သတင်းတို

ထိုင်းကြည်းတပ်ဦးစီးချုပ် ရောက်ရှိ၊ အကြမ်းဖက်မှုကာကွယ်ရေးဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ချိုင် ဆစ်သီဆဒ်ဟာ မနေ့က နေပြည်တော်ကို ရောက်ရှိလာရာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဘာသာရေးအစွန်းရောက်များနှင့် အကြမ်းဖက်မှုကာကွယ် တားဆီးရေး အတွက် အပြန် အလှန်သတင်းဖလှယ်၍ ထိရောက်စွာပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသမူးယစ် ဆေးဝါးတား ဆီးနှိမ်နင်းရေး၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက် ရေးကိစ္စရပ်များတွင် ပိုမိုတိုးမြှင့် လုပ်ဆောင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုအတွက် ဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်လုပ်ဆောင်ရေးနှင့် နယ်စပ်ဒေသတွင် တောမီးလောင်မှု တားဆီးကာကွယ်ရေးနှင့် သစ်တော များပြန်လည်စိုက်ပျိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော် ၂ ရပ် အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့်ဆေးကုသရေး တို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံတွင် စိုက်ပျိုးရေး၊မွေးမြူရေး ဆိုင်ရာ လေ့လာရေး၊ ဘာသာစကား သင်တန်း ကိစ္စရပ်များ၊ အပြန်အလှန် ထောက်လှမ်းရေး သတင်း ဖလှယ်မှုကိစ္စရပ်များ၊ ကိစ္စရပ်များအား ဆွေးနွေးကြကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနှင့်ထိုင်းသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး ဘက်ပေါင်းစုံမှ ကောင်းမွန်သည့်ဆက်ဆံ ရေးရှိကြောင်း၊ ညီအစ်ကိုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကို အခြေခံထားသည့် မြန်မာ-ထိုင်းတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုမှာလည်း လက်ရှိတွင်အကောင်းဆုံး အခြေအနေ သို့ ရောက်ရှိနေကြောင်း၊ ယင်းကို နှစ်ဦးနှစ်ဖက်ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်နှင့်ရင်ဆိုင်ရမှုကို ကူညီပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူဒေသမှာ နယ်စပ်ဖြတ်ကျော်ကာ လည်ရောက်လည်ပတ်တဲ့ ထိုင်းခရီးသည် ၄၀ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့မှ လက်နက်ကိုင်များ က ဖမ်းဆီးထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ၊ ထိုင်းခရီးသွားများ အနေဖြင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ မြန်မာဘက်ခြမ်းသို့ သွားရောက်လည်ပတ်ခြင်းမပြုရန် ထိုင်းအာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading