• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ငမိုးရိပ် တံတား နိမ့်ဆင်းမှု အကြောင်းရင်း ထုတ်ပြန်ပေးသင့်ဟု လွှတ်တော် ကိုယ်စားလှယ် ပြော

by သဇင်လှိုင်
20 June 2019
in သတင်းတို
A A
ငမိုးရိပ် (ကမာကြည်-၂) တံတား နိမ့်ဆင်းသွားသည့် နေရာ / Nyi Nyi facebook

ငမိုးရိပ် (ကမာကြည်-၂) တံတား နိမ့်ဆင်းသွားသည့် နေရာ / Nyi Nyi facebook

14.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ သုဝဏ္ဏနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)ကို ဆက်သွယ်ထားသည့် ငမိုးရိပ် (ကမာကြည် ၂) တံတား ဖွင့်လှစ်ပြီး ၄ လ အကြာတွင် တံတား နိမ့်ဆင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကို အဖြေရှာရန်လိုအပ်ပြီး အကြောင်းအရာကိုလည်း ထုတ်ပြန်သင့် ကြောင်း တောင်ဒဂုံ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ဦးညီညီက“ဘာပဲပြောပြော အခုလို ဖြစ်တယ်ဆိုတာကတော့ လိုအပ်ချက်တွေ ရှိနေတယ်လို့ပဲ သုံးသပ်မိတယ်။ ဘာကြောင့် နိမ့်ဆင်းသွားသလဲ ဆိုတာတော့ ပညာရှင်တွေနဲ့ သေသေချာချာလေ့လာပြီးတော့ တိုင်းထွာရင်တော့ အတိ အကျ ပိုသိရမှာပေါ့။ နောက်ဆောက်မယ့် တံတားတွေတော့ ဒီလိုမဖြစ်အောင် ဆောင်ရွက်ဖို့ လိုတယ်”ဟု ပြောဆိုသည်။

ငမိုးရိပ် (ကမာကြည် ၂) တံတား ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က နိမ့်ဆင်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
138
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.5k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
894

အဆိုပါတံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ ငွေကျပ် သန်းပေါင်း ၅၈ဝဝ ခန့် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

ဦးညီညီက“ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အဖြေထွက်လာပြီဆိုရင်တော့ ဒါမျိုးကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကလည်း ဆောင်ရွက်သွားမှာပါ။ လောလောဆယ်တော့ ဘာကြောင့် ဘယ်လိုဖြစ်ရသလဲ ဆိုတာတော့ ကျနော်တို့လည်းပဲ အတိအကျ မသိရသေးဘူး။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရာကိုလည်းပဲ သေသေချာချာတော့ ထုတ်ပြန်ပေးသင့်တယ်လို့ ကျနော်ပြောချင်တယ်”ဟု ပြောသည်။

ယင်း တံတားကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် အပြီးသတ် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ငမိုးရိပ် (ကမာကြည်-၂) တံတား၏ ပင်မ တံတားအရှည်မှာ ၈၄၆ ပေရှိပြီး ချဉ်းကပ်လမ်း ပေ ၃၉ဝ အပါအဝင် စုစုပေါင်း တံတား အရှည်မှာ ၁၂၃၆ ပေရှိကြောင်းလည်း ဆိုသည်။

ထို့ပြင် တံတားပေါ်တွင် ယာဉ်သွားလမ်း အကျယ် ၂၆ ပေရှိပြီး ရေလမ်းကင်းလွတ် အမြင့်မှာ ရေအတက်ဆုံး အချိန်တွင် ၁၈ ပေခန့်ရှိကြောင်း၊ ငမိုးရိပ်ချောင်း အတွင်း ရေလမ်းအကျယ်မှာ ၁၇၇ ပေရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြောင်းမြ ကြိုးတံတား မြစ်အတွင်းသို့ ပြတ်ကျမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ တံတားပြတ်ကျမှု ဖြစ်စဉ်ကြောင့် ကြိုးတံတားပေါ်တွင် ကုန်တင်ကား မောင်းနှင်သည့် ယာဉ်မောင်းတဦးနှင့် ယာဉ် နောက်လိုက်တဦး သေဆုံးခဲ့သည်။

Your Thoughts …
Tags: ငမိုးရိပ် တံတား နိမ့်ဆင်းမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သံအမတ်ကြီး ချန်ဟိုင်၏ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးဝင်းမြင့်က လက်ခံခဲ့သည် / ဧရာဝတီ

BRI စီမံကိန်းများတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်သံအမတ်သစ်ပြော

Social Alliance လူမှူမဟာမိတ်အဖွဲ့နှင့်  မိတ်ဖက်အဖွဲ့အစည်းများက စတုဒိသာ အလှူနှင့် စုပေါင်းဝါဖြေပွဲကို ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ပူးပေါင်းကာ မေ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်ကျင်းပပြုလုပ်ခဲ့သည် / အောင်ကျော်ထက်

အိဒ်ပွဲတော် ကျင်းပရခြင်း ဖြစ်သင့်သည့် အကြောင်းအကျိုး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved