• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

by ဧရာဝတီ
28 December 2024
in သတင်းတို
A A
ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

ဒီဇင်ဘာလ ၂၇ ရက် ဧရာဝတီတိုင်း ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းသားများနှင့် ဒုခေါင်းဆောင် တွေ့ဆုံစဉ်/

4.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ် ဂွမြို့နယ် ဂွ-ငသိုင်းချောင်းလမ်းပေါ်တွင် အာရက္ခတပ်တော် (AA)နှင့်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေချိန် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်  ဒီဇင်ဘာလ ၂၇ ရက်၌ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) အခြေစိုက် ဧရာဝတီတိုင်းသို့ ရောက်လာပြီး ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ဧရာဝတီတိုင်းနှင့် နယ်နမိတ်ထိစပ်နေသော ရခိုင်ပြည်နယ် ဂွမြို့အား AAက ထိုးစစ်ဆင်တိုက်နေပြီး ဂွမြို့မကျစေရန် စစ်ကောင်စီမှ အပြင်းအထန် ခုခံနေရသလို ဧရာဝတီတိုင်းထဲသို့ AA နှင့် PDF များ စိမ့်ဝင်မှု မရှိစေရန် ငါးသိုင်းချောင်းမြို့နယ်အထိ အင်အားတိုးချဲ့၍ ခံစစ်ပြင်ဆင်ခြင်းများ ပြုလုပ်နေချိန် ဒုတပ်ချုပ်ရောက်လာသည့်အတွက် ပုသိမ်မြို့အား လုံခြုံရေးအထူးတိုးမြှင့်ပြီး စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိသော ဧရာ၀တီတိုင်းမှ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်းမြို့နယ်နှင့် ကွင်းကောက်မြို့များအား ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ထားကာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး စစ်ရှောင်များကို တင်းကျပ်စွာ စိစစ်ရန်၊ ဂိတ်အဝင် အထွက်များကို တင်းကျပ်စွာ စစ်ဆေးရန်၊ ရခိုင်ဘက်သို့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ မရောက်ရှိစေရေး တင်းကျပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၇ ရက် ဧရာဝတီတိုင်း ပုသိမ်ဆေးရုံ၌ ဆေးကုသနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒုခေါင်းဆောင် တွေ့ဆုံစဉ်/ CINCDS

“စစ်ရှောင်တွေနဲ့အတူ AA တပ်ဖွဲ့ဝင်တွေ ရောနှောပါလာလာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လုံခြုံရေးကို လိုအပ်တာထက် ပိုပြီး တင်းကျပ်နေတာမျိုးပေါ့၊ အဓိကတော့ ဧရာ၀တီတိုင်းဝင်ပေါက်ဖြစ်တဲ့ ငါးသိုင်းချောင်း ရေနံသာစစ်ဆေးရေးဂိတ် အပါအ၀င် ကမ်းခြေဒေသက စစ်ဆေးရေးဂိတ်တွေအားလုံးကနေ စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ်လုပ်လာကြတာပါ” ဟု ပုသိမ်မြို့ခံတဦးက ပြောသည်။

အလားတူ ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့ပေါ်နှင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း တာဝန်ထမ်းဆောင်နေဆဲ Non CDM များအနေဖြင့် မလိုအပ်ဘဲ ယူနီဖောင်းဝတ်သွားလာခြင်း မပြုလုပ်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညွှန်ကြားထားကြောင်း သိရသည်။

ဒုခေါင်းဆောင် လာရောက်သည့်အတွက် ပုသိမ်လေဆိပ်၊ တိုင်းအစိုးရအဖွဲ့ရုံး၊ မြို့အတွင်းအပြင် နေရာများ၌ ပုံမှန်နေ့များထက် လုံခြုံရေး တိုးမြှင့် ချထားသလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်းလည်း သိရသည်။

ထိုးစစ်ဆင်နေသော ဂွရှိ စစ်ကောင်စီတပ်ရင်းများ/ AA Info Desk

ပုသိမ်မြို့ဒေသခံတဦးက “လုံခြုံရေးကတော့ အတော်လေးနဲ့မှ တင်းကျပ်ထားတာ။ သူရောက်နေလို့လား မသိဘူး” ဟုပြောသည်။

ဒုတပ်ချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တဦးချင်းလိုက်လံကြည့်ရှု၍ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများအား မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)သည် အာရက္ခတပ်တော် (AA) လက်အောက်သို့ ဒီဇင်ဘာ၂၀ရက်တွင် အလုံးစုံ ကျရောက်ခဲ့ပြီး လက်ရှိ ဂွမြို့အား အပြင်းအထန် စစ်ဆင်နေကြောင်း AA က ထုတ်ပြန်ထားသည်။

You may also like these stories:

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
535
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.9k
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
128

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ

Your Thoughts …
Tags: AAစစ်မှုထမ်းဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနပခပုသိမ်လုံခြုံရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းသည် လူမဆန်မှုဟု NUG ပြော

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းသည် လူမဆန်မှုဟု NUG ပြော

ထိုင်းနိုင်ငံရေးတွင် အလဟဿဖြစ်သော ဆယ်စုနှစ် ၂ ခု

ထိုင်းနိုင်ငံရေးတွင် အလဟဿဖြစ်သော ဆယ်စုနှစ် ၂ ခု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved