• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရေးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

by ထက်နိုင်ဇော်
19 August 2017
in သတင်း
A A
မောင်တော အကြမ်းဖက်ခံရမှု နောက်ပိုင်း ရွေ့ပြောင်းထားသည့် တပ်မတော် ရဟတ်ယာဉ် အချို့  / ထက်နိုင်ဇော် / ဧရာဝတီ

မောင်တော အကြမ်းဖက်ခံရမှု နောက်ပိုင်း ရွေ့ပြောင်းထားသည့် တပ်မတော် ရဟတ်ယာဉ် အချို့ / ထက်နိုင်ဇော် / ဧရာဝတီ

19.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ရန် အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဟု သိရသည်။

ယင်းဒေသများတွင် ဖြစ်ပေါ်နေသည့် ဘင်္ဂလီလူမျိုး အစွန်းရောက် အဖွဲ့များ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အသက် အိုးအိမ်လုံခြုံရေးတို့ကို များစွာ ထိပါးနှောက်ယှက်လာ၍ ဒေသတွင်း ပိုမိုကောင်းမွန်သည် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီ အမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုတခုကို မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ယင်းအဆိုကို တင်သွင်းခဲ့သူ ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒေသတွင်းရှိ အစွန်းရောက် မွတ်စလင် အဖွဲ့အစည်းများ နိုင်ငံတကာရှိ အကြမ်းဖက်ကွန်ရက်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး တိုင်းပြည် အတွက် အန္တရာယ်ဆိုး ကျရောက်လာနိုင်ကြောင်း လွှတ်တော်တွင် ပြောသည်။

ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်သည့် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်း၊ တံငါ လုပ်ငန်းများကို မလုပ်နိုင်တော့ဘဲ ရွာထဲမှ ရွာပြင် မထွက်ရဲအောင် စိုးရိမ်နေရကြောင်းလည်း ၎င်းက ပြောသည်။

၎င်းကဆက်၍ “အိမ်ခြေရာထောင်ချီနေတဲ့ ဘင်္ဂလီကျေးရွာတွေရဲ့ကြားမှာ ဆယ်ဂဏန်းသာရှိတဲ့ တိုင်းရင်းသား ကျေးရွာတွေရဲ့ အခြေ အနေဟာ ကျားသနားမှ နွားချမ်းသာရမယ့်ကိန်း ရောက်နေပါတယ်။ အဲဒါကြောင့် ဒီဒေသအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်း နိုင်ရေးမှာ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မြန်ဆန်ဆန် လုပ်ရမယ့် အခြေအနေမှာ ရှိပါတယ်”ဟု ပြောသည်။

ရခိုင်မြောက်ပိုင်းရှိ ဒေသများတွင် တိုင်းရင်းသား ကျေးရွာများကို အခိုင်အမာ တည်ဆောက်ပေး၍ ဒေသခံ တိုင်းရင်းသားများကို စိတ်လုံခြုံမှု ပေးနိုင်မည့် လုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးရန်၊ ပျက်စီးနေသည့် ဘင်္ဂလီကျေးရွာများ၏ အုပ်ချုပ်ရေး ယန္တရားကို အခိုင်အမာ ပြန်လည် တည်ဆောက်ရန် လိုကြောင်း အထက်ပါအဆိုကို ထောက်ခံဆွေးနွေးသူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်း က ပြောသည်။

“ဒါကို မလုပ်နိုင်ဘူးဆိုရင် အကြမ်းဖက်သမားတွေကိုု ကြောက်ရွံ့တဲ့အတွက် ကျေးရွာလူကြီး လုပ်မယ့်သူ မရှိတော့ပါဘူး။ ရှိရင်လည်း အကြမ်း ဖက်သမားတွေရဲ့ သြဇာခံ မဟုတ်ရင် အသက်ရှင်ခွင့် မရှိပါဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ကျေးရွာတွေကို မဖြစ်မနေ ဝင်ရောက်ရရင်လည်း အင်အားနဲ့ အလုံးအရင်း ဝင်ရောက်ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ရေရှည် လက်ခံမထားသင့်ပါဘူး။ ကျေးရွာများရဲ့ အုပ်ချုပ်ရေးကို အမြစ်လှန်၊ အသစ်ပြန်ပြီး တည်ဆောက်ပေးဖို့ လိုအပ်နေပြီ”ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

ယခု တင်သွင်းထားသည့် ဒေါ်ခင်စောဝေ၏ အဆိုကို ဆွေးနွေးလိုသော လွှတ်တေ်ာ ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၇ ခုနှစ်၊ သြ ဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းရမည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုထားသည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ် စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဦးခင်မောင်လတ်၏ အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည်။

Your Thoughts …
Tags: ရခိုင်မြောက်ပိုင်းလုံခြုံရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

by ဧရာဝတီ
27 July 2023
11.6k

NMSP တပ်ဖွဲ့ဝင်များသည် မြေပြင်တွင် စစ်ရေးလှုပ်ရှားနေသော်လည်း KNU နှင့် တော်လှန်ရေးတပ်များ၏ လုပ်ရပ်များအပေါ် ဆန့်ကျင်မှု တစုံတရာ မရှိသေးကြောင်း

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
28 November 2023
8.2k

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် ဟန်ရေးပြခြင်း၊ စစ်ယာဉ် တန်းများ နံနက်နှင့် ညပိုင်းတို့၌ တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများအတွင်း အင်အား ဖြည့်တင်းကာ တပ်စွဲမှုများရှိ

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

by ဧရာဝတီ
27 November 2023
6.6k

“တုနှိုင်းမမီသည့်စံ” ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာဝိုင်းက ရိုက်ကူးပေးခဲ့ပြီး ဗိုလ်မှူးကြီးမြင့်အောင်က နာမည်ခံပေးခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

Kpay ပြဿနာ ကမ္ဘောဇဘဏ် ဖြေရှင်းပေးနိုင်မလား

Kpay ပြဿနာ ကမ္ဘောဇဘဏ် ဖြေရှင်းပေးနိုင်မလား

by ဧရာဝတီ
7 January 2025
4.4k

ပုဂ္ဂလိကဘဏ်တခုဖြစ်သော KBZ ဘဏ်၏ KBZ pay မှ ငွေခိုးခံရမှုဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး နောက် ဘဏ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိမည်လားဟုဆိုကာ သုံးစွဲသူများကြား မေးခွန်း ထုတ်လာခဲ့ကြသည်။

ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

by ဧရာဝတီ
28 December 2024
4.4k

ဒုခေါင်းဆောင် လာရောက်သည့်အတွက် ပုသိမ်လေဆိပ်၊ တိုင်းအစိုးရအဖွဲ့ရုံး၊ မြို့အတွင်းအပြင် နေရာများ၌ ပုံမှန်နေ့များထက် လုံခြုံရေး တိုးမြှင့် ချထားသလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း

Next Post
ကမ္ဘောဇဘဏ်နှင့် VMware ကုမ္ပဏီတာဝန်ရှိသူများ MOU ရေးထိုးစဉ် / KBZ bank

ကမ္ဘောဇဘဏ်နှင့် နည်းပညာကုမ္ပဏီ VMware ပူးပေါင်းပြီး ဘဏ်ဒစ်ဂျစ်တယ် ဝန်ဆောင်မှုစတင်မည်

ချောင်းဆုံမြို့နယ် NLD ပါတီရုံး / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

ချောင်းဆုံ NLD အလုပ်အမှုဆောင်ကော်မတီဖျက်သိမ်းခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved