စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းမှစ၍ ကဏ္ဍအသီးသီးတွင် ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အချိန်မှာပင် စစ်ကော်မရှင်က ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို တင်သွင်းခွင့် ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊ တရားမဝင် ကုန်စည်အကြောင်းပြ ဖမ်းဆီးခြင်းတို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ယာယီရပ်နားထားရပြီး ပြည်တွင်း ကုန်ပစ္စည်းရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။
ထို့ပြင် အိမ်တိုင်ရာရောက်စနစ်ဖြင့် လုပ်ဆောင်နေသည့် ပြည်တွင်း ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ( Delivery Service) အနေဖြင့် လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများကို နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် မြို့နယ်အလိုက် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ကန့်သတ်ပိတ်ပင်ထားသောကြောင့် တမြို့နှင့်တမြို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုများတွင်ပါ အခက်အခဲကြုံတွေ့နေရသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အစောပိုင်းကာလမှာပင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ လေးဆခန့်မြင့်တက်လာခဲ့သဖြင့် သန်းနှင့်ချီသောပြည်သူများသည် အခြေခံအစားအစာကိုပင် လုံလောက်စွာ ဝယ်မစားနိုင်သော အခြေအနေနှင့် ကြုံတွေ့နေရကာ လူသုံးဦးလျှင် တဦးမှာ အစားအစာ ဝဝလင်လင်မစားရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
ထိုသို့ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။
ဦးစိန်ဌေးသည် ၁၉၇၄-၇၈၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘွဲ့ရကျောင်းသားတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် NLD စီးပွားရေးကော်မတီအဖွဲ့ဝင်တဦးဖြစ်ကာ လက်ရှိ အမေရိကန်နိုင်ငံ၌ နေထိုင်နေသော မြန်မာ့စီးပွားရေးပညာရှင်တဦး ဖြစ်သည်။
မေး။ လက်ရှိ မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးက အစားအစာ ဝဝလင်လင် မစားရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တချို့ကလည်း အဲဒီလို ထုတ်ပြန် ချက်အပေါ် ဟုတ်နိုင်ပါ့မလားဆိုပြီး ပြောဆိုနေတာတွေလည်း တွေ့ရတော့ အဲဒီအပေါ် ဆရာ့အမြင်လေး သိပါရေစေ။ သူတို့ ဘယ်လိုအချက်တွေအပေါ် မူတည် ကောက်ခံပြီး ထုတ်ပြန်တာဖြစ်မလဲပေါ့။
လူတယောက် သူရဲ့ ရှိသင့်ရှိထိုက်တဲ့ နေ့စဉ်အာဟာရ၊ ပမာဏ ရှိမှသာလျှင် သူက အစာအာဟာရ ပြည့်ဝတယ်လို့ ပြောလို့ရတယ်။ ကျန်းကျန်းမာမာနေထိုင်ဖို့ဆိုရင် နေ့စဉ် အာဟာရပြည့်ဝဖို့ လိုတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ လူတွေဟာ ဝဝလင်လင် စားသောက်မှု မရှိဘူး။
ဖြေ။ စီးပွားရေးရှု့ထောင့်ကပဲ ပြောရမှာပေါ့ဗျာ။ ဒါ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဝဝလင်လင်ဆိုတဲ့ စကားလုံးမှာ ပါတယ်။ လူတယောက် သူရဲ့ ရှိသင့်ရှိထိုက်တဲ့ နေ့စဉ်အာဟာရ၊ ပမာဏ ရှိမှသာလျှင် သူက အစာအာဟာရ ပြည့်ဝတယ်လို့ ပြောလို့ရတယ်။ ကျန်းကျန်းမာမာနေထိုင်ဖို့ဆိုရင် နေ့စဉ် အာဟာရပြည့်ဝဖို့ လိုတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ လူတွေဟာ ဝဝလင်လင် စားသောက်မှု မရှိဘူး။ အဲဒါကို အချက်အလက်လေးနည်းနည်းနဲ့ စီးပွားရေးရှုထောင့်က ခြုံပြောမယ်ဆိုရင် နံပါတ် ၁ အချက်က မြန်မာနိုင်ငံကို ပြန်ကြည့်၊ ကမ္ဘာ့ဘဏ် အထောက်အထားပဲ ကြည့် ကြည့်၊ ဘယ်လိုပဲ ကြည့်ကြည့်၊ တဝက်လောက်ဟာ ဆင်းရဲမွဲတေမှု လိုင်းအောက်မှာ ရှိတယ်။ အခုဆိုရင် ပိုပိုတိုးမှာ၊ ဘာကြောင့်လဲဆိုတော့ စစ်ဘေးရှောင်တွေ ပြေးနေရတဲ့သူတွေ နည်းတာမှ မဟုတ်တာ၊ ဒါက တချက်။
အခု စိုးမိုးထားတဲ့ နယ်မြေတွေ ပြန်ကြည့်ရင် စစ်ရှောင်ဒေသတွေ များနေတယ်၊ စကမ (စစ်ကော်မရှင်)ရဲ့ တကယ်တမ်း စိုးမိုးဧရိယာကို ပြန်ကြည့်ရင် ၃၀ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။ သုံးပုံ တပုံလောက်ပဲ ရှိတော့တာ။ ဒီနေရာမှာ ဝဝလင်လင် မကျွေးနိုင်ဘူး။ ဥပမာ-ရန်ကုန်မြို့မှာပဲ ကြည့်၊ ဆင်းရဲသားရပ်ကွက်တွေ အများကြီးရှိတယ်။ ဘယ်လိုလုပ်ပြီး စားဝတ်နေရေး ပြေလည်မလဲ၊ သူ စိုးမိုးတဲ့နေရာပဲ ပြောနေတာ။ လှိုင်သာယာတို့ ဘာတို့ဆို တော်တော်ဆိုးနေမှာပဲ။
ကျနော်တို့ အညာဆိုလည်း စစ်ရှောင်နေရတာ နည်းမှ မနည်းပဲ၊ ဘယ်နှစ်နှစ်ရှိသွားပြီလဲ။ တိုင်းရင်းသားဒေသတွေ ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကရင်၊ကယား အတူတူပဲ။ ပြောချင်တာက ဒေသအားလုံးကို လိုက်ပြီးတော့ မင်းအောင်လှိုင်က ဗုံးတွေကြဲ၊ မီးတွေ ရှို့နေတော့ ဘယ်လိုလုပ်ပြီး စားဝတ်နေရေး ပြေလည်တော့မလဲ၊ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ လက်ရှိအခြေအနေဟာ လူတွေ ၃ ယောက်မှာ ၁ ယောက်လောက်က ဝဝလင်လင် မစားရတော့ဘူးဆိုတာက ကမ္ဘာ့အဖွဲ့အစည်းတွေ ဖြစ်တဲ့ WFPက ရမ်းပြောတာမဟုတ်ဘူး။ အချက်အလက်တွေကို ဆာဗေးကောက်ပြီးမှ ဒါကို သေသေချာချာ လုပ်ထားတာ။ ဒီအချက်ဟာ မမှားယွင်းနိုင်ဘူး။ နောင်ဆိုရင် ဒါ့ထက်တောင် ဆိုးနိုင်တယ်လို့ သုံးသပ်ပါတယ်။

မေး။ အခုဆိုရင် စစ်ကော်မရှင်က ဒီလိုကုန်ဈေးနှုန်းတွေ တက်နေတဲ့ ကြားထဲ ပြည်ပသွင်းတဲ့ နယ်စပ်ကုန်ပစ္စည်းတွေကို ကန့်သတ်တာ၊ ပိတ်ပင်တားဆီးတာတွေကို ဆက်တိုက်ပြုလုပ်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် အခုဆို ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ ရှားပါး ပြတ်လပ်တာတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ အခုလို ကျန်နေသေးတဲ့ ကုန်သွယ်ရေးတွေကိုပါ ပိတ်ဆို့ ဖြတ်တောက်နေတာက စားသုံးသူတွေအတွက် ကုန်ဈေးနှုန်းပိုပြီး ကြီးမြင့်လာတာအပြင် ရေရှည်မှာ ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲရှင့်။
ဖြေ။ မင်းအောင်လှိုင်က နေဝင်းတို့၊ သန်းရွှေတို့လို အာဏာသိမ်းလိုက်ရင် ငါ့ဆန့်ကျင်တဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေး သမားတွေကို သတ်ပြ၊ ထောင်ထဲထည့်လိုက်ရင် ပြီးသွားလိမ့်မယ်လို့ တွက်တာဗျ။ တကယ်တမ်းကျ မဟုတ်တော့ဘူး။ ကျနော်တို့လည်း ဦးသန့်အရေးအခင်းကနေ ကျောင်းသားဘဝမှာ သုံးကြိမ်မီတယ်။ ၈၈ လည်း ကျနော်တို့ သမ္မဂ္ဂတွေ ဖွဲ့ ပါဝင်လုပ်ခဲ့တာပဲ။ CDM တွေလုပ်၊ တိုက်ပွဲတွေ လုပ်ခဲ့တာပဲ ရှုံးတာပဲ။ နောက်ပိုင်း ဒီဘက်ရောက်၊ တောခိုလုပ်တော့လည်း ရှုံးတယ်။ မအောင်ဘူးပေါ့။ ပြောချင်တာက ခေတ်အဆက်ဆက်မှာ အာဏာရှင်ကို တိုက်တဲ့အခါမှာ အားလုံး ပြည်သူဘက်က ရှုံးတယ်။ အာဏာရှင်တွေက သတ်ဖြတ်၊ ထောင်ချ ပြီးမှ နိုင်တယ်ပေါ့ဗျာ။ သူကလည်း အဲဒီလို မှန်းခဲ့တာ။ အခုကျ အဲဒီလို မဟုတ်တော့ဘူးလေ။ ကျနော်တို့ခေတ်နဲ့ ဘာမှကို မဆိုင်ဘူး။
ဂျန်ဇီလေးတွေက အသက်ပေးတိုက်တဲ့အခါကျ စစ်ကော်မရှင်က တိုင်းပြည်ကို စိုးမိုးနိုင်တာ သုံးပုံ တပုံလောက်ပဲ ကျန်တာ။ မြို့ကြီးလောက်ပဲရှိတာ။ ကျန်တဲ့ဟာတွေ လှုပ်လို့မှ မရတာ။ ဆိုတော့ အငြိုးတကြီးနဲ့ ငါ့ကို တော်လှန်တာအများစုက ပြည်သူတွေ ဖြစ်နေတော့ ဒီကောင်တွေ ငါချမှရတော့မယ်ဆိုပြီး သူရဲ့ မသိစိတ်၊ သိစိတ်ကရော ဒါပဲ။ ရွာတွေကို မီးရှို့၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ အကုန်လုံးကို ဗုံးကြဲ၊ သူစိုးမိုးတဲ့နေရာ ကွက်ကွက်လေးဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးလောက်ပဲ ချမ်းသာခွင့်ပေးထားလိုက်တာ ကျန်တဲ့ဟာ သူအကုန်လိုက်လုပ်တာ။ လူထုကို သတ်ဖြတ်ပြီးတော့ မတရားငတ်ပြတ်အောင် လုပ်ချင်တဲ့ စိတ်ရှိတယ်ဆိုတာ ရှင်းသွားတယ်။ ဒါကြောင့် ကျနော် ခိုင်ခိုင်မာမာ ပြောတာ၊ ဒါကြောင့် ဒီလို ပိတ်ဆို့တာပဲ။
ဦးနေဝင်းခေတ်က တိုင်းပြည်စီးပွားရေးကို ဘာလုပ်လဲဆိုတော့ သွင်းကုန်အစားထိုးမူဝါဒကို ကျင့်သုံးပြီးတော့ လူတွေကို ငတ်အောင် ၊ ပြတ်အောင် လုပ်ခဲ့တယ်။ ဒါက အရပ်စကားပြောရင် ဒီအတိုင်းပဲ။ ပြည်သူ့ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (ပပက)တို့ သမဝါယမ တည်ထောင် ပေါင်းလုပ်တာ မှောင်ခိုခေတ်က သူ့(ဦးနေဝင်း) ခေတ်က စပေါ်တာ။
ဦးနေဝင်းခေတ်က တိုင်းပြည်စီးပွားရေးကို ဘာလုပ်လဲဆိုတော့ သွင်းကုန်အစားထိုးမူဝါဒကို ကျင့်သုံးပြီးတော့ လူတွေကို ငတ်အောင် ၊ ပြတ်အောင် လုပ်ခဲ့တယ်။ ဒါက အရပ်စကားပြောရင် ဒီအတိုင်းပဲ။ ပြည်သူ့ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (ပပက)တို့ သမဝါယမ တည်ထောင် ပေါင်းလုပ်တာ မှောင်ခိုခေတ်က သူ့(ဦးနေဝင်း) ခေတ်က စပေါ်တာ။
ကျနော်တို့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေဟာ Export promotion ကို ကျင့်သုံးခဲ့လို့ ချမ်းသာသွားတာ။ စီးပွားရေး ပညာရှင် ကျနော့် ဆရာတွေရဲ့ ဆရာ ဖြစ်တဲ့ ဒေါက်တာလှမြင့်က ပြောတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ပို့ကုန်တိုးမြှင့်ရေးမူဝါဒကို ကျင့်သုံးရမယ်ဆိုတဲ့ ပေါ်လစီကို သူပြောတဲ့အခါမှာ တောင်ကိုရီးယားတို့ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ် အကုန်တက်သွားတာ နောက်ဆုံး မလေးရှား ဒါတွေက ပို့ကုန်တင်ပို့ပြီးတော့ ကမ္ဘာ့နိုင်ငံ စာရင်းဝင်သွားတာ။ နောက်ဆုံး တရုတ်ကိုပဲကြည့် ဒီပေါ်လစီပဲ၊ ဒီနည်းလမ်းပဲ၊ အဲဒီအချိန်မှာ ဦးနေဝင်းအာဏာသိမ်းပြီး ၁၉၆၄ ခုနှစ်လောက်မှာ ပြည်သူပိုင်သိမ်းပြီးတော့ တိုင်းပြည်ကို ဒုက္ခရောက်အောင်လုပ်ခဲ့တာ။
ပြီးတော့ သွင်းကုန်အစားထိုး မူဝါဒ ကျင့်သုံးတာ။ ဘာကြောင့်လဲ နိုင်ငံခြားငွေ ရှားပါးလာတဲ့အခါမှာ နိုင်ငံခြားငွေတွေ မထွက်အောင်၊ မစီးအောင် ငါ့နိုင်ငံတွင်းမှာ ထုတ်လုပ်မယ်ဆိုတဲ့ မူဝါဒကို ကျင့်သုံးပြီး တိုင်းပြည်ကို အမှောင်တွင်း ချခဲ့တာ။ နေရှင်နယ်ရေဒီယိုလေးတွေ၊ မောင်ဗမာ စက်ဘီးတို့၊ ဂျစ်ကားတို့ ဘာတို့ မြန်မာနိုင်ငံက ထုတ်တဲ့ဟာတွေ အဲဒါမျိုးတွေ လုပ်လို့ ဘာမှ တိုင်းပြည်က တိုးတက်သွားမှာ မရှိဘူး။ နောက်ဆုံး အပ် တောင် မထုတ်နိုင်တဲ့အဆင့်ပါ။ အလကားပဲ။ ပြောချင်တာက ဟန်ပြလုပ်ရင် တိုင်းပြည်က အလကားပဲ ဒုက္ခ ရောက်သွားမှာ။ အဲဒါကို မင်းအောင်လှိုင်က အခု ကျင့်သုံးနေတာ။ သမဝါယမတို့ဘာတို့ ဆိုတာ ဒါပဲလေ။
နောက်တခု ဦးနေဝင်းက သူ့ကိုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေရှိတဲ့ ကရင်ပြည်နယ်တို့ ဘာတို့ကို ဖြတ်လေးဖြတ် လုပ်တာ။ အခုတိုင်းပဲ အကုန်လုံးဖြတ်၊ ပြီးတော့ လူတွေကို ဆင်းရဲအောင် လုပ်ခဲ့တာပေါ့။ စစ်တပ်က ကောင်တွေ အဲဒီတိုင်းပဲ။ ဒါကြောင့် မင်းအောင်လှိုင်သည် လူထုက ငါ့ကို ဆန့်ကျင်တဲ့ အတွက်ကြောင့် တိုက်ခိုက်မယ်၊ ချေမှုန်းမယ်၊ လူထုငတ်လာမှ အရှုံးပေးမယ် အလျှော့ပေးမယ် ဆိုပြီး ဒီနည်းကို ကျင့်သုံးနေတာ။
နံပါတ်နှစ် ပြည်ပကနေ သွင်းကုန်တွေကို ပိတ်ဆို့တယ်ဆိုတာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပြန်ကြည့်ရင် နိုင်ငံခြား ကုန်သွယ်မှုနဲ့ ပတ်သက်ရင် ပင်လယ်လမ်းကြောင်းက သွားတာရှိတယ်။ လေကြောင်းလိုင်း ပို့တာတွေက ကုန်သွယ်မှုရဲ့ တဝက်လောက်တောင် မရှိဘူး။ နယ်စပ်ဒေသက အများဆုံးသွားတာ။ အဲဒီထဲမှာ တရုတ်က အများဆုံး၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ပါမယ်။ ဒီအားလုံးရဲ့ နယ်စပ်ဒေသပေါက်တွေကို ၁၀၂၇ စစ်ဆင်ရေး ပြီးတော့ တိုင်းရင်းသားတပ်ဖွဲ့တွေက ပိတ်ဆို့လိုက်တာ။ သူ့(စကမ) မှာရှိတဲ့ ရနောင်းတပေါက်လောက်နဲ့ ကျန်နည်းနည်းပါးပါးပေါ့။ ဒီမှာ သူ(စကမ) ဒုက္ခရောက်တာ။ အရင်က နယ်စပ်ကုန်သွယ်ရေးက သွားရင် နိုင်ငံခြားငွေက သပိတ်ဝင် အိတ်ဝင်ရတယ်။ အခွန်အခတွေ ရတယ်။ ပြီးတော့ ပို့ကုန်ကနေ ရလာတဲ့ နိုင်ငံခြားငွေတွေကို လဲတဲ့အခါ အပြင်မှာ ၁ ဒေါ်လာ ၄၀၀၀ ကျပ် ကျော်ပေါက်ရင် သူက ၂၁၀၀ ကျပ်နဲ့ ယူတာပဲ။
နိုင်ငံခြားငွေ ရှားပါးလာတဲ့အခါမှာ သွင်းကုန်တွေကို ကန့်သတ်တာ။ သူ (မင်းအောင်လှိုင်) အာဏာသိမ်းထဲက ဘာကန့်သတ်လဲဆိုရင် လောင်စာဆီတွေ သွင်းတာ ကန့်သတ်တယ်။ စားအုန်းဆီလဲ ဒီလိုပဲကန့်သတ်။ ကန့်သတ်လို့ ဈေးတွေတက်လာတာပေါ့။ ဒါကြောင့် လက်ရှိ မင်းအောင်လှိုင်လိုက်လုပ်နေတာ ဒီနှစ်ချက်ကြောင့်ပဲ။ နိုင်ငံခြားငွေ ရှားပါးလာလို့ ပိတ်တယ်၊ ဆို့တယ်။
နိုင်ငံခြားငွေ ရှားပါးလာတဲ့အခါမှာ သွင်းကုန်တွေကို ကန့်သတ်တာ။ သူ (မင်းအောင်လှိုင်) အာဏာသိမ်းထဲက ဘာကန့်သတ်လဲဆိုရင် လောင်စာဆီတွေ သွင်းတာ ကန့်သတ်တယ်။ စားအုန်းဆီလဲ ဒီလိုပဲကန့်သတ်။ ကန့်သတ်လို့ ဈေးတွေတက်လာတာပေါ့။ ဒါကြောင့် လက်ရှိ မင်းအောင်လှိုင်လိုက်လုပ်နေတာ ဒီနှစ်ချက်ကြောင့်ပဲ။ နိုင်ငံခြားငွေ ရှားပါးလာလို့ ပိတ်တယ်၊ ဆို့တယ်။
တိုင်းရင်းသားဒေသတွေ၊ တော်လှန်ရေး အင်အားစုတွေမှာ နယ်စပ်ကုန်သွယ်ရေးကို ကိုင်ထားတဲ့အခါကျတော့ သူတို့ငွေ ရပေါက်ရလမ်း နည်းတယ်ဆိုပြီး ပိတ်ရင်းဆို့ရင်း လုပ်နေတာ။ သူ့ (စကမ) လမ်းစဉ်က သူ့ကို တော်လှန်နေတဲ့ ပြည်သူအားလုံးကို ငတ်အောင်ချမယ် ဒါပဲ။ ပို့ကုန်တွေ များများထည့်မယ်။ သွင်းကုန်တွေ လျှော့ချပေးရင် သူ့မှာ နိုင်ငံခြားငွေတွေ ပိုလာမယ်။ ပိုလာရင် ဘာလုပ်မလဲ လက်နက်ခဲယမ်းတွေ ဝယ်မှာပေါ့။ ရုရှားက ဝယ်တယ်၊ အခုတွေ့နေရတာပဲ တရုတ်၊ အိန္ဒိယ ဝယ်မယ် ဒါပဲ။ ဒါကြောင့် ဒီလိုလုပ်နေတာပါ။

မေး။ စစ်ကော်မရှင်က ရွေးကောက်ပွဲလုပ်ဖို့လည်း စီစဉ်နေတော့ ဒီရွေးကောက်ပွဲ ပြီးသွားရင်ရော စီးပွားရေးက ပြန်ကောင်းနိုင်တဲ့ အခြေအနေရှိလား။
ဖြေ။ မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆို တိုင်းပြည်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံး။ ခုဏ ပြောသလို ပေါ်လစီ မှားခဲ့တယ်။ လုပ်ရပ် မှားတယ်။ နေဝင်းလက်ထက်မှာ ဝန်ထမ်းတွေ သိပ်မခိုးသေးဘူး။ ပြောရရင် နေဝင်းတယောက်ပဲ ခိုးတာဗျာ။ မဆလလက်ထက်မှာ တိုင်းပြည်က စပျက်ပြီ။ ပေါ်လစီက မှားတယ်။ ကုန်ထုတ်လုပ်မှုက မရှိဘူး။ ပိတ်ဆို့ထားတဲ့အခါကျတော့ တိုင်းပြည်က စုတ်ပြတ်သွားတယ်။ ၁၉၈၈ မတိုင်မီမှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်သွားပြီးမှ ဆင်းခဲ့ရတာ။ ဒါက တိုင်းပြည် စစ်အာဏာရှင်တွေ အုပ်စိုးလို့၊ ဘာမှ ငြင်းမရတဲ့ အချက်ပဲ။
ဗိုလ်သန်းရွှေလက်ထက်လည်း တိုင်းပြည်က ဆင်းရဲလာတာပဲ။ ခရိုနီတွေ ချမ်းသာတယ်။ ဘာလို့ဆိုမြန်မာပြည်ရဲ့ ရှိတဲ့ သယံဇာတ ပြောင်ပြီလေ။ သူထုတ်ရောင်းတာ ဘယ်တုန်းကများ ကမ္ဘာ့ဈေးကွက်မှာ ဝင်ဆန့်တဲ့ ကုန်စည်ထုတ်နိုင်လဲ။ ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ၊ ကျောက်မျက်ရတနာတွေ ရောင်းမယ်။ ရောင်းပြီးတော့ စစ်အုပ်စုက ဘီလီယံနာ သူဌေး လုပ်မယ်။ ခိုးကြမယ်၊ ဝှက်ကြမယ်။ ခရိုနီလူတန်းစားကို မွေးထုတ်တယ်။ UMFCCI မွေးထုတ်တယ်။ အဲဒီလူတွေက ဘာလုပ်မလဲ သဘာဝသယံဇာတတွေကို ပါမစ်တွေယူ နိုင်ငံခြားကို ပို့၊ နိုင်ငံခြားငွေ ရရင် သုံးတာနည်းနည်း၊ သူတို့အိတ်ထဲထည့်၊ အဲဒီလိုနဲ့ တိုင်းပြည်က ၈၈ နောက်ပိုင်း စုတ်ပြတ်သပ်လာတာပဲ။
အခုအာဏာသိမ်းတော့ ဓာတ်ဆီ၊ လောင်စာဆီပဲ၊ ဘယ်နှစ်ဆ တက်လဲ၊ အခု လေးဆလောက် တက်သွားပြီလေ။ ကုန်ဈေးနှုန်းလည်း ဒီလိုပဲ။ အဲဒီတော့ ဘယ်လိုမှ သူတို့ ကိုင်တွယ်တာ မရဘူး။ စစ်ကော်မရှင်က နေဝင်းလမ်း လိုက်တာ။ ပို့ကုန်တိုးမြှင့်ရေးလမ်းစဉ် သွားတာမဟုတ်ဘူး။ သွင်းကုန် တွေ ကန့်သတ်မယ်။ အိတ်ထဲထည့်မယ်။ လက်နက်တွေ ဝယ်မယ်။ ထပ်လုပ်မှာပဲ။
အခုအာဏာသိမ်းတော့ ဓာတ်ဆီ၊ လောင်စာဆီပဲ၊ ဘယ်နှစ်ဆ တက်လဲ၊ အခု လေးဆလောက် တက်သွားပြီလေ။ ကုန်ဈေးနှုန်းလည်း ဒီလိုပဲ။ အဲဒီတော့ ဘယ်လိုမှ သူတို့ ကိုင်တွယ်တာ မရဘူး။ စစ်ကော်မရှင်က နေဝင်းလမ်း လိုက်တာ။ ပို့ကုန်တိုးမြှင့်ရေးလမ်းစဉ် သွားတာမဟုတ်ဘူး။ သွင်းကုန် တွေ ကန့်သတ်မယ်။ အိတ်ထဲထည့်မယ်။ လက်နက်တွေ ဝယ်မယ်။ ထပ်လုပ်မှာပဲ။
ကျနော်တို့ ပြည်သူကလည်း ဆက် တိုက်မှာပဲ။ ဘာလို့ဆို ဦးသန့်အရေးအခင်းစပြီးကတည်းက ကျောင်းသားဆိုတာ အမြဲတမ်းချတယ်။ နိုင်ငံရေးသမားနောက်က တကယ့် Strong ဖြစ်တဲ့သူ ပါတယ်။ ၈၈ အရေးအခင်း ကျတော့ အုံနဲ့ ကျင်းနဲ့ ဖြစ်လာတယ်။ လူငယ်တွေ တောခိုတိုက်တယ်။ တချို့ နိုင်ငံရေးသမားတွေ တောခိုတိုက်ကြတယ်။ အခုကျတော့ ဂျန်ဇီ၊ ၂၀၂၁ မှာ တော ရော မြို့ရော။ ကျနော်တို့ အညာဆို ဘယ်တုန်းကမှ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တိုက်တာ မရှိခဲ့ဘူးဗျ။ မြေပြန့်ဒေသတွေက အခုဆို တနိုင်ငံလုံး မြေပြန့်ဆို တကယ့် Strong ဖြစ်တယ်။ ဒီကလေးတွေက ဆက်ဆော်မှာပဲ။ တိုင်းရင်းသားလည်း နှစ် ၇၀ ဆက် တိုက်နေတာဆိုတော့ မင်းအောင်လှိုင်ကလည်း ဘယ်လိုမှ လျှော့မှာ မဟုတ်ဘူး။ သူက သေတွင်းထွက်မယ့် လူ။ သူက ဆက်တိုက်လိမ့်မယ်။ ဒီဘက်ကလည်း ဆက်တိုက်မှာ၊ အဲဒီလိုဆို တိုင်းပြည်က ဘယ်လိုမှ မကောင်းဘူး။
နောက်တခုက တိုင်းပြည်စီးပွားရေး ပေါ်လစီကို ထိရောက်အောင် မကိုင်တွယ်တတ်ဘူး။ စစ်တပ်က ကောင်တွေ ဘယ်တုန်းကမှ တိုင်းပြည်စီးပွားရေးကို မှန်မှန်ကန်ကန် သုံးသပ်နိုင်တာ မဟုတ်ဘူး။ သူတို့က စစ်တိုက်တဲ့ ဉာဉ်မျိုးပဲ။ ဘယ်လိုမှ မရဘူး။ ဒါကြောင့် ရွေးကောက်ပွဲပြီးသွားလည်း ဒီအတိုင်း ပိုဆိုးတဲ့ လမ်းစဉ်ပဲ သွားမှာပါ။ ကျနော်တို့က နှစ်ပေါင်း ၇၀ ကျော် ဖြတ်ခဲ့တဲ့ ဖြတ်သန်းမှုနဲ့ လက်ရှိအခြေအနေကို ကြည့်သုံးသပ်တဲ့အခါမှာ မရဘူး။ ဆက်ဆိုးရွားတဲ့ အခြေအနေနဲ့ ပဲ ရင်ဆိုင်ရပါမယ်။

မေး။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအတွင်း စီးပွားရေး ကျဆင်းမှုတွေ မြန်မာပြည်သူတွေကြုံနေရတဲ့ စီးပွားရေး အကျပ်အတည်းတွေအပေါ်ရော ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလောက်လား။ ဘယ်လို နည်းလမ်းတွေနဲ့ လျော့ပါး သက်သာအောင် လုပ်ပေးလို့ရလဲ။
ဖြေ။ မရှိပါဘူး။ စစ်အာဏာရှင်တွေ တိုင်းပြည်အုပ်စိုးသမျှ ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူး။ တိုင်းပြည်ကောင်းမယ့် လမ်းမရှိဘူး။ တိုင်းပြည်ကောင်းအောင် လုပ်ဖို့ဆိုရင် အာဏာရှင်ကို အပြတ်ဖြတ်။ နည်းပေါင်းစုံနဲ့ လုပ်ရင် အနှေးနဲ့ အမြန်တော့ ဖြစ်မှာပဲ။ တခု စိတ်မကောင်းစရာ ဖြစ်တာက ရုရှား၊ တရုတ်၊ အိန္ဒိယအကူအညီနဲ့ လူထုကို လေကြောင်းကနေ ဗုံးတွေ ကြဲတယ်၊ မီးတွေရှို့တာကိုတော့ နည်းလမ်းရှာရတော့မှာ ဖြစ်တယ်။ စစ်အာဏာရှင်တွေ ပြုတ်သွားရင် တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ကျနော်တို့က ညီညီညွတ်ညွတ်နဲ့ လုပ်ရမယ်။ ဒီလမ်းမှတပါး အခြားမရှိပါဘူး။
You may also like these stories:
ကုန်စည်ဖြန့်ဖြူးရေး စစ်ကော်မရှင်ကန့်သတ်ပြန်
သွင်းကုန်လမ်းကြောင်းအကုန်ပိတ် သယ်ယူပို့ဆောင်ရေး ရပ်ထား
ရနောင်း- ကော့သောင်းကုန်သွယ်ရေး အဓိကကျလာသော်လည်း အခက်အခဲများ ကြုံနေရ
ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
မြန်မာ့ဘဏ္ဍာရေးထိန်းချုပ်မှု တိုက်ပွဲ













