Health

တရက်တာအတွင်း လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်

Want create site? Find Free WordPress Themes and plugins.

အချိန်ပေးပြီး မဖတ်နိုင်သူတွေ ရှိမှာစိုးတဲ့အတွက် အရင်ဆုံး ဆောင်းပါးရဲ့အဓိက အချက်လေးတွေကို ပြောပြပါရစေ။ လိင်မှု ရေးရာအတွက် တရက်တာမှာ ဘယ်လို အချိန်တွေက အကောင်းဆုံး အချိန်တွေလဲ ဆိုတာကို လေ့လာသူတွေက စောင့်ကြည့် ခဲ့ကြပါတယ်။

အဲဒီမှာ တွေ့လာရတာကတော့ မနက်ခင်း ၇နာရီ ၁၅ မိနစ်လို အချိန်မှာ လိင်ဆက်ဆံမှုပြုတာဟာ အကောင်းဆုံး ဖြစ်တယ် လို့ ဆိုပါတယ်။ အကြောင်းကတော့ အဲဒီ အချိန်ဟာ ကျနော်တို့ရဲ့ကိုယ်ခန္ဓာကျန်းမာရေး အကောင်းဆုံး၊ အားအင်အပြည့်ဆုံး အ ချိန် ဖြစ်နေလို့ပါတဲ့။

အဆိုပါ အချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် Endorphins ဆိုတဲ့ ခန္ဓာကိုယ်က ဟော်မုန်းဓာတ်ကို လျော့နည်းစေမယ်၊ ဒီဓာတ် က စိတ်ဖိစီးမှုကို လျော့နည်းစေပြီး တရက်တာလုံး စိတ် ကျေကျေနပ်နပ်နဲ့ ဖြတ်သန်းနိုင်စေမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ လိင်ဆက်ဆံမှု ပြုလုပ်ပြီး ၃နာရီ အကြာမှာ အလုပ်နဲ့ ပတ်သက်ပြီး အာရုံစိုက်နိုင်မှုနှုန်းလည်း မြင့်တက် ကောင်းမွန်လာတာ တွေ့ရပါတယ်။

အရက်သောက်တတ်သူတွေအတွက်လည်း မနက်ခင်း လိင်ဆက်ဆံခြင်းက အကောင်းဆုံး ဖြစ်လာစေပြီး အရက်သောက်ဖို့ အကောင်းဆုံးအချိန်က ညနေ ၆နာရီ ၁၀မိနစ် ဖြစ်လာပါတယ်။ သောက်သုံးလိုမှု ဆန္ဒကလည်း အဆိုပါ အချိန်မှာ ရှိလာသလို မနက်ဘက် လိင်ဆက်ဆံ၊ ညနေဘက် အရက်သောက်သုံးလေ့ အချိန်မှန်လာစေနိုင်တာလည်း ဖြစ်ပါတယ်။

အခု လေ့လာချက်ကို ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၁၀၀၀ကျော် အပေါ်မှာ လေ့လာမှု ပြုပြီး ထုတ်ပြန်ထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။

မနက်ခင်း လိင်ဆက်ဆံဖို့အတွက် အိပ်ရာနိုးနိုးချင်း လိင်ဆက်ဆံဖို့ မဟုတ်ဘဲ အိပ်စက်ရာကနေ နိုးထပြီး ၄၅မိနစ်၊ မနက် ခင်း ၇ နာရီခွဲလောက်မှာ လိင်ဆက်ဆံတာ အကောင်းဆုံးလို့ လေ့လာသူတွေက တွေ့ရှိခဲ့တာပါ။

တညတာလုံး အိပ်စက် အနားယူမှုနဲ့အတူ အကောင်းဆုံး လိင်ထိတွေ့မှုရော အိမ်ထောင်ရေးသုခနဲ့ တနေ့တာ အဆင်ပြေ ပျော်ရွှင်မှုကိုပါ ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူလ ဆောင်းပါးမှာ တရက်တာအတွက် အကောင်းဆုံး လည်ပတ်လုပ်ဆောင်သင့်တဲ့ အချိန်ဇယားလေး ပါရှိလို့ အဆိုပါ အချိန်ဇယား အကြောင်းကို ပြောပြချင်ပါတယ်။ မနက် ၆နာရီ ၄၅မိနစ်မှာ အိပ်ရာထပါ။ ၇ နာရီကနေ ၉ နာရီအတွင်း အိပ် စက်ပေးဖို့တော့ လိုအပ်တာပေါ့။ မနက် ၇နာရီမှာ လေ့ကျင့်ခန်းလုပ်၊ ပြေးပါ၊ အဆိုပါအချိန် လေ့ကျင့်ခန်းလုပ်ဆောင်မှုက အဆီပိုတွေကို ပိုမို လောင်ကျွမ်းမှု မြန်စေတယ်လို့ ဆိုပါတယ်။

မနက် ၇နာရီ ၁၅ မိနစ်မှာ မနက်စာစားပါ။ အကောင်းဆုံးက အိပ်ယာထပြီး မိနစ် ၃၀အကြာမှာ မနက်စာ စားသုံးခြင်း ဖြစ် ပါတယ်။ အခုလို အချိန်မှန် အိပ်ရာထ၊ လေ့ကျင့်ခန်းလုပ်၊ မနက်စာ စာသုံးခြင်းက ကိုယ်အလေးချိန်လည်း မှန်စေသလို အဝ လွန်ခြင်းကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။

မနက်စာ စားပြီး ၇နာရီ ခွဲမှာတော့ လိင်ဆက်ဆံမှု ပြုတာ ကောင်းပါတယ်။ အိပ်ရာနိုးပြီး ၄၅မိနစ် အကြာခန့်မှာပါ။ အထူး သ ဖြင့် အမျိုးသားတွေမှာ လိင်ဆက်ဆံမှု အကောင်းဆုံး ခံစားရရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းပြီး တနေ့တာ လန်း ဆန်းစေတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၉ နာရီ ၄၅ မိနစ်မှာ လုပ်ငန်းခွင် ဝင်ပါပြီ။ မနက်ဘက် လိင်ဆက်ဆံထားမှုက အလုပ်ခွင် အဆင်ပြေမှုရော ပျော် ရွှင်မှုရော စိတ်ဖိစီးမှုပါ နည်းစေမှာ ဖြစ်ပါတယ်။ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ခဏ အနားယူပါ။ ပြီးမှ အလုပ်ဆက်လုပ်ပါ။ နေ့လယ် ၁၂နာရီ ၁၅မိနစ်မှာ နေ့လယ်စာ စားပါ။

နေ့ခင်း ၃နာရီ ခွဲမှာတော့ အလုပ်တွင်း အချိန်ကြာ လုပ်ဆောင်မှုကြောင့် လူရော စိတ်ရော ပင်ပန်းလာပါတယ်။ အနားယူ ပေးပါ။ ကော်ဖီ၊ မုန့် စားသုံး အပန်းဖြေပါ။ ညနေ ၆နာရီမှာတော့ ညစာ စားပါ။ အရက်သောက်တတ်သူတွေအနေနဲ့လည်း သင့်တော်အောင် သောက်သုံးနိုင်ပြီး ညနေ ၆နာရီထက် နောက်မကျဘဲ ပုံမှန်ညစာ စားပေးခြင်းက အဝလွန်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တာလည်း တွေ့ရပါတယ်။

ပြီးရင်တော့ ကိုယ်ပိုင်အချိန် အပန်းဖြေမှုနဲ့ အနားယူနိုင်ပြီး ည ၁၀နာရီလောက်မှာ အိပ်ရာဝင်သင့်ပါတယ်။ ဒါမှလည်း မနက် ၆နာရီ ၄၅မိနစ် အိပ်ရာထဖို့ အိပ်ချိန် ၈နာရီဝန်းကျင် အကောင်းဆုံး ရရှိမှာ ဖြစ်ပါတယ်။

ညဘက် အိပ်ရာဝင်ချိန်အတွင်းမှာတော့ လေ့လာချက်အရ လိင်ဆက်ဆံမှု ပြုသည် မပြုသည်ကို အကျိုးဆက် မဖော်ပြထား ပေမယ့် လိင်ဆက်ဆံဖို့တော့ ပြောထားတာ မတွေ့ရပါဘူး။ မနက်ဘက်မှာပဲ အကောင်းဆုံး လိင်ဆက်ဆံဖို့ ဆိုထားတာပါ။

အခု လေ့လာချက်ကို Forza Supplements ကနေ စစ်တမ်းကောက်မှုရော လေ့လာမှုပါ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အဓိကအ နေနဲ့တော့ အမျိုးသားတွေအတွက် လိင်ဆက်ဆံမှု အကောင်းဆုံး အချိန်ကို သိလာရတာပဲ ဖြစ်ပါတယ်။

Ref: www.dailymail.co.uk

Did you find apk for android? You can find new Free Android Games and apps.
Loading