ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ထိုးစစ်ဆင်သိမ်းပိုက်ဖို့အတွက် အာဏာသိမ်း စစ်တပ်ဟာ မြေပြင်စစ်ကြောင်းတွေ အင်အားသုံးချီတက်နေသလို ဝေဟင်ကလည်း လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကဧရာဝတီကို ပြောပါတယ်။
TNLA အနေနဲ့တော့ ကျောက်မဲမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ထိုးစစ်ကို အပြင်းအထန်ခုခံကာကွယ်နေတယ်လို့ ပြောခွင့်ရသူ လွေးယေဦးက ဧရာဝတီကိုပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ကျောက်မဲ #ထိုးစစ် #နောင်ပိန် #TNLA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













