စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ အာဏာသိမ်းခေါင်းဆောင်က မကြာခန ပြောဆိုနေပေမယ့် ပကတိ အခြေအနေကတော့ ပြောင်းပြန်ဖြစ်နေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။
ဥပဒေတွေကို စစ်ခေါင်းဆောင်လိုသလို ရေးဆွဲ ပြဌာန်းနေတာကြောင့် စစ်အာဏာရှင်အောက်က ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေပါ အခက်ကြုံနေကြရပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲ မလုပ်နိုင်လို့ လွှတ်တော်ထဲကို ရွေးကောက်ခံအမတ် အပြည့်မရောက်နိုင်ပေမယ့် မြို့နယ် ၃၃၀ အတွက် စစ်တပ်ကိုယ်စားလှယ် ၁၆၆ ယောက် အပြည့်ထည့်သွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #စစ်ခေါင်းဆောင် #လွတ်လပ် #တရားမျှတ #ဥပဒေ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













