• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ကျောင်းမဖွင့်ရန် သပိတ်မှောက်သည့် ရွာသား၂၀ ခန့် စစ်တပ် ဖမ်း

by ဧရာဝတီ
4 May 2021
in သတင်းတို
A A
နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းကျေးရွာမှ စစ်အာဏာရှင်ဆန့်ကျင်ရေး မေလ ၁ ရက်တွင် ဆန္ဒဖော်ထုတ်နေကြစဉ်  / CJ

နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းကျေးရွာမှ စစ်အာဏာရှင်ဆန့်ကျင်ရေး မေလ ၁ ရက်တွင် ဆန္ဒဖော်ထုတ်နေကြစဉ် / CJ

32.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာ အထက်တန်းကျောင်းတွင် CDM မလုပ်သည့် ဆရာ၊ ဆရာမများ၏ မေ ၃ ရက် ကျောင်းဖွင့်ရန် ကြိုးပမ်းမှုကို ရွာခံ ၂၀ခန့်က သပိတ်မှောက်တားဆီးရာ ရဲများက ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် နွားထိုးကြီးမြို့နယ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ပြုလုပ်လျက်ရှိရာ ဆူးဖြူကုန်း ကျေးရွာအုပ်စု ဒေသခံများက စစ်ကောင်စီလက်အောက်တွင် ကျောင်းမတက်ရန် ကျောင်းဖွင့်လှစ်ခြင်းကို ဟန့်တား သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

“မနက်ခင်းပိုင်း ကျောင်းစဖွင့်ဖို့ လုပ်တာကို ပြည်သူလူထုကနေ ဆရာ၊ ဆရာမတွေကို သပိတ်မှောက်တာ။ ငြိမ်းချမ်းစွာ သပိတ်မှောက်တာရှင့်။ ထိခိုက်အောင် ဘာမှ မလုပ်ဘူး။ သူတို့ကျောင်းထဲကို မဝင်ရလို့ ဆိုပြီး ရဲတွေကို လှမ်းခေါ်တာ။ ရဲတွေကလည်း အရပ်ဝတ်၊ အရပ်စားတွေနဲ့ လာတော့ ဒီရဲ လေးယောက်ကိုလည်း အဝင်မခံဘူး” ဟု ဒေသခံတဦးက ဆိုသည်။

ဒေသခံများ ကျောင်းရှေ့တွင် ဆန္ဒပြနေသည်ကို ဟန့်တားရန် အုပ်ချုပ်ရေးမှူးနှင့် ရဲများက အုပ်ချုပ်ရေးမှူး အိမ်တွင် ဆွေးနွေး နေသဖြင့် ဒေသခံရွာသားများက အုပ်ချုပ်ရေးမှူးအိမ်ကို ဝန်းရံ ဆန္ဒပြနေစဉ် ဒလန်သတင်းပေးကြောင့် စစ်တပ်က ရောက်ရှိ လာပြီး ပြည်သူလူထုကို ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

“တအား နင်းပစ်တာ။ ရွာထဲကို စိန်တွေခေါ်ပြီး ပစ်တာ။ ဒလန်အိမ်ကို သတ္တိရှိလို့ ခဲနဲ့ထုတဲ့ကောင်တွေ အခု ဘယ်ပြေးကုန် ကြလဲဆိုပြီးတော့ တရွာလုံးပတ်ပြီး တဒိုင်းဒိုင်းနဲ့ ပစ်တာ။ ပြည်သူလူထုက ရွာ့နောက်ဘက် တောထဲ ပြေးတဲ့အခါကျတော့ ဒလန်တွေက လိုက်ပြတော့ ချုံတွေ၊ ဝါးရုံတွေကြားမှာ ဖမ်းမိကြတာ” ဟု ဒေသခံ တဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးရုံတင်မကဘဲ ရွာအတွင်း တပ်ဆင်ထားသော စလောင်းများကို ဖျက်ဆီးခြင်းနှင့် ဒေသခံများ၏ ငွေကြေးအချို့ကို လုယူခြင်းများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆူးဖြူကုန်းကျေးရွာဒေသခံများမှာ သက်ကြီးရွယ်အိုများပါ မကျန် ရွာကို စွန့်ခွာပြီး နီးစပ်ရာနေရာများသို့ ထွက်ပြေး ရှောင်တိမ်းနေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းရှိ ရပ်ကွက်များ ကျေးရွာများတွင်လည်း ကျောင်းမဖွင့်ရန် ဆန္ဒပြသူများကို လိုက်လံ၍ ဖမ်း ဆီးမှုများ၊ ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

You may also like these stories:

ပြည်မြို့တွင် လက်ရုံးတပ်တခုမှ စစ်သား ၃ ယောက် လက်နက်များယူ၍ ထွက်ပြေး

ဟားခါးမှာ တိုက်ပွဲ ဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ထပ်မံ သေဆုံး

Your Thoughts …
Tags: ကျောင်းဖွင့်ဆန္ဒပြနွားထိုးကြီးပစ်ခတ်ဖမ်းဆီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမြန်လမ်းမှာဖမ်းဆီးခံရတဲ့ စစ်ကောင်စီဝန်ထမ်းတွေ (ရုပ်/သံ)

အမြန်လမ်းမှာဖမ်းဆီးခံရတဲ့ စစ်ကောင်စီဝန်ထမ်းတွေ (ရုပ်/သံ)

by ဧရာဝတီ
7 January 2025
5.4k

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုတွေဆောင်ရွက်နေတဲ့ အောင်ဆန်းမြေ (နတ်မောက်) အဖွဲ့က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

by ဧရာဝတီ
19 August 2024
5.3k

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကွန်မြူနစ်တပ်များ ကြီးစိုးခဲ့သဖြင့် မသုံးလုံးနယ်မြေဟု နာမည်ကျော်ခဲ့ သည့် မန္တလေး၊ မြင်းခြံ၊ မိထ္တီလာတို့မှာ တဆက်တစပ်တည်းရှိနေသည့်ဒေသဖြစ်ပြီး မြင်းခြံခရိုင်အရှေ့မြောက်ဘက်၌ မန္တလေးမြို့၊ အရှေ့ ဘက်တွင် တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

by ဧရာဝတီ
9 December 2025
3.9k

မန္တလေးမြို့လယ်ခေါင် ဈေးချိုတော်အနီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန် ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ကို စစ်ကော်မရှင်က ဆုကြေးထုတ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်း၍ သတင်းပေးကြရန် စည်းရုံးနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.7k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.5k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

by ဧရာဝတီ
15 May 2025
2k

နာမည်ကျော် Adidas ဖိနပ်များထုတ်လုပ်ပေးနေသည့် စက်ရုံကြီးတခုဖြစ်ကာ တရက်လျှင် လုပ်အားခ ၅၂၀၀ ကျပ်သာရရှိ၍ ၁၂၀၀၀ ကျပ်အထိတိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းဖြစ်

Next Post
KIA ပစ်ချလို့ ပျက်ကျသွားသည့် စစ်ရဟတ်ယာဉ်တွင် ပါဝင်သွားသူများ အတွက် ဝမ်းနည်းကြောင်း ကြေညာစာ

မိုးမောက်စစ်ရေးပဋိပက္ခတွင် လေတပ်အရာရှိ ၃ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး

တိုက်ပွဲဖြစ်ပွားနေသည်ဆိုသော စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန့်ဂေါမြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးတလျှောက် ပြသည့် မြေပုံ

ကလေး- ဂန့်ဂေါလမ်းတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်နေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved