၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ် အာဏာသိမ်းသောအခါ သမိုင်းတပတ်လည်မည်ဟု အများအပြားက ယူဆကြသည်။ ဖိနှိပ်မှုအတွေ့အကြုံ ဆယ်စုနှစ်ပေါင်းများစွာနှင့် ကြီးမားသော ပစ်အားကြောင့် စစ်ကောင်စီသည် “မပြိုလဲနိုင်လောက်အောင် ကြီးသည်” ဟု မြင်ကြသည်။
၁၉၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်က ယခင် အုံကြွမှုများသည်လည်း ၂၀၂၁ ခုနှစ်အစောပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခံရသည်။ သို့သော် နောင် လေးနှစ်ကြာသောအခါ မြန်မာ့တော်လှန်ရေး လှုပ်ရှားမှုသည် မျှော်မှန်းချက်များနှင့် ပြောင်းပြန်ဖြစ်ပြီး စစ်တပ်က စစ်ရှုံးနေသည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ ညှိနှိုင်းထိုးစစ်သည် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာအနေအထားကို တစစီ ကြေမွစေပြီး ၂၀၂၄ ခုနှစ်ရောက်သောအခါ တော်လှန်ရေးတပ်များသည် စစ်တပ်၏ အမာခံဒေသ မြို့တော်နေပြည်တော်နှင့် နီးကပ်လာသည်။
ဗဟိုစုစည်းမှု မရှိဘဲ အလွန်မြင့်မားစွာ လိုသလို ပြောင်းလဲနိုင်သော တော်လှန်ရေးအင်အားစုထံ စစ်ကောင်စီသည် ကျယ်ပြန့်သော ပိုင်နက်နယ်မြေများကို ဆုံးရှုံးသည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ ညှိနှိုင်းထိုးစစ်သည် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာအနေအထားကို တစစီ ကြေမွစေပြီး ၂၀၂၄ ခုနှစ်ရောက်သောအခါ တော်လှန်ရေးတပ်များသည် စစ်တပ်၏ အမာခံဒေသ မြို့တော်နေပြည်တော်နှင့် နီးကပ်လာသည်။ ထိုသို့ ကြံ့ကြံ့ခံနိုင်ရည်သည် မြန်မာ့ဒီမိုကရေစီတံခါးဖွင့်ခြင်း (၂၀၁၁ -၂၀၂၁) နောက်ပိုင်း ပြည်သူ၊ စစ်မြေပြင်နှင့် တော်လှန်ရေးသဘောသဘာဝများ ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသည်။
ယခင်က လှုပ်ရှားမှုများနှင့်မတူဘဲ မြန်မာ့လက်ရှိတော်လှန်ရေးသည် ငါးအုပ်သဖွယ် လှုပ်ရှားသည်။ ဗဟိုချုပ်ကိုင်မှု နည်းသည်။ လိုသလို ပြောင်းလဲနိုင်သည်။ ထိုးနှက်ချက်တခုတည်းနှင့် ဖြိုခွဲရန် မဖြစ်နိုင်ပေ။ ထိုတော်လှန်ရေးသည် ငန်းအုပ်နှင့်လည်းတူပြီး အရှိန်အဟုန်ကို ထိန်းသိမ်းထားရန် ခေါင်းဆောင်မှု အလှည့်ကျ ပြောင်းသည်။
ထိုသို့ ပြောင်းလဲနိုင်သော တည်ဆောက်ပုံသည် ဖွဲ့စည်းပုံကင်းမဲ့ခြင်းကို သေနင်္ဂဗျူဟာ ခွန်အားအဖြစ် ပြောင်းလဲပေးလိုက်ပြီး တော်လှန်ရေး အင်အားစုများအနေဖြင့် မဆုတ်မနစ်ဖိအားကို ထိန်းထားနိုင်ကာ တရုတ်ကဲ့သို့သော အင်အားကြီးများ၏ ပြင်ပ လိုသလို အသုံးချမှုကို ခုခံနိုင်စေသည်။
ဗဟိုချုပ်ကိုင်မှုကင်းမဲ့ပြီး ပြုပြင်ပြောင်းလဲနိုင်သော တော်လှန်ရေး
မြန်မာ့တော်လှန်ရေးသည် အကွဲကွဲအပြားအပြား ဖြစ်နေသည်ဟု ထင်ရသည်။ တော်လှန်ရေးသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs)၊ တိုင်းရင်းလားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူ့စစ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဖြင့် တခုတည်းသော ညီညွတ်သည့် အမိန့်ပေးကွပ်ကဲမှုစနစ် မရှိဘဲ ရောနှောဖွဲ့စည်းထားသည်။ စစ်တပ်ကို ခုခံမှုသည် ဗဟိုအစိုးရအောက်မှ လည်ပတ်သည့် ယူကရိန်းနှင့်မတူဘဲ မြန်မာ့စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများသည် ခေါင်းဆောင်တဦးတည်း မရှိ၊ ဌာနချုပ်တခုတည်း မရှိပေ။
သို့သော် ထိုအချက်သည် အားနည်းချက် မဟုတ်ဘဲ ခွန်အားဖြစ်သည်။ အုပ်စုလိုက်နေသော ငါးများကဲ့သို့ပင် မတူညီသော အုပ်စုများသည် တစိတ်တပိုင်း လွတ်လပ်စွာ လှုပ်ရှားသော်လည်း ထောက်လှမ်းရေးသတင်း၊ ရင်းမြစ်များနှင့် ဘုံရည်မှန်းချက်ပန်းတိုင်ကို မျှဝေကြသည်။ ဘုံရည်မှန်းချက်မှာ စစ်ကောင်စီကို ဖြုတ်ချပြီး ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေး ဖြစ်သည်။
ထိုသို့ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သည့် ပုံစံသည် အားသာချက်များစွာ ဖြစ်ပေါ်စေသည်။ ပထမအချက်မှာ စစ်ကောင်စီက လုပ်ကြံသတ်ဖြတ်နိုင်မည့် တဦးတည်းသောခေါင်းဆောင် မရှိပေ။ တပ်မှူးတဦးကို လုပ်ကြံသတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းသည် လှုပ်ရှားမှုကို အင်အားချိနဲ့စေခြင်း မရှိပေ။
ထိုသို့ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သည့် ပုံစံသည် အားသာချက်များစွာ ဖြစ်ပေါ်စေသည်။ ပထမအချက်မှာ စစ်ကောင်စီက လုပ်ကြံသတ်ဖြတ်နိုင်မည့် တဦးတည်းသောခေါင်းဆောင် မရှိပေ။ တပ်မှူးတဦးကို လုပ်ကြံသတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းသည် လှုပ်ရှားမှုကို အင်အားချိနဲ့စေခြင်း မရှိပေ။
ဒုတိယအချက်မှာ စစ်ကောင်စီ ဖျက်ဆီးပစ်နိုင်သည့် ဗဟိုဌာနချုပ် ကင်းမဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် အလွန်များပြားသော နယ်ပယ်များတွင် ပြန့်ကျဲနေပြီး ကြီးမားသောထိုးစစ်လုပ်ရန် ခက်စေသည်။
တတိယအချက်မှာ တော်လှန်ရေးလှုပ်ရှားမှုသည် စစ်မြေပြင်အခြေအနေများနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်စေခြင်း ဖြစ်သည်။ စစ်မျက်နှာတခုတွင် နှေးကွေးနေစဉ် အခြားစစ်မျက်နှာတွင် တိုက်ခိုက်မှုများ အရှိန်မြင့်လာပြီး စစ်တပ်ကို ဟန်ချက်ပျက်စေသည်။
ထိုတည်ဆောက်ပုံက တော်လှန်ရေးအင်အားစုအနေဖြင့် ထိုးစစ် ရေရှည်ထိန်းထားနိုင်ပြီး စစ်ကောင်စီ၏ ပစ်အားနှင့်ရင်းမြစ်များ အားသာချက်ကို ချေဖျက်လိုက်သည်။
ပျံသန်းနေသော ငန်းများအတိုင်း သက်ရောက်မှုစနစ်
တခုတည်းသောလွှမ်းမိုးသည့် အင်အားစုကို မှီခိုအားထားသည့် အစဉ်အလာ ပုန်ကန်မှုများနှင့်မတူဘဲ မြန်မာ့တော်လှန်ရေးသည် ပျံသန်းနေသော ငန်းများဖွဲ့စည်းပုံအတိုင်း စစ်မြေပြင်အရွေ့ကို အခြေခံကာ ခေါင်းဆောင်မှု အလှည့်ကျ ကျင့်သုံးသည်။
လက်ရှိအချိန်အထိ ခေါင်းဆောင်မှု ‘လှိုင်း’ လေးခုရှိသည်။
၁။ NUG နှင့် PDF များ (၂၀၂၁-၂၀၂၂) – NUG သည် တော်လှန်ရေး အစောပိုင်းကာလအတွင်း နိုင်ငံရေး ဦးတည်ရာလမ်းကြောင်း ချမှတ်ပေးပြီး PDF များက မြို့ပြပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်ကြကာ စစ်ကောင်စီထိန်းချုပ်မှုကို နှောင့်ယှက်ပြီး ပိုမိုကြီးမားသော ထိုးစစ်များအတွက် အနေအထား ပြင်ဆင်ပေးသည်။
၂။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (၂၀၂၃) – ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့ ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး အဓိကျသည့် မြို့များ၊ စစ်စခန်းများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို သိမ်းပိုက်ကာ စစ်ကောင်စီကို အဆုံးအဖြတ်ပေးလိုက်သည့် ထိုးနှက်ချက်များ ပြုလုပ်သည်။
AA သည် ရခိုင်ပြည်နယ်တွင် အဓိကကျသည့် ထိုးစစ်များပြုလုပ်ကာ ပိုင်နက်နယ်မြေများ သိမ်းပိုက်ပြီး စစ်တပ်က ဆုတ်ခွာပေးရသည်။ ထိုအချက်သည် အုပ်စုအမျိုးမျိုးက အချိန်အလိုက် ဦးဆောင်မှုယူပြီး တော်လှန်ရေးအင်အားစု၏ လိုသလိုပြောင်းလဲနိုင်မှုကို ပြသသည်။
၃။ အာရက္ခတပ်တော် (၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ် အစောပိုင်းအထိ) – AA သည် ရခိုင်ပြည်နယ်တွင် အဓိကကျသည့် ထိုးစစ်များပြုလုပ်ကာ ပိုင်နက်နယ်မြေများ သိမ်းပိုက်ပြီး စစ်တပ်က ဆုတ်ခွာပေးရသည်။ ထိုအချက်သည် အုပ်စုအမျိုးမျိုးက အချိန်အလိုက် ဦးဆောင်မှုယူပြီး တော်လှန်ရေးအင်အားစု၏ လိုသလိုပြောင်းလဲနိုင်မှုကို ပြသသည်။
၄။ စစ်မျက်နှာပေါင်းစုံ EAO ထိုးစစ် (၂၀၂၄ မှ ယနေ့အထိ) – ၂၀၂၄ ခုနှစ် အစောပိုင်းသို့ ရောက်လာသောအခါ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများသည် သီးခြားစစ်ဆင်ရေးများ ဆင်နွှဲကြသည်။ ထိုသို့ စစ်မျက်နှာ အများအထားရှိသော သေနင်္ဂဗျူဟာသည် စစ်ကောင်စီကို စစ်ပန်းကာ ပြန့်ကျဲစေပြီး တော်လှန်ရေးကို နေပြည်တော်နှင့် ပိုမိုနီးကပ်စေသည်။
ထိုသို့ အလှည့်ကျ ဦးဆောင်မှုသည် စစ်ပန်းခြင်းကို တားဆီးပေးပြီး ဖိအားဆက်တိုက်ပေးခြင်းဖြစ်စေကာ အုပ်စုတစုက လွှမ်းမိုးခြင်းကိုလည်း ကန့်သတ်လိုက်သလိုဖြစ်သည်။ လှုပ်ရှားမှုကို ပြင်ပမှ၊ အထူးသဖြင့် တရုတ်မှ လိုသလို အသုံးချခြင်းကိုလည်း ခံနိုင်ရည်ရှိစေသည်။ ငန်းများကဲ့သို့ ထိုသို့ အလှည့်ကျ ဦးဆောင်မှုသည် အဖွဲ့များ အားလုံးအနေဖြင့် ၎င်းတို့၏ စုပေါင်းဦးတည်ဘက်နှင့် ရည်မှန်းချက် ပန်းတိုင်ကို ရှင်းလင်းသော နားလည်မှုရစေသောကြောင့် အောင်မြင်သည်။
စစ်ကောင်စီ ဘာကြောင့် ရှုံးနေသနည်း
တော်လှန်ရေးအင်အားစုများ၏ အခြားတဖက်တွင် စစ်ကောင်စီတပ်များသည် ဦးတည်ချက်ပျောက်နေပြီး ယခင်မကြုံဖူးသည့် ဘက်ပြောင်းမှုများနှင့် အစုလိုက်အပြုံလိုက် လက်နက်ချမှုများကို ခံစားနေရကာ ၎င်းတို့၏ ဦးတည်ရာလမ်းကြောင်း ချမှတ်နိုင်မှုနှင့် ညီညွတ်မှု ကင်းမဲ့ခြင်းကို ပြသနေသည်။
ယခုအခါ မြန်မာစစ်တပ်သည် အကာအကွယ် ကင်းမဲ့နေသည်။ ယခင်က အုံကြွမှုများနှင့်မတူသည်မှာ စစ်တပ်သည် ဗဟိုချက် မရှိဘဲ ၎င်းတို့၏ တင်းကျပ်မှုထက် ပိုမိုမြန်ဆန်စွာ ပြောင်းလဲနိုင်သည့် ကွန်ရက်တော်လှန်မှုဖြစ်သော တနိုင်ငံလုံးပုန်ကန်မှုကို ရင်ဆိုင်နေရသည်။
တရုတ်အစိုးရသည် MNDAA နှင့် TNLA စသည့် မြောက်ပိုင်း EAO များကို ဆုတ်ခွာရန် ဖိအားပေးသည်။ ထိုသို့လုပ်ခြင်းသည် မြောက်ပိုင်းတွင် အရှိန်အဟုန် နှေးကွေးသွားစေသော်လည်း ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သော တော်လှန်ရေးသည် AA, KNDF, KIA နှင့် KNLA စသည့် အဖွဲ့များအနေဖြင့် အခြားနေရာများတွင် တိုက်ခိုက်မှု အရှိန်မြှင့်ခွင့် ရသွားသည်။
ကနဦး လှေနံနှစ်ဖက်နင်း လောင်းကြေးခွဲဖြန့်ထားသည့် တရုတ်သည် စစ်ကောင်စီကို ထောက်ခံသည်။ ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော်သဖွယ်ဖြစ်သော လားရှိုး ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ကျပြီးနောက် တရုတ်အစိုးရသည် MNDAA နှင့် TNLA စသည့် မြောက်ပိုင်း EAO များကို ဆုတ်ခွာရန် ဖိအားပေးသည်။ ထိုသို့လုပ်ခြင်းသည် မြောက်ပိုင်းတွင် အရှိန်အဟုန် နှေးကွေးသွားစေသော်လည်း ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သော တော်လှန်ရေးသည် AA, KNDF, KIA နှင့် KNLA စသည့် အဖွဲ့များအနေဖြင့် အခြားနေရာများတွင် တိုက်ခိုက်မှု အရှိန်မြှင့်ခွင့် ရသွားသည်။
တရုတ်၏ အဓိကကျသည့် အခြေခံအဆောက်အအုံ အများအပြားသည် ယခုအခါ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများတွင် ကျရောက်နေပြီး ထိုလှုပ်ရှားမှုအပေါ် တရုတ်သြဇာကို အကန့်အသတ် ဖြစ်စေသည်။
တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စု၊ အာဆီယံနှင့် ဒေသတွင်းအရေးပါသည့် နိုင်ငံများသည် မြန်မာတော်လှန်ရေးအင်အားစုများ၏ ကြီးထွားလာသော အင်အားကို အသိအမှတ်ပြုလာသော်လည်း ဆက်လက် သတိထားနေဆဲဖြစ်သည်။
ရှေ့ဆက်ရမည့်လမ်း ဖက်ဒရယ်အနာဂတ်သို့
မြန်မာ့တော်လှန်ရေးသည် ပုန်ကန်တော်လှန်မှု စည်းမျဉ်းများကို ပုံစံပြောင်းစေသည်။ လွတ်မြောက်ဒေသများတွင် စီမံအုပ်ချုပ်ရေး၊ ကွဲပြားခြားနားသော နိုင်ငံရေးအကျိုးစီးပွား၊ စစ်ကောင်စီခေတ်အလွန် တည်ငြိမ်မှု အာမခံရေး စသည့် စိန်ခေါ်မှုများ ရှိသော်လည်း တော်လှန်ရေးအင်အားစု၏ အခြေအနေနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်သော ဖွဲ့စည်းပုံသည် သေနင်္ဂဗျူဟာ အားသာချက်ဖြစ်စေသည်။
နေပြည်တော်ကျဆုံးခန်း နီးကပ်လာသည်ဟု တထစ်ချ မပြောနိုင်သေးသော်လည်း ယခင်ကထက် ပိုမို၍ လိုသလိုပြောင်းလဲနိုင်ပြီး ပြတ်သားကာ ညီညွတ်သည့် လှုပ်ရှားမှုနှင့် ရှုံးနေသော ရေရှည်စစ်ပွဲကို စစ်ကောင်စီ တိုက်နေရသည်။ မြန်မာ၏ အနာဂတ်သည် စစ်တပ်၏လက်တွင် မရှိတော့ဘဲ စစ်တပ်အုပ်ချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်သူများ၏ ပုံသွင်းမှုကို ခံနေရသည်။
(The Diplomat ပါ Miemie Winn Byrd ၏ Myanmar’s Decentralized Resistance Is Too Resilient and Flexible to Crush ကို ဘာသာပြန်သည်။ မီမီဝင်းဘတ်သည် အမေရိကန်စစ်တပ်မှ အငြိမ်းစား အရာရှိဖြစ်ပြီး ယခုအခါ အရှေ့တောင်အာရှနှင့် မြန်မာ့လုံခြုံရေးဆိုင်ရာ ပြောင်းလဲမှုများကို အထူးပြုနေသည်။)
You may also like these stories:
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
တော်လှန်ရေးအတွက် နိုင်ငံခြားရေးမူဝါဒတွင် တိုင်းရင်းသားခေါင်းဆောင်များကို နေရာပေးသင့်
စစ်ကောင်စီကို တော်လှန်ရေးတပ်တွေ ဝိုင်းလာနေပြီလား
ပြည်နယ်အခြေပြု ဖက်ဒနယ်စနစ် ပူးပေါင်းဖော်ဆောင်နေဟု တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်
၂၀၂၄ ကျော်လို့ ၂၀၂၅ ထဲဝင်လာခဲ့သော မြန်မာ့တော်လှန်ရေးခရီး
တရုတ်ဖိအားကို ဂရုမစိုက်သော မြန်မာ့တော်လှန်ရေး














