• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home On This Day

ဆရာယုဒသန်ကွယ်လွန်ခြင်း ၁၆၉ နှစ်ပြည့်

by ဝေယံအောင်
12 April 2019
in On This Day
A A
ဆရာယုဒသန်ကွယ်လွန်ခြင်း ၁၆၉ နှစ်ပြည့်
25.1k
VIEWS
Share on FacebookShare on Twitter

မြန်မာစာပေသမိုင်းတွင် အရေးပါသည့် မြန်မာ- အင်္ဂလိပ် အဘိဓာန်ကို အစောဆုံး ပြုစုခဲ့သူ အမေရိကန် နှစ်ခြင်း ခရစ်ယာန် သာသနာပြုဆရာ ယုဒသန်(ဂျပ်ဆင်) ကွယ်လွန်ခဲ့သည်မှာ ယနေ့တွင် ၁၆၉ နှစ် ပြည့်ပြီဖြစ် သည်။

ဆရာယုဒသန်သည် အဘိဓာန် ပြုစုခဲ့ခြင်း သာမက အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲ၌ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုရာတွင် လည်း ဘာသာပြန်အဖြစ် ဝင်ရောက် ဆောင်ရွက်ပေးခဲ့သလို၊ မြန်မာနိုင်ငံ၌ နှစ်ခြင်း ခရစ်ယာန်သာသနာ (Baptist) ကို စတင် မျိုးစေ့ ချခဲ့သူလည်း ဖြစ်၏။

အမည်အရင်းမှာ ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် (Dr Adoniram Judson) ဖြစ်သော်လည်း မြန်မာတို့က “ဂျပ်ဆင်” ကို အသံဖလှယ်ပြီး ခေါ်ဆိုရာမှ ယုဒသန်ဟု အမည်တွင်လာခြင်း ဖြစ်သည်။

၁၈၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော ဆရာယုဒသန်သည် သာသနာပြုရန်အတွက် မြန်မာစာ၊ ပါဠိစာတို့ကို လေ့လာခဲ့ပြီး မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်၊ မြန်မာသဒ္ဒါ၊ သမ္မာကျမ်းစာ မြန်မာဘာသာပြန်နှင့် အခြားသာသနာဆိုင်ရာစာအုပ်များကို ပြုစုနိုင်သည့်အထိ ကြိုးပမ်းအားထုတ်ခဲ့သည်။

ဆရာယုဒသန်၏သာသနာပြုမှုကြောင့် ၁၈၁၉ ခုနှစ်တွင် မြန်မာအမျိုးသားမောင်နော(မှာ ပထမဆုံး နှစ်ခြင်း ခရစ်ယာန် ဘာသာ ဝင်ဖြစ်လာခဲ့ပြီး ၁၈၂၀ ခုနှစ်တွင် မြန်မာအမျိုးသမီး မမင်းလှသည်လည်း ပထမဆုံးနှစ်ခြင်းခရစ်ယာန် ဘာသာဝင်အမျိုးသမီး ဖြစ်ခဲ့သည်။

RelatedPosts

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေပြည်တော်၊ တပ်မတော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ / ဧရာဝတီ 

အာဏာသိမ်းမှာ ခြိမ်းခြောက်တဲ့ သတင်းစာရှင်းလင်းပွဲ တနှစ်ပြည့်ပြီ

26 January 2022
6.6k
ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

7 July 2021
100.1k
ကနောင်မင်းသားကြီး

အိမ်ရှေ့စံ ကနောင်မင်းသားလုပ်ကြံခံရခြင်း

2 August 2019
32.9k

ခရစ်ယန်သာသနာပြုလုပ်ငန်းကို အားမပေးသော မြန်မာအာဏာပိုင်များကြားတွင် ခက်ခက်ခဲခဲ သာသနာပြုခဲ့ပြီး ပထမ မြန်မာ-အင်္ဂလိပ်စစ်ပွဲဖြစ်ချိန် သူလျှိုအဖြစ်သတ်မှတ်ခံရကာ အင်းဝမြို့ရှိ လက်မရွှံ့ထောင်၊ အောင်ပင်လယ်ထောင်များတွင် တစ်နှစ်ခွဲခန့်အကျဉ်းချခံခဲ့ရသည်။

စစ်ပြေငြိမ်းသည့် ရန ္တပိုစာချုပ်ချုပ်ဆိုရာ အင်္ဂလိပ်က မြန်မာ၊ မြန်မာက အင်္ဂလိပ်ဘာသာပြန်သူအဖြစ် ဆောင်ရွက်ပေးခဲ့ရ သည်။

ဆရာယုဒသန်သည် မျက်စိရောဂါနှင့်ခေါင်းကိုက်ရောဂါစွဲကပ်သည်အထိ မနက်ပိုင်းတွင် တရား ဟောခြင်း၊ နေ့လည် ပိုင်းတွင် ကျမ်းပြုစုခြင်း၊ ညပိုင်းတွင် တရားဓမ္မဆွေးနွေးခြင်းစသော ခရစ်ယာန်သာသနာပြုလုပ်ငန်းကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ ၁၈၅၀ ခုနှစ်တွင် အဖျားရောဂါဆိုးရွားလှသဖြင့် အမေရိကန်နိုင်ငံသိ့ုဆေးကုရန်ပြန်ရာ ရေလမ်းခရီးတွင်ပင် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် မြန်မာနိုင်ငံတွင် အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာမျိုးစေ့ကို စိုက်ပျိုးခဲ့ရုံ သာမက ခရစ်ယာန် ဘာသာဝင်များ၊ မြန်မာဘာသာလေ့လာလိုသူ နိုင်ငံခြားသားများ၊ အင်္ဂလိပ်ဘာသာ လေ့လာလိုသူ မြန်မာများ အတွက် အဘိဓာန်နှင့်ကျမ်းစာများကိုလည်း ပြုစုခဲ့ပေးပြီးဖြစ်လေသည်။

ဆရာယုဒသန်၏ဂုဏ်ကျေးဇူးကို အောက်မေ့လျက် ဂျပ်ဆင်ကောလိပ်၊ ဂျပ်ဆင်ဘုရားကျောင်း စသည်ဖြင့် အမည်မှည့် ခေါ်ခဲ့ကြပြီး မြန်မာစာပေပညာရှင်များကလည်း ဆရာယုဒသန်ကို မြန်မာစာလောကကိုတိုးတက်ဖွံ့ဖြိုးစေသူအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

ဆရာယုဒသန်ထံတွင် ပထမဆုံး နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်သူဦးနောကို ဂုဏ်ပြုသော ဦးနောဘုရားကျောင်းသည် လည်း ရန်ကုန်မြို့၊ လမ်းမတော်တွင် တည်ရှိလေသည်။

ဆက်စပ်ဖတ်ရှု့ရန် – ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

မြန်မာစာ ပုံနှိပ်စာလုံးအစ ကက်သလစ် ဘုန်းတော်ကြီး ဂျွန်မေရီ ပယ်ရ်ကော်တို က

Your Thoughts …
Tags: ၁၆၉ နှစ်ပြည့်ကွယ်လွန်ခြင်းဆရာ ယုဒသန်
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် မင်းသွေး  /  Min Thway's / Facebook

ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင် မင်းသွေး

by ယုမွန်ကျော်
4 October 2018
20.4k

မင်းသွေးက သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းကိုပါ ဝါသနာပါတဲ့အတွက် ထိုးစစ်ဆိုတဲ့ တကိုယ်တော် တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်းက ဖြန့်ချိခဲ့ပါတယ်။

“SpongeBob SquarePants” ရုပ်သံစီးရီးကို ဖန်တီးခဲ့တဲ့ Stephen Hillenburg

“SpongeBob SquarePants” ကာတွန်း ဖန်တီးရှင် Stephen Hillenburg ကွယ်လွန်

by မစ်ကီ
28 November 2018
3.6k

Hillenburg ဟာ အာရုံကြော ယိုယွင်းမှုရာဂါ ALS လို့ခေါ်တဲ့ Lou Gehrig’s disease ကို ခံစားနေခဲ့ရတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်မှာပဲ ပြောကြားခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Next Post
နှုတ်ခမ်းပါးသူတွေဟာ နှုတ်ခမ်းထူသူတွေထက် ဉာဏ်ရည်ပိုမြင့်မားတယ်လို့ ဆိုကြပါတယ်

တခြားသူတွေထက် ဉာဏ်ရည်မြင့်မားကြောင်း သိနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ

လက်ရှိကြည့်ရှုနှုန်းများနေတဲ့ “Her Private Life” နဲ့ "Doctor Prisoner"ဇာတ်လမ်းတွဲ

လက်ရှိလူကြည့်နှုန်း အများဆုံးဖြစ်နေတဲ့ ကိုရီးယားစီးရီးများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved