• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

by ဧရာဝတီ
27 July 2023
in သတင်း
A A
မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

မွန်ပြည်နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းတလျှောက် ကျေးရွာများသို့ ဝင်ရောက်လာသော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ/မွန်ပြည်

11.6k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် မုဒုံမြို့နယ်ထဲက မွန်ကျေးရွာများ၌ မွန်ပြည်သစ်ပါတီ (NMSP) ၏ တပ်ဖွဲ့ဝင်များ ဇူလိုင်လ ဒုတိယ ပတ်မှစတင်ကာ စစ်ကြောင်းချီ ဝင်ရောက်လာကြောင်း မွန်ပြည်နယ်အခြေစိုက် သတင်းစာမျက်နှာများက ရေးသားကြသည်။

ဒေသခံမွန်ပြည်သူများ၏ တောင်းဆိုမှုအရ မုဒုံ-သံဖြူဇရပ်ကားလမ်းတလျှောက် ကျေးရွာများ၌ မွန်ပြည်သစ် ပါတီတပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားနေခြင်းဖြစ်ကြောင်း မွန်ရိုးရာ၊ ယဉ်ကျေးမှုများအကြောင်း ရေးသား ဖော်ပြနေသည့် “မွန်ပြည်” Facebook စာမျက်နှာက ဇူလိုင်လ ၁၅ ရက်တွင် ရေးသားထားသည်။

နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး) စစ်အစိုးရနှင့် NMSP တို့ ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်ကားလမ်း အနောက်ဖက်ခြမ်းမှ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရပြီး ၂၈ နှစ်အကြာ၌ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း “မွန်ပြည်” Facebook စာမျက်နှာက ဆိုသည်။

မုဒုံမြို့နယ်တွင် NMSP တပ်ဖွဲ့ဝင်များ ဝင်ရောက်နေသည့် အကြောင်းအရာနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် NMSP ပြောရေးဆိုခွင့်ရှိသူများထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ဖြေဆိုခြင်း မရှိသဖြင့် ၎င်းတို့၏ သဘောထားရှင်းလင်းချက်အား ဖော်ပြနိုင်ခြင်းမရှိသေးပေ။

မွန်ပြည်နယ်အရေး စောင့်ကြည့်နေကြသည့် အသိုင်းအဝိုင်းအဝိုင်းတွင်မူ NMSP သည် မွန်ပြည်သူလူထုကို တရွာဝင်တရွာထွက် လိုက်လံ စည်းရုံးရေးဆင်းနေခြင်း ဖြစ်ကြောင်း ပြောဆိုနေကြသည်။

NMSP တပ်ဖွဲ့ဝင်များသည် မွန်ပြည်သူလူထုအား လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပါအဝင် နွေဦးတော်လှန်ရေး၌ ၎င်းတို့မည်သည့် အကြောင်းကြောင့် မပါဝင်ရသေးသည်ကို ရှင်းပြနေခြင်းဖြစ်ကြောင်း မွန်သတင်းထောက်အချို့က မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်ကို ကိုးကား၍ ဆိုသည်။

NMSP ဥက္ကဌ နိုင်ဟံသာကမူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲ၌ မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များအားလုံးပါဝင်လာပါက ၎င်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း ဇွန်လအတွင်း လွတ်လပ်သည့် မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံသည့် အင်တာဗျူးတွင် ပြောထားသည်။

မွန်ပြည်နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းတလျှောက် ကျေးရွာများသို့ ဝင်ရောက်လာသော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ/မွန်ပြည်

စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသူများ၏ တယ်လီဂရမ်ချန်နယ်၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၈ ကို ဖွဲ့စည်းလိုက်ပြီး မွန်ပြည်နယ်အတွင်း ဖြန့်ကျက်ဝင်ရောက်လာခြင်းကြောင့် NMSP ဘက်က မွန်လူထုကို ကာကွယ်ရန် စစ်ကြောင်းထွက်လာခြင်း ဖြစ်ကြောင်း ရေးသားကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှစတင်ကာ လက်ရှိအချိန်အထိ မော်လမြိုင် – ရေး- ထားဝယ် ကားလမ်းတလျှောက် KNLA နှင့်ပူးပေါင်း၍ စစ်ဆေးရေးလုပ်နေသည့် အထူးစစ်ဆင်ရေးတပ် (S.O.F) ဘက်ကလည်း စစ်ကောင်စီ ထောက်ခံ သူများ၏ ပြောဆိုချက်သည် NMSP နှင့် KNU အပါအဝင် တော်လှန်ရေးတပ်များကို ရန်တိုက်ပေးနေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

S.O.F တာဝန်ခံ ဗိုလ်အောင်စံရှားက “KNLA အနေနဲ့ကလည်း တပ်မဟာ ၈ ဖွဲ့စည်းတည်ထောင်လိုက်ပြီဆိုတာမျိုး တရားဝင် ထုတ်ပြောလာတာမျိုး မတွေ့ရဘူး။ မြေပြင်က KNLA တပ်ဗိုလ်၊ တပ်မှူးတွေကြားထဲမှာလည်း တပ်မဟာ ၈ ဖွဲ့လိုက်ပြီလို့ ပြောတာမျိုး မတွေ့ရဘူး။ ဒါကြောင့် စစ်ကောင်စီ လော်ဘီတွေ ပြောနေတာက တကယ်ကို ရန်တိုက်ပေးတဲ့ ပုံစံပဲ ဖြစ်တယ်” ဟုဆိုသည်။

၎င်းက NMSP တပ်ဖွဲ့ဝင်များသည် မြေပြင်တွင် စစ်ရေးလှုပ်ရှားနေသော်လည်း KNU နှင့် တော်လှန်ရေးတပ်များ၏ လုပ်ရပ်များအပေါ် ဆန့်ကျင်မှု တစုံတရာ မရှိသေးကြောင်း ဆိုသည်။

ဗိုလ်အောင်စံရှားက “မွန်ပြည်သစ်ပါတီလှုပ်ရှားတာက ထူးခြားတဲ့ လှုပ်ရှားမှုတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာတွေမှာ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းဖွင့်တာ။ လုံခြုံရေးယူတာတွေ ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ရှိရှိ မြေပြင်မှာ ရှိတဲ့ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားလာလှုပ်ရှား စစ်ရေး ဆောင်ရွက်တဲ့အပေါ်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ နှောင့်ယှက်ဟန့်တားတာမျိုး ဆန့်ကျင်ဘက် တုံ့ပြန်တာမျိုး မြေပြင်မှာ မတွေ့ရဘူး။ အထူးသဖြင့် ရေးဘီလူးလိုအဖွဲ့တွေဆိုရင် မွန်ပြည်သစ်ပါတီနဲ့ အနီးစပ်ဆုံးရှိတဲ့အဖွဲ့တွေပေါ့။ သူတို့ဆီမှာလည်း မွန်ပြည်သစ်ပါတီက နှောင့်ယှက်တာ၊ ဟန့်တားတာ ၊ တဖက်ကို ယိမ်းလိုက်တာမျိုးတွေ မကြားရပါဘူး။ ကျနော်တို့အပေါ် နှောင့်ယှက်ဟန့်တားတာမျိုးလည်း မကြုံရသေးပါဘူး” ဟု ဆိုသည်။

မွန်အရပ်ဘက်အဖွဲ့များနှင့် နီးစပ်သည့် နိုင်ငံရေးလေ့လာသူတဦးကလည်း ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ရေးမြို့နယ် မြောက်ပိုင်းရှိ နှစ်ကရင်ရွာ ရဲစခန်းကို KNLA နှင့် PDF များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ မွန်ပြည်သူအချို့ သေဆုံးခဲ့ရကြောင်းဆိုသည်။

ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် မွန်ပြည်သူလူထုက NMSP ကို လုံခြုံရေးယူပေးရန် တောင်းဆိုလာသဖြင့် NMSP ၏ စစ်ကြောင်း လှုပ်ရှားမှု ပေါ်လာခြင်းဖြစ်ကြောင်း မွန်အရပ်ဘက်အဖွဲ့များနှင့် နီးစပ်သည့် နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းတလျှောက် ကျေးရွာများသို့ ဝင်ရောက်လာသော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ/မွန်ပြည်

၎င်းက “ဟိုတလောက နှစ်ကရင်မှာ တိုက်ပွဲဖြစ်တော့ ထုံးစံအတိုင်းပဲ စကစတပ်က ရမ်းပစ်တာပဲ။ ပစ်တော့ လူထုထိတယ်။ အဲဒီလိုဖြစ်တဲ့အပေါ်မှာ အမြင်တွေ စောင်းတာမျိုးတွေရှိတယ်။ ရှင်းရှင်းပြောရင် PDF တွေဝင်လာလို့ တိုက်ပွဲဖြစ်တယ်လို့ မြင်ကြတာမျိုးတွေရှိတယ်။ တကယ့် လက်တွေ့မှာ ကျနော်သိရသလောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ရမ်းကားမှုရှိတယ်ပေါ့။ ဒါပေမယ့် အခုကြည့်ရသလောက် မွန်ရွာတွေမှာ မွန်တပ်တွေရှိနေရင် တိုက်ပွဲ မဖြစ်ဘူးဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ အခုလိုမျိုး လုပ်သလားလို့ထင်ပါတယ်” ဟုဆိုသည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဒေါက်တာပညာ့မွန်ကလည်း NMSP သည် စစ်ကောင်စီတပ်နှင့် နိုင်ငံရေး မဆွေးနွေးရန် ဆုံးဖြတ်ထားသော်လည်း လုံခြုံရေးအပါအဝင် ပညာရေး ၊ ကျန်းမာရေးကိစ္စများ ဆွေးနွေးရန် သဘောထားရှိသည်ဟု ကြားသိရကြောင်း ဧရာဝတီကို ပြောသည်။

NMSP ကိုယ်စားလှယ်အဖွဲ့သည့် မကြာသေးသည့် ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့တွင် နေပြည်တော်၌ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး မွန်ရွာများအတွင်း NMSP တပ်များဝင်ရောက်ခွင့်ရရေး သဘောတူညီချက် တစုံတရာ ရခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာပညာ့မွန်က ဆိုသည်။

၎င်းက “အရင်ကလည်း မွန်ပြည်သူတွေက မွန်ပြည်သစ်ပါတီကို လုံခြုံရေးပေးဖို့ တောင်းဆိုထားတယ်။ အဲဒါနဲ့ပတ်သက်ပြီး SAC က ခွင့်မပြုဘူး။ မွန်ပြည်သစ်ပါတီဟာ သူတို့ထိန်းချုပ်နယ်မြေကလွဲရင် သွားလာလို့မရဘူး။ အခုကျတော့ သူတို့ ဒီတခေါက် နေပြည်တော်ကို သွားပြီးတော့ SAC နဲ့ တွေ့ပြီး စစ်ရေး ၊ လုံခြုံရေး ပေးရေးဆိုတဲ့ အခွင့်အရေးတွေ တောင်းဆိုလာတယ်လို့ သုံးသပ်မိပါတယ်” ဟုဆိုသည်။

ဆက်လက်၍ ဒေါက်တာပညာ့မွန်က မွန်ပြည်သစ်ပါတီ၏ စစ်ကြောင်းလှုပ်ရှားမှုနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်သည့် တော်လှန်ရေးတပ် နှစ်ဖက် စလုံးက နိုင်ငံရေးအရ အသုံးချမှုများ ရှိလာနိုင်ပြီး လက်ရှိ NMSP ၏ နိုင်ငံရေးရပ်တည်ချက်အရ မည်သည့်ဘက်ကမှ မပါသည်က ပိုမိုသင့်လျော်ကြောင်း သုံးသပ်သည်။

၎င်းက “မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ နှစ်ဖက် စလုံးရဲ့ နိုင်ငံရေးအရ အသုံးချတာ မခံဖို့လိုတာပေါ့။ မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ မွန်ပြည်သူလူထုရဲ့ လုံခြုံရေးအတွက်ပဲ သွားဖို့လိုတာပေါ့။ စစ်တပ်အခြေမစိုက်တဲ့ မွန်ရွာတွေမှာ သူခိုး ၊ ဓားပြ ရာဇဝတ်မှု မဖြစ်အောင် ဝိုင်းဝန်းလုံခြုံရေး ပေးရမယ်။ စစ်တပ်က PDF ကို တိုက်တဲ့ ကိစ္စမျိုးမှာတော့ သူတို့ ရှောင်ရမယ်။ စစ်တပ် လက်ကိုင်တုတ် မဖြစ်ဖို့သတိထားရမယ်။ PDF တွေနဲ့ ပြဿနာ မဖြစ်အောင် ရှောင်ရမယ်။ နောက်ပြီး မွန်ရွာတွေမှာရှိတဲ့ စစ်တပ်ကို PDF က လာတိုက်ရင်လည်း မွန်ပြည်သစ်က ဝင်တားလို့ ရမယ်တော့ မထင်ဘူး” ဟု ဆိုသည်။

You may also like these stories:

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
124
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ

စစ်အာဏာသိမ်းပြီး လူထု ဒုက္ခပိုများလာဟု မွန်ပြည်သစ်ဆို

အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး

Your Thoughts …
Tags: မွန်ပြည်သစ်မွန်လူထုလုံခြုံရေးလှုပ်ရှားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
28 November 2023
8.2k

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် ဟန်ရေးပြခြင်း၊ စစ်ယာဉ် တန်းများ နံနက်နှင့် ညပိုင်းတို့၌ တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများအတွင်း အင်အား ဖြည့်တင်းကာ တပ်စွဲမှုများရှိ

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

by ဧရာဝတီ
27 November 2023
6.6k

“တုနှိုင်းမမီသည့်စံ” ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာဝိုင်းက ရိုက်ကူးပေးခဲ့ပြီး ဗိုလ်မှူးကြီးမြင့်အောင်က နာမည်ခံပေးခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

Kpay ပြဿနာ ကမ္ဘောဇဘဏ် ဖြေရှင်းပေးနိုင်မလား

Kpay ပြဿနာ ကမ္ဘောဇဘဏ် ဖြေရှင်းပေးနိုင်မလား

by ဧရာဝတီ
7 January 2025
4.4k

ပုဂ္ဂလိကဘဏ်တခုဖြစ်သော KBZ ဘဏ်၏ KBZ pay မှ ငွေခိုးခံရမှုဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး နောက် ဘဏ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိမည်လားဟုဆိုကာ သုံးစွဲသူများကြား မေးခွန်း ထုတ်လာခဲ့ကြသည်။

ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

by ဧရာဝတီ
28 December 2024
4.4k

ဒုခေါင်းဆောင် လာရောက်သည့်အတွက် ပုသိမ်လေဆိပ်၊ တိုင်းအစိုးရအဖွဲ့ရုံး၊ မြို့အတွင်းအပြင် နေရာများ၌ ပုံမှန်နေ့များထက် လုံခြုံရေး တိုးမြှင့် ချထားသလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

by ဧရာဝတီ
14 December 2024
4.3k

ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်း အင်အား၁ သောင်းကိုလည်း အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ထိုအထဲမှ စစ်သင်တန်းဆင်း ၇ ထောင်ကို ကျဉ်စက်နှင့် ရာဘာတုတ်ကဲ့သို့ လုံခြုံရေး လက်နက်များ ကိုင်ဆောင်ခိုင်းမည် ဖြစ်ပြီး ကျန် ၃ ထောင်အား...

Next Post
Federal Wings နှင့် နွေဦးသင်ခန်းစာများ

Federal Wings နှင့် နွေဦးသင်ခန်းစာများ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved