ဆောင်းပါး

အိမ်ဆိုတဲ့အဓိပ္ပာယ် အိမ်မျှော်လင့်ချက်

Want create site? Find Free WordPress Themes and plugins.

အိမ်လို့ အမှတ်သညာကနေ တမ်းတမြည်ဟီးမိလိုက်တိုင်း နွေးထွေးလုံခြုံပြည့်စုံစေတဲ့ အဓိပ္ပာယ်ကို လူတိုင်း ပြေးမြင်မိကြမှာ မလွဲပါဘဲ။ ကိုးကွယ်ရာ ဘာသာတရား၊ အသားအရောင်၊ လူမျိုး ကွဲပြားကောင်း ကွဲပြားပေမယ့် လူတိုင်း မိသားစုတိုင်း အိမ် ရှိတာတော့ အသေအချာပါ။

နေထိုင်ရာ အိမ်နဲ့ပတ်သက်ပြီးလည်း ဖြတ်သန်းရပုံခြင်းလည်း တူနိုင်မယ်မထင်ပါ။ နန်းတော်ကြီးတမျှ ပိုင်ဆိုင်သူလည်း အိမ် ဆိုတဲ့အိမ်မှာ ပျော်သလို ငှက်အသိုက်လောက် ရှိသူလည်း အိမ်လွမ်းကြတာတော့ အားလုံးအတူတူပါပဲ။

အဲဒီအိမ်တွေအကြောင်းကို တစုတဝေးတည်း သိရဖို့ဆိုရင်တော့ ယခု အိမ်အက်ဆေးပေါင်းချုပ်စာအုပ်ကတော့ အထူးပြည့်စုံ နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

မိုဃ်းဇော်၊ မှိုင်း(ဆေး-၂)၊ သင့်နော်၊ နောင်ကျော်၊ ခိုင်မျိုး၊ ပန်ဒိုရာ၊ လင်းစန်၊ ဦးတင်ဦး(ကျူရှင်)၊ မောင်ခိုင်လတ်၊ မောင်သူ၊ အညတရကျော်၊ စုမီအောင်၊ လင်းဆက်ငြိမ်းချမ်း၊ ကြူးနစ်၊ ဖြူမွန်၊ မင်းချမ်းမွန်၊ နှင်းဝေငြိမ်း၊ ဗညားလှိုင်ဦး၊ ဌေးဝင်းနှစ်၊ မိုး ဦးဆွေငြိမ်း၊ ကျော်စိုးလူ၊ ခင်အောင်အေး၊ မိချမ်းဝေ၊ ရဲသျှမ်း၊ လင်းစန်၊ နီဟိန်းမော်၊ လင်းဦးနိုင်၊ မောင်ကျော်သာ(ပဲခူး)၊ ခင် မောင်ဇော်၊ ခိုင်မျိုး၊ ဘကံ၊ ဝင်းကိုမောင်၊ သဲထူး၊ သွေး(စစ်ကိုင်း)၊ မောင်ဖုန်းမြင့်၊ မင်းရင်၊ ဓမ္မဂဂါၤ၊ မိုးဝေး၊ မောင်ခင်သာ မြင့်၊ အောင်မင်း၊ သည်မော်နိုင်၊ ဧပရယ်နွေ၊ ရဲသျှမ်း၊ မအိ၊ ရဲရင့်နိုင်(အင်းဝ)၊ Aမွန်၊ ထင်အောင်ကျော်၊ တူးတူးသာ၊ မြမြင့်မိုရ်၊ နိုင်ဦးကို၊ အောင်ပိုင်စိုး၊ ဆွန်အဲလူ၊ ဆူးငှက်၊ လေးကိုတင်၊ ကြည်နိုင်၊ ကိုလေးမြတ်၊ အောင်မှူးဝေ၊ ဇော်တင်၊ အေးငြိမ်းစံ၊ ခိုင် မျိုး၊ မောင်ကျော်သာ(ပဲခူး)၊ နိုင်သစ်နီ၊ နိုင်စွမ်း၊ ဒီနိုဗို စတဲ့ အက်ဆေး ရေးသားသူ ၆၄ ယောက်ရဲ့ အိမ်နဲ့ပတ်သက်တဲ့လက် ရာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ယနေ့ ဂျာနယ်မဂ္ဂဇင်းများမှာ ရေးသားနေတဲ့ ကဗျာဆရာ၊ စာရေးဆရာတို့ရဲ့အိမ်နဲ့ပတ်သက်ပြီး ဖြတ်သန်းမှုများကို တစုတ စည်းတည်း ဆွတ်ပျံ့နာကျင် လွမ်းတ ပျော်မြူးရသအစုံ မှတ်သားရတဲ့ အိမ်ဇာတ်လမ်းတွေဖြစ်ပါတယ်။

ပါဝင်တဲ့ အက်ဆေးခေါင်းစဉ်များကတော့ ယုဇနရုပ်ပုံလွှာ၊ နေခဲ့ဖူးတဲ့တိုက်ခန်းများ၊ ခင်ဗျားတို့အိမ်မှာ စာအုပ်စင်ရှိလား၊ မြေ ပိုင်ရှင်ရင်ထဲမှာ ပျော်နေမလား ငိုနေမလား၊ အိမ်၊ ငယ်ငယ်တုန်းက အိမ်ကလေးတစ်လုံး၊ မိုးရာသီကျေးလက်နေအိမ်၊ ကျွန် တော်နှင့်အိမ်များ၊ စိတ်ကောင်းရှိသောနှလုံးသားနှင့် အိမ်ကလေးဆီသို့၊ နွေဦးအိမ်၊ အိမ်ဇော၊ အိမ်၊ ဘယ်အိမ်ကို အချစ်ဆုံးလဲ၊ ကျွန်တော်၏အနာ ကျွန်တော်၏အိမ်နှင့် ကျွန်တော်၏ပျော်ရွှင်မှု၊ တောလက်သမား၊ စိတ်ကူးထဲက အိမ်ကလေး၊ စိတ်ကူးမိုး တိမ်ထဲက အိမ်၊ အိပ်မက်ထဲက အိမ်၊ အိမ်လွမ်းစိတ်၊ အိုးပစ်အိမ်ပစ်၊ အိမ်တစ်လုံးဆောက်ကြည့်ခြင်း၊ လွတ်ကျကြေကွဲ အိမ် လွမ်းစိတ်နှင့် ငါ့ပင်လယ်၊ ဘဝရဲ့နေရာထိုင်ခင်းအကြောင်းအက်ဆေး၊ ကျွန်မရဲ့ ဒုတိယနွေဦး၊ အိမ်ပျောက်သူ၊ ချစ်သူ ရှိသော မြို့၊ နေရာ၊ အိမ်အတွက်အတွေးများ၊ အမေ့အိမ်၊ အိမ်၊ ကျွန်တော်နှင့် နေရာထိုင်ခင်းများ၊ အိမ်ဝေးသူ၊ ကိုယ်ပိုင်ဆိုင်သော အိမ်ဆိုတာ၊ အဓိကကျသောအလွမ်းကို ဝတ်ဆင်ခြင်း၊ အိမ်လေးတစ်လုံးကို ကျွန်မ မကြာခဏ အိပ်မက် မက်မိတယ်၊ အိပ် မက်တွေထဲမှာ မကြာမကြာထည့်မက်တတ်တဲ့ အိမ်ကလေး၊ အမြဲတည်နေတဲ့အရပ်၊ ရဟန်းနှင့်အိမ်၊ ထပ်ခိုးများ လှေကား အောက်များ မီးဖိုချောင်များ တဲများ ခုနှစ်လွှာများ၊ အိမ်ကလေးဆီ မေးခွန်းများနဲ့အသွား၊ ငယ်ငယ်က အိမ်ကြီး၊ အိမ်အမည်း လေး….အရောင်တောက်…..၊ ချစ်ခြင်းတွေနဲ့ အိမ်၊ လွမ်းသူ့ရထားနှင့် အမေ့အိမ်၊ အိမ်လွမ်းစိတ်၊ ထို့ကြောင့် ကျွန်တော်သည်….၊ စိတ်နဲ့ဆောက်တဲ့ အိမ်၊ နေစရာ တစ်နေရာ၊ အိမ်ခြံမြေဘွန်ဇိုင်း၊ အိမ်၊ ရေပေါ်ရွေ့လျား အိမ်ကလေး၊ အလွမ်းအိမ်၊ အိမ်ရဲ့က လီစာ၊ သဲပုံနှင့်နိုင်လွန်ဝေဖာ၊ တစ်ချိန်က စာရေးဆရာကြီးအိမ်၊ သည်မိုးနှင့် သည်အိမ်၊ မရေမရာအိမ်၊ အတွေးအိမ်၊ လေထဲ မှာပဲ တဲအိမ်ဆောက်ချင်၊ တိမ်နဲ့ဆောက်တဲ့အိမ်၊ အိမ်ငှားဝေဒနာ၊ ပျောက်ဆုံးသွားသော အိမ်၊ မြေဓာတ်တမ်းချင်း၊ နေရာ ဟောင်းနေရာသစ်နဲ့ နေရာသံသရာ၊ အိမ်မြင့်စံ တို့ပဲဖြစ်ပါတယ်။

အက်ဆေးစာအုပ်မှာပါဝင်တဲ့ အကြောင်းများကတော့ ရန်ကုန်မှာရှိတဲ့ ဖြတ်သန်းခဲ့ရတဲ့အိမ်အကြောင်း အများစု ဖြစ်ပါတယ်။ အိမ်အကြောင်းဖတ်ရင်း လူအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ ခေတ်စနစ်အကြောင်း၊ အမှတ်ရစရာတွေ စုံလို့ပါပဲ။

ရန်ကုန်မှာ နေစရာအိမ် ဆိုတာ လွန်စွာ ခက်ခဲကြောင်း ရန်ကုန်ကို ဖြတ်သန်းဖူးသူတွေ သိကြပါတယ်။ မြေဆိုရင် ပန်းအိုးထဲ ကမြေတောင် တန်ဖိုးမြင့်နေချိန် နေဖို့ တိုက်ခန်းတခန်း၊ အိမ်တလုံးဆိုတာ ရန်ကုန်မှာ မဟာအိပ်မက်ကြီးလို ဖြစ်နေရပါတယ်။ မြေယာတောတောင်တွေ မြေပုံထဲမှာ ကျယ်ဝန်းပေမယ့် ရန်ကုန်လိုမြို့ကြီးထဲမှာ ကျူးကျော်ကိစ္စတွေကလည်း နေ့စဉ်နဲ့အမျှ ကြားနေရတာပါပဲ။

၁၀ပေ-၅၀ပေ လောက် အခန်းပိုင်ထားရင်ကို အကောင်ဖြစ်နေတဲ့ခေတ်ထဲမှာ လကုန်ရက်နီးလို့ အိမ်ငှားဖို့မစဉ်းရရင် သူဌေးပဲ။ ဖင်ပူအောင် မအိပ်ရသေးဘူး စာချုပ်ပြည့်နေပြီ။ နောက်ထပ်နောက်ထပ် ဇောချွေးများနဲ့ ရန်ကုန်အိမ်အကြောင်းတွေရဲ့အဓိက လက်သည်က ဘယ်သူများပါလဲ။

ဓနိပင်တွေက
မိခင်ဆိုရင်
ဝါးပင်တွေက သားပေါ့။
ဝါးဓနိတွေနဲ့
သားအမိတတွေ
အိမ်ကလေးတစ်လုံးဆောက်ကြမယ်။ ။

ကွယ်လွန်သူ ကဗျာဆရာလှသန်းရဲ့ အိမ်ကဗျာလို မလွယ်လှတဲ့ အိမ်ကလေးတလုံးကို မရသေးသူကလည်း ကြိုးပမ်း၊ ရ ထားသူတွေကလည်း ကြည်နူးပျော်ရွှင်ကြရမယ်ဆိုတာ ဒီစာအုပ်ဖတ်ရင်း အတွေးပေါ်မိပါတယ်။

အက်ဆေးတွေဖတ်နေရင်း တချို့အပုဒ်တွေမှာ ဇာတ်ကောင်များနဲ့အတူ လိုက်လံမောပန်း၊ ရုပ်ရှင်ဇာတ်လမ်းတိုလေးတွေ ကြည့်နေရသလို၊ တချို့အက်ဆေးကျ ဖတ်ရင်း ရပ်တန့်စဉ်းစားစေတာတွေလည်း ဖတ်ရပါတယ်။

အဖွင့်အက်ဆေးတပုဒ်ဖြစ်တဲ့ မိုးဇော်ဃ်ရဲ့ယုဇနရုပ်ပုံလွှာမှာ “အားလုံးကို ပေါင်းခြုံကြည့်လိုက်လျှင် ယုဇနသည် ကျွန်တော့် အတွက် မဆိုးပါ။ နေပျော်သော အရပ်ဒေသ တစ်ခုဖြစ်ပါသည်။ စည်ကားသည်။ လှပသည်။ ရှင်းသန့်သည်။ ပြီးတော့ ကျေး လက်အရောနှင့် မြို့ဆန်သည်။ ကိုတင်မောင်မြင့် အစောဆုံးတွေ့ရှိထားခဲ့သော ယုဇနကို ကျွန်တော်လည်း တွေ့ရှိမိခဲ့ပြီ။ နိုင်ငံ တကာစံနှုန်းနှင့် ဆိုလျှင်တော့ ဤတိုက်တန်းလျားများနှင့် အခန်းများကို ဆင်းရဲသားရပ်ကွက်ဟု ဆိုနိုင်ပါလိမ့်မည်။ နိုင်ငံတ ကာ စံနှုန်း၏အပြင်ဘက်က ကျွန်တော်တို့ ယုဇနသူ၊ ယုဇနသားများအတွက်မှာတော့ တန်ဖိုးနည်းအိမ်ရာများတွင် ဝန်ဆောင် ခ တန်ဖိုးကြီးကြီးပေးနေရသူများဖြစ်နေပါသည်” လို့ဖတ်ရပါတယ်။
မောင်သူရဲ့အိမ်ဇောမှာလည်း “ရန်ကုန်လိုမြို့ကြီးမှာ သေရေးထက် နေရေးကခက်သည်။ သေရေးအတွက် နာရေးကူညီမှု အ သင်းရှိသည်။ နေရေးအတွက် နေရေးကူညီမှုအသင်း မရှိ။”လို့ အိမ်နဲ့ပတ်သက်တဲ့ စိတ်ဇောတခုကိုလည်း ဖတ်ရပါတယ်။

ဇော်တင်ရဲ့ “လေထဲမှာပဲ တဲအိမ်ဆောက်ချင်”မှာတော့ တေးရေးကြီးက “လူတွေဟာ နေဖို့အတွက် အိမ်ဆောက်ကြတယ်၊ အနုပညာသမားတွေဟာ သူတို့နာမည်သူတို့ အနုပညာအိမ်တွေ တည်ဆောက်ကြတယ်။ သူတို့ကိုယ်တိုင်ဟာ အိမ်တွေဖြစ် သွားကြတယ်။ သူတို့မှာ နေစရာမရှိ၊ စားစရာမှာမရှိ၊ လှုပ်ရှားရုန်းကန်ခဲ့ကြတယ်။ သူတို့ယုံကြည်မှုအတွက် ကြိုးစားခဲ့ကြ တယ်။ သူတို့မှာ နေစရာစားစရာမရှိပေမယ့် သူတို့ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေဟာ အိမ်တွေဖြစ်နေခဲ့တယ်။ နောက်ဆုံး ကွယ်လွန်သွားတဲ့တိုင် သူတို့ကိုယ်တိုင်ဟာ အိမ်တွေဖြစ်သွားခဲ့ကြတယ်။”ဆိုပြီး ကဗျာဆန်ဆန် ကမ္ပည်းထိုးထားတာ ဖတ် ရပါတယ်။

ဆက်လက်ပြီး အဲဒီအက်ဆေးမှာပဲ လက်ရှိအနုပညာရှင်တွေရဲ့ရပ်တည်ပုံခက်ခဲမှုနဲ့ ဘာကြောင့် ခုလိုအိမ်အတွက် ခက်ခဲပုံ ကို “ကျွန်တော်တို့ရဲ့အို မောင်ဒီကို မြန်မာပြည်မှာ ရဲတိုက်နဲ့ နေစေချင်တယ်။ ဒီမှာက ဗိုလ်ချုပ်တွေ ခရိုနီ၊ ခရိုပြာတွေနဲ့ နိုင်ငံ ခြားသားတွေပဲ ရဲတိုက်တမျှ ခမ်းနားကြီးကျယ်တဲ့အဆောက်အအုံတွေနဲ့ နေနေကြတယ်”လို့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ယခုထိ မြန်မာပြည်မှာ အိမ်ဆိုတဲ့ ဝေါဟာရဟာ ငွေကြေးအားဖြင့်ရော တန်ဖိုးအားဖြင့်ရော မြင့်တက်နေဆဲ ဖြစ်ပါတယ်။

အိမ်ဆိုရင် လုံခြုံနွေးထွေးမှုတွေနဲ့တွဲမြင်ပေမယ့် ဒုတိယမျှော်လင့်ချက်ကတော့ စမ်းတဝါးဖြစ်နေဆဲမို့ ယခုအိမ်အက်ဆေး များကိုသာ မြည်းစမ်းကြည့်ဖို့သာ ညွှန်းလိုက်ရပါတယ်။

စာရေးသူ                  – ကလောင်စုံ
စာအုပ်အမည်            – အိမ် အက်ဆေးများ
အမျိုးအစား              – အက်ဆေး
ထုတ်ဝေသည့်တိုက်    – လင်းသစ်ရောင်စဉ်
ထုတ်ဝေသည့် ခုနှစ်    – ၂၀၁၇၊ မေ
တန်ဖိုး                      – ၅၀၀၀ကျပ်

Did you find apk for android? You can find new Free Android Games and apps.
Loading