• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကမ္ဘာ့ အဆိုးရွားဆုံး ရေငုပ်သင်္ဘော မတော်တဆဖြစ်ရပ် ၅ ခု

by ဧရာဝတီ
20 August 2017
in ဆောင်းပါး
A A
ရေငုပ်သင်္ဘော

ရေငုပ်သင်္ဘော

32.2k
VIEWS
Share on FacebookShare on Twitter

ဒုတိယကမ္ဘာစစ်မှ စတင်ကာ အမေရိကန်၊ ရုရှားနှင့် အခြားနိုင်ငံအများအပြားတို့တွင် မတော် တဆမှု များကြောင့် ရေငုပ်သင်္ဘောများ၊ တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့သည်ကို သတင်းများတွင် မြင် တွေ့ကြားသိနေကြမည်ဖြစ်သည်။

အကောင်းဆုံး အခြေအနေ၌ပင် ရေငုပ်သင်္ဘောများ မောင်းနှင်ခြင်းသည် အန္တရာယ်များလှပြီး အမြင့် ဆုံး နည်းပညာသုံး နျူကလီးယားရေငုပ်သင်္ဘောများသည်ပင် သင်္ဘောသားများ သတိလက်လွတ်ဖြစ် ခြင်းနှင့် နည်းပညာချို့ယွင်းခြင်းတို့ကြောင့် သမုဒ္ဒရာကြမ်းပြင်တွင် နိဂုံးချုပ်တတ်သည်။

RelatedPosts

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
286
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
553
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
974

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေငုပ်သင်္ဘော မတော်တဆမှုများကို ဖော်ပြရလျှင် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သည့် ရုရှားရေတပ်မှ Kursk ရေငုပ်သင်္ဘော နစ်မြုပ်မှုကို ညွှန်းဆိုရပေမည်။

ကာ့ခ်

ရုရှားရေတပ်မှ K-141 Kursk ၏ ဆုံးရှုံးမှုသည် မှတ်မိသမျှ ရေငုပ်သင်္ဘော မတော်တဆဖြစ်မှုများတွင် အဆိုးဆုံးဟု ဆိုနိုင်ပြီး၊ ထိုရေငုပ်သင်္ဘောသည် Project 949 A၏ Antey အမျိုးအစားဖြစ်ပြီး၊ နေတိုး အခေါ် Oscar II ဖြစ်သည်။

တန်ချိန် ၁၆၀၀၀ရှိကာ ခရုစ်ဒုံးကျည်များ တင်ဆောင်နိုင်သည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောဖြစ်သည်။

ဘာရင်းပင်လယ်ရှိ အဆိုပါ ရေငုပ်သင်္ဘောကြီးသည် ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့က အကြီး အကျယ် ပေါက်ကွဲပြီး ဝန်ထမ်း ၁၁၈ ဦးသေဆုံးစေခဲ့သည်။

ကာ့ခ် ရေငုပ်သင်္ဘောမှ အပျက်အစီးများကို ယူကာ စစ်ဆေးသည့်အခါ ပေါက်ကွဲမှုမှာ ရေငုပ်သင်္ဘော တွင် တပ်ဆင်ထားသည့် Type – 65-76 A အမျိုးအစား တော်ပီဒိုကြောင့် ဖြစ်ကြောင်း တွေ့ရသည်။

Type – 65-76 A အမျိုးအစား တော်ပီဒိုသည် ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်ကို သုံးထားပြီး ရန်သူ့ လေယာဉ်တင် သင်္ဘောကြီး တစီးကိုပင် တချက်တည်းဖြင့် ဖျက်ဆီးနိုင်သော်လည်း အဆိုပါ ဟိုက်ဒရို ဂျင် ပါ အောက်ဆိုဒ်မှာ အလွယ်တကူ အန္တရာယ်ဖြစ်ကာ ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်သည်ဟု သိရသည်။

သို့သော် ကံမကောင်း အကြောင်းမလှသည်မှာ ကာ့ခ် ရေငုပ် သင်္ဘောဝန်ထမ်းများသည် ထိုသို့သော လက်နက်များအတွက် လေ့ကျင့်မှုမရှိသလို အတွေ့အကြုံလည်းမရှိဟု သိရသည်။

ထို ကာ့ခ် ရေငုပ်သင်္ဘော ပေါက်ကွဲမှုအပြီးမှ စတင်ကာ ရုရှားရေတပ်သည် ယင်းဟိုက်ဒရိုဂျင် ပါ အောက်ဆိုဒ်သုံး တော်ပီဒိုကို အသုံးမပြုတော့ပေ။

ကိုဆိုမိုလက်စ်

ဆိုဗီယက်ယူနီယံခေတ်က တည်ဆောက်ခဲ့သည့် K-278 အမျိုးအစား ကိုဆိုမိုလက်(နေတိုးအခေါ် မိုက်ခ်) သည် အခြေခံအားဖြင့် နည်းပညာသစ်များ စမ်းသပ်ရန် ပြုလုပ်ထားခြင်းဖြစ်ပြီး တန်ချိန် ၈၀၀၀ ရှိကာ စွမ်းရည် အမြင့်မားဆုံး ရေငုပ် သင်္ဘောများ အနက် တစင်းဖြစ်သည်။

ရေအနက် ပေ ၃၀၀၀ တွင် သွားလာလှုပ်ရှားနိုင်သည်။ Papa အတန်းအစားများကဲ့သို့ပင် Project 685 Plavnik သည်အလိုအလျှောက်နည်းပညာများနှင့် တိုက်တေနီယံ ဖိအားကိုယ်ထည်များ တည် ဆောက်နိုင်စွမ်းကို စမ်းသပ်ရန်ရည်ရွယ်သည်။

သို့သော် ၁၉၈၉ ခုနှစ် ဧပြီလ ၇ရက်နေ့တွင် ဘာရင်းပင်လယ်ရှိ ထိုရေငုပ်သင်္ဘော၏ အတွင်းပိုင်း မီးလောင်ရာ ရေငုပ် သင်္ဘောဝန်ထမ်းများက သူရဲကောင်းပီသစွာ အားထုတ်သော်လည်း နစ်မြုပ်သည့် အတွက် ဝန်ထမ်း ၆၉ဦးအနက် ၄၂ဦး သေဆုံးသွားသည်။

မီးလောင်မှုကြောင့် သေဆုံးသူမှာ ၄ဦးသာရှိသော်လည်း ကျန်သူများမှာ အအေးဒဏ်ကို ကာလကြာ မြင့်စွာ ထိတွေ့သောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဆိုဗီယက်ရေတပ်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လျှင်မြန်စွာဆောင်ရွက်နိုင်ခဲ့လျှင် သင်္ဘောဝန်ထမ်းများကို ပိုမိုကယ်ဆယ်နိုင်မည်ဖြစ်သည်။

ကိုဆိုမိုလက် ရေငုပ်သင်္ဘောမှ နျူကလီးယား ဓာတ်ပေါင်းဖိုနှင် နျူကလီးယား ထိပ်ဖူး ၂ခုတို့သည် ဘာရင်းပင်လယ်အောက် ပေ ၅၅၀၀ အနက်ရှိ ရေငုပ်သင်္ဘောအတွင်း ကျန်နေသေးရာ ဘေးအန္တရာယ် ကို စောင့်မျှော်နေရသကဲ့သို့ ရှိသည်ဟု ဆိုရမည်။

K-8

နေတိုးအဖွဲ့က နိုဝင်ဘာဟု အမည်ပေးထားသည့် ဆိုဗီယက်ရေတပ်မှ K-8 သည် Project 627A Kit-class အတန်းအစား နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဖြစ်သည်။

ဆိုဗီယက် မြောက်ပိုင်း ရေတပ်တော်စုတွင် တာဝန်ထမ်းဆောင်နေရင်း ၁၉၇၀ ခုနှစ် ဧပြီလ ၁၂ ရက် နေ့ အတ္တလန်တိတ် သမုဒ္ဒယာ ဘစ်စကေးပင်လယ်အော်တွင် မီးလောင်နစ်မြုပ်သွားခြင်းဖြစ်သည်။

ဆိုဗီယက်ယူနီယံသည် ၎င်း၏ ရေငုပ်သင်္ဘောများကို အမည်မပေးသည်မှာ အင်မတန်မှ ရှားပါးသော် လည်း K-8 တွင် အမည်မရှိပေ။

ဖြစ်စဉ်မှာ ဧပြီလ ၈ရက်နေ့က ရေငုပ်သင်္ဘော၏ သီးခြား အခန်း ၂ခုတွင် လေ့ကျင့်မှု ပြုလုပ်စဉ် လေသန့်စင် စနစ်နှင့် လောင်စာဆီ ထိတွေ့ရာမှ မီး စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ လေအေးပေးစနစ်မှ တဆင့် သင်္ဘောတစီးလုံးသို့ မီးပျံ့ကာ နျူကလီးယား ဓာတ်ပေါင်းဖို ပိတ်သွားသဖြင့် မာလိန်မှူးက သင်္ဘောသားများ အားလုံး ရေငုပ်သင်္ဘောကို စွန့်ခွာရန် အမိန့်ပေးခဲ့သည်၊ ကယ်ဆယ်ရေး ရေယာဉ် ရောက်ရှိကာ သင်္ဘောသားများ ရေငုပ်သင်္ဘောပေါ်သို့ ပြန်တက်ကာ ဆွဲယူစဉ် ဝန်ထမ်း ၅၂ ဦးနှင့် အတူ နစ်မြုပ်သွားခြင်းဖြစ်သည်။

ဆိုဗီယက်ခေတ်နှင့် ရုရှနိုင်ငံသည် ၎င်း၏ ရေငုပ်သင်္ဘောများ မီးလောင်မှုအကြိမ်ကြိမ်ဖြစ်ဖူးရာ ပထမ ဆုံး နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော K-3 လီနင်စကီ ကိုဆိုမိုသည် ၁၉၆၇ ခုနှစ် စက်တင်ဘာလတွင် ယာယီပြင်ဆင်မှုပြုလုပ်စဉ် မီးလောင်သောကြောင့် ပျက်ဆီးသလောက် နီးပါးဖြစ်ခဲ့သည်။

သင်္ဘောသားဟောင်းတဦးကမူ ရေငုပ်သင်္ဘော ရေလှောင်ခန်းမှ စံချိန်မမီသော အဆို့ရှင်တခု (ဘီယာပုလင်းတလုံး) ကြောင့် နစ်မြုပ် သွာကြောင်း မကြာသေးမီက ပရာဗဒါ သတင်းစာ သို့ပြောသည်။

၁၀၀ အက်တမို စဖီးယား ဖိအားအောက်၌ အစို့ရှင် ပြုတ်ထွက်သွာပြီး ဟိုက်ဒရောလစ်ရည်များ မီးသီး ပေါ်ကျကာ မီးထတောက်ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်သည်လည်း ရုရှားနှင့် ဆိုဗီယက်ယူနီယံတို့ကဲ့သို့ ရေငုပ်သင်္ဘော မတော်တဆမှုများ ကြောင့် ဆုံးရှုံးခဲ့ရမှုများ ဖြစ်ဖူးသည်။

USS Scorpion

၁၉၆၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် Skipjack-class အတန်းအစား USS Scorpion အမည်ရှိ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် သင်္ဘောသား ၉၉ ဦးနှင့်အတူ မြောက်အတ္တလန်တိတ် သမုဒ္ဒရာအတွင်းရှိ အဇိုရီးကျွန်းစု အနောက်တောင်ဘက် မိုင် ၄၀၀ ခန့်တွင်နစ်မြုပ်သွားသည်။

မည်သည့်အကြောင်းကြောင့် နစ်မြုပ်ခဲ့သည်ကိုမူ အဖြေရှာမရသေးသည့်အတွက် ယခုတိုင် ပဟေဠိ တခုအဖြစ် ရှိနေသေးသည်။

၎င်းသည် ကမ်းသို့ပြန်ကပ်ရမည့် အချိန်(ထိုနှစ် မေလ ၂၇)တွင် ပြန်ရောက်မလာ၍ ရေတပ်က ရှာဖွေမှု ပြုလုပ်ရာမှ ဇွန်လ ၅ရက်နေ့တွင် ပျောက်ဆုံးကြောင်း ကြေညာရသည်။

ထိုနှစ်နှောင်းပိုင်းရောက်မှသာ ရေတပ်ရှာဖွေရေးသင်္ဘောတစင်းက ထို ရေငုပ်သင်္ဘောကို ရေအောက် ပေ ၁၀၀၀၀ အနက်တွင်တွေ့သည်။

သတင်းရင်းမြစ် အများစုကမူ Mark 37 တော်ပီဒို ဘက်ထရီ သို့မဟုတ် တော်ပီဒိုများ ပေါက်ကွဲခြင်း ဖြစ်သည်ဟုဆိုကြသည်။

USS Thresher (SSN-593)

USS Thresher နစ်မြုပ်မှုကို နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပထမဆုံး နစ်မြုပ်မှု ဖြစ်စဉ် ဟာ ဆိုနိုင်ပေသည်။

၁၉၆၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် သင်္ဘောသား ၁၂၉ ဦးပါ USS Thresher နစ်မြုပ်ခဲ့ရာ အမေရိကန်ရေတပ်က အကြောင်းအရင်းကို ချက်ခြင်းဆိုသလို ကြေညာခဲ့သည်။

ဖြစ်စဉ်တခုလုံးကို ညံဖျင်းသည့် အရည်အသွေး ထိန်းချုပ်မှုကြောင့်ဟု သုံးသပ်ပြီး၊ ပေ ၁၃၀၀ အနက် သို့ စမ်းသပ်ငုပ်စဉ် နစ်မြုပ်သွားခြင်းဖြစ်ကာ အဆက်အသွယ် ပြတ်တောက်ခြင်းမရှိမီ ၅မိနစ်အလိုတွင် ကယ်ဆယ်ရေးယာဉ်က USS Thresher တွင် အသေးစားချို့ယွင်းမှု ဖြစ်နေသည်ဟု ရေအောက်ရေဒီ ယိုထုတ်လွှင့်မှု UQC ရရှိကြောင်းဆိုသည်။

USS Thresher အတွင်းပိုင်း ပေါက်ကွဲသွားသည်ကို ဆိုနာမှ ဖမ်းယူရရှိသည် အထိ ထုတ်လွှင့်မှုကို လက်ခံရရှိနေသည်။

ရေတပ်စစ်ခုံရုံး စုံစမ်းမှုအရ ပိုက်လိုင်းများ ချို့ယွင်းကာ ရေငုပ်သင်္ဘော အင်ဂျင်အတွင်း ရေဝင်လာပြီး ဆားရေများကြောင့် နျူကလီးယားဓာတ်ပေါင်းဖို ပိတ်သွားရာ ပိုက်များတွင် ရေများခဲကာ ရေလှောင် ကန် မှ ရေများကို ပြန်မမှုတ်ထုတ်နိုင်တော့ကြောင်း၊ သင်္ဘောသားများသည် ရေဝင်ခြင်းကို တားဆီး မည့် ကရိယာများကို အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

USS Thresher မတော်တဆမှုကြောင့် အမေရိကန်ရေတပ်သည် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောများ၏ အရေးပါသော အစိတ်အပိုင်းများကို အပြန်ပြန်အလှန်လှန် စစ်ဆေးမှတ်တမ်းတင်သော SUBSAFE အစီအစဉ်ကို ကျင့်သုံးခဲ့သည်။

အလားတူ တရုတ်ရေတပ်မှ မင့် အမျိုးအစား ဒီဇယ်- လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘော Ming 361 သည်လည်း ၂၀၀၃ ခုနှစ် ဧပြီလက ပင်လယ်ဝါမှာ လေ့ကျင့်ခန်းလုပ်နေစဉ် နစ်မြုပ်ခဲ့ရာ သင်္ဘောပါ ၇၀မှာ အောက်စီဂျင်ပြတ်တောက်ကာ သေဆုံးခဲ့သည်။

Your Thoughts …
Tags: ရေငုပ်သင်္ဘော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်က ပေးပို့သည့် ရေငုပ်သင်္ဘောကို မြန်မာက မင်းရဲကျော်ထင် ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်

စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်

by Bertil Lintner
9 February 2022
12.6k

ဗိုလ်ချုပ်များက အရာရှိများနှင့် အခြားအဆင့်များက ၎င်းတို့ကို ဆက်လက်သစ္စာခံအောင်လုပ်ရန် ရည်ရွယ်သည်။

ထိုရေငုပ်သင်္ဘောကို မြန်မာက မင်းရဲကျော်ထင် ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့ (ဒီဇင်ဘာ ၂၄ရက်) တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်

တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီကို ရေငုပ်သင်္ဘော တပ်ဆင်ပေး

by ဧရာဝတီ
27 December 2021
22.2k

ထိုရေငုပ်သင်္ဘောကို မြန်မာက မင်းရဲကျော်ထင် ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့ (ဒီဇင်ဘာ ၂၄ရက်) တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ စစ်အင်အား၊ လက်နက် ခဲယမ်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို တွေ့ရသည်  / ဧရာဝတီ

ရခိုင်စစ်မျက်နှာ ပြန်ဖွင့်ရန် စစ်ကောင်စီ ပြင်နေဟု AA ပြော

by ဧရာဝတီ
14 June 2022
13.2k

၂၀၂၀ ပြည့်နှစ် နောက်ပိုင်း တိုက်ပွဲ ရပ်တန့်ထားသည့်အချိန်က စစ်ကောင်စီတပ်သည် စစ်ရေးလှုပ်ရှား မှု အနည်းငယ်ရှိခဲ့သော်လည်း လက်ရှိအချိန်၌ ခပ်စိပ်စိပ်ပြန်တွေ့ရသလို ရေငုပ်သင်္ဘော အပါအဝင် လူအင်အား၊ လက်နက်အင်အား အမြောက်မြားလည်း ဖြည့်တင်းနေသည်ကိုလည်း တွေ့မြင်ရကြောင်း ဦးခိုင်သုခက ဆိုသည်။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ကို ပြီးခဲ့သည့် ဧပြီလက တွေ့ရစဉ်  / MOFA

သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ

by ရန်နိုင်
18 June 2022
10.5k

လာမည့်လများ၊ နှစ်များအတွင်း မြန်မာတွင် အခြေအနေ မည်သို့ပြောင်းလဲသည်ဖြစ်စေ စစ်ကောင်စီကို ထောက်ခံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကတိပြုသည်။

ကျောက်ဖြူမြို့၊ သံဇစ်မြစ်အတွင်း သွားလာနေသည့် ရေငုပ်သင်္ဘော  / TunTun Naing

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ စစ်ကောင်စီ ရေငုပ်သင်္ဘော ရောက်လာ

by ဧရာဝတီ
31 May 2022
8.4k

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် ကုမ္ပဏီသည် နိုင်ငံခြား ကုမ္ပဏီများ ပူး ပေါင်းကာ ကျောက်ဖြူမြို့နှင့် မဒေးကျွန်းအကြားတွင် တည်ရှိသော ဓညဝတီ ရေတပ် လက်အောက်ခံ ရေငုပ်တပ်စခန်း၌ ရေငုပ်သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းတခုကိုလည်း တည်ဆောက်နေကြောင်း...

မြန်မာ့တပ်မတော်(ရေ)၏ အသစ်ဝယ်ယူထားသည့် ရုရှားလုပ် ကီလို အမျိုး အစား ရေငုပ်သင်္ဘော(News Asia)

မြန်မာနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘော တပ်တော်ဝင်ရန် ရှိ

by ထက်နိုင်ဇော်
23 December 2019
33.2k

ဒေသတွင်း နိုင်ငံများအနက် မြန်မာနှင့် အနီးဆုံး ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်နိုင်ငံလုပ် မင့်စ်အမျိုးအစား ရေငုပ် သင်္ဘောBNS Joyjatra နှင့် BNS Nabajatra ရှိနေပြီး၊ တော်ပီဒို ဒုံးကျည်တပ်ဆင်ထားသည့် ယင်းရေငုပ်သင်္ဘော၂ စီးအတွက် အမေရိကန်...

Next Post
နာဇီအလံများ၊ လူမည်းများအား ကျွန်ပြုမှုကို ထောက်ခံခဲ့သော ကွန်ဖယ်ဒရေးရှင်း အမေရိကန် တောင်ပိုင်း၏ အလံများကို ကိုင်ဆောင်ချီတက်ခဲ့ကြသူများ  / Twitter

အမေရိကန်မှာ လူဖြူ အမျိုးသားရေးဝါဒီများ တစခန်းပြန်ထလာ

နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း တွေ့ရသည့် ဒေါက်တာ မျိုးညွန့် / ထက်နိုင်ဇော် / ဧရာဝတီ

တိုင်ကြားစာ ၄၀၀ တွင် ဝန်ကြီးချုပ် ၄ ဦး ပါဝင်နေကြောင်း NLD ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate