• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
19 August 2017
in အင်တာဗျူး
A A
မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး / ဧရာဝတီ

မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး / ဧရာဝတီ

9.7k
VIEWS
Share on FacebookShare on Twitter

၂၀၁၇ ခုနှစ် သြဂုတ် ၇ ရက်က အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ် ပါတီ (NMSP) က ကျင်းပ ခဲ့သည်။

ထိုသို့ ကျင်းပရာတွင် မွန်ပြည်သစ် ပါတီ ဌာနချုပ် နေရာမှအပ ကျန်နေရာများ၌ စစ်ဝတ်စုံဝတ်ဆင်၍ လက်နက်ကိုင် ဆောင်ပြီး စစ်ရေးပြခြင်း မပြုရန် အစိုးရတပ်မတော်က တောင်းဆိုကာ တပ်အင်အားများ ဖြည့်တင်းခဲ့ခြင်းကြောင့် အောက်ခြေတွင် စစ်ရေးတင်းမာခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ခဲ့ကြသည်။

RelatedPosts

တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

14 June 2025
866
LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

12 June 2025
70
တရုတ် ခဲမိုင်းက ကယန်းမျိုးနွယ်စုများကို အကြီးအကျယ် ဒုက္ခပေးနေ

တရုတ် ခဲမိုင်းက ကယန်းမျိုးနွယ်စုများကို အကြီးအကျယ် ဒုက္ခပေးနေ

11 June 2025
821

ထို့ကြောင့် NMSP မှ ထိပ်ပိုင်း ခေါင်းဆောင်များသည် ကာကွယ်ရေး ဝန်ကြီးဌာန အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒုဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သကဲ့သို့ တပ်မတော်မှ ဖြည့်တင်းထားသော တပ်ရင်းများ ကို နောက်ဆုတ်ပေးရန် တောင်းဆိုခဲ့မှု အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက မွန် ပြည်သစ် ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးအား ဧရာဝတီ သတင်းထောက် ချစ်မင်းထွန်း က ဆက်သွယ် မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အစိုးရ ကစထမှူး တို့ တွေ့ဆုံခဲ့တာ ဘာတွေ ဆွေးနွေးခဲ့ကြပါ သလဲ။

ဖြေ။ ။ တော်လှန်ရေးနေ့ (အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့) ကပေါ့နော်။ တော်လှန်ရေးနေ့ မတိုင်မီက အောက်ခြေမှာ စစ်ရေးအရ နည်းနည်းတင်းမာနေတဲ့ အခြေအနေ ရှိနေလို့လေ။ အဲဒါကြောင့် ကျနော်တို့က တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဖို့ တောင်းထားတာ သူတို့က(တပ်မတော်)က ကစထမှူးနဲ့ တွေ့ပေးတယ်။
မေး။ ။ ဘာတွေအဓိက ဆွေးနွေးဖြစ်လဲ။ အောက်ခြေ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပဲ ဆွေးနွေးတာလား။

ဖြေ။ ။ ကျနော်တို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတဲ့ အခါမှာ အဓိကထား ဆွေးနွေးတာက တပ်ပိုင်းဆိုင်ရာ ကိစ္စပေါ့ လေ။ သူ့ရဲ့ အဆက်က တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စာချုပ် (NCA) လမ်းကြောင်းမှာ ဘယ်လို သွားကြမလဲ၊ ဘယ်လိုတည်ဆောက်ကြမလဲ။ အခုဖြစ်နေတဲ့ အခြေအနေထဲမှာ ယုံကြည်မှုတွေ လျော့ကျမသွားအောင် တဖက်နဲ့တဖက် ထိန်းထိန်းသိမ်းသိမ်း နေကြဖို့ ပြောကြတယ်ပေါ့ လေ။

မေး။ ။ တပ်မတော်က ဆရာတို့ တပ်ရင်း ၅ နေရာမှာ တပ်အင်အားတွေ ချထားတယ် ဆိုတာကကော နောက်ပြန် ဆုတ်သွားပြီလား၊ ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ အခုနေရာက တပ်ရင်း ၅ နေရာ မဟုတ်ဘူးဗျ။ တပ်ရင်း ၅ နေရာက သူ့ပုံမှန်အတိုင်း ဖြစ်သွားပြီ။ အခုနေရာ က တပ်ရင်း ၁ ပေါ့။ တပ်ရင်း ၁ က ကျနော်တို့ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ခွင်ပေါ့နော်။ တောင် ပေါက်ခွင် အင်းဂွမှာဆိုရင် တပ်ရင်း ၁ စခန်းရှိတယ်လေ။ အဲဒီမှာတပ်ရင်း ၁ ရင်းလည်းရှိတယ်။

အဲဒီမှာ တော်လှန်ရေးနေ့ မတိုင်ခင်ကနေ အခုထိပေါ့ သူတို့ တပ်အင်အားက အခု ၁၅၀ ကျော်ကျော် ၁၇၀ နီးပါး လောက် တပ်ရင်း ၄ ရင်းနဲ့နေပြီးတော့ ရှိနေတယ်လေ။ တပ်ရင်း ၄ ရင်းဆိုတာ တပ်ရင်း ၂၈၃၊၂၈၄၊ ၃၂၊၂၈ ပေါ့။ အဲဒီမှာကျနော်တို့ တပ်လည်းရှိတော့ ပစ်ခတ်မှုဖြစ်မှာကြောက်လို့ ကျနော်တို့ ကြိုတင်ပြီးတော့ တပ်ပိုင်းဆိုင်ရာကို ဆွေးနွေးနေတာ။

တပ်မတော်ကလည်း ဒါကို ထိန်းထိန်းသိမ်းသိမ်း နေမယ်ပြောတယ်။ ဒါပေမယ့် အခုထိတော့ မဆုတ်သေးဘူး၊ မခွာ သေးဘူး၊ မခွာသေးတော့ ကျနော်တို့ လူကြီးတွေကလည်း ဒါကိုစိုးရိမ်တယ်။ တနေ့က(သြဂုတ် ၁၆) ပြောပြီးပြီ။ အခု ပုံမှန်နေမြဲ အတိုင်းနေတယ် ဆိုတော့ အောက်ခြေတပ်တွေ ပစ်မှာစိုးရိမ်တယ်။ ကျနော်တို့ ဘက်ကတော့ ထိန်းသိမ်း တယ်လေ။

ကစထမှူး ကလည်း ပြောတယ်၊ ကျနော်တို့ တပ်မတော်ဘက်က စတင်ပစ်ခတ်မှုတော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် ပြောလို့ တော့ မရဘူး။ ကျနော်တို့ ကြားထဲမှာ အောက်ခြေက မလိုအပ်ဘဲ ပစ်ခတ်မှု ဖြစ်သွားတဲ့အခါ ကျရင် ပြန်ပြီး ထိန်းသိမ်း ဖို့ မလွယ်ဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့ ကြိုတင်ပြီးတော့ သွားပြီး ဆွေးနွေးကြတာပါ။

မေး။ ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၊ ငြိမ်းချမ်းရေး ကော်မရှင်တို့ကို စာပို့ အကြောင်းကြားတာ ရှိပါသလား။

ဖြေ။ ။ ဒီကိစ္စဆွေးနွေးဖို့ရယ်၊ ကျနော်တို့ NCA လမ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ် သွားဖို့ရယ် ပြောဖို့ အတိုင် ပင်ခံ ပုဂ္ဂိုလ်ရော၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ တွေ့ဆုံခွင့် တောင်းထားတယ်။ ဒါပေမယ့် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ဒီနေ့အထိ ဘယ်တော့ တွေ့မယ်လို့ မပြောသေးဘူး။

ကျနော်တို့ကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရှင်းပြဖို့ စောင့်နေတုန်းပဲဗျ။ ကျနော်တို့ ခေါင်းဆောင်တွေပေါ့။ အဲဒီတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို တွေ့ခွင့်တောင်းတော့ ခရီးစဉ်တွေများတော့ မအားသေးဘူးပေါ့နော်။ ဒါကြောင့် ကစထမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်ကို လွှဲထားတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘယ်တော့ တွေ့ခွင့်ပေးမယ် ဆိုတာ မသိသေးဘူး။ ကျနော်တို့ စိုးရိမ်တာက ကျနော်တို့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲမှာ အရှိန်လည်း ရလာတယ်ပေါ့ နော်။ ယုံကြည်မှုတွေကလည်း အတော်နီးလာတယ်။ ဒီကြားထဲမှာ ဘာ မဟုတ်တဲ့ ကိစ္စတွေကြောင့် ယုံကြည်မှုတွေ ပျက်သွားတာမျိုး မဖြစ်စေချင်ဘူး။

စားပွဲဝိုင်း ဆွေးနွေးမှုနဲ့ပဲ မပြီးသေးဘူးလေ။ အောက်ခြေ ဆွေးနွေးမှုကလည်း ယုံကြည်မှု အပြည့်ရှိနေမှ၊ တခုနဲ့တခု ဟန်ချက်ညီညီ သွားနေမှ လုပ်ငန်းက ပြီးမှာပေါ့နော်။ ဒါကြောင့် ကျနော်တို့ နှစ်ဖက် ဟန်ချက်ညီညီ သွားနေတာ ဖြစ် စဉ် က အများကြီးပေါ့။

ကျနော် ပြောချင်တာက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ (DPN) နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) ဆွေးနွေးခဲ့တာ ၁၄ လ ကြာပြီ။ ဘာဖြစ်လို့ ဒီလောက်တောင် တစ်ဆို့မှု ရှိတာလဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် ကြာရတာလဲဆိုတာ ပြောကြ တယ် ပေါ့လေ။

ကျနော်တို့တင်ပြထားတဲ့ အချက် ၈ ချက်က စားပွဲဝိုင်းမှာ ဘယ်လောက် ကောင်းကောင်း မြေပြင်တစ်ဆို့မှုက မကောင်း လာဘူးဆိုရင် ထိခိုက် လာနိုင်တယ်လေ။ ၂၀၁၆ နိုဝင်ဘာလက စပြီးတော့ မြောက်ပိုင်း စစ်ဆင်ရေးက တစနဲ့တစ ပြင်း လာတယ်လေ။

မြေပြင်အခြေအနေ မကောင်းရင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှု အရှိန်က တက်မလာနိုင်ဘူးဗျ။ ကျနော်တို့ ဒေသ လုံခြုံ မှု၊ ကျနော်တို့ရဲ့ လူမျိုး ဆက်လုံခြုံမှု၊ ကျနော်တို့ရဲ့ ကိုယ်ပိုင်ရပ်တည်ချက် ရရှိပါ့မလား ဆိုတဲ့ လုံခြုံမှု၊ အဲဒီ စိုးရိမ် မှုနဲ့ ဆွေးနွေးပွဲက နောက်ပြန်ဆုတ်နေတယ်။

ကျနော်တို့ ဒီ ၆ ကြိမ်မြောက် ဆွေးနွေးပွဲမှာ အခြေအနေကောင်းလာတယ်။ မကြာခင် ၇ ကြိမ်မြောက် ဆွေးနွေးပွဲ မဖြစ်ခင် ကျနော်တို့ကြားမှာ ပွတ်တိုက်မှုလေးတွေရှိရင် အများကြီး ဆုံးရှုံးမှုတွေ ဖြစ်လာမယ်။ အစက ပြန်စရမှာ စိုးရိမ် လို့လေ။

အောက်ခြေတပ်ရော၊ ပြည်သူတွေရောက ကျနော်တို့ အပေါ်မှာ ရင်းရင်းနှီးနှီးရှိတာ သူတို့မသိဘူး။ သူတို့သိတာက ဒါကို သက်သက်မဲ့ ရန်စတယ်။ ဒီနေရာကို တပ်မတော်က ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး ၁၉၉၅ ကနေ အခု ထိ ဒီလူအင်အားနဲ့ တခါမှ မရောက်ဖူးသေးဘူးလေ။ အခုမှ ဘာဖြစ်လို့ ရောက်လာတာလဲ ဆိုတာ အများကြီး သံသယ ဝင်စရာတွေတော့ ရှိလာတာပေါ့။

၉၅ ကနေ ၂၅ နှစ်ကျော်ကျော် ရှိလာပြီ။ ဒီအခြေအနေမှ သူတို့ ဒီလူအင်အားနဲ့ လာတဲ့အခါ ကျနော်တို့လည်း ကိုယ့် လုံခြုံဖို့ အတွက် စိုးရိမ်ရတာပေါ့။ အဲဒီကြားထဲမှာ ကျနော်တို့်တပ်တွေမှ မဟုတ်ဘူး၊ KNU တို့လည်း ဝင်ထွက် သွားလာတာ ရှိတယ်လေ။ ဒီကြာအင်းဆိပ်ကြီးက ကျနော်တို့ပဲ ရှိတဲ့နေရာဆို တမျိုးပေါ့။ တခြား မှားယွင်းပစ်ခတ်မှု ဖြစ်လာမှာ ကိုလည်း စိုးရိမ်တယ်။ ဒါကြောင့် ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ ပြောတာ။ ဖြစ်တဲ့အခါကျမှ ဒီကိစ္စ မပြောဘူးလား ဆိုပြီး အပြစ်ဖို့မှာ ကြောက်လို့ပါ။

မေး။ ။ ၉၅ ကနေ ဒီဘက် ၂၀၁၅ လောက်အထိ တပ်မတော်က အခုလို လူအင်အားမျိုးနဲ့ ဝင်ရောက်လာတာ မရှိဘူး ဆိုတော့ NCA စာချုပ် (နယ်မြေ မသတ်မှတ်ရသေး) အပေါ် နင်းပြီးတော့ လာတာလား။

ဖြေ။ ။ NCA စာချုပ်အပေါ် နင်းပြီးလာတာလား ဆိုတော့လည်း ကျနော်တို့က NCA မထိုးရသေးတော့ JMC (ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)နဲ့ ကိုင်လို့ကလည်း မရဘူးဖြစ်နေတယ်။ ဒါပေမယ့် အစိုးရက နယ်မြေ လုံခြုံရေး စိုးမိုးမှုတွေ လုပ်လာတာ ပြောကြတာပေါ့။ မပြောဘဲနဲ့ ဒါကိုလူတွေက သံသယဝင်တာ လူတိုင်းပေါ့ နော်။ ဒါပေမယ့် တမူထူးခြားတာက Ceasefire 95 အပစ်ရပ်ကစပြီး ဒီလူအင်အားနဲ့ ဝင်လာတာမရှိဘဲ ဒီရက်ပိုင်းမှ ဘာဖြစ်လို့ အလုံးအရင်းနဲ့ ဝင်လာတာလဲ ဆိုတာ မေးခွန်းမေးစရာတွေ ရှိလာတယ်။

ဒါကြောင့် ကျနော်တို့ထဲမှာ ခဏခဏ မေးခွန်းထုတ်နေတာ ရှိတယ်။ ကျနော်တို့ NCA ထိုးတာကို မလိုလားဘူး ဆိုတဲ့ သဘော သက်ရောက်နေလို့လား ဆိုတာမျိုး သံသယဝင်မိတယ်ပေါ့နော်။

မေး။ ။ NCA ထိုးမှာကိုမလိုလားလို့ ဆိုတာ သံသယဖြစ်လာတယ် ဆိုတော့ NCA ကို ၈ ဖွဲ့က လက်မှတ်ထိုးထားတော့ တောင်ပိုင်း တပ်ပေါင်းစု ပေါ်လာမှာကို စိုးရိမ်နေတဲ့ အတွက်ကြောင့်လား။

ဖြေ။ ။ NCA ထိုးစေချင်ရင် ယုံကြည်မှု ကင်းမဲ့တဲ့ ကိစ္စတွေ၊ သံသယဖြစ်စရာတွေ ကျနော်တို့ ရှောင်ရမယ်လေ။ အမြဲ တမ်း ပူးပူးတွဲတွဲနေမယ်။ အမြဲတမ်းဆွေးနွေးမယ်ဆိုတဲ့ သဘောပဲ ဖြစ်စေရမယ်ပေါ့နော်။ ဒီလိုပဲကျီစားသလို အနိုင် ကျင့်သလိုမျိုးဆိုရင် မကောင်းဘူး။ ကျနော်တို့ လူကြီးတွေက ဒီကိစ္စကိုနားလည်တယ်။

ဒါပေမယ့် အောက်ခြေမှာ ဒီကိစ္စကို နားမလည်နိုင်ဘူး၊ ကျနော်တို့ နားလည်သလိုပေါ့နော်။ ကျနော်တို့ သိသလို သူတို့ မသိတော့ မှားယွင်းပစ်ခတ်မှုတွေ ဖြစ်လာမှာကို တအား စိုးရိမ်တယ်။

မေး။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ တင်ပြထားတယ်ဆိုတာ ဘယ်အချိန်ကလဲ။

ဖြေ။ ။ ကျနော်တို့ PC (ငြိမ်းချမ်းရေး ကော်မရှင်)နဲ့ ဆွေးနွေးတဲ့နေ့က စာသွားပို့တယ်ပေါ့။ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး က တဆင့်ပေါ့။ ဦးခင်ဇော်ဦးပဲ သွားပို့လိုက်တယ်။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသေးလဲ။

ဖြေ။ ။ ကျနော် ပြောချင်တာက ခန်းမအတွင်းပဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုက ခန်းမအတွင်း အဆင်ပြေမှုနဲ့ပဲ မလုံ လောက်ဘူး။ ခန်းမပြင်ပမြေပြင် အနေအထားမှာလည်းပဲယုံကြည်မှု အပြည့်ရှိဖို့ လိုအပ်ပါတယ်။ လုံခြုံမှု အတွက် အမြဲတမ်း လိုအပ်တဲ့ လူဆိုတော့ ဒီကိစ္စ စိုးရိမ်တာပေါ့။ ယုံကြည်မှု အပြည့်ရှိဖို့ကတော့ အစိုးရ၊ တပ်မတော်ကပဲ ဦးဆောင်ဖို့ လိုအပ်ပါတယ်။ ။

Your Thoughts …
Tags: မွန်ပြည်သစ် ပါတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မွန်ပြည်သစ် ပါတီကို စတင် တည်ထောင်ခဲ့သူ နိုင်ရွှေကျင် / မင်းစောနွယ်

အတိတ်၏ အရိပ်၊ တော်လှန်ရေး ပါတီတရပ် နှင့် နိုင်ရွှေကျင်

by ဟင်္သာနီ (မွန်မြေ)
5 September 2017
9.7k

“မနက် မိုးလင်း လာရင် မျက်နှာသစ်စရာ ခေါင်းကျန်သေးလားလို့ အရင်စမ်းကြည့် ရတယ်၊ ရှိသေးတယ် ဆိုရင် ခေါင်း မပြတ် သေးဘူး။ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတာ သေချာပြီ”ဟု နိုင်ရွှေကျင်က ပြောဖူး ကြောင်း

ယခုနှစ် မွန်အမျိုးသားနေ့တွင်တွေ့ရသည့် MNLA တပ်ဖွဲ့ဝင်တဦး / Mon News Agency  / Facebook

ဘေးကျပ် နံကျပ် နိုင်ငံရေး နှင့် မွန်ပြည်သစ်ပါတီ၏ အနာဂတ်

by ဟင်္သာနီ (မွန်မြေ)
26 April 2017
14.8k

နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို NCA လမ်းကြောင်းဖြင့် သွားမည်ဆိုသည့် မွန်ပြည်သစ် ပါတီ၏ မူလ ရပ်တည်ချက်မှာ ယခင်အတိုင်း ရှိနေဆဲလား

Next Post
NLD ဝန်ကြီးများ လာဘ်စားမှု မတွေ့ရသေးဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုလိုက်သည်။

NLD ဝန်ကြီးများလာဘ်စားမှုမတွေ့ရသေးဟု ကော်မရှင်ဆို

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ကျန်းမာရေးအတွက် ပျင်းတတ်သူများ သတိထား

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate