• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘော တပ်တော်ဝင်ရန် ရှိ

by ထက်နိုင်ဇော်
23 December 2019
in သတင်း
A A
မြန်မာ့တပ်မတော်(ရေ)၏ အသစ်ဝယ်ယူထားသည့် ရုရှားလုပ် ကီလို အမျိုး အစား ရေငုပ်သင်္ဘော(News Asia)

မြန်မာ့တပ်မတော်(ရေ)၏ အသစ်ဝယ်ယူထားသည့် ရုရှားလုပ် ကီလို အမျိုး အစား ရေငုပ်သင်္ဘော(News Asia)

33.2k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယထံမှ ဝယ်ယူထားသည့် ရုရှားနိုင်ငံလုပ် ကီလိုအမျိုးအစား မြန်မာနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘောကို မကြာမီ ကာလမှသာ တပ်တော်ဝင်ရန် ရှိကြောင်း၊ မနက်ဖြန် ကျရောက်မည့် ၇၂ နှစ်မြောက် တပ်မတော်(ရေ)နေ့ အခမ်းအနား တွင် ပြသနိုင်မည် မဟုတ်သေးကြောင်း သတင်း ရရှိသည်။

“အခုတပ်တော်ဝင်မှာက ရေငုပ်သင်္ဘော မပါဘူး။ ရေငုပ်သင်္ဘောကို သီးခြား အစီအစဉ်နဲ့ လုပ်ပါမယ်။ ဘယ် အချိန်မှာ လုပ်မလဲဆိုတာတော့ မပြောနိုင်သေးဘူး။ ရေငုပ်သင်္ဘောကိုတော့ သီးခြားဆောင် ရွက်မှာပါ”ဟု တပ် မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်တော်ဝင်ဆိုသည်မှာ မည်သည့်တိုက်ပွဲဝင် စစ်ယာဉ်မျိုးမဆို တပ်မတော်တွင် စတင် တာဝန် ထမ်းဆောင်ခြင်းအဖြစ် တရားဝင် စာရင်းသွင်းလိုက်ခြင်း ဖြစ်သည်။

မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်(ရေ)နေ့တွင် ကိုရီးယားနိုင်ငံ တွင် တည်ဆောက်ခဲ့ သည့် ဘက်စုံသုံး ထောက်ပံ့ရေး ရေယာဉ် မုတ္တမ အပါအဝင် စစ်သင်္ဘောသစ် တချို့ စတင် တပ်တော်ဝင်မည်ဖြစ်ပြီး၊ မုတ္တမ စစ်ရေယာဉ်မှာ တိုက်ပွဲအတွက်သာမက ကြက်ခြေ နီလုပ်ငန်များ၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက်ပါ အသုံးဝင် ကြောင်း၊ တပ်တော် ဝင်မည့် သဘောင်္အရည်အတွက်ကို အတိအကျ မပြောနိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

မြန်မာသည် ယခုရေငုပ်သင်္ဘော ပိုင်ဆိုင်လာခြင်းကြောင့် ဒေသတွင်း နိုင်ငံများနှင့် ရေတပ် အနေ အထားချင်း ယှဉ် ပြိုင်လာနိုင်ပြီး ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းကိုလည်း ကာကွယ်စောင့် ရှောက်နိုင်တော့မည် ဖြစ်ကြောင်း သေနင်္ဂ အင်စတီကျူ့မှ  ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

“ရေငုပ်သင်္ဘော ပိုင်ဆိုင်လာခြင်းအားဖြင့် ရေအောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေက ဝယ်ယူ ထားတဲ့ ရေငုပ်သင်္ဘော တွေရဲ့ ခြိမ်းခြောက်မှုကို ကျနော်တို့က တန်ပြန်နိုင်စွမ်းအား ရှိသွားမယ်။ အဲဒါသည် အဓိက အချက်ပါပဲ”ဟု၎င်းက  ပြောသည်။

ဒေသတွင်း နိုင်ငံများအနက် မြန်မာနှင့် အနီးဆုံး ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်နိုင်ငံ လုပ် မင့်စ်အမျိုးအစား ရေငုပ်သင်္ဘော BNS Joyjatra နှင့် BNS Nabajatra ရှိနေပြီး၊ တော်ပီဒို ဒုံးကျည်တပ်ဆင်ထားသည့် ယင်းရေငုပ် သင်္ဘော ၂ စီးအတွက် ဘင်္ဂလားဒေ့ရှ်က အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ကျော် ပေးခဲ့ရသည်ဟု ဘင်္ဂင်္လားဒေ့ရှ် အခြေစိုက် သတင်းများက၂၀၁၆ ခုနှစ်တွင် ဖော်ပြ ခဲ့သည်။

သို့သော် မြန်မာက ယခု ဝယ်ယူထားသည့် ရေငုပ်သင်္ဘောသည်  ဘင်္ဂလားဒေ့ရှ် ရေငုပ်သင်္ဘော၂ စင်းထက် ပိုမို ကောင်းမွန်ပြီး လေ့ကျင့်ရေး အတွက်သာမက တကယ့်တိုက်ပွဲများအတွက်ပါ အသုံးဝင်ကြောင်း စစ်ရေး အကဲခတ် များက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
73
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
88

“ကျနော်တို့ ရထားတဲ့ ရေငုပ်သဘောင်္ဆိုရင် ရေအောက်မှာ လှုပ်ရှားသွားလာတဲ့အခါ အသံ အရမ်း ငြိမ်တယ်။ လုံခြုံပြီး  တော့ တဖက်ရန်သူကို ခြိမ်းခြောက်နိုင်စွမ်း အရမ်းမြင့်တဲ့အတွက်ကြောင့် Killer လို့ တင့်စားပြီး ခေါ်ကြတာ ရှိတယ်” ဟု သေနင်္ဂ အင်စတီကျူမှ ဦးသိန်းထွန်းဦးက ပြောသည်။

ရေတပ်တခုတွင် Three Dimension Warfare ဟု ခေါ်သော ဝေဟင်မှ တိုက်ခိုက်ခြင်းကို ပြန်လည် တုန့်ပြန်နိုင်ခြင်း၊  ရေပေါ်တွင် တိုက်ခိုက်နိုင်ခြင်းနှင့် ရေအောက်တွင် တိုက်ခိုက်နိုင်စွမ်း ရှိခြင်းတို့ ရှိရမည် ဖြစ်ရာ ယခုအခါ မြန်မာ ရေ တပ်တွင် ယင်း ၃ ချက်စလုံး ပြည့်စုံလာပြီ ဖြစ်ကြောင်း ယင်းအကဲခတ်များက ပြောသည်။

မြန်မာ့တပ်မတော်(ရေ)၏ စစ်အင်အား ဖြည့်တင်းမှုများ ဖြစ်သည့် ရုရှားလုပ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘော ဝယ်ယူ မှုကြောင့် ဒေသတွင်း ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ်က တရုတ်လုပ် Type- 053H3 အမျိုးအစား(နေတိုးအခေါ် ) Jiangwei II) ဖရီဂိတ်စစ်သင်္ဘော ၂စီးကို တရုတ်နိုင်ငံထံမှ ပြီးခဲ့သည့် ရက်ပိုင်းက လွှဲပြောင်းရယူခဲ့သည်။

အလားတူ ထိုင်းရေတပ်ကလည်း အက်ဒမန်ပင်လယ်အတွင်း လှုပ်ရှားလာမည့် မြန်မာ့ ရေငုပ် သင်္ဘောကို စောင့်ကြည့် ရတော့မည် ဖြစ်ကြောင်း Bangkok Post  သတင်းသို့ ထုတ်ဖော်ပြော ကြားခဲ့သည်။

မြန်မာ့တပ်မတော်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ တပ်မတော်(လေ)နေ့ အခမ်းအနားက လည်း JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေး  လေယာဉ် ၂ စင်း၊ Yak-130 အပေါ့စား တိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော် ဝင်ခဲ့သေးသည်။

ဆက်စပ်ဖတ်ရှု့ရန် –

မြန်မာရေတပ်သင်္ဘောသစ် ရုရှား ရောက်

ဘင်္ဂလားပင်လယ်အော်မှ ကီလိုရေငုပ်သင်္ဘော သက်ရောက်မှု

ဒုတိယမြောက် တရုတ်ရေငုပ်သင်္ဘော ဝယ်ယူရန် ထိုင်းရေတပ် စီစဉ်နေ

အိန္ဒိယက မြန်မာသို့ ရေငုပ်သင်္ဘော လွှဲအပ်ရန် အသင့်ဖြစ်နေ

အိန္ဒိယလုပ် တော်ပီဒိုများဖြင့် မြန်မာရေတပ် အဆင်မြှင့်တင်

Your Thoughts …
Tags: တပ်မတော်(ရေ)ဘင်္ဂလားဒေ့ရှ်ရေငုပ်သင်္ဘော
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

by မိုးစက်ငြိမ်းချမ်း
5 February 2024
12.7k

ရခိုင်စစ်မျက်နှာတွင် တွေ့ရသည့် စစ်တပ်၏ အားသာချက်မှာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်မှု ဖြစ်သည်။ သို့သော် ရက္ခိုင့်တပ်တော်၏ အောင်ပွဲကို တားဆီးနိုင်ခြင်း မရှိပေ။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

Next Post
အောင်သပြေရွာသားများ ရုံးထုတ်စဉ်  / ဇော်ဇော် / ဧရာဝတီ

အောင်သပြေဖြစ်စဉ်မှ တရားရှင်လွတ်မြောက်လာသူက စက်ရုံမန်နေဂျာကို တရားပြန်စွဲမည်

သရုပ်ဆောင် နန်းဆုဦး / ဝေဝေနှင်း / ဧရာဝတီ

Single Mother ပြည့်တန်ဆာတယောက်အနေနဲ့ မြင်တွေ့ရမယ့် နန်းဆုဦး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved