မကွေးတိုင်းကို မြန်မာပြည်၏ ‘ဆီအိုး’ ဟု တင်စားကြ၏။ မြန်မာပြည်၌ ဆီထွက်သီးနှံအများဆုံး ထွက်သကဲ့သို့ လောင်စာဆီလည်း ထွက်ရှိသည့်ဒေသဖြစ်၏။ မကွေးတိုင်းသည် ၄၄,၈၂၀ ဒသမ ၆ စတုရန်းကီလိုမီတာ (၁၇,၃၀၅ ဒသမ ၃ စတုရန်းမိုင်) အကျယ်အဝန်းရှိပြီး မြန်မာပြည်တွင် စတုတ္ထအကြီးဆုံးဖြစ်၏။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃,၉၁၇,၀၅၅ ဦး (၄ သန်း) နီးပါးရှိသည်။
မကွေးတိုင်းတွင် မူလက ခရိုင် ငါးခု ရှိသည်။ စစ်ကောင်စီလက်ထက်တွင် မကွေးခရိုင်မှ ချောက်ခရိုင်နှင့် သရက်ခရိုင်မှ အောင်လံခရိုင်ကို ခွဲထုတ်ဖွဲ့စည်း၍ ခရိုင် ခုနစ်ခုဖြစ်သွား၏။ ဧရာဝတီမြစ် အရှေ့ဘက်တွင် မကွေးခရိုင်၊ ချောက်ခရိုင်၊ အောင်လံခရိုင်ရှိပြီး ဧရာဝတီမြစ် အနောက်ဘက်တွင် သရက်ခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်တို့ ရှိသည်။
ဧရာဝတီမြစ် အရှေ့ဘက်ရှိ မကွေးခရိုင်၊ ချောက်ခရိုင်နှင့် အောင်လံခရိုင်တို့တွင် မကွေး၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ချောက်၊ ရေနံချောင်း၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်များရှိသည်။ ဧရာဝတီမြစ် အနောက်ခြမ်းတွင် သရက်ခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်တို့ရှိပြီး သရက်၊ ကံမ၊ မင်းတုန်း၊ အထက်မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်ဟူ၍ ၂၆ မြို့နယ်ရှိသည်။ မကွေးတိုင်း၏ လူဦးရေ ၈၅ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေကြသည်ဟု သိရ၏။
မကွေးတိုင်းနှင့် စစ်တပ်
မကွေးတိုင်းတွင် လက်နက်ကိုင်ပုန်ကန်မှုများ အားပျော့သွားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်၌ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနောက်မြောက်တိုင်းမှ ဗိုလ်သက်ထွန်းနှင့်အဖွဲ့ လက်နက်ချပြီးနောက် လက်နက်ကိုင်ပုန်ကန်မှု လုံးဝ မရှိတော့ပေ။
ထို့ကြောင့်လည်း မကွေးတိုင်းအတွင်း ဝါဇီငွေစက္ကူစက်ရုံ၊ အမှတ် (၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂) အထက်မင်းလှ -မလွန်၊ ကပစ ၈ -ဆင်ပေါင်ဝဲ၊ ကပစ ၁၀ -အထက်မင်းလှ -ကုန်းကြီး၊ ကပစ ၁၂ -သရက်၊ ကပစ ၁၃ -အထက်မင်းလှ -ပိတောက်ကန်၊ ကပစ ၁၄ -ပွင့်ဖြူ၊ ကပစ ၁၅ -အောင်လံ၊ ကပစ ၁၇ -အောင်လံ၊ ကပစ ၁၈ -တောင်တွင်းကြီး၊ ကပစ ၂၀- စေတုတ္ထရာ၊ ကပစ ၂၁ -ဆိပ်ဖြူ၊ ကပစ ၂၂ -ဆိပ်ဖြူ၊ ကပစ ၂၃ -ကျော၊ ကပစ ၂၄ -ပေါက်၊ ကပစ ၂၅ -လောင်းရှည် ရှိ၏။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် ကပစ စက်ရုံ ၁၁ ရုံ ရှိပြီး အရှေ့ဖက်ကမ်းတွင် လေးရုံရှိသည်။
မကွေးတိုင်းသည် စစ်တပ်၏ စစ်တိုင်းဖွဲ့စည်းပုံအရ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ပါဝင်သည်။ နမခ အတွင်း ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်တို့ပါဝင်ပြီး မင်းဘူးခရိုင်၊ မကွေးခရိုင်၊ သရက်ခရိုင်တို့က လပခ နယ်မြေတွင် ပါဝင်သည်။
မကွေးတိုင်းသည် စစ်တပ်၏ စစ်တိုင်းဖွဲ့စည်းပုံအရ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ပါဝင်သည်။ နမခ အတွင်း ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်တို့ပါဝင်ပြီး မင်းဘူးခရိုင်၊ မကွေးခရိုင်၊ သရက်ခရိုင်တို့က လပခ နယ်မြေတွင် ပါဝင်သည်။
နမခ နယ်မြေ ဂန့်ဂေါနှင့် ပခက္ကူခရိုင်အတွင်း ဂန့်ဂေါတွင် တိုင်းတပ် ခြေလျင်တပ်ရင်း (ခလရ) ၅၀ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၁ အခြေပြု၏။ ကျောက်ထုမြို့နယ်ခွဲတွင် အမတ ၃၆၈ အခြေပြု၏။ ပခုက္ကူတွင် တပ်မ ၁၀၁ အခြေပြုသည်။ တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ ၂၃၅၊ ၂၅၁၊ ၂၅၂၊ ၂၅၉ တို့သည် ပခုက္ကူ၌လည်းကောင်း၊ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တို့သည် စလင်း၌လည်းကောင်း၊ ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တို့သည် ရေစကြို၌လည်းကောင်း အခြေပြုသည်။ တပ်မ ၁၀၁ သည် ဧရာဝတီအနောက်ခြမ်းတွင် အခြေပြုသည့် တခုတည်းသော တပ်မဖြစ်၏။
လပခ နယ်မြေ မင်းဘူး၊ မကွေး၊ သရက်ခရိုင်တို့အနက် သရက်တွင် ခလရ ၄၄၊ အောင်လံ၌ ခလရ ၇၁၊ မင်းဘူး၌ ခလရ ၈၈ စသည့် တိုင်းတပ်များ အခြေပြုသည်။ မင်းဘူးခရိုင်၊ ပဒါန်းတွင် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၅ အခြေပြုပြီး လက်အောက်ခံ အမတများဖြစ်သည့် အမတ ၃၇၅၊ ၆၀၉ တို့သည် ပဒါန်း၌ အခြေပြု၏။
မကွေးတွင် လေတပ်အခြေစိုက်စခန်းဌာနချုပ်နှင့် တပ်မ ၈၈ ဌာနချုပ် အခြေပြုသည်။ တပ်မ ၈၈ လက်အောက်ခံတပ်များဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ) ၃၀၁၊ ၃၁၇ တို့သည် မကွေး၊ ခမရ ၁၀ – စကု၊ ခမရ ၁၃ – ချောက်၊ ခမရ ၇၇ – ရေနံချောင်း၊ ခမရ ၇၈ – ပုပ္ပါး၊ ခမရ ၈၃ – မိကျောင်းရဲ၊ ခမရ ၁၀၃ – တောင်တွင်းကြီး၊ ခမရ ၄၁၅ – ပုဂံနှင့် ခမရ ၄၁၆ – စလေ တို့၌ အခြေပြုသည်။ ထို့ပြင် စကု၌ အမှတ် (၂၀၂၀) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ – ၂၀၂၀) အခြေပြု၏။
သို့သော် မကွေးတိုင်းအခြေစိုက် တပ်မ ၁၀၁ သည် နွေဦးတော်လှန်ရေးတွင် ရှမ်းမြောက်၊ ရခိုင်တို့တွင် စစ်ဆင်ရေးဝင်ခဲ့ရပြီး အထိနာနေသကဲ့သို့ တပ်မ ၈၈ မှာလည်း နွေဦးတော်လှန်ရေး စကတည်းက ကချင်ပြည်နယ် ဗန်းမော်၊ ကသာဒေသတို့တွင် နှစ်ဗျူဟာ စစ်ဆင်ရေးဝင်ရပြီး အထိနာနေသည့်အပြင် လက်ကျန်တပ်များမှာ ဗန်းမော်တိုက်ပွဲတွင် ပိတ်မိနေ၏။
ကျန်သည့် တဗျူဟာမှာလည်း ၂၀၂၄ နှစ်ကုန် အမ်းသို့ စစ်ကူလိုက်စဉ် ချေမှုန်းခံထားရ၏။ ထို့ပြင် နမ့်ဆန်၌ တပ်မ ၁၀၁ တပ်မမှူး အဖမ်းခံထားရပြီး ဗန်းမော်ဒေသတွင် တပ်မ ၈၈ တပ်မမှူး တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။ လက်ရှိ မကွေးတိုင်းအတွင်း နောက်ချန် တပ်ရင်းဌာနချုပ်များသာ ရှိ၏။
အမ်းမြို့ကျပြီးနောက် လက်ရှိ မကွေးတိုင်းတွင် ထိုးစစ် ဆက်လက်ဆင်နွှဲလာသည့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များဖြင့် မင်းဘူး၊ ပဒါန်း စစ်မျက်နှာတွင် တိုက်ပွဲများ ပြင်းထန်နေ၏။ ထိုစစ်မျက်နှာတွင် စစ်တပ်က တပ်သားသစ်များဖြင့် အင်အားဖြည့်ထားသည့် တပ်မ ၉၉ နှင့် လက်အောက်ခံ တပ်ရင်း ရှစ်ရင်းမှ တပ်ရင်း ၁၀ ရင်းအထိ အားဖြည့်ပြီး ပဒါန်း မစခ ၉၀၅ နှင့် ကပစ များမှ စစ်အင်အားများ ပူးပေါင်းခံစစ်ဆင်နေ၏။ ၂၀၂၅ နှစ်ဆန်းတွင် တပ်မ ၉၉ မှ တဗျူဟာ ချေမှုန်းခံထားရပြီး ဗျူဟာမှူးပါ သုံ့ပန်းအဖြစ် အဖမ်းခံထားရ၏။
အမ်းမြို့ကျပြီးနောက် လက်ရှိ မကွေးတိုင်းတွင် ထိုးစစ် ဆက်လက်ဆင်နွှဲလာသည့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များဖြင့် မင်းဘူး၊ ပဒါန်း စစ်မျက်နှာတွင် တိုက်ပွဲများ ပြင်းထန်နေ၏။ ထိုစစ်မျက်နှာတွင် စစ်တပ်က တပ်သားသစ်များဖြင့် အင်အားဖြည့်ထားသည့် တပ်မ ၉၉ နှင့် လက်အောက်ခံ တပ်ရင်း ရှစ်ရင်းမှ တပ်ရင်း ၁၀ ရင်းအထိ အားဖြည့်ပြီး ပဒါန်း မစခ ၉၀၅ နှင့် ကပစ များမှ စစ်အင်အားများ ပူးပေါင်းခံစစ်ဆင်နေ၏။ ၂၀၂၅ နှစ်ဆန်းတွင် တပ်မ ၉၉ မှ တဗျူဟာ ချေမှုန်းခံထားရပြီး ဗျူဟာမှူးပါ သုံ့ပန်းအဖြစ် အဖမ်းခံထားရ၏။

မကွေးတိုင်း တော်လှန်ရေးအင်အားစုများ
မကွေးတိုင်းသည်လည်း ၂၀၂၁ နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သည့် စစ်မျက်နှာတခုဖြစ်သည်။ မကွေးတိုင်းအတွင်းရှိ ခရိုင် ငါးခုတွင် အောက်ပါအတိုင်း PDF တပ်ရင်းများ ဖွဲ့စည်းထားသည်ကို ၂၀၂၂၊ ၂၀၂၃ ခုနှစ် ကာလကတည်းက တွေ့ရ၏။
(၁) ဂန့်ဂေါခရိုင်
ဂန့်ဂေါ၊ ဆော၊ ထီးလင်းမြို့နယ်များတွင် ဂန့်ဂေါခရိုင် တပ်ရင်း ၁ မှ ၁၉ အထိရှိ တပ်ရင်း ၃၉၀၁ မှ ၃၉၁၉ ကို ဖွဲ့စည်းထားပြီး ဖြစ်၏။
(၂) ပခုက္ကူခရိုင်
ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ဆိပ်ဖြူ၊ ပေါက်မြို့နယ်များတွင် ပခုက္ကူခရိုင်တပ်ရင်း ၁ မှ တပ်ရင်း ၁၉ အထိရှိ တပ်ရင်း ၄၀၀၁ မှ ၄၀၁၉ ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။
(၃) မကွေးခရိုင်
ရေနံချောင်းနှင့် ဆက်စပ်ဒေသများတွင် ခရိုင် တပ်ရင်း ၁ နှင့် ၂ ဖြစ်သော တပ်ရင်း ၄၁၀၁၊ ၄၁၀၂ တို့ကို ဖွဲ့စည်းထားပြီး ဖြစ်၏။
(၄) မင်းဘူးခရိုင်
မင်းဘူး၊ စကု၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များတွင် မင်းဘူးခရိုင်တပ်ရင်း ၁ မှ တပ်ရင်း ၇ အထိဖြစ်သော တပ်ရင်း ၄၂၀၁ မှ တပ်ရင်း ၄၂၀၇ အထိ ဖွဲ့စည်းထားပြီး ဖြစ်သည်။
(၅) သရက်ခရိုင်
အောင်လံ၊ နတ်မောက်၊ မင်းတုန်းမြို့နယ်များတွင် သရက်ခရိုင် တပ်ရင်း ၁ မှ တပ်ရင်း ၅ အဖြစ် တပ်ရင်း ၄၃၀၁ မှ ၄၃၀၅ အထိ တပ်ရင်း ငါးခု ဖွဲ့စည်းထားသည်။
မကွေးတိုင်းအတွင်း PDF တပ်ရင်း ၅၂ ခု ဖွဲ့စည်းထားပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ဖွဲ့များလည်း ရှိသည်။ ဂန့်ဂေါခရိုင်ရှိ PDF တပ်ရင်းတရင်းမှ အင်အားများသည် ယောတပ်တော်နှင့် ပူးပေါင်းသွားသော်လည်း ထို PDF တပ်ရင်းအား ဖျက်မပစ်ဘဲ ကျန်အင်အားနှင့် ဆက်လက် ဖွဲ့စည်းထား၏။
ထို့ပြင် ယောတပ်တော်၊ ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု (PRA) မကွေး၊ ချင်းဒေသကာကွယ်ရေး တပ်မတော် (CDF) အရှို၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) စသည့် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော တပ်ဖွဲ့များလည်း ရှိသည်။
ရှမ်းမြောက်တွင် လှုပ်ရှားနေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တပ်ဖွဲ့ အင်အားများလည်း ယောဒေသသို့ ပြောင်းရွှေ့လာသည်။ AA နှင့် ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ရန် ရည်ရွယ်ပုံရ၏။
နွေဦးတော်လှန်ရေး အင်အားစုများသည်လည်း တဖွဲ့လျှင် အနည်းဆုံး အင်အား ၅၀၀ မှ ထောင်ချီရှိနိုင်သည်ဟု ခန့်မှန်းရ၏။ ထို့ပြင် အမ်းတောင်ကြားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် AA အင်အားစုများ၊ AA နှင့် ပူးပေါင်းတိုက်နေသည့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) နှင့် မကွေးတိုင်း ပကဖ အင်အားများလည်းရှိသည်။
အဆိုပါ နွေဦးတော်လှန်ရေး အင်အားစုများသည်လည်း တဖွဲ့လျှင် အနည်းဆုံး အင်အား ၅၀၀ မှ ထောင်ချီရှိနိုင်သည်ဟု ခန့်မှန်းရ၏။ ထို့ပြင် အမ်းတောင်ကြားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် AA အင်အားစုများ၊ AA နှင့် ပူးပေါင်းတိုက်နေသည့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) နှင့် မကွေးတိုင်း ပကဖ အင်အားများလည်းရှိသည်။
AA နှင့်လည်းကောင်း၊ ဂန့်ဂေါဒေသ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်းကောင်း မဟာမိတ်ဖြစ်သည့် ချင်းညီနောင် တပ်ဖွဲ့များသည် မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသည့် ချင်းပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၎င်းတို့ဒေသ လုံခြုံရေးအတွက် ယောဒေသတွင် ပူးပေါင်း စစ်ဆင်နိုင်သည့် အလားအလာရှိ၏။
သို့ဖြစ်ရာ မကွေးတိုင်းအတွင်းတွင် PDF တပ်ရင်းများ၊ AA, CDF – အရှို၊ PRA မကွေး၊ SAF, PIO / PIA, ယောတပ်တော်၊ BPLA နှင့် ဒေသခံများ စသည့် အင်အားစုများ စုပေါင်းပါက ထောင်ဂဏန်းရှိသည့် အင်အားစုကြီးအဖြစ် တွေ့မြင်ရ၏။ တော်လှန်ရေးအင်အားစုများ၏ ပြင်ဆင်ရမည့် အားနည်းချက်အဖြစ် အများမြင်လွယ်သည့် အချက်နှစ်ခုမှာ တစုတစည်းတည်းကွပ်ကဲမှုနှင့် လက်နက်ခဲယမ်းမီးကျောက် လိုအပ်မှု ပြဿနာဖြစ်သည်။

မကွေးတိုင်း စစ်မျက်နှာ
မကွေးတိုင်းအတွင်း လက်နက်ကိုင်လှုပ်ရှားမှုများကို ဧရာဝတီမြစ် အနောက်ခြမ်းတွင် အားကောင်းမောင်းသန် တွေ့ရပြီး ဧရာဝတီမြစ် အရှေ့ခြမ်းတွင်မူ အနောက်ခြမ်းထက် အတန်ငယ် အားနည်းသည်ဟု ဆိုနိုင်၏။
မကွေးတိုင်းစစ်မျက်နှာဟုဆိုလျှင် ဧရာဝတီအနောက်ခြမ်းသည် အဓိက စစ်မြေပြင်ဖြစ်ပြီး ဧရာဝတီအရှေ့ခြမ်းသည် လက်ရှိအချိန်တွင် အရန်အဖြစ်ရှိနေသည်။
ဧရာဝတီအနောက်ခြမ်းတွင် ဂန့်ဂေါနှင့် ပခုက္ကူခရိုင်တွင် စစ်မျက်နှာတခု၊ မင်းဘူး၊ သရက်ခရိုင်တွင် စစ်မျက်နှာ နှစ်ခု ခွဲ၍တွေ့ရ၏။ လက်ရှိတွင် အသက်ဝင်လှုပ်ရှားနေသည့် စစ်မျက်နှာမှာ မင်းဘူး၊ သရက် စစ်မျက်နှာဖြစ်သည်။
မူလကတည်းက PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုရှိနေသည့်ကာလဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း AA နှင့် ပူးပေါင်းအင်အားများ၏ အမ်း မြို့သိမ်းတိုက်ပွဲမှစ၍ စစ်ရှိန်ပိုမြင့်လာ၏။ အမ်းမြို့မှသည် တဖြည်းဖြည်း ဆုတ်လာရသည့် နတ်ရေကန်အထိ စစ်တပ်၏ ထောက်ပို့လမ်းကြောင်းကို ကောင်းစွာ တိုက်ခိုက်ချေမှုန်းနိုင်သည်ကို တွေ့ရ၏။
မကွေးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သည့် CDF-အရှိုတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ နှစ်နှစ်ပြည့်ချိန်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ၂၅ ကြိမ်ခန့် ရှိခဲ့ပြီး CDF – အရှိုမှ ရဲဘော် တဦးကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ခန့်နှင့် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မိသားစုဝင်တချို့ အပါအဝင် စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းမိခဲ့၏။ ထိုနောက်ပိုင်းတွင်လည်း ဖေဖော်ဝါရီလကုန်အထိ CDF – အရှို တပ်ဖွဲ့သည် စစ်တပ်အင်အား ဆယ်ဂဏန်းအထိ ဆက်လက်ချေမှုန်း ဖမ်းဆီးနိုင်သည်ကို တွေ့ရ၏။
ဤအချက်မှ တွေ့ရသည်မှာ AA ၏ ထိုးစစ်အားနှင့် ပူးပေါင်းမိပါက ပြောက်ကျားတပ်ဖွဲ့ငယ်တခု၏ တိုက်အားသည်ပင်လျှင် များစွာမြင့်တက်လာသည်ကို တွေ့မြင်နိုင်၏။ ကျန်တပ်ဖွဲ့များ၏ စာရင်းများ အတိအကျ မသိရ၍ မဖော်ပြနိုင်သော်လည်း အနည်းနှင့်အများ စစ်ကောင်စီကို အထိနာအောင်၊ အရူးမီးဝိုင်းဖြစ်အောင် တိုက်ခိုက်နိုင်မည်ကို သံသယရှိစရာ မလိုပေ။
AA နှင့် ပူးပေါင်းအင်အားများက အမ်းမြို့ကို သိမ်းပြီးနောက် ပဒါန်းအနီး နတ်ရေကန်အထိ စခန်းတခုပြီးတခု သိမ်းလာခဲ့ပြီး တပ်မ ၉၉ ဗျူဟာတခုအား ချေမှုန်းနိုင်ခဲ့၏။ အဆိုပါ ထိုးစစ်ကို အထောက်အကူပြုသည့် တိုက်ပွဲများ မင်းဘူးနှင့် သရက်ခရိုင်မြို့နယ်များတွင် အနှံ့အပြား ဖြစ်ပွားလာပြီး ကပစ စက်ရုံများကို အနီးကပ် ခြိမ်းခြောက်လာသည်ကို တွေ့ရပြီဖြစ်သည်။
AA နှင့် ပူးပေါင်းအင်အားများက အမ်းမြို့ကို သိမ်းပြီးနောက် ပဒါန်းအနီး နတ်ရေကန်အထိ စခန်းတခုပြီးတခု သိမ်းလာခဲ့ပြီး တပ်မ ၉၉ ဗျူဟာတခုအား ချေမှုန်းနိုင်ခဲ့၏။ အဆိုပါ ထိုးစစ်ကို အထောက်အကူပြုသည့် တိုက်ပွဲများ မင်းဘူးနှင့် သရက်ခရိုင်မြို့နယ်များတွင် အနှံ့အပြား ဖြစ်ပွားလာပြီး ကပစ စက်ရုံများကို အနီးကပ် ခြိမ်းခြောက်လာသည်ကို တွေ့ရပြီဖြစ်သည်။
မကွေးတိုင်းတွင်းမှ ဒုတိယ စစ်မျက်နှာတခုမှာ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်ဖြစ်သည်။ ဂန့်ဂေါခရိုင်နှင့် ကျောချင်းကပ်နေသည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး စသည့် ချင်းပြည်နယ်တောင်ပိုင်း လုံးဝ လွတ်မြောက်သွားပြီဖြစ်ရာ နောက်ကျောလုံသည့်ဒေသ ဖြစ်သွား၏။

ချင်းပြည်နယ်တောင်းပိုင်းကို သိမ်းပိုက်ခဲ့သည့်တပ်ဖွဲ့များမှာ ချင်းညီနောင် လက်အောက်ခံ ချင်း CDF တပ်ဖွဲ့များဖြစ်ကြပြီး AA နှင့် မဟာမိတ်များဖြစ်ကြ၏။ AA တပ်ဖွဲ့အချို့လည်း ချင်းညီနောင်နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရ အကူအညီပေးခဲ့သည်ကို တွေ့ရသည်။ ထို့အတူ ဂန့်ဂေါခရိုင်မှ ယောတပ်တော် (Yaw Army) အဖြစ် ဖွဲ့စည်းထားသည့် နွေဦးအင်အားစုသည်လည်း ချင်းညီနောင်၊ AA တို့နှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ CDF များနှင့် မဟာမိတ်ဖြစ်သည့် ဂန့်ဂေါခရိုင်သည် နိုင်ငံရေးအရရော စစ်ရေးအရပါ နောက်ကျောလုံသည့် အခြေအနေတရပ်ကို ပိုင်ဆိုင်ခဲ့၏။ ထို့ပြင် ချင်းညီနောင်၊ AA, ယောတပ်တော်နှင့် ဂန့်ဂေါခရိုင် PDF များအတွက် ပူးပေါင်း စစ်ဆင်ရေးများ ပြုလုပ်နိုင်သည့် အခြေအနေ ပေါ်ပေါက်လာသည်။ လတ်တလော ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်တို့တွင် ပြောက်ကျား လှုပ်ရှားမှုများ ရှိနေသော်လည်း မင်းဘူးခရိုင်ကဲ့သို့ အရှိန်မြှင့်တင်ခြင်း မရှိသေးဘဲ ပြင်ဆင်စုဖွဲ့နေသည့်ကာလဟု ခန့်မှန်းသုံးသပ်ရ၏။
ထို့ပြင် ဂန့်ဂေါနှင့် ပခုက္ကူခရိုင်သည် နမခ စစ်တိုင်းအတွင်း ပါဝင်ပြီး မင်းဘူးနှင့် သရက်ခရိုင်သည် လပခ စစ်တိုင်းတွင်း ပါ၏။ ဂန့်ဂေါ၊ ပခုက္ကူနှင့် မင်းဘူးကြား ဆက်စပ်နယ်မြေသည် နမခနှင့် လပခ စစ်တိုင်းနှစ်ခု ဆက်စပ်နယ်မြေဖြစ်ရာ စစ်တိုင်းနှစ်ခု၏ ကွပ်ကဲမှု ဟာကွက်ရှိသည့် နယ်မြေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များအတွက် အခွင့်အခါကောင်း ရယူနိုင်သည့် ဒေသဖြစ်သည်။
မကွေးတိုင်းစစ်ဒေသသည် မူလက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ဒေသ ၁ တွင် ပါဝင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်ရေးကွပ်ကဲမှု ယူထားသည့်ဒေသ ဖြစ်သည်။ ယခုအခါ AA က မကွေးတိုင်းအား စစ်ရေးကွပ်ကဲမှု လွှဲပြောင်းယူမည်ဟု သတင်းများ ကြားသိရ၏။
မကွေးတိုင်းစစ်ဒေသတွင် လက်နက်ကိုင်အင်အား အများအပြားရှိရာ အဓိက သော့ချက်ပြဿနာအဖြစ် ဖြေရှင်းရမည်မှာ တစုတစည်းသော စစ်ရေးကွပ်ကဲမှု တည်ဆောက်ရေးဖြစ်၏။ ထိုပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းလုပ်ဆောင်နေသည်ကို တွေ့ရသည်။
ယခုအခါ နွေဦးတော်လှန်ရေးစကတည်းက ပြောက်ကျားတိုက်ပွဲများ ဆင်နွှဲလာခဲ့သော မကွေးတိုင်းစစ်မျက်နှာတွင် သိသာသည့် စစ်ရေးအပြောင်းအလဲကို ၂၀၂၄ ခုနှစ် နှစ်ကုန်၊ ၂၀၂၅ နှစ်ဆန်းတွင် စတင်တွေ့ရပြီး ၂၀၂၅ ခုနှစ်တွင် သိသာသည့် အပြောင်းအလဲများကို မြင်ရနိုင်သည်။
ယခုအခါ နွေဦးတော်လှန်ရေးစကတည်းက ပြောက်ကျားတိုက်ပွဲများ ဆင်နွှဲလာခဲ့သော မကွေးတိုင်းစစ်မျက်နှာတွင် သိသာသည့် စစ်ရေးအပြောင်းအလဲကို ၂၀၂၄ ခုနှစ် နှစ်ကုန်၊ ၂၀၂၅ နှစ်ဆန်းတွင် စတင်တွေ့ရပြီး ၂၀၂၅ ခုနှစ်တွင် သိသာသည့် အပြောင်းအလဲများကို မြင်ရနိုင်သည်။ မကွေးတိုင်းတွင် ကပစ စက်ရုံ ၁၅ ရုံ ရှိသည်ဖြစ်ရာ စစ်ကောင်စီအား အရှိုက်ထိုးနိုင်သည့် အရေးကြီးသော ဒေသတခုဖြစ်ပေသည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် ရခိုင်-မကွေးနယ်စပ်တွင် တိုက်ပွဲများဖြစ်နေ
စစ်ကိုင်းမြို့သို့ မကွေး၊ မန္တလေးတိုင်းတို့မှ လာသူများ ဧည့်စာရင်းမပေး၍ အခက်ကြုံ
စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ
မကွေးတိုင်းတွင် တော်လှန်ရေး အဖွဲ့အစည်းများက အုပ်ချုပ်ရေးပိုင်း အသက်သွင်းလာ













