• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD ဝန်ကြီးများလာဘ်စားမှုမတွေ့ရသေးဟု ကော်မရှင်ဆို

by စမ်းယမင်းအောင်
19 August 2017
in သတင်း
A A
NLD ဝန်ကြီးများ လာဘ်စားမှု မတွေ့ရသေးဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုလိုက်သည်။

NLD ဝန်ကြီးများ လာဘ်စားမှု မတွေ့ရသေးဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုလိုက်သည်။

16.2k
VIEWS
Share on FacebookShare on Twitter

အစိုးရသစ်သက်တမ်း တနှစ်ခွဲကာလအတွင်း ဝန်ကြီးများ လာဘ်စားသည်ကိုမတွေ့ရသေးကြောင်း မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တဦးကပြောသည်။

ကော်မရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဝန်ကြီးများ၏ အဂတိလိုက်စားမှုကို မတွေ့ရသလို တိုင်ကြားစာလည်းမရရှိခဲ့ဟု ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရဖွဲ့စည်းခဲ့သည့် ထိုကော်မရှင် အဖွဲ့ဝင် ဦးသင်းမောင်ကပြောသည်။

ဦးသင်းမောင်က “ဒီအတိုင်းလေးပဲဆက်ရှိနေဖို့မျှော်လင့်ပါတယ်” ဟု ဆက်ပြောသည်။

ယင်းအခြေအနေသည် အဂတိလိုက်စားမှုစွပ်စွဲချက်များ ခံခဲ့ရသော ယခင်အစိုးရခေတ် ထက်တိုးတက်မှု ဟုဆိုရမည်ဖြစ်သည်။

အစိုးရ၏ ပထမ ၉ လသက်တမ်းအတွင်း သူအကျေနပ်ဆုံးကိစ္စမှာ ခန့်ထားသောဝန်ကြီးများ အဂတိလိုက်စားမှု ကင်းရှင်းခြင်းပင်ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယမန်နှစ်ဒီဇင်ဘာလတွင် စင်္ကာပူသို့သွားရောက်လည်ပတ်စဉ်အတွင်း Channel News Asia နှင့်တွေ့ဆုံမေးမြန်းစဉ်ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုကိုမကြာခဏ ဆန့်ကျင်ပြောဆိုလေ့ရှိပြီး အဂတိလိုက်စားသော အစိုးရအရာရှိများကို တိုင်ကြားရန်ပြည်သူများကို မကြာခဏတိုက်တွန်းလေ့ရှိသည်။ ထိုသို့တိုင်ကြားသူများကိုလည်း လျို့ဝှက်ထားရန်ကတိပေးခဲ့သည်။

အစိုးရအဖွဲ့မဖွဲ့မီကပင် အဂတိလိုက်စားခြင်းကိုရှောင်ရှားရန် လွှတ်တော်အမတ်များ၊ ဝန်ကြီးအမည်စာရင်း တင်သွင်းခံရသူများ ကိုပြောခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
72
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
86

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရက စတက်ကတည်းက ငြိမ်းချမ်းရေးနဲ့ အဂတိတရားကင်းတဲ့အစိုးရဖြစ်ရေးဆိုတဲ့ဦးစားပေး ၂ ခုနဲ့စတက်လာခဲ့တာ” ဟု အထက်ပါကော်မရှင် အဖွဲ့ဝင်ကပြောသည်။
အစိုးရသည် ၂၀၁၆ ခုနှစ်တွင် အာဏာရပြီး မကြာမီ အများပြည်သူဆိုင်ရာ စီမံကိန်းများအတွက် ပစ္စည်းဝယ်ယူမှုနှင့် တင်ဒါခေါ်ယူမှုများတွင် အတိအကျ လိုက်နာရမည့် လမ်းညွှန်ချက်များကို ဝန်ကြီးဌာနအားလုံးသို့ ထုတ်ပြန်ကြေညာခဲ့သည်ဟုသူပြောသည်။

ယခင်က ထိုသို့သော တိကျသည့် ညွှန်ကြားချက်များမရှိကြောင်းပြောပြီး ထိုလုပ်ရပ်သည် အစိုးရသစ်၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကနဦးခြေလှမ်းများထဲမှတခု ဖြစ်သည်။

အရပ်သားဝန်ထမ်းများသည် တန်ဖိုးကျပ်ငွေ ၂၅၀၀၀ ထက်ပိုမိုသော လက်ဆောင်များကိုလက်မခံရန် ၂၀၁၆ ခုနှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည် အမိန့်ထုတ်ခဲ့သည်။ ထိုပမာဏသည် ယခင်အစိုးရသတ်မှတ်သော ပမာဏထက် ဆယ်ဆ ပိုမိုနည်းသည်။

ယခင်သမ္မတဦးသိန်းစိန်အစိုးရသည် အရပ်ဘက်ဝန်ထမ်းများကို ဒေါ်လာ ၂၅၀ ထက်မပိုသော လက်ဆောင်လက်ခံရန် ခွင့်ပြုသည်။ ထိုအစိုးရသည်လည်း သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရေးကို ရှေ့တန်းတင်သောအစိုးရဖြစ်သည်။

ဦးသိန်းစိန်အစိုးရ အာဏာရပြီး ၂ နှစ်ကြာသောအခါ ထိုအချိန်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဦးသိန်းထွန်းသည် အဂတိလိုက်စားမှုနှင့် ပတ်သက်သောကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက လွှတ်တော်တွင် ပျောက်ဆုံးနေသော ဒေသရန်ပုံငွေများအတွက် မေးခွန်းထုတ်ပြီးနောက် သမ္မတဦးသိန်းစိန်လက်ထက် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ သည် အလွဲသုံးစားမှုဖြင့်စစ်ဆေးခံရသည်။

အစိုးရ၏ နောက်ပြန်အရေးမယူရေးမူဝါဒအရ အလွဲသုံးစားပြုလုပ်သူများကိုဥပဒေအရ အရေးမယူ နိုင်သည့်တိုင် ပြည်သူ့ဘဏ္ဍာများပြန်ရရန် အခြားပြည်နယ်နှင့်တိုင်းများ တွင် အလားတူ ကိစ္စရပ်များ ကို စုံစမ်းစစ်ဆေးရန် ဦးထွန်းထွန်းက တိုက်တွန်းခဲ့သည်။

အဂတိလိုက်စားမှုများ ဆက်လက်တည်ရှိနေသည့်တိုင် မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ပွင့်လင်းမြင်သာမှုအညွှန်းကိန်းအရ အနည်းငယ်မြင့်တက်လာသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့်အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့်လေ့လာနေသည့် Transparency International အဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည်၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံတွင် အဆင့် ၁၄၇ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် အဆင့် ၁၃၇ ဖြစ်လာသည်။

၂၀၁၄ ခုနှစ်ကမူ အဆင့် ၁၅၆ ရခဲ့ပြီး ၂၀၁၃ ခုနှစ်ကထက် တဆင့်တက်လာခဲ့ခြင်းဖြစ်သည်။

အညွှန်းကိန်းအရတိုးတက်လာသော်လည်း အဂတိလိုက်စားမှုပပျောက်ရေးမှာမဖြစ်နိုင်ကြောင်း ဦးသင်းမောင် ကပြောသည်။

“အဂတိလိုက်စားမှုက ပမာဏအနည်း၊ အများပဲ ကွာသွားမှာပါ။ ပျောက်အောင်လုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လျော့သွားအောင် လုပ်လို့ရတယ်” ဟုသူပြောသည်။

ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် “NLD Ministers Corruption-Free, Says Commission” ကို ဆီလျော်အောင် ဘာသာပြန်သည်။

Your Thoughts …
Tags: NLDအဂတိလိုက်စားမှု
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ကျန်းမာရေးအတွက် ပျင်းတတ်သူများ သတိထား

မောင်တော အကြမ်းဖက်ခံရမှု နောက်ပိုင်း ရွေ့ပြောင်းထားသည့် တပ်မတော် ရဟတ်ယာဉ် အချို့  / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရေးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved