• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ကျန်းမာရေးအတွက် ပျင်းတတ်သူများ သတိထား

by ချစ်ဖေ (တောင်တွင်းမြေ)
19 August 2017
in Health
A A
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

16.8k
VIEWS
Share on FacebookShare on Twitter

သင့်ကိုယ်သင် ပြန်စဉ်းစားကြည့်ပါ။ တရက်တရက်ကို ဘယ်လောက်ထိအောင် ကိုယ်လက်လှုပ်ရှား လုပ်ဖြစ်သလဲဆိုတာ။ သင့်ရဲ့အဖြေထဲမှာ သင် ကျန်းကျန်းမာမာ နေထိုင်ရမယ့် အသက်ရှည်မှု နှစ်ပမာဏ ပါလာနိုင်ပါတယ်။

Health Psychologyရဲ့လေ့လာချက်အသစ်နဲ့ ဖော်ပြချက်မှာ အားကစားကောင်းကောင်းလည်း မလုပ်ဘူး၊ Gym လို အချိန် ပေးကစားမှုလည်း မရှိဘူး၊ ပျင်းနေမယ်၊ အထိုင်များမယ် ဒါဆိုရင်တော့ ကျန်းမာရေးအတွက် သိပ်မကောင်းနိုင်တော့ဘူးလို့ ဆိုလာပါတယ်။

စတန်းဖို့ တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရယူဖို့ ကျမ်းပြုစုနေတဲ့ လေ့လာသူ Ocavia H. Zahrt က သူနဲ့ တွဲဖက် ဒေါက်တာဘွဲ့ သင်တန်း တက်ရောက်နေသူတဦးဖြစ်တဲ့ Alia J. Crumနဲ့ တွဲဖက်ပြီး အမေရိကန်မှာရှိတဲ့ အရွယ်ရောက်လူဦးရေ ၆၁၁၄၁ ဦး ကို လေ့လာချက်လုပ်ပြီး အခုလို ထုတ်ပြန်ရေးသားမှု လုပ်ဆောင်တာ ဖြစ်ပါတယ်။

Zahrt အနေနဲ့ အခု လေ့လာချက်စာတမ်းအတွက် ၁၉၉၀ ခုနှစ်ကနေ ၂၀၀၆ခုနှစ် အတွင်းထိအောင် အချိန် ၁၀နှစ်ပေးပြီး လုပ် ဆောင်ထားတာ ဖြစ်ပြီး သူက လူတွေရဲ့အခြေခံကျန်းမာရေးဆိုင်ရာ ရလဒ်နဲ့ တဦးတယောက်ချင်းစီရဲ့နေထိုင်မှုပုံစံတွေကို လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

RelatedPosts

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင်  ၇ ဦး သေဆုံး

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင် ၇ ဦး သေဆုံး

14 November 2025
289
အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

25 October 2025
699
ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

9 August 2025
1.1k

စစ်တမ်းကောက်ယူမှုမှာ မေးခွန်းဖြေဆိုစေမှုတွေ ပါဝင်ခဲ့ပြီး အဆိုပါ မေးခွန်းတွေထဲမှာ အရင်က နေ့စဉ်အချိန်တွေကို ဘယ် လို ကုန်ဆုံးစေသလဲ၊ လေ့ကျင့်ခန်း ဘယ်လောက် လုပ်ဖြစ်သလဲ၊ စိတ်အခြေအနေ၊ ကျန်းမာရေး အခြေအနေတွေကို မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရလဒ်အနေနဲ့က အပျင်းထူပြီး လေ့ကျင့်ခန်းနည်းသူတွေ၊ အထိုင်အထ နည်းသူတွေမှာ ကျန်းမာရေး ရ လဒ် မကောင်းတာတွေ တွေ့လာရတာပဲ ဖြစ်ပါတယ်။

ကျနော်တို့ဆီမှာတော့ အလုပ်မလုပ်သူလောက်ကိုပဲ အပျင်းထူတယ်လို့ ဆိုချင်ကြပြီး လှဲနေ၊ အခန်းအောင်းနေသူတွေကိုတော့ သိပ်ပြီး အပြစ်မပြောကြပေမယ့် အခု စစ်တမ်းအရ အပျင်းထူသူဆိုတာကတော့ လုပ်ငန်းခွင်ထဲကသူတွေလည်း ပါနိုင်ပြီး အထိုင်အထ အရမ်းနည်းသူတွေ၊ အိပ်ရာထ ပျင်းသူတွေ၊ လေ့ကျင့်ခန်းနည်းသူတွေကို အပျင်းထူသူတွေအဖြစ် သတ်မှတ်ပြီး အဆိုပါ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းနဲ့အတူ ကျန်းမာရေး ချို့တဲ့ အားနည်းလာကြတာပဲ ဖြစ်ပါတယ်။

ဘဝအနေအထား၊ စားသောက်မှု၊ ခန္ဓာကိုယ်အနေအထား ဆင်တူတဲ့သူတွေထိအောင် အခုလို အပျင်းထူပြီး အထိုင်အထ နည်း ရင် စောစီးစွာ အသက်သေဆုံးနိုင်ခြေက ၇၁ ရာခိုင်နှုန်းလောက်ထိအောင် ပိုလာတာကို တွေ့ရတယ်လို့ Zahrt က ဆို ပါတယ်။

ဖျားနာခြင်းနဲ့ အခြားရောဂါတွေ ဝင်ရောက်ကူးစက်ခံရပြီ ဆိုရင်တော့ ဖြစ်နိုင်ခြေ (အသက်သေဆုံးနိုင်ခြေ)က ပိုများလာပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ဆောင်ပေးဖို့ လိုအပ်လာတယ်လို့ ဆိုထားပါတယ်။

ဒါအပြင် အဆိုပါ အထိုင်အထ နည်းသူတွေက စိတ်ကျန်းမာရေးပိုင်းမှာလည်း ပိုမို အားနည်း အားငယ်တတ်ကြပြီး တပါးသူ ကို မှီခိုလိုစိတ်၊ ကြောက်ရွံ့စိတ်တွေ များတာကြောင့် လူမှုဘဝမှာလည်း အကောင်းဆုံး ရပ်တည်ရှင်သန်နိုင်မှု နည်းပါးတယ် လို့ စစ်တမ်းအရ သိလာရပါတယ်။

အများဆုံး အပျင်းထူသူ (ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူ) တွေက အလုပ်မရှိတဲ့ အလုပ်လက်မဲ့တွေ ဖြစ်ပြီး လုပ်ငန်းခွင် ဝင် သူတွေကတော့ အလုပ် အသွားအပြန်နဲ့အတူ လမ်းလျှောက်ဖြစ်မှုတွေက လေ့ကျင့်ခန်းပုံစံ ဖြစ်စေပြီး ကျန်းမာရေး ကောင်း မွန်ပေမယ့် အလုပ်လက်မဲ့တွေအနေနဲ့ အထိုင်အထ နည်းလာပြီး အဝလွန်လာမယ်၊ စိတ်ဓာတ်ကျဆင်းလာပြီး လူရောစိတ်ပါ ကျန်းမာမှု နည်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Zahrt ကပဲ အိမ်မှာ အပျင်းမထူနဲ့၊ အလုပ်လုပ်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု ရှိစေချင် တာပါ၊ အလုပ်သွားရင်း လမ်းလျှောက်လို့လည်း ရတယ်၊ အားကစားလေ့ကျင့်ခန်း လုပ်လို့လည်း ရတယ်၊ ဒီလိုမှ မဟုတ် လည်း အိမ်မှာ အပင်စိုက်၊ သန့်ရှင်းရေး လုပ်ဆောင်ပြီး ကိုယ်လက်လှုပ်ရှားမှု ရှိနေစေရင် အဆင်ပြေပါတယ်လို့ ရှင်းပြပါ တယ်။

တွဲဖက် Crum ကလည်း လူတွေမှာ နောက်ပိုင်း ကျန်မာရေးချို့တဲ့ပြီး အသက်တိုတယ် ဆိုတာထက် လုပ်အားစွမ်းဆောင် ရည်ဆုံးရှုံးမှု၊ စိုးရွံ့လာမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းလာခြင်းတွေလည်း ခံစားရနိုင်ပြီး လူကို လန်းဆန်း အောင် လှုပ်လှုပ်ရှားရှားနေ၊ စိတ်ကိုလည်း ပျော်အောင်နေရင် အသက်လည်း ရှည်မယ်၊ အလုပ်လည်း အဆင်ပြေ ပျော်ရွှင် ရမှာပါလို့ ပြောပါတယ်။

Crum ကပဲ ဆက်ပြီး ကျနော်တို့ရဲ့ထိုင်ချိန်တွေကို လျှော့ချလိုက်မယ်၊ ဖြစ်နိုင်ရင် လမ်းလျှောက်မယ်၊ လေ့ကျင့်ခန်း လုပ်နိုင် ရင်လည်း လုပ်မယ်။

သေချာတာကတော့ ကျနော်တို့ ကျန်းမာရေးအတွက် အကျိုးရှိမယ်။ ကျန်းမာစေမှာပါလို့ အကြံပေးစကား ပြောပါတယ်။

www.rd.com

Your Thoughts …
Tags: Health
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အမျိုးသမီးတွေရဲ့လိင်ဆန္ဒပြီးမြောက်ဖို့ အကောင်းဆုံးပုံစံ

by ချစ်ဖေ (တောင်တွင်းမြေ)
27 August 2017
75.9k

လိင်ဆန္ဒကို ရှက်ဖွယ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် လိင်စိတ်၊ လိင်ဆန္ဒဆိုတာ သဘာဝတရား ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ကျန်းမာရေးဆောင်းပါးကို ကျန်းမာရေးအမြင်နဲ့ပဲ ဖတ်ရှုစေလိုပါတယ်။

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
10 July 2017
182.4k

လိင်ဆက်ဆံနှုန်းမှာလည်း အများဆုံးကတော့ တပတ်ကို ၂ကြိမ်လို့ ဆိုကြပြီး တချို့က ၃ကြိမ်နဲ့ အများဆုံး ၅ ကြိမ်ထိအောင်ပဲ နေလိုကြတယ်လို့ ဖြေတာ တွေ့ရပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

တရက်တာအတွင်း လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်

by ချစ်ဖေ (တောင်တွင်းမြေ)
20 August 2017
48.3k

အခု လေ့လာချက်ကို ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၁၀၀၀ကျော် အပေါ်မှာ လေ့လာမှု ပြုပြီး ထုတ်ပြန်ထား တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဖော် - ကျော်မိုးထိုက်/ဧရာဝတီ

အံကြိတ် သွားကြိတ်တတ်တာ ပျောက်ကင်းအောင်

by အေဘယ်လ်
20 November 2016
100.9k

မေးရိုးဆစ်ရောဂါ ဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ် ကောင်းကောင်း မဟနိုင်ခြင်းစတာတွေ ခံစားရနိုင်သလို သွားဖုံးရောင်ယမ်းခြင်း၊ သွားတွေ အလွယ်တကူ ယိုင်နဲ့စေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ပုံမှန် လိင်ဆက်ဆံခြင်းရဲ့အကျိုးကျေးဇူးများ

by ချစ်ဖေ (တောင်တွင်းမြေ)
10 September 2017
63.6k

သဘာဝတရားတခုဖြစ်တဲ့ လိင်ဆက်ဆံမှုကို ပုံမှန် ဆောင်ရွက်နေ ထိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ဘဝကို စည်း ချက်ညီ လှုပ်ရှားခြင်း ပုံစံတခုပါ။ အဲဒီလို ပုံမှန် လိင်ဆက်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လာပါသလဲ။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အချိန်တိုင်းလိုလို အပေါ့သွားချင်နေတယ်ဆိုရင်

by ချစ်ဖေ (တောင်တွင်းမြေ)
18 September 2017
72.8k

ဆီးကျိတ်ပိုင်းမှာ အားနည်းချက်တခုခု ရှိရင်လည်း ဆီး မကြာခဏ သွားချင်တတ်ပါတယ်။ ဆီးကျိတ်ပိုင်းမှာ ပြဿနာ ရှိနေရင် ဆီးကျိတ်က ဆီးပြွန်ကို သွားဖိမိနေတယ်၊ ဒီတော့ ဆီးကောင်းကောင်း မသွားနိုင်တော့ဘူး။

Next Post
မောင်တော အကြမ်းဖက်ခံရမှု နောက်ပိုင်း ရွေ့ပြောင်းထားသည့် တပ်မတော် ရဟတ်ယာဉ် အချို့  / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရေးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

ကမ္ဘောဇဘဏ်နှင့် VMware ကုမ္ပဏီတာဝန်ရှိသူများ MOU ရေးထိုးစဉ် / KBZ bank

ကမ္ဘောဇဘဏ်နှင့် နည်းပညာကုမ္ပဏီ VMware ပူးပေါင်းပြီး ဘဏ်ဒစ်ဂျစ်တယ် ဝန်ဆောင်မှုစတင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved