• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူသားချင်းစာနာမှု ဒုက္ခ ချောက်ကမ်းပါးတွင် မြန်မာရောက်နေပြီဟု ကုလသမဂ္ဂ သတိပေး

by ဧရာဝတီ
20 December 2023
in သတင်း
A A
လူသားချင်းစာနာမှု ဒုက္ခ ချောက်ကမ်းပါးတွင် မြန်မာရောက်နေပြီဟု ကုလသမဂ္ဂ သတိပေး

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်ပြေးဒုက္ခသည်များ

660
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ လူဦးရေ သုံးပုံတပုံ သို့မဟုတ် လူ ၁၈ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် သတိပေးလိုက်ပြီး ထိုလိုအပ်ချက်အတွက် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံ အလှူငွေ တောင်းခံသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော သုံးနှစ်နီးပါး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားလာကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။

“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အရပ်သားများသည် အကြောက်တရားဖြင့် နေထိုင်ရပြီး ပိုမိုနက်ရှိုင်းလာသည့် လူသားချင်းစာနာမှု အကျပ်အတည်းဖြင့် မြန်မာသည် ၂၀၂၄ ခုနှစ်တွင် ချောက်ကမ်းပါးထိပ်တွင် ရှိနေသည်” ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

လတ်တလော လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ ၁၈ ဒသမ ၆ သန်းဆိုသည့် အရေအတွက်သည် ယခင်တနှစ်ကထက် ၁ သန်း ပိုမိုများပြားလာပြီး အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်ကထက် ၁၉ ဆ ပိုမိုများလာသည်။

“နေရပ်စွန့်ခွာရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအဆက်ပြတ်ခြင်း၊ အစားအစာ မလုံလောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် စိတ်ဖိစီးမှု အပါအဝင် အကာအကွယ် ကင်းမဲ့ခြင်းများကြောင့် ကလေးငယ်များသည် အကျပ်အတည်း၏ဒဏ်ကို အဆိုးရွားဆုံးခံရသည်” ဟု မြန်မာဆိုင်ရာ လူသားချင်းစာနာမှု ယာယီညှိနှိုင်းရေးမှူး မစ္စတာ မာကိုလွီဂီ ကော်စီက သတိပေးသည်။

ထိုအစီရင်ခံစာတွင် အောက်တိုဘာလ နှောင်းပိုင်းက နိုင်ငံမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ ၆၆၀,၀၀၀ ဦးကျော် အပါအဝင် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ နေအိမ်စွန့်ခွာထွက်ပြေးနေရသူ ၂ ဒသမ ၆ သန်း ရှိသည့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများအတွက် အထူးစိုးရိမ်ကြောင်း ဖော်ပြထားသည်။ ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ် အလားတူ ကာလကထက် ၁ ဒဿမ ၁ သန်း ပိုမိုများပြားသည်။

အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ ပဋိပက္ခနှင့် အကြမ်းဖက်မှုသည် ၂၀၂၄ ခုနှစ်တွင် ပိုမိုပြင်းထန်မည်ဟု မျှော်လင့်ရခြင်းဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြပြီး စစ်တပ်က အရပ်သားများကို စနစ်တကျ အကြမ်းဖက်ခြင်းကို ရှုတ်ချသည်။

ထိုသို့ ဆိုးရွားသော အခြေအနေများကြောင့် ၂၀၂၄ ခုနှစ်တွင် မြန်မာမှ ဦးစားပေးအဖြစ် သတ်မှတ်ထားသူ ၅ ဒသမ ၃ သန်းကို ကူညီရန် OCHA က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အလှူငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်း တောင်းခံသည်။

၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ရန်ပုံငွေ မလုံလောက်ခြင်းမျိုး ထပ်မံဖြစ်ပေါ်မည်ကို မိမိတို့ အဖြစ်မခံနိုင်ကြောင်း မစ္စတာ ကော်စီက ဖော်ပြပြီး ထိုစဉ်က လိုအပ်သော ရန်ပုံငွေ၏ ၂၉ ရာခိုင်နှုန်းသာရရှိပြီး ဦးစားပေး သတ်မှတ်ထားသူ ၁ ဒသမ ၉ သန်းအတွက် အကူအညီမရခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာအစီအစဉ်များအတွက် ရန်ပုံငွေလျော့ကျနေသော်လည်း “သန်းပေါင်းများစွာသော အသက်များ အန္တရယ်ကျရောက်နေပြီး မြန်မာနိုင်ငံသည် မေ့ပျောက်နေသည့် အရေးပေါ်အခြေအနေ ဖြစ်မလာစေရန် မိမိတို့ တတ်နိုင်သမျှ အရာရာကို လုပ်ဆောင်ရမည်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုးကား ။ ။ AFP သတင်း Myanmar stands on humanitarian ‘precipice’, UN warns

You may also like these stories:

လူသားချင်းစာနာမှု ကူညီပေးရေး တင်းကျပ်ကန့်သတ်ခံထားရ UNOCHA အကြီးအကဲပြော

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
426
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
151
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

သန်းခေါင်ယံသတ်ဖြတ်မှု”အပြီး ကျန်ရစ်သူ စစ်ဘေးရှောင်များ ရှင်သန်ရေး ရုန်းကန်နေရ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

Your Thoughts …
Tags: UNOCHAကလေးသူငယ်ကုလသမဂ္ဂကျန်းမာရေးစောင့်ရှောက်မှုစစ်ကောင်စီစစ်အာဏာသိမ်းမှုအာဟာရချို့တဲ့ခြင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရခိုင်တိုက်ပွဲကာလ အရပ်သား ၁၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား

ရခိုင်တိုက်ပွဲကာလ အရပ်သား ၁၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား

ကသာတွင် ပကဖ သတင်းတာဝန်ခံအပါအဝင် ၃ ဦး အသတ်ခံရ

ကသာတွင် ပကဖ သတင်းတာဝန်ခံအပါအဝင် ၃ ဦး အသတ်ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved