• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန်အိတ် ခံကတုတ် တွေ့ပြီးနောက် အလွဲသုံးစားလုပ်မှုကို WFP ရှုတ်ချ

by ဟိန်းထူးဈာန်
21 December 2024
in သတင်း
A A
ဆန်အိတ် ခံကတုတ် တွေ့ပြီးနောက် အလွဲသုံးစားလုပ်မှုကို WFP ရှုတ်ချ

မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) တွင် ဒီဇင်ဘာလက ၈ ရက်နေ့က တွေ့ရသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ / AA

1.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အမှတ်အသားပါ စားနပ်ရိက္ခာများ တွေ့ရှိပြီးနောက် လူသားချင်းစာနာမှုအကူအညီ အလွဲသုံးစားလုပ်မှုကို WFP က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြစ်ပွားသည့် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှု အကျပ်အတည်းအတွင်း စစ်ဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် လူ ၂ သန်းခန့်အထိ အငတ်ဘေး ရင်ဆိုင်ရမည်ဟု ကုလသမဂ္ဂက လွန်ခဲ့သောလတွင် ဖော်ပြခဲ့သည်။

“အသက်ကယ်အကူအညီ အလိုအပ်ဆုံး ထိခိုက်အလွယ်ဆုံး လူမှုအသိုက်အဝန်းများအတွက် မည်သည့် လူသားချင်းစာနာမှု အကူအညီကိုမဆို အလွဲသုံးစားလုပ်ခြင်းကို လက်မခံနိုင်” ဟု WFP က ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အာရက္ခတပ်တော် (AA) က ထိုစစ်စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက်တွင် WFP ပိုင်ဆိုင်သည့် ဆန်အိတ် ထောင်ပေါင်းများစွာကို တွေ့ရှိသည်ဟု ရခိုင်ပြည်နယ်အခြေစိုက် Arakan Bay News (ABN) က ဖော်ပြပြီးနောက် ထိုကဲ့သို့ ရှုတ်ချခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် WFP ၏ ဆန်အိတ်များကို ခံကတုတ် အကာအကွယ်များအဖြစ် အသုံးပြုနေကြောင်း ချေမှုန်းခံရသည့် စခန်းသို့ ရောက်ခဲ့သည့် သတင်းထောက်များကို ကိုးကားပြီး ABN သတင်းဌာနက ဖော်ပြသည်။ နောက်ပိုင်းတွင် ABN ၏ သတင်းကို အခြား ပြည်တွင်းသတင်းဌာနများက အတည်ပြုသည်။

ထိုစစ်စခန်းသို့ သွားရောက်နိုင်ခြင်း မရှိသောကြောင့် ထိုသတင်းကို လတ်တလော အတည်မပြုနိုင်ကြောင်း WFP က ပြောသည်။

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP သိုလှောင်ရုံကို စစ်ကောင်စီတပ်များက လုယက် မီးရှို့သည်ဟု စွပ်စွဲခံရပြီးနောက် ခြောက်လအကြာတွင် ထိုသတင်းများ ထွက်လာခြင်းဖြစ်သည်။ သိုလှောင်ရုံကို မီးမရှို့မီ စစ်ကောင်စီတပ်များက ဆန်အိတ်များကို ဖယ်ရှားခဲ့ပြီး ခရိုင်ရုံးတွင် အကာအကွယ်အဖြစ် အသုံးပြုကြောင်း AA က ကောင်းကင်မှ ရိုက်ထားသည့် ဗီဒီယိုတခု ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) တွင် တွေ့ရသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဆန်အိတ်များ / ABN

ထိုဖြစ်ရပ်ကို WFP က ရှုတ်ချပြီး ရခိုင်ပြည်နယ်မှ စစ်ဖြစ်နေသည့် အဖွဲ့များအနေဖြင့် နိုင်ငံတကာဥပဒေအရ ၎င်းတို့တာဝန်များကို အလေးထားရန်နှင့် လူသားချင်းစာနာမှု အဆောက်အအုံများကို ကာကွယ်ပေးပြီး လိုအပ်နေသူများအတွက် အဓိက အကူအညီများ ဘေးကင်းစွာ ပေးရေးအတွက် လမ်းဖွင့်ပေးရန် တောင်းဆိုသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် WFP က ထိုတောင်းဆိုချက်ကို ထပ်မံတောင်းဆိုပြီး နက်ရှိုင်းလာသည့် အကျပ်အတည်းအတွင်း တနိုင်ငံလုံးမှ လူ ၁ ဒသမ ၇ သန်းကို ယခုနှစ်အတွင်း ထောက်ပံ့ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

“ယခုပင် တုန်လှုပ်စရာကောင်းနေသည့် မြန်မာမှ စားနပ်ရိက္ခာအခြေအနေသည် ဆက်လက်ဆိုးရွားနေသည်။ လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်အတူ မကြာသေးမီက ရာသီဥတု ဖောက်ပြန်မှုများနှင့် စီးပွားရေး နှေးကွေးခြင်းသည် မြန်မာမှ အငတ်ဘေးနှင့် အာဟာရချို့တဲ့မှုကို ပိုမိုဆိုးရွားစေသည်” ဟု WFP က ကြေညာချက်တွင် ဖော်ပြသည်။

စစ်ကောင်စီနှင့် AA အကြား တိုက်ပွဲများသည် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၆ ခုကို ထိခိုက်စေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) က ဖော်ပြသည်။ အကြမ်းဖက်မှု ပြန်လည် ဖြစ်ပေါ်လာခြင်းသည် ရခိုင်ပြည်နယ်နှင့် အိမ်နီးချင်း ပလက်ဝမှ လူခန့်မှန်းခြေ ၃၈၀,၀၀၀ ကို နေရပ်စွန့်ခွာစေပြီး ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူ အရေအတွက် ၅၇၀,၀၀၀ ကျော်အထိ ရှိစေသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြို့တော် လားရှိုးအပါအဝင် ရှမ်းပြည်မြောက်ပိုင်း နယ်မြေအများစုကို သိမ်းပိုက်ခဲ့သည့် ညီနောင်မဟာမိတ်အဖွဲ့တွင် AA သည်အဖွဲ့ဝင် ဖြစ်သည်။

AA သည် ၎င်းတို့ဇာတိ ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများကို လွန်ခဲ့သောနှစ် နိုဝင်ဘာက တိုးချဲ့ပြီး ထိုနောက်ပိုင်းတွင် ရခိုင်ပြည်နယ်မြို့နယ် ၁၇ ခုအနက် ၁၂ ခုနှင့် ချင်းပြည်နယ်မှ ပလက်ဝကို သိမ်းပိုက်ထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ UN Slams Aid Abuse After “Rice Bunkers” Found at Myanmar Junta Base ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာစစ်ပွဲရပ်စဲရေး အလုပ်မဖြစ်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူ ပြော

လူသားချင်းစာနာမှု ဒုက္ခ ချောက်ကမ်းပါးတွင် မြန်မာရောက်နေပြီဟု ကုလသမဂ္ဂ သတိပေး

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

မြန်မာအကျပ်အတည်း ကိုင်တွယ်မှု ကုလသမဂ္ဂ ဝေဖန်ခံရ

မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ

ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ

ရခိုင်တွင် ကုလသမဂ္ဂ ‘ဘေးကင်းဇုန်’ ထူထောင်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAOCHAWFPကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကုလသမဂ္ဂစစ်ကောင်စီစစ်အာဏာသိမ်းမှုစားနပ်ရိက္ခာညီနောင်မဟာမိတ် သုံးဖွဲ့နခခ ၅နိုင်ငံတကာဥပဒေနေရပ်စွန့်ခွာမှုရခိုင်ပြည်နယ်လူသားချင်းစာနာမှုအကူအညီအာရက္ခတပ်တော်
ဟိန်းထူးဈာန်

ဟိန်းထူးဈာန်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း

ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း

ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ (ရုပ်/သံ)

ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved