မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ အနာဂတ် မည်သို့ရှိမည်နည်း။ မကြုံစဖူးကြီးမားသည့် စစ်ရေးအောင်မြင်မှုများ တနှစ်ကြာပြီးနောက် အာရက္ခတပ်တော် / ရခိုင်အမျိုးသားအဖွဲ့ချုပ် (AA/ULA) သည် လွန်ခဲ့သော လေးနှစ်က မဖြစ်နိုင်ဟု ယူဆရသည့် အောင်မြင်မှုများရခဲ့သည်။ ပြည်နယ်တခုလုံးကို လက်နက်အင်အားဖြင့် လွတ်မြောက်စေခဲ့သည်။
AA သည် မြောက်ပိုင်းမှ တောင်ပိုင်းအထိတွင် စစ်ကောင်စီတပ်များ အားလုံးနီးပါးကို မောင်းထုတ်ပြီး ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူ ရေတပ်စခန်းကို ဝိုင်းထားကာ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ထိုးဖောက်နေသလို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များကိုလည်း ခြိမ်းခြောက်ပြီး ၂၀၂၅ ခုနှစ်သည် ရခိုင်ပြည်နယ် လွတ်လပ်ရေးရမည့်နှစ် ဖြစ်နိုင်သည်။
ထိုအောင်မြင်မှုသည် ဝ နှင့် ကိုးကန့်တို့ ၁၉၈၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးဇုန်များ ထူထောင်ပြီး မကြာမီ မိုင်းလားဒေသတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထူထောင်ပြီးနောက် နိုင်ငံတော်အဆင့် မဟုတ်သည့် လက်နက်ကိုင်အဖွဲ့တဖွဲ့က ၎င်းတို့ဒေသကို ပြန်လည် သိမ်းပိုက်သည့် ပထမဆုံးဖြစ်ရပ်ဖြစ်သည်။
ထိုအောင်မြင်မှုသည် ဝ နှင့် ကိုးကန့်တို့ ၁၉၈၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးဇုန်များ ထူထောင်ပြီး မကြာမီ မိုင်းလားဒေသတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထူထောင်ပြီးနောက် နိုင်ငံတော်အဆင့် မဟုတ်သည့် လက်နက်ကိုင်အဖွဲ့တဖွဲ့က ၎င်းတို့ဒေသကို ပြန်လည် သိမ်းပိုက်သည့် ပထမဆုံးဖြစ်ရပ်ဖြစ်သည်။
ရခိုင်ပြည်နယ်တခုလုံးကို စစ်ရေးနည်းဖြင့် သိမ်းပိုက်ရန်မှအပ AA/ULA ၏ နိုင်ငံရေးရည်မှန်းချက်များကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မသိရပေ။ ထိုအဖွဲ့၏ခေါင်းဆောင်ပိုင်းက “ကွန်ဖက်ဒရေးရှင်း” အကြောင်း ပြောသော်လည်း ထိုကွန်ဖက်ဒရေးရှင်းသည် မည်သည့်အဓိပ္ပာယ် သက်ရောက်သည်၊ မည်သို့ လည်ပတ်သည်ကို ရှင်းလင်းပြောကြားခြင်း မရှိသေးပေ။
သို့သော် မြန်မာဗဟိုအစိုးရ ယန္တရားကို တွန်းလှန်ပြီး စစ်ကောင်စီတပ်များ အားလုံးကို ရခိုင်ပြည်နယ်မှ မောင်းထုတ်ခြင်းသည် ၎င်းတို့၏ ရည်မှန်းချက် ဖြစ်သည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ အနာဂတ်တွင် ဆက်ရှိရေးသည် ဟန်ပြ သဘောသာဖြစ်ဖွယ်ရှိသည်။ AA သည် ထိရောက်သော လွတ်လပ်ရေး ရရှိရေးအတွက် ကြိုးစားနေသည်။
နိုင်ငံတွင် သီးခြားနိုင်ငံရေးယူနစ်တခု ဖန်တီးရာ၌ ဗဟိုနိုင်ငံတော်နှင့် ညှိနှိုင်းသဘောတူညီမှု ပုံစံတမျိုးရလျှင်ပင် နယ်ချဲ့သိမ်းပိုက်မှုဟု ကျယ်ကျယ်ပြန့်ပြန့် မြင်ခဲ့ကြသည့် ဗဟိုအုပ်ချုပ်ရေးအောက်တွင် ထိုသို့ ထပ်မံ တည်ရှိနေတော့မည့် အလားအလာ မရှိပေ။ သို့သော် AA သည် အဓိက စိန်ခေါ်မှု လေးခုကို ရင်ဆိုင်ရမည်ဖြစ်သည်။ စစ်ရေးကျစ်လစ်ခိုင်မာမှု၊ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများ၊ လူမှုအသိုက်အဝန်းချင်း ဆက်ဆံရေးနှင့် နိုင်ငံတကာနယ်ပယ်တို့ ဖြစ်သည်။
စစ်ရေးကျစ်လစ်ခိုင်မာမှု
AA သည် မြန်မာ့ပြည်တွင်းစစ်သမိုင်းတွင် မကြုံဖူးသည့် စစ်ရေးအောင်မြင်မှုရခဲ့ပြီး ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝကို သိမ်းပိုက်ပြီး မကြာမီ ရခိုင်ပြည်နယ်အလယ်ပိုင်းကို သိမ်းပိုက်ကာ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများခံရပြီး ကမ်းရိုးတန်းဒေသ ရေကြောင်းလမ်းကို မထိန်းချုပ်နိုင်သေးဘဲ စီးပွားရေးပိတ်ဆို့ထားမှု နှစ်နှစ် ခံရသော်လည်း နောက်ဆုံးတွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်များ အားလုံးကိုပါ AA က သိမ်းပိုက်နိုင်ခဲ့သည်။
AA သည် စစ်မျက်နှာအများအပြားတွင် တပြိုင်နက် တိုက်ခိုက်နေရာ မည်သို့ဖြစ်လာနိုင်သနည်း။ AA သည် စစ်တပ်က အခိုင်အမာ ထိန်းချုပ်ထားဆဲ ဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူ မြို့နှစ်မြို့ကိုလည်း ဝိုင်းထားသည်။ ကျောင်းသားလက်ရုံးတပ် (SAF) နှင့် ချင်းညီနောင်အဖွဲ့ (CB) ကဲ့သို့သော မဟာမိတ်အများအပြားနှင့်အတူ AA သည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ လူအင်အား အများအပြားသုံးရန် မလိုသည့် သုံးဖက်ဖြန့် စစ်ဆင်ရေး (three-pronged offensive) ဖော်ဆောင်နေသည်။
AA/ULA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်ဆံရေးသည် အမျိုးသားတော်လှန်ရေး အရွေ့တွင် အရေးမကြီးသည့် အချက်တချက်သာဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် အလုပ်သဘောသာဖြစ်ပြီး ထိုလှုပ်ရှားမှုနှစ်ခုသည် ညှိနှိုင်းရန် ခက်နိုင်သည့် ကွဲပြားခြားနားသော ချဉ်းကပ်ပုံ ရှိသည်ဟု အာရက္ခလေ့လာရေးဌာန (CAS) ၏ မကြာသေးမီက လေ့လာမှုတွင် ဖော်ပြသည်။
ယင်းတို့မှာ AA/ULA သည် လက်တွေ့ကျသော အမျိုးသားရေးအဖွဲ့ဖြစ်ပြီး လူသိရှင်ကြား ပြောကြားချက်အရ NUG ကို လစ်ဘရယ် ဒီမိုကရေစီက လည်ပတ်စေသည်ဟုဆိုသည်။ NUG သည် AA/ULA ကွန်ဖက်ဒရေးရှင်း၏ စစ်ရေးနှင့် နိုင်ငံရေး အနာဂတ် သို့မဟုတ် မြန်မာနိုင်ငံအခြားဒေသများမှ AA ၏ စစ်အင်အားနယ်ပယ်ကို အကျိုးပြုနိုင်ခြေ နည်းသည်ဟု ဆိုသည်။
AA အတွက် နယ်မြေထိန်းချုပ်မှု ခိုင်မာရေးနှင့် ၎င်းတို့၏ ကွန်ဖက်ဒရေးရှင်း ထူထောင်ခြင်းဖြင့် အုပ်ချုပ်ရေး ချဲ့ထွင်ရန် ကျယ်ပြန့်သော ရွေးချယ်စရာ နှစ်ခု ရှိနေသည်။ စစ်ကောင်စီနှင့် သဘောတူညီချက်ရယူပြီး တိုက်ခိုက်မှု ရပ်စဲရေး သို့မဟုတ် အခြား တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းပြီး စစ်ကောင်စီကို ဖြုတ်ချရေးဖြစ်သည်။
AA အတွက် နယ်မြေထိန်းချုပ်မှု ခိုင်မာရေးနှင့် ၎င်းတို့၏ ကွန်ဖက်ဒရေးရှင်း ထူထောင်ခြင်းဖြင့် အုပ်ချုပ်ရေး ချဲ့ထွင်ရန် ကျယ်ပြန့်သော ရွေးချယ်စရာ နှစ်ခု ရှိနေသည်။ စစ်ကောင်စီနှင့် သဘောတူညီချက်ရယူပြီး တိုက်ခိုက်မှု ရပ်စဲရေး သို့မဟုတ် အခြား တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းပြီး စစ်ကောင်စီကို ဖြုတ်ချရေးဖြစ်သည်။
AA သည် ညီနောင်မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်းဖြင့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် နိုင်ငံ၏ အခြားအစိတ်အပိုင်းများမှ မဟာမိတ်များကို ကူညီနေသည်။ အဖြူအမည်း မသဲကွဲသော မြန်မာ့ငြိမ်းချမ်းရေးလောကတွင် စံနမူနာ ပုံစံအများအပြား တချိန်တည်းတွင် ရှိနေနိုင်သည်။ ငြိမ်းချမ်းရေးသဘောတူညီချက်အကြောင်း ပြောဆိုနေသည့် တချိန်တည်းတွင် တနိုင်ငံလုံး စစ်ဆင်ခြင်းတို့ဖြစ်သည်။
AA သည် ရခိုင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသော်လည်း တရုတ်က ကြားဝင်ညှိနှိုင်းပေးသည့် ဟိုင်ဂင်သဘောတူညီချက် လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းဖြစ်သည်။ ထိုသဘောတူညီချက်သည် ရှမ်းပြည်မြောက်ပိုင်းနှင့်သာ သက်ဆိုင်သည်။ တရုတ်က AA/ULA ကို ၎င်း၏အရေး ရှေ့တန်းတင်ရန် ပိုမို လွတ်လပ်ခွင့်ပေးထားကြောင်း ထင်ရှားသည်။
မိုင်းကိစ္စဖြေရှင်းရေး၊ လူသားချင်းစာနာမှုအရ မိုင်းရှင်းလင်းရေးနှင့် မပေါက်ကွဲသေးသော ခဲယမ်းများ ဖယ်ရှားရေးလည်း အရေးပေါ် လိုအပ်နေသည်။ ရခိုင်ပြည်နယ်သည် စစ်၏ အကြွင်းအကျန် ပေါက်ကွဲပစ္စည်း (ERW) များဖြင့် ပြည့်နေပြီး လာမည့်မျိုးဆက်အတွက် အလွန်အန္တရာယ်များသည်။ လွန်ခဲ့သောနှစ်ကမှ လက်နက်ကိုင်ပဋိပက္ခ ကြုံဖူးသည့် ဒေသများတွင် မြေပြင်မှ ERW များကို ထိတွေ့မိသောကြောင့် သေဆုံး၊ ဒဏ်ရာရသည့်အရေအတွက် မြင့်မားနေသည်။
လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှု
AA/ULA သည် ပြည်နယ်အတွင်းမှ လူသန်းပေါင်းများစွာ၏ ဒုက္ခလျှော့ချရန် စီးပွားရေးနှင့် လူသားချင်းစာနာမှု လမ်းကြောင်းသစ်များ ဖော်ထုတ်ရန် စီစဉ်နေဖွယ်ရှိသည်။ ကုန်းတွင်းနှင့်ပင်လယ်မှ စစ်ကောင်စီ၏ ပိတ်ဆို့မှုသည် ရခိုင်ပြည်နယ်မှ လူမှုအသိုက်အဝန်း အားလုံးကို ထိခိုက်ပြီး စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး ပြတ်တောက်စေသည်။ ကျော်လွှားနိုင်သည့် ဖြေရှင်းနည်းများ၊ အခြား ထောက်ပံ့ရေးလမ်းကြောင်းများ ရှိသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် မရေရာဘဲ ဈေးနှုန်းများ တက်စေသည်။
AA/ULA က စဉ်းစားနိုင်သည့်အဖြေ သုံးခုရှိသည်။ ပထမတခုမှာ AA သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို လုံးဝ ထိန်းချုပ်ထားပြီးဖြစ်သောကြောင့် ကုန်သွယ်ရေးနှင့် လူသားချင်းစာနာမှုလမ်းကြောင်း ဖွင့်နိုင်ပြီး မြောက်ပိုင်းတွင် အိန္ဒိယနှင့်လည်း အလားတူ လုပ်ဆောင်နိုင်ကာ ကုလားတန်မြစ်မှ စုန်ဆင်းနိုင်သည်။ သို့သော် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်များသည် လက်ရှိအချိန်အထိ နယ်စပ်ဖွင့်ပေးမည့်သဘော မရှိသေးဘဲ ရိုဟင်ဂျာ စစ်သွေးကြွများဘက်က ရပ်တည်ပုံရသည်။
ဒုတိယ စဉ်းစားရမည့်အချက်မှာ မကွေးတိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ လမ်းကြောင်းသစ်များ ဖွင့်ရန်ဖြစ်သည်။ AA သည် ရခိုင်ရိုးမတခုလုံးကို ထိန်းချုပ်ထားပြီး ဂွမြို့နယ်ကို တဖြည်းဖြည်း သိမ်းပိုက်ခြင်းဖြင့် AA တပ်များသည် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မြို့တော် ပုသိမ်နှင့် ကီလိုမီတာ ၁၀၀ ပင် မဝေးတော့ဘဲ ကမ်းရိုးတန်းတလျှောက် ဆက်လက် တွန်းအားပေးနေသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် လမ်းကြောင်းသစ်များ ပွင့်လာနိုင်စေသော်လည်း စစ်ပွဲအနှံ့ဖြစ်နေချိန်တွင် ထိုသို့ပွင့်လာမည် မဟုတ်ပေ။
သို့သော် ထိုကိစ္စကို ခက်ခဲစေနိုင်သည့် ပြဿနာ နှစ်ခုရှိသည်။ ထိုအခက်အခဲများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်နှင့် စစ်ကောင်စီတပ်က ကမ်းရိုးတန်းကို ထိန်းချုပ်နိုင်ပြီး ပင်လယ်ပြင်ကို လွှမ်းမိုးထားနိုင်သည့် စွမ်းရည်ဖြစ်သည်။ ရခိုင်ပြည်နယ်မှ မြစ်ကြောင်း အများစုသည် လူနှင့်ကုန်စည် သယ်ယူပို့ဆောင်ရေးအတွက် လွန်စွာအရေးပါပြီး AA ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေသည်။ အရေးအပါဆုံးမှာ ကုလားတန်မြစ်ဖြစ်ပြီး အိန္ဒိယနှင့် ကုန်သွယ်ရေးအတွက် အရေးပါသည်။
ဒဏ်ခတ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ ကုန်းတွင်းနှင့် ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းသည် အရပ်သားများကို ဆက်လက် အန္တရာယ်ကျရောက်စေပြီး စီးပွားရေး နာလန်ထခြင်းကို အနှောင့်အယှက်ပေးသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ၂၀၂၃ ခုနှစ်တွင် အပျက်အစီးများစွာ ဖြစ်ခဲ့သည့်အတိုင်း ရခိုင်ပြည်နယ်သည် ရာသီဥတုပြောင်းလဲမှုများနှင့် ပြင်းထန်သောရာသီဥတု ဖြစ်ရပ်များကြောင့် ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ သို့သော် မိုခါမှရသည့် အပြုသဘောဆောင်သော သင်ခန်းစာမှာ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ရန် မုန်တိုင်းဒဏ်ခံ လူမှုအသိုက်အဝန်းများကို ကူညီနိုင်ပြီး ရှားပါးသော လိုအပ်သည့်ရင်းမြစ်များကို လွှဲပြောင်းပေးနိုင်သည့် AA/ULA ၏ စွမ်းရည်ဖြစ်သည်။ ထိုသင်ခန်းစာများ ရှေ့ဆက် ပိုမို ကောင်းမွန်အောင် လုပ်ရမည်ဖြစ်သည်။
AA သည် သံတွဲ ကမ္ဘာလှည့် ခရီးသည်ဇုန်မှ ဟိုတယ်အားလုံးအပါအဝင် သိမ်းဆည်းမိသော ပိုင်ဆိုင်မှုများကို “နိုင်ငံပိုင်သိမ်းသည့်” ပုံစံလုပ်ရန်လည်း မတွန့်ဆုတ်သင့်ပေ။ တောင်ကုတ်မှ ရခိုင်လုပ်ငန်းရှင် ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများကို မကြာသေးမီက သိမ်းဆည်းခြင်းသည် တော်လှန်သော “ပြန်လည်မျှဝေသည့် တရားမျှတမှု” ဖြစ်ပြီး ပြန်လည် ထူထောင်ရေး အားထုတ်မှုများကို တစိတ်တပိုင်း ငွေကြေးထောက်ပံ့နိုင်သည်။
AA သည် သံတွဲ ကမ္ဘာလှည့် ခရီးသည်ဇုန်မှ ဟိုတယ်အားလုံးအပါအဝင် သိမ်းဆည်းမိသော ပိုင်ဆိုင်မှုများကို “နိုင်ငံပိုင်သိမ်းသည့်” ပုံစံလုပ်ရန်လည်း မတွန့်ဆုတ်သင့်ပေ။ တောင်ကုတ်မှ ရခိုင်လုပ်ငန်းရှင် ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများကို မကြာသေးမီက သိမ်းဆည်းခြင်းသည် တော်လှန်သော “ပြန်လည်မျှဝေသည့် တရားမျှတမှု” ဖြစ်ပြီး ပြန်လည် ထူထောင်ရေး အားထုတ်မှုများကို တစိတ်တပိုင်း ငွေကြေးထောက်ပံ့နိုင်သည်။
AA/ULA သည် တရားဝင် စီးပွားရေးလုပ်ငန်းများမှသည် ဆင်းရဲသော အရပ်သားများအထိ တော်လှန်ရေး အခွန်ကောက်ခံခြင်းကိုလည်း ဆောင်ရွက်သလို တရားမဝင် လုပ်ငန်းအများအပြားကိုလည်း ဆောင်ရွက်သည်။ AA သည် ၎င်း၏ စီးပွားရေး ရွေးချယ်မှုအချို့အတွက် ဝေဖန်မှုအချို့ကို မလွှဲရှောင်သာ ရင်ဆိုင်ရမည် ဖြစ်သော်လည်း ထိုကိစ္စသည် “သူပုန် စီမံအုပ်ချုပ်ရေးနယ်ပယ်” နှင့် အနောက်တိုင်းမှ တော်လှန်ရေး အားပေးသူများ ချီးကျူးကြသည့် “အောက်ခြေမှ အထက်သို့လာသည့် ဖက်ဒရယ်စနစ်” ၏ အဆိုးဘက်ခြမ်းဖြစ်သည်။
လူမှုအသိုက်အဝန်းများဆိုင်ရာ အကျပ်အတည်း
ရိုဟင်ဂျာများသည် AA/ULA ၏ စီမံကိန်းအတွင်း မည်သည့်နေရာတွင် အံဝင်ဂွင်ကျဖြစ်သနည်းဆိုသည်မှာ အရေးပါသော မေးခွန်းဖြစ်ပြီး မရေရာမှုများစွာ ဝန်းရံနေသည်။ AA သည် လွတ်လပ်ရေးပုံစံတမျိုးမျိုး ရပါက ရိုဟင်ဂျာသာမက မြို၊ ဒိုင်းနက်၊ ချင်း၊ ကမန်၊ အခြား မွတ်စလင် အသိုက်အဝန်းများနှင့် အခြားအုပ်စုများမှ အသိအမှတ်မပြုခံရသေးသည့် လူနည်းစုများအပါအဝင် လူမှုအသိုက်အဝန်းများ အားလုံးကို မည်သို့သော နိုင်ငံသားဖြစ်ခွင့်ပုံစံနှင့် အခြေခံအခွင့်အရေးများ ပေးမည်နည်း။ အလုံးစုံ အောင်ပွဲရရှိခြင်းသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ၁ သန်း နေရပ်ပြန်ရေးအတွက် မည်သည့်အဓိပ္ပာယ် သက်ရောက်သနည်း။
လူသားချင်းစာနာမှုအကူအညီ၊ ရွှေ့ပြောင်းသွားလာမှု အခြေခံလွတ်လပ်ခွင့်နှင့် အကာအကွယ်အရ ရခိုင်ပြည်နယ်အတွင်း ကျန်နေသည့် ရိုဟင်ဂျာများကို ဦးစားပေးရမည်ဖြစ်သည်။ သို့သော် ၁၉၇၈ ခုနှစ်မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခံရသည့် ရိုဟင်ဂျာများ အပါအဝင် ရခိုင်မှ လူမျိုးစုနှင့် ဘာသာရေးအသိုက်အဝန်းများ အားလုံး တန်းတူနိုင်ငံသားဖြစ်ခွင့် ပေးရေးအတွက် တာဝန်သိသော အများပြည်သူ ဆွေးနွေးမှုလိုအပ်သည်။
ရခိုင်၏အနာဂတ်နှင့် ပတ်သက်ပြီး မသိနိုင်သည့်အရာ အလွန်များလွန်းသောကြောင့် ပြည်သူများအနေဖြင့် လူမှုအသိုက်အဝန်းများအကြား ဆက်ဆံရေးထူထောင်ရန် တီထွင်ဆန်းသစ်သော နည်းလမ်းများကို စဉ်းစားသင့်ပြီး ဖိနှိပ်ခွဲခြားဆက်ဆံသည့် မြန်မာစစ်တပ် နိုင်ငံတော်ကို ပုံတူမကူးသင့်ပေ။
ဒီဇင်ဘာလ ၂၉ ရက်နေ့က ကြေညာချက်တစောင်တွင် အာရက္ခပြည်သူများအတွက် လွတ်မြောက်မှုရရန် လုပ်နေကြောင်း ကတိပြုသည်။ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းနှင့် အခြား လူမှုအသိုက်အဝန်းများသည် လွတ်လပ်မှုကို မည်သို့ မြင်သည်နှင့် လွတ်မြောက်သွားသော အာရက္ခပြည်အပေါ် မည်သို့မြင်သည်ကို AA နှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံသင့်သည်။
ဆယ်စုနှစ်နှင့်ချီ ရှည်ကြာသည့် ပဋိပက္ခအပြီးတွင် စစ်မှန်သည့် ပြန်လည် အဆက်အဆံလုပ်သော လုပ်ငန်းစဉ် သို့မဟုတ် လုံးဝသစ်လွင်သည့် လူ့အဖွဲ့အစည်း ဆက်ဆံရေး လိုအပ်သည်။ AA/ULA အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်နှင့် အခြားရုံးများသို့ ရိုဟင်ဂျာများကို နည်းလမ်းအနည်းငယ်ဖြင့် စည်းရုံးသိမ်းသွင်းနေသည်ကို သိရန်လိုအပ်သည်။
ဆယ်စုနှစ်နှင့်ချီ ရှည်ကြာသည့် ပဋိပက္ခအပြီးတွင် စစ်မှန်သည့် ပြန်လည် အဆက်အဆံလုပ်သော လုပ်ငန်းစဉ် သို့မဟုတ် လုံးဝသစ်လွင်သည့် လူ့အဖွဲ့အစည်း ဆက်ဆံရေး လိုအပ်သည်။ AA/ULA အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်နှင့် အခြားရုံးများသို့ ရိုဟင်ဂျာများကို နည်းလမ်းအနည်းငယ်ဖြင့် စည်းရုံးသိမ်းသွင်းနေသည်ကို သိရန်လိုအပ်သည်။
မြန်မာစစ်တပ်နိုင်ငံတော်ကို ရခိုင်ပြည်နယ်မှ လုံးဝ မောင်းထုတ်နိုင်ပါက ရှုပ်ထွေးသော လူမှုအသိုက်အဝန်း ဆက်ဆံရေးတွင် ဖျက်ဆီးမှုနှင့် သွေးခွဲမှု အများဆုံး လုပ်ဆောင်သူကို ချေမှုန်းနိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေသည် လုံးဝ ကွဲပြားခြားနားသည့် လူမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆက်ဆံမှု လိုအပ်မည်ဖြစ်သည်။
AA ၏ ရိုဟင်ဂျာအပေါ် သဘောထားနှင့် ဆက်ဆံမှုကို သတိထားစောင့်ကြည်ခြင်းသည်လည်း အရေးပါပြီး ထိုလူမှုအသိုက်အဝန်းအပေါ် စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုများလည်း ရှိနေသည်မှာ ထင်ရှားသည်။ သို့သော် စစ်အုပ်စု၏ နှစ်ပေါင်း ၄၀ ကျော်ကြာ ဆိုးရွားသော အုပ်ချုပ်ရေး ခွဲခြားဆက်ဆံမှုနှင့် အခြေခံအခွင့်အရေးများ ငြင်းပယ်ခြင်းကို AA နှင့် တန်းတူသတ်မှတ်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ AA က လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များသည်လည်း အန္တရာယ်များလောက်အောင် မီးမွှေးပေးသည်။
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနှင့် ၂၀၂၄ ခုနှစ်စစ်ပွဲမှ ထွက်ပြေးသွားသူ ၆ သောင်းမှ ၈ သောင်းကို လက်ခံရေးအတွက် စီစဉ်ခြင်းကို အလေးအနက် စဉ်းစားသင့်သည်။ အထူးသဖြင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) က အကူအညီများ မကြာသေးမီက ဖြတ်တောက်လိုက်သောကြောင့် အလေးအနက် စဉ်းစားသင့်သည်။
အကုန်အကျများသည့် နေရပ် ပြန်လည်ပို့ဆောင်ရေးအတွက် မည်သူက အကုန်အကျခံမည်နည်း။ ကုလသမဂ္ဂ အထူးသံတမန် မစ္စ ဂျူလီ ဘိရှော့နှင့် အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်ဇ်တို့၏ ကောက်ဘဇားမှ ဒုက္ခသည်စခန်းများသို့ မကြာသေးမီက သွားရောက် လည်ပတ်ခြင်းသည် အပြုသဘောဆန်သည့် ထောက်ခံအားပေးမှု ဖြစ်သော်လည်း ရိုဟင်ဂျာတို့၏ ကံကြမ္မာဆိုးကို လက်တွေ့ တိုးတက်စေမည် မဟုတ်ပေ။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း ထိုစခန်းများမှ (မိသားစုများ) သို့ အစားအစာ အကူအညီကို တလလျှင် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာခွဲမှ ၆ ဒေါ်လာသို့ လျှော့ချမည်ဟု ကြေညာထားသည်။ WFP သည် ရခိုင်ပြည်နယ် အလယ်ပိုင်းမှ ပြည်တွင်းနေရပ်စွန့်ခွာ ၁ သိန်း အပါအဝင် မြန်မာမှ လူ ၁ သန်းအတွက် ထောက်ပံ့မှု လျှော့ချမည်ဟုလည်း ကြေညာသည်။ မြန်မာဘက်တွင် စစ်ပွဲအပြင်းအထန်ဖြစ်နေစဉ် ဘင်္ဂလားဒေ့ရှ် အကြံပေးအရာရှိချုပ် မူဟာမက် ယူနွတ်သည် ထိခိုက်လွယ်သည့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများက AA ကို တိုက်ခိုက်နေသမျှ ကာလပတ်လုံး ရိုဟင်ဂျာများ ပြန်လည် ပို့ဆောင်ရေးသည် စိန်ခေါ်မှုများ ရှိနေသည်။ AA သည် ရိုဟင်ဂျာများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဆိုသည့် အမြင်ရှိနေပြီး ရိုဟင်ဂျာသွေးစည်းခိုင်မာရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA)၊ အာရကန်ရိုဟင်ဂျာတပ်ဖွဲ့ (ARA) တို့ မြန်မာစစ်ကောင်စီတပ်ဘက်က ရပ်တည်သည်ဆိုသည့် ပကတိအခြေအနေက ဒုက္ခသည်များ နေရပ်ပြန်ရေးကို မရေမရာဖြစ်စေသည်။
ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများက AA ကို တိုက်ခိုက်နေသမျှ ကာလပတ်လုံး ရိုဟင်ဂျာများ ပြန်လည် ပို့ဆောင်ရေးသည် စိန်ခေါ်မှုများ ရှိနေသည်။ AA သည် ရိုဟင်ဂျာများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဆိုသည့် အမြင်ရှိနေပြီး ရိုဟင်ဂျာသွေးစည်းခိုင်မာရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA)၊ အာရကန်ရိုဟင်ဂျာတပ်ဖွဲ့ (ARA) တို့ မြန်မာစစ်ကောင်စီတပ်ဘက်က ရပ်တည်သည်ဆိုသည့် ပကတိအခြေအနေက ဒုက္ခသည်များ နေရပ်ပြန်ရေးကို မရေမရာဖြစ်စေသည်။
ရိုဟင်ဂျာအသိုင်းအဝိုင်းတွင် ဩဇာကြီးသူ ဒီးလ် မိုဟာမက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းနှင့် ရခိုင်ပြည်နယ်၊ မောင်တောတွင် အကြမ်းဖက်မှုဖြစ်စေသည့်၊ အထူးသဖြင့် ဒုက္ခရောက်စေသည့် အချက်ဖြစ်သည်။
ရိုဟင်ဂျာ စစ်သွေးကြွများသည် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအတွက် အလားတူ ခြိမ်းခြောက်မှုဖြစ်ပြီး AA ၏ လက်စားချေမှုပြင်းထန်သော အန္တရာယ်ကို ရင်ဆိုင်ရစေကာ ထိုစစ်သွေးကြွများကို AA က ရခိုင်ပိုင်နက်မှ ရှင်းလင်းရန် ကြိုးစားသောအခါတွင်လည်း ကြားညပ်စေသည်။ ထိုသို့သော အခြေအနေတွင် ရိုဟင်ဂျာများကို ပြန်လည် ပို့ဆောင်ရေးအား မည်သို့ အလေးအနက် စီစဉ်မည်ကို သိရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
နိုင်ငံတကာအမြင်
AA/ULA ၏ အနာဂတ်နိုင်ငံတော်ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဖြေရှင်းရမည် ဖြစ်သောကြောင့် လက်ရှိပဋိပက္ခတွင် လက်နက်ကိုင်အုပ်စုများအကြား ထူးခြားသည့် AA/ULA ၏ အနေအထားအပေါ် နိုင်ငံတကာအမြင်ကို ဆွေးနွေးမှု မရှိသလောက်ပင် ဖြစ်သည်။
တရုတ်သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများအား ဖျက်ဆီးမှုကို ခွင့်ပြုမည် မဟုတ်သော်လည်း မည်သည့် ထိရောက်သော ဘက်စုံထိန်းချုပ်မှုပုံစံကို ပြုလုပ်နိုင်သနည်း။ AA သည် ရခိုင်ပြည်နယ်မှ တရုတ်စီမံကိန်း ၁၁ ခုကို အပြည့်အဝ ထိန်းချုပ်ထားပြီး အခြား ရှစ်ခုကို တစိတ်တပိုင်း ထိန်းချုပ်ထားသည်ဟု မြန်မာသေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP) က ခန့်မှန်းသည်။ ထိုအချက်က AA ကို သြဇာရှိစေပြီး ထိုသြဇာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆိုင်းငံ့ရန် တရုတ်သို့ ဖိအားပေးရာတွင် အသုံးပြုနိုင်သည်။
အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်မည်ဟု AA ၏ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကြေညာချက်တွင် ဖော်ပြသည်။ တရုတ်က AA/ULA ကို လိုအပ်သကဲ့သို့ AA/ULA ကလည်း တရုတ်ကို လိုအပ်သည်။ အိန္ဒိယ၏ အခန်းကဏ္ဍကို ကောင်းစွာ နားမလည်ကြသော်လည်း AA/ULA သည် အိန္ဒိယအာဏာပိုင် အဆင့်ဆင့်နှင့် ဆွေးနွေးနေသည်မှာ သေချာသည်။
ဘင်္ဂလားဒေ့ရှ်သည် ထိုပဋိပက္ခတွင် ပိုမို ဦးဆောင်မှုပေးသင့်သည်။ သို့သော် ထိုဦးဆောင်မှုတွင် AA နှင့် ချင်းညီနောင်အဖွဲ့ကဲ့သို့ ဆက်စပ်အုပ်စုများအပါအဝင် အဓိက သက်ဆိုင်သူများ စိတ်ပါလက်ပါ ပူးပေါင်းစေရန်လိုသည်။
လူမှုအသိုက်အဝန်း အားလုံးကို ကူညီရန် ရခိုင်ပြည်နယ်သို့ လွန်စွာလိုအပ်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းများ ထူထောင်ရေးအတွက် အနောက်နိုင်ငံများသည် ဘင်္ဂလားဒေ့ရှ်နှင့် အစီအစဉ်ရှိရှိ ထိတွေ့ဆက်ဆံသင့်သည်။ တရားမဝင် မြန်မာစစ်တပ်တွင် အချုပ်အခြာအာဏာ မရှိတော့သည့် ပကတိအခြေအနေကို ကမ္ဘာက အသိအမှတ်ပြုရန် လိုအပ်ပြီး AA/ULA ၏ လက်တွေ့အာဏာပိုင်များနှင့် အကျိုးရှိသည့် လုပ်ငန်းပုံစံများကို ထူထောင်သင့်သည်။
လူမှုအသိုက်အဝန်း အားလုံးကို ကူညီရန် ရခိုင်ပြည်နယ်သို့ လွန်စွာလိုအပ်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းများ ထူထောင်ရေးအတွက် အနောက်နိုင်ငံများသည် ဘင်္ဂလားဒေ့ရှ်နှင့် အစီအစဉ်ရှိရှိ ထိတွေ့ဆက်ဆံသင့်သည်။ တရားမဝင် မြန်မာစစ်တပ်တွင် အချုပ်အခြာအာဏာ မရှိတော့သည့် ပကတိအခြေအနေကို ကမ္ဘာက အသိအမှတ်ပြုရန် လိုအပ်ပြီး AA/ULA ၏ လက်တွေ့အာဏာပိုင်များနှင့် အကျိုးရှိသည့် လုပ်ငန်းပုံစံများကို ထူထောင်သင့်သည်။
“၂၇၁ ကီလိုမီတာ (၁၆၈ မိုင်ခွဲကျော်) ရှည်တဲ့ မြန်မာကုန်းတွင်းနဲ့ မြစ်ကြောင်းနယ်စပ်ကို အခု AA က အပြည့်အဝ ထိန်းချုပ်ထားတယ်။ ဒါပေမယ့် မြန်မာကို (စစ်) အစိုးရက တရားဝင်အုပ်ချုပ်တယ်။ ဒီအခြေအနေကြောင့် ကျနော်တို့က နှစ်ဖက်လုံးနဲ့ ဆက်ဆံရတယ်။ ကျနော်တို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ မြန်မာအစိုးရနဲ့ အာရက္ခတပ်တော်နဲ့ ဆက်သွယ်ရေးကို အစကတည်းက ထိန်းထားတယ်” ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဂျဟန်ဂျာ ချောင်ဒရီက သတင်းထောက်များကို မကြာသေးမီက ပြောကြားခဲ့သည်။
နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများသည် “လူမှုစည်းလုံးညီညွတ်မှု” နှင့် ပတ်သက်သည့် ၎င်းတို့အမြင်ကို အခြေခံကျကျ ပြန်လည်စဉ်းစားရန်နှင့် လူမှုအသိုက်အဝန်းများအကြား ဆက်ဆံရေအပေါ် လက်တွေ့ကျသည့် အမြင်ရှိရန် လိုအပ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အဆီအငေါ်မတည့်စွာ အကြံပေးထားပြီး မည်သည့် အောင်မြင်မှုမှ မရသည့် ထိခိုက်လွယ်သော ပဋိပက္ခများအတွက် ရန်ပုံငွေ သန်းပေါင်းများစွာ ဖြုန်းတီးခဲ့သည်။ မတော်မတည့် အကြံပေးထားသော “ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်သည့်” အားထုတ်မှုများအတွက်လည်း ရန်ပုံငွေများ ဖြုန်းတီးခဲ့သည်။
ထိုအားထုတ်မှုတွင် AA ကို ပါဝင်လာစေရန် ကြိုးစားသော်လည်း AA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ် ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားပြီး ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) များကို ရှောင်ရန် ကြိုးစားသည်ကို မေ့နေကြသည်။
ရခိုင်ပြည်နယ်တွင် အနောက်နိုင်ငံများအနေဖြင့် ပါဝင်ရမည့် အခန်းကဏ္ဍ မရှိသလောက်နည်းပြီး အထူးသဖြင့် အသက်ကယ် လူသားချင်းစာနာမှု အကူအညီများကို ဖြတ်တောက်နေချိန်တွင် ပါဝင်ရမည့် အခန်းကဏ္ဍ မရှိသလောက်ပင်ဖြစ်သည်။
AA/ULA သည် မကြာသေးမီက USAID ဖြတ်တောက်မှုတွင် ထိခိုက်မှု နည်းပုံရသည်။ ထိုဖြတ်တောက်မှုသည် ထိုင်းအခြေစိုက် အစီအစဉ်များကို အများဆုံး ထိခိုက်သည်။ သမိုင်းဆိုင်ရာအမှားများကို ရှောင်ရှားရာတွင် ကျွမ်းကျင်သည့် ရခိုင်အဖွဲ့မှ ခေါင်းဆောင်ပိုင်းသည် ပြည်ပအကူအညီ အဆက်အသွယ်ကို စဉ်းစားချင့်ချိန်ပြီး အနောက်တိုင်းအကူအညီ မှီခိုမှုများကို ရှောင်ရှားသည်။ အနောက်တိုင်း အကူအညီသည် တရုတ်နိုင်ငံကို ဒေါသထွက်စေပြီး တင်းကျပ်သည့် ပြဋ္ဌာန်းချက်နှင့် စည်းကမ်းပါဝင်မည်ကို သိသောကြောင့်ဖြစ်သည်။
AA/ULA သည် မကြာသေးမီက USAID ဖြတ်တောက်မှုတွင် ထိခိုက်မှု နည်းပုံရသည်။ ထိုဖြတ်တောက်မှုသည် ထိုင်းအခြေစိုက် အစီအစဉ်များကို အများဆုံး ထိခိုက်သည်။ သမိုင်းဆိုင်ရာအမှားများကို ရှောင်ရှားရာတွင် ကျွမ်းကျင်သည့် ရခိုင်အဖွဲ့မှ ခေါင်းဆောင်ပိုင်းသည် ပြည်ပအကူအညီ အဆက်အသွယ်ကို စဉ်းစားချင့်ချိန်ပြီး အနောက်တိုင်းအကူအညီ မှီခိုမှုများကို ရှောင်ရှားသည်။ အနောက်တိုင်း အကူအညီသည် တရုတ်နိုင်ငံကို ဒေါသထွက်စေပြီး တင်းကျပ်သည့် ပြဋ္ဌာန်းချက်နှင့် စည်းကမ်းပါဝင်မည်ကို သိသောကြောင့်ဖြစ်သည်။
အလွန်မရေရာသော အခြေအနေတွင် ဖြစ်နိုင်ခြေရှိသော စိတ်ကူးစရာများ အလွန်များပြားသည်။ ၂၀၁၉ ခုနှစ် အစောပိုင်းက မြန်မာ့လွတ်လပ်ရေးနေ့တွင် ဘူးသီးတောင်ကို တိုက်သောအခါ AA သည် အရေးပါကြောင်း ယူဆသည့် မြန်မာ့အရေးလေ့လာသူ မရှိသလောက်ပင်ဖြစ်ကြောင်း သတိရသင့်သည်။
နောက် ခြောက်နှစ်ကြာသောအခါ ထိုအဖွဲ့သည် အဓိကကျသည့် ပိုင်နက်ကို သိမ်းပိုက်ပြီး ပြောက်ကျားစစ်၊ မြို့ပြစစ်နှင့် ဝိုင်းပတ်ပိတ်ဆို့မှုများလုပ်ကာ အကြီးအကျယ် ခံစစ်ပြင်ထားသည့် စစ်စခန်းပေါင်းများစွာကို သိမ်းပိုက်ပြီး စစ်ကောင်စီစစ်သား ထောင်ပေါင်းများစွာကို သုတ်သင်၊ ဖမ်းဆီးသည်။ ထိုသို့ အကောင်အထည်ဖော်မည့် စီမံမှုအများအပြားနှင့် အောင်မြင်ရမည့် ရည်မှန်းချက် လိုအပ်သည်။
AA/ULA သည် အနာဂတ်ခိုင်မာရေးအတွက် အဆင့်မြင့် အစီအမံချထားမှု ရှိပြီးဖြစ်နိုင်သည်။ ထိုအဖွဲ့သည် လက်ရှိအချိန်အထိ ကျွမ်းကျင်သော စီမံချက်ကို မနားမနေ အကောင်အထည်ဖော်နေပြီး ပြဿနာများသည့် အနာဂတ်တွင်လည်း ထိုအတိုင်း ဆက်လုပ်ဖွယ်ရှိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David Scott Mathieson ၏ The Uncertain Future of Myanmar’s Rakhine State ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် မြန်မာ ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)
You may also like these stories:
ဗဟိုစုစည်းမှု မရှိသော မြန်မာ့တော်လှန်ရေးသည် ကြံ့ကြံ့ခံနိုင်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်
ဧရာဝတီတိုင်း စစ်မျက်နှာ ကျယ်ပြန့်လာနေပြီ
မကွေးတိုင်း စစ်မျက်နှာနှင့် စစ်ရေးအလားအလာ
ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား
အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်
AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်
ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ














