• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ရှေ့တန်းတပ်မှူးတချို့ ရာထူးတိုးပေး တိုင်းမှူးတပ်မမှူး အပြောင်းအလဲလုပ်

by ဧရာဝတီ
25 October 2025
in Military, သတင်း
A A
ရှေ့တန်းတပ်မှူးတချို့ ရာထူးတိုးပေး တိုင်းမှူးတပ်မမှူး အပြောင်းအလဲလုပ်
2.7k
VIEWS
Share on FacebookShare on Twitter

လက်လွှတ်ရသည့် နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်နေသည့် ရှေ့တန်းတပ်မှူးအချို့အား ရာထူးတိုးပေးနေရာ ရှမ်းပြည် အခြစိုက် အရှေ့ပိုင်းတိုင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း အပါအဝင် စစ်တက္ကသိုလ်နှင့်သင်တန်း ကျောင်းအုပ်ကြီးများ နေရာများကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

တိုင်းမှူးအပြောင်းအလဲမှာ တပ်မ(၈၈) တပ်မမှူးဟောင်း ဗိုလ်မှူးချုပ်ကျော်နိုင်ဦးအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)တိုင်းမှူးအဖြစ်လည်းကောင်း၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဗိုလ်ချုပ်စိုးမြတ်ထွဋ်အား အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်(ရလခ) တိုင်းမှူးအဖြစ် လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်(ဥစတ)မှ နည်းပြဗိုလ်မှူးကြီးနေမျိုးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ဒုတိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။

ရှမ်းမြောက်ဒေသ တန်ပြန်ထိုးစစ်တွင် ပါဝင်သည့် အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်(တပ်မ-၁၁) ဒုတပ်မမှူး ဗိုလ်မှူးကြီး မြင့်ဟိန်းမှာ တပ်မ(၈၈) တပ်မမှူးအဖြစ် ရာထူးတိုးခဲ့ပြီး တပ်မ(၅၅) ဒုတပ်မမှူး ဗိုလ်မှူးကြီးမျိုးမြင့်ဦးကိုလည်း အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁၇) စကခမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စကခ-၁၂ မှ တပ်မမှူး ဗိုလ်မှူးချုပ်ဇေယျာလင်းအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်း အုပ်ကြီးအဖြစ်လည်းကောင်း စကခ-၁၂ မှ ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကိုလည်း စစ်တက္ကသိုလ် (စတသ)ကျောင်းအုပ်ကြီး အဖြစ် ရာထူးတိုးခဲ့ပြီး လစ်လပ်သွားသည့် စကခ-၁၂ စကခမှူးနေရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နကသ)မှ နည်းပြဗိုလ်မှူးကြီး အောင်ကိုသွင်အား အစားထိုးခန့်အပ်လိုက်ကြောင်းလည်း သိရသည်။

စကခ-၁၀ စကခမှူး ဗိုလ်မှူးချုပ်အောင်ဌေးအား တပ်မတော်နည်းပညာတက္ကသိုလ်(တနတ) ကျောင်းအုပ်ကြီး၊ စကခ-၁၃ စကခမှူး ဗိုလ်မှူးချုပ်မင်းသီဟအား ဗိုလ်သင်တန်းကျောင်း(ဗထူး)ကျောင်းအုပ်ကြီး၊ စကခ-၁၇ စကခမှူး ဗိုလ်မှူးချုပ် ကျော်စွာဝင်းအား တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီးတို့အဖြစ် ခန့်အပ်ခဲ့သည်။

၂၀၂၅ ဖေဖော်ဝါရီလက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား စစ်ခေါင်းဆောင် တွေ့ဆုံစဉ်/ CINCDS

ထို့ပြင် တပ်မ(၆၆) တပ်မှူး ဗိုလ်မှူးချုပ်ကျော်စိုးလင်းအား တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်(သဆတ) ကျောင်းအုပ်ကြီးအဖြစ် ပြောင်းလဲလိုက်ပြီး စစ်တွေ ဒေသကွပ်ပဲမှုစစ်ဌာနချုပ် ဒကစမှူး ဗိုလ်မှူးချုပ်နေမျိုးအောင်အား တပ်မတော်အုပ်ချုပ်မှုကျောင်း(ပြင်ဦးလွင်) ကျောင်းအုပ်ကြီးတို့အဖြစ် ခန့်အပ်ခဲ့သည်။

လစ်လပ်သွားသည့် တပ်မမှူး၊စကခမှူးနှင့် ဒကစမှူးတို့နေရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နကတ)မှ နည်းပြဗိုလ်မှူးကြီးကျော်ဇေဝင်းအား တပ်မ(၄၄) တပ်မမှူး၊ စကခ-၁၉ မှ ဒုစကခမှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်အား တပ်မ(၆၆)တပ်မမှူး၊ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ ဗိုလ်မှူးကြီးဟန်လင်းအောင်အား စကခ-၁၀ စကခမှူး၊ တပ်မ(၇၇) ဒုတပ်မမှူး ဗိုလ်မှူးကြီးရဲဝင်းအောင်အား စကခ-၁၃ စကခမှူး၊ တပ်မ(၅၅) ဒုတပ်မမှူး ဗိုလ်မှူးကြီးမျိုးမြင့်ဦးအား စကခ-၁၇ စကခမှူး၊ စစ်ရာထူးခန့်ချုပ်ရုံး(ကကထူး)မှ ဗိုလ်မှူးကြီးရဲခေါင်အား စကခ-၂၀ စကခမှူး၊ စစ်ဦးစီးတက္ကသိုလ်(ဥစတ)မှ နည်းပြဗိုလ်မှူးကြီးဇော်ထိုက်လတ်အား ဒကစ(စစ်တွေ) ဒကစမှူးအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်းလည်း သိရသည်။

ထို့ပြင် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြဗိုလ်မှူးကြီးကျော်ထင်ငြိမ်းအား တပ်မဟာ(၃) တပ်မဟာမှူး၊ စစ်ဗျူဟာအဖွဲ့ အခြေချ(မိုင်းတုံ)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)တိုင်းဦးစီးချုပ်၊ စကခ-၁၄ မှ ဒုစကခမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်းအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းဦးစီးချုပ်၊ စစ်ဗျူဟာအဖွဲ့အခြေချ (ဘောလခဲ)မှ ဗိုလ်မှူးကြီးအောင်ဇော်လွင်အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တိုင်းဦးစီးချုပ်အဖြစ် အသီးသီးခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။

You may also like these stories:

စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
33
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
27
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
212

မြောက်ပိုင်းတိုင်း တိုင်းမှူး အပြောင်းအလဲလုပ်

တိုက်ပွဲပြင်းထန်နေချိန် လားရှိုး စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ

Your Thoughts …
Tags: တိုင်းမှူးရှမ်းမြောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

by ဧရာဝတီ
19 July 2024
16.7k

တကယ်လို့ ကိုယ်သိမ်းပိုက်ထားတဲ့နယ်မြေထဲက ရှမ်းတင် မကပါဘူး၊ ကချင်လည်း ပါမယ်၊ တိုင်းရင်းသားပေါင်းစုံလူထုက TNLA သိမ်းတာကို သဘောတူညီတယ်ဆိုလို့ရှိရင် ဒါဟာအလိုလို တရားဝင်မှုဖြစ်သွားမှာပဲ။ ဒါကို နေပြည်တော်တင် မကဘူး၊ ဘယ်အဖွဲ့အစည်းမှ ဆန့်ကျင်လို့မရပါဘူး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
13.8k

စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း

လားရှိုးမြို့အနီး စစ်ကောင်စီတပ် ခံစစ်ပြင်

လားရှိုးမြို့အနီး စစ်ကောင်စီတပ် ခံစစ်ပြင်

by မိုင်းခြိူဝ်းဇာရ်
26 March 2024
11.9k

ရှမ်းမြောက်တိုက်ပွဲတွေကို ကွပ်ကဲရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချူပ်ရှိရာ လားရှိုးမြို့ မကျစေရေး စစ်ကောင်စီတပ်က မြို့ပတ်ပတ်လည်မှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

by ဧရာဝတီ
4 March 2024
7.7k

ယနေ့ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA)၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ၊ နယ်စပ်ဒေသ ထွက်ပေါက်များ တည်ငြိမ်ရေး ကိစ္စရပ်များအပေါ် စစ်ကောင်စီနှင့်...

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

by စောရယ်
29 January 2024
7.2k

မိုးမိတ်နှင့် မဘိမ်းမြို့တို့သည် စစ်ကိုင်းတိုင်းထဲရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များထံ ခဲယမ်းနှင့် လက်နက်များ ပို့ဆောင်နိုင်ရေးတွင် အရေးပါသော လမ်းကြောင်းတခုဖြစ်ပြီး တွင်းထွက်သယံဇာတများ ထွက်ရှိသည့်နေရာဖြစ်သဖြင့် စစ်ရေးအတွက်သာမက စီးပွားရေးအရပါ အရေးပါသော မြို့များဖြစ်ကြောင်း

Next Post
ထိုင်းနိုင်ငံ ပဉ္စမမြောက် ရာမ ဘုရင်ကြီး ချူလာလောင်ကွန်း

ထိုင်းနိုင်ငံ ပဉ္စမမြောက် ရာမ ဘုရင်ကြီး ချူလာလောင်ကွန်း

ပြိုင်ဘက်မရှိ၍ အလိုအလျောက်ကိုယ်စားလှယ်ဖြစ်မည့်သူ ၃၁ ဦးထဲ ကြံ့ဖွံ့ ၂၆ ဦး ပါဝင်

ပြိုင်ဘက်မရှိ၍ အလိုအလျောက်ကိုယ်စားလှယ်ဖြစ်မည့်သူ ၃၁ ဦးထဲ ကြံ့ဖွံ့ ၂၆ ဦး ပါဝင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved