သတင်း

တိုင်ကြားစာ ၄၀၀ တွင် ဝန်ကြီးချုပ် ၄ ဦး ပါဝင်နေကြောင်း NLD ပြော

Want create site? Find Free WordPress Themes and plugins.

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာပေါင်း ၄၀၀ ကျော်တွင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ၄ ဦး ပါဝင်လာ၍ ပါတီ၏ စည်မျဉ်း၊ ဥပဒေများနှင့်အညီ စိစစ်မှုများ ပြုလုပ်ခဲ့ရကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်၊ ပါတီတွင်း တိုင်ကြားစာများ စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။

တိုင်ကြားခံရသူ ဝန်ကြီးချုပ် ၄ ဦးကို ထုတ်ဖော်မပြောကြားလိုကြောင်း၊ ယနေ့အချိန်အထိ ပြည်ထောင်စုအဆင့် ဝန်ကြီးမှာ တိုင်ကြား ခံရခြင်း မရှိသေးသော်လည်း တိုင်းနှင့် ပြည်နယ်အဆင့် ဝန်ကြီးများမှာ တိုင်ကြားခံရမှုများ ရှိနေကြောင်း ၎င်းက နေပြည်တော်တွင် သတင်းထောက်များက ပြောသည်။

တိုင်ကြားမှု ၄၀၀ ကျော်တွင် ၂၀၀ ကျော်မှာ ခိုင်မာမှု မရှိ၍ စိစစ်ရန်မလိုဘဲ ၂၀၀ ခန့်ကို စိစစ်ရာ အပြစ်ရှိသူ ၂၀ ခန့်ရှိကြောင်း၊ ၎င်း ၂၀ ဦးကို ပါတီမှ သတိပေးခြင်း၊ ဒဏ်တပ်ခြင်းနှင့် ထုတ်ပယ်ခြင်းများကို ပြုလုပ်လိုက်ရကြောင်း သိရသည်။

ဒေါက်တာ မျိုးညွှန့်က“၁၀ ဦးမှာ တဦးလောက်ကတော့ ရှိပါတယ်။ အထူးသဖြင့်တော့ ပြည်သူလူထုကို ဆက်ဆံတဲ့အခါမှာ မောက် မာတာ။ လွှတ်တော် ကိုယ်စားလှယ်အချင်းချင်း ဆက်ဆံတဲ့အခါမှာ ပြေပြစ်မှု မရှိတာ။ အမှုဆောင်အဖွဲ့တွေနဲ့ ဆက်ဆံတာမှာ ပြေပြစ်မှု မရှိတာ။ အဖွဲ့ချုပ် မူဝါဒ၊ ညွှန်ကြားချက်တွေကို မလိုက်နာတာ”ဟု ပြောသည်။

သို့သော် ၎င်းတို့အဖွဲ့မှာ ပါတီတွင်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဖြစ်သဖြင့် တရားဥပဒေဆိုင်ရာ အငြင်းပွားမှုများ၊ ဌာနဆိုင်ရာ ကိစ္စများ၊ ရုံးတွင်းမှတ်တမ်း တောင်းကြည့်မှ အမှုမှန်ပေါ်ပေါက်နိုင်မည့် ကိစ္စရပ်များကိုမူ ကိုင်တွယ်ခြင်း မရှိကြောင်း၊ အပြစ်ရှိသည့် ပါတီဝင် တချို့ကို ပါတီမှ ဆက်လက်ထုတ်ပယ်ရန် စဉ်းစားနေကြောင်း ၎င်းက ပြောသည်။

NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်ကလည်း “တိုင်ကြားစာ တချို့ ရောက်တယ်။ လာဘ်စားတာနဲ့ ပတ်သက်ရင် အဂတိလိုက်စားမှု ကော်မရှင်ကို ပို့လိုက်တယ်။ ကိုယ်တို့က တိုက်ရိုက် ဘာမှ Action ယူလို့မှ မရဘဲ”ဟု ဧရာဝတီ၏ အစိုးရအဖွဲ့ဝင်များ လာဘ်စားမှုနှင့် ပတ်သက်သည့် မေးခွန်းကို တိုတိုတုတ်တုတ်သာ ဖြေသည်။

ထို့ပြင် ကယားပြည်နယ် NLD အလုပ်အမှုဆောင် အဖွဲ့ကို ဥက္ကဌက ဦးသောင်းဌေး၊ ဒုတိယ ဥက္ကဌက နန်းထွေးသူနှင့် အတွင်းရေးမှူး ဒေါက်တာ အောင်ကျော်ဌေးတို့ဖြင့် ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း၊ ဥက္ကဌဟောင်း ဒေါက်တာခင်စည်သူကို ကြားဖြတ် ရွေးကောက် ပွဲတွင် ပြည်နယ် ကိုယ်စားလှယ်လောင်းတယောက် စာရင်းသွင်းရန် ပျက်ကွက်မှုတွင် တာဝန်ရှိ၍ ပြည်နယ် ဥက္ကဌ ရာထူးမှ ဖယ်ရှား လိုက်ကြောင်း ဦးဝင်းထိန်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading