့် လက်ရှိတွင် အကောင့်ဖွင့်လှစ်ထားမှု ၅ သိန်းခွဲ ကျော်ရှိ လာပြီး ငွေကြေးလည်ပတ်မှုအနေဖြင့် ဒေါ်လာ ၁ ဘီလီယံနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

SDB ဘဏ်အနေဖြင့်လည်း အစိုးရတရပ်ပိုင်သောဘဏ်ဆိုသည်ထက် မြန်မာပြည်သူပြည်သားများ၏ ရှယ်ယာများဖြင့် ဖွဲ့စည်းထားသော ဘဏ်တခုဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။

You may also like these stories:

လုပ်သား ၅ သောင်းကျော် ငွေပြန်ပို့ မပို့ အေဂျင်စီများကို စစ်မည်

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ကမ္ဘောဒီးယားလုပ်သား ၉ သောင်းနေရာ မြန်မာ၊ လာအို၊ ဗီယက်နမ်တို့ဖြင့် အစားထိုးမည်

Your Thoughts …
Tags: NUGSDB TokenSDB ဘဏ်ဒစ်ဂျစ်တယ်ငွေကြေးရွှေ့ပြောင်းလုပ်သား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကမ္ဘာပတ်နေတဲ့ “ထာဝရနှောင်ကြိုး” (ရုပ်/သံ)

ကမ္ဘာပတ်နေတဲ့ "ထာဝရနှောင်ကြိုး" (ရုပ်/သံ)

KNU နဲ့ KNPP၊ NUCC က ဘာကြောင့် နုတ်ထွက်လဲ (ရုပ်/သံ)

KNU နဲ့ KNPP၊ NUCC က ဘာကြောင့် နုတ်ထွက်လဲ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved