• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

UNFC တပ်ပေါင်းစုထံ SSPP/SSA နှုတ်ထွက်စာတင်

by ချစ်မင်းထွန်း
20 August 2017
in သတင်း
A A
ရှေ့တန်း စစ်မြေပြင်တွင်တွေ့ရသော SSPP/SSA တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

ရှေ့တန်း စစ်မြေပြင်တွင်တွေ့ရသော SSPP/SSA တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

37.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) အဖွ့ဲသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုထံ နှုတ်ထွက်စာတင်ထားကြောင်း သတင်းရရှိသည်။

“ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အစည်းအဝေးတွင် SSPP/SSA ဒုဥက္ကဋ္ဌ ဖြစ်သည့် ဗိုလ်ချုပ် စဝ်ခွန်ဆိုင် တင်ပြခဲ့ခြင်းဖြစ်သည်။

“သြဂုတ်လ ၁၂ ရက်နေ့မှာ UNFC ဥက္ကဋ္ဌ နိုင်ဟံသာကို ကျနော်တို့ အကြောင်းအရာရေးပြီးတော့မှ UNFC အဖွဲ့မှ နှုတ်ထွက်ခွင့် တင်ပြခြင်း ဆိုတဲ့ စာကို ပေးပို့ပြီးသားဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ဒီနေရာမှာ ပြန်ပြီးတော့ ကြေညာအပ်ပါတယ်ခင်ဗျာ” ဟု အစည်း အဝေး တင်ပြချက် ရုပ်သံတွင် တွေ့ရှိရသည်။

FPNCC အတွင်းရေးမှူး အစည်းအဝေး တက်ရောက်နေသော TNLA မှ ဒုဥက္ကဋ္ဌ တာဂျူတ်ဂျား ကလည်း “ဟုတ်ပါတယ်။ ကျနော်တို့ FPNCC မှာ SSPP က ပြောတယ်။ ကျနော်တို့ UNFC မှာ နှုတ်ထွက်စာ တင်ထားပြီးပြီလို့ ပြောလာတယ်။ သူတို့ ပြောတာပါ” ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
553
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

SSPP/SSA နှုတ်ထွက်စာ တင်ထားမှုနှင့် ပတ်သက်၍ UNFC ထံ ဆက်သွယ်မေးမြန်းသော်လည်း မရရှိပေ။ သို့သော်လည်း SSPP/SSA ကိုနှုတ်ထွက်ခွင့် ပြုမည်ဆိုပါက UNFC တပ်ပေါင်းစု အင်အား ထပ်လျော့သွားမည်ဖြစ်သည်။

SSPP/SSA အား UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ခွင့် ပြုလျင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ၄ ဖွဲ့သာ ကျန်ရှိတော့မည်ဖြစ်သည်။

SSPP/SSA သည် မူလက UWSA ဦးဆောင်သော FPNCC တွင်လည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် အတူ ပါဝင် ထားသလို UNFC တွင်လည်း တပ်ပေါင်းစု အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။ ယခုကဲ့သို့ UNFC တပ်ပေါင်းစုထံ နှုတ်ထွက်စာတင်ခြင်းသည် FPNCC တွင် လုံးလုံးလျားလျား ပေါင်းစည်းလိုက်ခြင်းကို ပြနေသည်။

FPNCC သည် UWSA၊ SSPP/SSA၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

UNFC ကတော့ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး အတွက် ၎င်းတို့ အဆိုပြုထားသော အချက် ၈ ချက်အပေါ်တွင် ညှိနှိုင်းဆွေးနွေးနေသည့် အခြေ အနေပေါ်တွင်ရှိပြီး FPNCC ကတော့ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်နေသည်။

Your Thoughts …
Tags: SSPP/SSA
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

မြောက်ပိုင်း တိုင်းရင်းသားတပ်တွေကို တရုတ်က ကြိုးကိုင်လို့ ရသလား

မြောက်ပိုင်း တိုင်းရင်းသားတပ်တွေကို တရုတ်က ကြိုးကိုင်လို့ ရသလား

by ကိုဦး
10 October 2024
9.4k

မြန်မာပြည်ပြဿနာကို အနောက်ကဖြစ်စေ၊ အရှေ့ကဖြစ်စေ ပြည်ပနိုင်ငံကြီးများက အဆုံးအဖြတ်ပေးနိုင်မည်ဟု လွဲမှားစွာ မှတ်ယူနေကြသူများကလည်း တစခန်းထ၏။

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

by Joe Kumbun
14 July 2025
8.4k

UNFC နှင့်မတူဘဲ FPNCC သည် ပိုမိုကြီးမားသည့် ပြဿနာ နှစ်ခုဖြင့် ရုန်းကန်နေရသည်။

လွတ်မြောက်သည့် ရှမ်းမြောက်ပိုင်း၏ ပဋိပက္ခသစ်များ

လွတ်မြောက်သည့် ရှမ်းမြောက်ပိုင်း၏ ပဋိပက္ခသစ်များ

by ကိုဦး
25 May 2024
7.6k

ပထမအချက်အနေနှင့် ရှမ်းမြောက်ရှိ အောင်ပွဲရလဒ်သည် အတူတကွ တိုက်ပွဲဝင်၍ ရရှိလာသည်ဖြစ်ရာ အတူတကွ ခွဲဝေခံစားကြရန်လို၏။

တရုတ်က ပိတ်ဆို့ပေးလို့ ရှမ်းမြောက်ကို စစ်ကောင်စီ ပြန်ရနိုင်သလား

တရုတ်က ပိတ်ဆို့ပေးလို့ ရှမ်းမြောက်ကို စစ်ကောင်စီ ပြန်ရနိုင်သလား

by ကိုဦး
23 November 2024
5.6k

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီးနောက်ပိုင်း တရုတ်နှင့် မြောက်ပိုင်းအဖွဲ့များကြား သိသိသာသာ သဘောထားကွဲလွဲသည်ကို တွေ့မြင်ခဲ့ကြရသည်။

နောင်ချိုမြို့နယ်အတွင်း SSPP လူသစ်စုဆောင်းနေ

နောင်ချိုမြို့နယ်အတွင်း SSPP လူသစ်စုဆောင်းနေ

by ဧရာဝတီ
19 December 2023
4.2k

ကျေးရွာများအတွင်းသို့ SSPP ယူနီဖောင်းဝတ် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး တပ်ခွဲမှူးအဆင့်မှ ဦးဆောင်၍ အင်အား ၁၀ ဦးခန့်ဖြင့် တအိမ်တက် တအိမ်ဆင်း တွေ့ရာလူကို ဆွဲခေါ်နေကြခြင်းဖြစ်ကာ အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူငယ်များဖြင့် လာရောက်...

မိုးမိတ်၌ TNLA နှင့် SSPP/SSA တို့ ကြား အခြေအနေတင်းမာ

မိုးမိတ်၌ TNLA နှင့် SSPP/SSA တို့ ကြား အခြေအနေတင်းမာ

by ဧရာဝတီ
28 March 2025
2.3k

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မန်ဖွယ်ရွာအခြေစိုက် တပ်စွဲထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့ နေရာဖယ်ရှားရေးနှင့်ပတ်သက်ပြီး SSPP/SSA ဘက်မှ သေနတ်ပစ်ဖောက်ခဲ့သည့်အတွက် SSPP/SSA နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား တင်းမာမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Next Post
ရေငုပ်သင်္ဘော

ကမ္ဘာ့ အဆိုးရွားဆုံး ရေငုပ်သင်္ဘော မတော်တဆဖြစ်ရပ် ၅ ခု

နာဇီအလံများ၊ လူမည်းများအား ကျွန်ပြုမှုကို ထောက်ခံခဲ့သော ကွန်ဖယ်ဒရေးရှင်း အမေရိကန် တောင်ပိုင်း၏ အလံများကို ကိုင်ဆောင်ချီတက်ခဲ့ကြသူများ  / Twitter

အမေရိကန်မှာ လူဖြူ အမျိုးသားရေးဝါဒီများ တစခန်းပြန်ထလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved