• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

by Matthew Ward Agius
25 October 2025
in ဆောင်းပါး
A A
အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုရ အရှေ့တောင်အာရှသည် ကမ္ဘာ့ ဆေးလိပ်သောက်သူများ၏ ၄ ပုံ ၁ ပုံခန့် ရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ထက်ဝက်လျော့ကျသွားသည်ဟု ဆိုသည် / DW

699
VIEWS
Share on FacebookShare on Twitter

တခါက အရှေ့တောင်အာရှသည် ဆေးရွက်ကြီး အသုံးပြုမှု အမြင့်မားဆုံးဖြစ်ခဲ့ပြီး အမျိုးသားများ၏ ၄ ပုံ ၃ ပုံသည် ဆေးရွက်ကြီးကြောင့် ကျန်းမာရေးထိခိုက်သည်။ သို့သော် ထိုဒေသသည် ဆေးလိပ်သုံးစွဲမှု ၄ ပုံ ၁ ပုံကျော် လျော့ချပြီး ဥရောပသည် ကမ္ဘာတွင် ဆေးလိပ်အသောက်ဆုံးဒေသ ဖြစ်လာသည်။

ဆေးရွက်ကြီး သုံးစွဲမှု ပပျောက်ရန် အားထုတ်မှုတွင် အရှေ့တောင်အာရှသည် ကမ္ဘာကို ဦးဆောင်နေပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး ဆေးရွက်ကြီးသုံးစွဲမှုကို အကြီးအကျယ် လျှော့ချသည်။ ယခင်က အရှေ့တောင်အာရှသည် တဦးချင်း ဆေးရွက်ကြီး သုံးစွဲမှုအမြင့်မားဆုံးဖြစ်သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းတွင် ဒုတိယနေရာရောက်လာကာ ဥရောပသည် ထိပ်ဆုံးသို့ ရောက်လာသည်။

အရှေ့တောင်အာရှတွင် ကမ္ဘာ့လူဦးရေ၏ ၄ ပုံ ၁ ပုံ ရှိသည်။ ရာစုနှစ် အကူးအပြောင်းတွင် ထိုဒေသအတွင်းမှ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် (၂ ဦးလျှင် ၁ ဦး) သည် ဆေးရွက်ကြီး သုံးစွဲကြသည်။ ၂၀၃၀ ပြည့်နှစ်ရောက်သောအခါ အရှေ့တောင်အာရှမှ လူ ၅ ဦးလျှင် ၁ ဦးအောက်သာ ဆေးရွက်ကြီးဆုံးစွဲမည်ဟု မျှော်လင့်ရသည်။

ထိုကိစ္စသည် မည်သည့်အတွက် အရေးပါသနည်း။ အရှေ့တောင်အာရှတွင် ကမ္ဘာ့လူဦးရေ၏ ၄ ပုံ ၁ ပုံ ရှိသည်။ ရာစုနှစ် အကူးအပြောင်းတွင် ထိုဒေသအတွင်းမှ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် (၂ ဦးလျှင် ၁ ဦး) သည် ဆေးရွက်ကြီး သုံးစွဲကြသည်။ ၂၀၃၀ ပြည့်နှစ်ရောက်သောအခါ အရှေ့တောင်အာရှမှ လူ ၅ ဦးလျှင် ၁ ဦးအောက်သာ ဆေးရွက်ကြီးဆုံးစွဲမည်ဟု မျှော်လင့်ရသည်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
205
သဇင်ပန်း

သဇင်ပန်း

10 January 2026
55
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
117

“ဒီလျော့ကျမှုက ထူးခြားပေမဲ့ ကျန်တကမ္ဘာလုံးမှာ ဖြစ်နေတဲ့အရာနဲ့ ကိုက်ညီတယ်” ဟု ဗြိတိန်နိုင်ငံ၊ ယော့ခ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ပါမောက္ခ ကမ်ရန် ဆစ်ဒီကီက ပြောသည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး ကမ္ဘာတဝန်းမှ ပြည်သူများသည် ဆေးရွက်ကြီးကို ကျောခိုင်းလာကြသည်။ ထိုကိစ္စကို အဓိကအားဖြင့် စီးကရက် ရောင်းချခြင်း၊ ကြော်ငြာခြင်းနှင့် ပတ်သက်သည့် အစိုးရလုပ်ထုံးလုပ်နည်းများ၊ ပြည်သူ့ကျန်းမားရေးနိုးကြားမှု လှုပ်ရှားမှုကြောင့် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် WHO သည် ဆေးရွက်ကြီးသုံးစွဲမှုကို ၁၅ နှစ်အတွင်း ၃၀ ရာခိုင်နှုန်း လျှော့ချရန် လျာထားသည်။ အရှေ့တောင်အာရှ၊ အာဖရိကနှင့် အမေရိကသည် ထိုလျာထားချက် အောင်မြင်ဖွယ်ရှိသည်။

ဆေးရွက်ကြီး တိုက်ရိုက်သုံးစွဲခြင်းနှင့် တဆင့်ခံ ဆေးလိပ်မီးခိုးနှင့် ထိတွေ့မှုသည် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် ပန်းနာရင်ကျပ်စသည့် ပြင်းထန်သောရောဂါများ ဖြစ်စေနိုင်သည်။

ထိုအချက်အလက်များက ဘာကို ပြနေသနည်း

WHO ၏ နောက်ဆုံးအချက်အလက်များက ဆေးရွက်ကြီးသုံးစွဲမှု အလုံးစုံ ကျဆင်းကြောင်း ပြသနေသည်။ ယခုအခါ ၂၀၁၀ ပြည့်နှစ်ကထက် ဆေးလိပ်သောက်သူ သန်း ၁၂၀ လျော့ကျသွားသည်။ ထိုအရေအတွက်သည် ၁၅ နှစ်အတွင်း ၂၇ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်သည်။

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်သုံးသူ ၅၀ ရာခိုင်နှုန်းကျော် ဆေးလိပ်ဖြတ်ကြသည်။ ဆေးရွက်ကြီး သုံးစွဲမှု ရပ်ဆိုင်းလိုက်သည်နှင့် ချက်ချင်း ဇီဝကမ္မဗေဒ တိုးတက်မှုဖြစ်စေသောကြောင့် ထိုကိစ္စသည် သတင်းကောင်း ဖြစ်သည်။

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်သုံးသူ ၅၀ ရာခိုင်နှုန်းကျော် ဆေးလိပ်ဖြတ်ကြသည်။ ဆေးရွက်ကြီး သုံးစွဲမှု ရပ်ဆိုင်းလိုက်သည်နှင့် ချက်ချင်း ဇီဝကမ္မဗေဒ တိုးတက်မှုဖြစ်စေသောကြောင့် ထိုကိစ္စသည် သတင်းကောင်း ဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ၅ ပုံ ၁ ပုံသည် ဆေးရွက်ကြီး အသုံးပြုနေဆဲဖြစ်ပြီး စီးကရက်သက်သက် သောက်ခြင်း မဟုတ်ဘဲ ဆေးရွက်ကြီးဝါးခြင်း၊ ဆေးတံသောက်ခြင်းနှင့် အီထက်ရောနစ်-စီးကရက် သုံးစွဲခြင်းတို့ ပါဝင်သည်။

လူဦးရေမြင့်မားသည့် ဒေသများတွင် ဆေးရွက်ကြီးသုံးစွဲမှု ကျဆင်းကြောင်း အချက်အလက်များက ပြသနေသော်လည်း ဝင်ငွေပိုမိုမြင့်မားသော နိုင်ငံများတွင် တိုးတက်မှု ပိုမိုနှေးကွေးသည်။

ဆေးရွက်ကြီးသည် တနှစ်လျှင် လူ ၇ သန်းကို သေဆုံးစေပြီး တဆင့်ခံ ဆေးလိပ်မီးခိုးနှင့် ထိတွေ့သောကြောင့် နောက်ထပ်လူ ၁.၆ သန်းလည်း ဆေးရွက်ကြီးကြောင့် သေဆုံးသည်။

ဆေးရွက်ကြီးသုံးစွဲသူ အများစုသည် အမျိုးသားများဖြစ်လေ့ရှိပြီး ထို့ကြောင့် အများပြည်သူကျန်းမာရေး အရေးယူ ဆောင်ရွက်မှုများသည် အမျိုးသားများကို ပစ်မှတ်ထားသည်။ သို့သော် ထိုသို့လုပ်ခြင်းသည် အရှေ့တောင်အာရှနှင့် အမေရိကတွင်သာ ထိရောက်ပုံရသည်။

အရှေ့တောင်အာရှတွင် ဆေးရွက်ကြီးသုံးစွဲမှု မည်သို့လျှော့ချသနည်း

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် အရှေ့တောင်အာရှသည် ဆေးရွက်ကြီးသုံးစွဲမှု ၄၀ ရာခိုင်နှုန်း လျော့ကျသည်။ ထိုကိစ္စကို ဆေးလိပ်ဖြတ်သော အမျိုးသားများက ဦးဆောင်သည်။ ၂၀၀၀ ပြည့်နှစ်က အရှေ့တောင်အာရှမှ အမျိုးသားများ၏ ၇၀ ရာခိုင်နှုန်းသည် ဆေးရွက်ကြီးသုံးစွဲသူများ ဖြစ်သည်။

ထို့ကြောင့် မည်သို့အောင်မြင်သနည်း။ လူ့အဖွဲ့အစည်းတခုလုံးကျယ်ပြန့်သည့် အားထုတ်မှုကြောင့် ဆေးလိပ်သောက်သုံးမှု ကျဆင်းကြောင်း အမေရိကန်၊ အီမိုရီ တက္ကသိုလ်မှ အချိန်ပိုင်း ပါမောက္ခနှင့် အိန္ဒိယနိုင်ငံ ကျန်းမာရေး တီထွင်ဆန်းသစ်မှုနှင့် မူဝါဒ ဖောင်ဒေးရှင်းကို ထူထောင်သူ မာရိုထရာ ပြောသည်။

“မြေပြင်က အမာခံတွေကနေ အလုပ်တွေအများကြီး ထည့်ဝင်ခဲ့တယ်” ဟု ပါမောက္ခ မာရိုထရာက DW သို့ ပြောသည်။ ထိုအမာခံများတွင် သုတေသီများ၊ ကျန်းမာရေးကဏ္ဍမှ အခြားလူများ၊ နိုင်ငံရေးသမားများနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများ ပါဝင်သည်။

ထို့ကြောင့် တက်ကြွသော ပြည်သူ့ရေးရာမူဝါဒတွင် အပြောင်းအလဲ ဖြစ်စေသည်။ နိုင်ငံများသည် ထုတ်ကုန်များတွင် ကျန်းမာရေးတံဆိပ် တပ်ဆင်ခြင်းနှင့် သတင်းစကားပေးပို့ခြင်း၊ ဆေးလိပ်သောက်မှု ပိတ်ပင်ခြင်း၊ ကျောင်းတွင်း ပညာပေးခြင်း၊ သရုပ်ဆောင်များနှင့် အားကစားသမားများကို အပြုသဘောဆောင်သည့် စံနမူနာများအဖြစ် အသုံးပြုခြင်းတို့ ပါဝင်သည်။

ထို့ကြောင့် တက်ကြွသော ပြည်သူ့ရေးရာမူဝါဒတွင် အပြောင်းအလဲ ဖြစ်စေသည်။ နိုင်ငံများသည် ထုတ်ကုန်များတွင် ကျန်းမာရေးတံဆိပ် တပ်ဆင်ခြင်းနှင့် သတင်းစကားပေးပို့ခြင်း၊ ဆေးလိပ်သောက်မှု ပိတ်ပင်ခြင်း၊ ကျောင်းတွင်း ပညာပေးခြင်း၊ သရုပ်ဆောင်များနှင့် အားကစားသမားများကို အပြုသဘောဆောင်သည့် စံနမူနာများအဖြစ် အသုံးပြုခြင်းတို့ ပါဝင်သည်။

ထိုအရေးယူဆောင်ရွက်မှုများသည် ဆေးရွက်ကြီးသုံးစွဲမှုကို ထိန်းချုပ်ပြီး လူငယ် ပထမဆုံး သုံးစွဲသူအရေအတွက်ကို လျှော့ချပေးသည်။

ထိုအစီအမံများကို အခြားနိုင်ငံများနှင့် ဒေသများတွင်လည်း တွေ့ရသည့်တိုင် အာရှနိုင်ငံများသည် ဆေးရွက်ကြီး အသုံးပြုမှု ထိန်းချုပ်ရေး ထူးခြားသောနည်းလမ်းများကိုလည်း ချမှတ်ကျင့်သုံးကြသည်။ ဥပမာအားဖြင့် အိန္ဒိယသည် ဆေးရွက်ကြီးအသုံးပြုခြင်းကို အများပြည်သူသို့ ကြော်ငြာသည့်နေရာတိုင်းတွင် ကျန်းမာရေးသတိပေးချက်များကို ပြသရန် အမိန့်ထုတ်ထားသည်။

ထိုသို့လုပ်ရာတွင် ဆေးလိပ်သောက်သူများ ပါဝင်သည့် ရုပ်ရှင်များ၊ ရုပ်သံဇာတ်လမ်းများနှင့် ထုတ်လွှင့်သော မီဒီယာများလည်း အကျုံးဝင်သည်။

မီးခိုးမထွက်သော ဆေးရွက်ကြီးသည် နောက်ထပ် စိန်ခေါ်မှုဖြစ်

အရှေ့တောင်အာရှသည် ကမ္ဘာ့ဆေးရွက်ကြီးသုံးစွဲသူ ၄ ပုံ ၁ ပုံ နေထိုင်ရာနေရာဖြစ်သည်။ စီးကရက်သောက်သူ အရေအတွက် လျှော့ချနိုင်သော်လည်း ထိုသို့ ကျဆင်းခြင်းသည် မီးခိုးမထွက်သော ဆေးရွက်ကြီးထုတ်ကုန်များ အသုံးပြုမှု ပျံနှံ့ခြင်းကို ဖုံးကွယ်ထားသည်။

ထိုဒေသတွင်းမှ အမျိုးသား ၄ ပုံ ၁ ပုံသည် ထိုသို့သော ထုတ်ကုန်များကို အသုံးပြုပြီး ထိုပမာဏာထက် နိမ့်သော်လည်း အမျိုးသမီး ၇ ဦးလျှင် ၁ ဦး ထိုထုတ်ကုန်များကို အသုံးပြုသည်။

ထို့ပြင် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား ၇ ဦးလျှင် ၁ ဦးသည် အီလက်ထရွန်းနစ်စီးကရက် သုံးစွဲကြသည်။ ထိုပမာဏကို အသက်အရွယ်အုပ်စုများအကြား လူ ၁ ထောင်တိုင်းတွင် ၁ ဦးသာ သုံးစွဲသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ကမ္ဘာတဝန်း ဆေးရွက်ကြီး ကူးစက်မှုအခြေအနေတွင် အရှေ့တောင်အာရှသည် ထူးခြားသည်ဟု ပါမောက္ခ ဆစ်ဒီကီက ပြောသည်။ ဆေးရွက်ကြီးသုံးစွဲမှုသည် ကပ်ရောဂါဖြစ်သည် ဟု WHO သတ်မှတ်သည်။

ကမ္ဘာတဝန်း ဆေးရွက်ကြီး ကူးစက်မှုအခြေအနေတွင် အရှေ့တောင်အာရှသည် ထူးခြားသည်ဟု ပါမောက္ခ ဆစ်ဒီကီက ပြောသည်။ ဆေးရွက်ကြီးသုံးစွဲမှုသည် ကပ်ရောဂါဖြစ်သည် ဟု WHO သတ်မှတ်သည်။

စီးကရက်လွှမ်းမိုးသည့် အခြားဒေသများနှင့်မတူဘဲ မီးခိုးမထွက်သည့် ဆေးရွက်ကြီးထုတ်ကုန်များကို အရှေ့တောင်အာရှမှ လူအများအပြား အသုံးပြုသည်။

သို့သော် မီးခိုးမထွက်သော ဆေးရွက်ကြီးထုတ်ကုန်များ အသုံးပြုခြင်းကို စောင့်ကြည့်ရန် ခက်ခဲပြီး စီးကရက်ကဲ့သို့ စံနှုန်းများနှင့် မတူပေ။

“စီးကရက်အတွက် ကျနော်တို့မှာ အချက်အလက်တွေရှိသလိုမျိုး ဆေးရွက်ကြီး အသုံးပြုမှု ပုံစံအားလုံးနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့အချက်အလက် ကျနော်တို့မှာ မရှိဘူး” ဟု ပါမောက္ခ ဆီဒစ်ကီက ပြောသည်။ “တရားမဝင် ဆေးရွက်ကြီး အများအပြား တွေ့နေရတယ်။ မီခိုးမထွက်တဲ့ ဆေးရွက်ကြီးထုတ်ကုန် အများစုက တရားမဝင်ဘူး။ ပိုမိုကြီးမားတဲ့ တိုးတက်မှု ကျနော်တို့ တွေ့ချင်တယ်။ သိသိသာသာတိုးတက်မှု တွေ့ချင်တယ်” ဟု ၎င်းကပြောသည်။

၂၀၂၃ ခုနှစ်တွင် ပါ‌မောက္ခ ဆီဒစ်ကီနှင့် လုပ်ဖော်ကိုင်ဖက်များသည် တဆင့်ခံ စီးကရက်မီးခိုးများနှင့် ထိတွေ့မှုလျှော့ချရန် အစီအမံများ၊ ဒေသတွင်း ဆေးရွက်ကြီးဖြန့်ချိမှုကွင်းဆက်ကို ပိုမိုတိုးတက်သော နားလည်မှုနှင့် မီးခိုးမထွက်သော ဆေးရွက်ကြီး ထုတ်ကုန်များ၏ သက်ရောက်မှုကို ပိုမိုနားလည်ခြင်းအပါအဝင် အရှေ့တောင်အာရှမှ ဆေးရွက်ကြီး ထိန်းချုပ်ရေးနည်းလမ်း အမျိုးမျိုးကို တိုက်တွန်းသည်။ ထိုစိန်ခေါ်မှုများကို ဖြေရှင်းရန် လိုသေးသည်ဟု ပါ‌မောက္ခ ဆစ်ဒီကီက ပြောသည်။

“ဆေးရွက်ကြီးသုံးစွဲမှု လျှော့ချခြင်းက တကမ္ဘာလုံးမှာဖြစ်နေပြီး မီးခိုးမဲ ဆေးရွက်ကြီးလို အခြေအနေနဲ့ သက်ဆိုင်တဲ့ အချက်တွေကို ကျနော်တို့ ပိုသိခဲ့ရင် အရှေ့တောင်အာရှမှ ပိုမိုဖြစ်လာမယ်လို့ ထင်တယ်” ဟု ပါ‌မောက္ခ ဆစ်ဒီကီက ပြောသည်။

အခွန်စနစ်နှင့် ထုတ်ပိုးမှုလုပ်ထုံးလုပ်နည်းများတွင် အဖြေများရှိနေ

အရှေ့တောင်အာရှသည် ဆေးရွက်ကြီးသုံးစွဲမှု ထပ်မံလျှော့ချရန် ထူးခြားသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး ပစ်မှတ်ထားသည့် အစီအမံများနှင့် ကမ္ဘာတဝန်းတွင် ပိုမိုကျယ်ပြန့်သော အောင်မြင်မှုရသည့် အစီအမံများအပေါ် မူတည်မည်ဖြစ်သည်။

အာမခံချက်ရှိသော အစီအမံအဖြစ် အခွန်ကောက်ခံမှု မြှင့်တင်ခြင်းကို ပါ‌မောက္ခ ဆစ်ဒီကီနှင့် မာရိုထရာတို့က ထောက်ပြသည်။ ဝယ်ယူသည့် ဈေးနှုန်း၏ ၇၀ ရာခိုင်နှုန်းသည် အခွန်ဖြစ်သင့်သည်ဟု WHO က အကြံပြုသည်။ ဆစ်ဒီကီနှင့် မာရိုထရာတို့က အခြားဒေသများတွင် ဆေးရွက်ကြီးသုံးစွဲမှု လျော့ကျစေသည့် ထုတ်ပိုးမှု စည်းကမ်းချက်များကိုလည်း အကြံပြုသည်။

အာမခံချက်ရှိသော အစီအမံအဖြစ် အခွန်ကောက်ခံမှု မြှင့်တင်ခြင်းကို ပါ‌မောက္ခ ဆစ်ဒီကီနှင့် မာရိုထရာတို့က ထောက်ပြသည်။ ဝယ်ယူသည့် ဈေးနှုန်း၏ ၇၀ ရာခိုင်နှုန်းသည် အခွန်ဖြစ်သင့်သည်ဟု WHO က အကြံပြုသည်။ ဆစ်ဒီကီနှင့် မာရိုထရာတို့က အခြားဒေသများတွင် ဆေးရွက်ကြီးသုံးစွဲမှု လျော့ကျစေသည့် ထုတ်ပိုးမှု စည်းကမ်းချက်များကိုလည်း အကြံပြုသည်။

(DW ပါ Matthew Ward Agius ၏ ‘No smoking’ in Southeast Asia: A region quits tobacco ကို ဘာသာပြန်သည်။)

You may also like these stories:

အထီးကျန်ခြင်းဟာ ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်

ဆေးလိပ်နှင့် ကွမ်း စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ဟု ကျန်းမာရေးဝန်ကြီး သတိပေး

ဆေးလိပ်သောက်သုံးသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများ

ဆေးလိပ်မသောက်သူတွေမှာ အဆုတ်ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း

အသက် ၂၁ နှစ်ပြည့်မှသာ တရားဝင်ဆေးလိပ် ဝယ်ယူသောက်သုံးနိုင်မယ့် အမေရိကန်နိုင်ငံ

ဆေးလိပ်မီးခိုးကင်းမဲ့မြို့တော် ဖြစ်လာတော့မယ့် က‌မ္ဘောဒီးယားနိုင်ငံရဲ့ ဘတ်တန်ဘန်းမြို့

Your Thoughts …
Tags: SliderWHOကျန်းမာရေးဆေးရွက်ကြီးဆေးလိပ်သောက်သုံးမှုအရှေ့တောင်အာရှဥရောပ
Matthew Ward Agius

Matthew Ward Agius

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
ရှေ့တန်းတပ်မှူးတချို့ ရာထူးတိုးပေး တိုင်းမှူးတပ်မမှူး အပြောင်းအလဲလုပ်

ရှေ့တန်းတပ်မှူးတချို့ ရာထူးတိုးပေး တိုင်းမှူးတပ်မမှူး အပြောင်းအလဲလုပ်

ထိုင်းနိုင်ငံ ပဉ္စမမြောက် ရာမ ဘုရင်ကြီး ချူလာလောင်ကွန်း

ထိုင်းနိုင်ငံ ပဉ္စမမြောက် ရာမ ဘုရင်ကြီး ချူလာလောင်ကွန်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved